02/06/2023
👉လောကမှာလူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုမှာ လူကြီး လူငယ် မည်သူမဆိုအခြေခံ အုတ်မြစ်အနေနဲ့ mindset တစ်ခုရှိကိုရှိသင့်ပါတယ်။ ဒါဟာFinancial ငွေကြေးဆိုင်ရာ mindset ပေါ့။ အဲဒါကတော့ ...
🟣လောကမှာ အလကား ရတဲ့ "ငွေ" ဆိုတာ လုံးဝ(လုံးဝ) မရှိဘူး ဆိုတာပဲ။ 🟣
လူတွေဟာ ငွေကြေး အကျိုးအမြတ် ရရှိဖို့ ကိုယ်ကိုယ်တိုင် ဖြစ်စေ၊ ကိုယ့်ရဲ့ အချိန်၊ ပညာ၊ ကျွမ်းကျင်မှု ဖြစ်စေ ရင်းနှီးကြရပါတယ်။
ကိုယ်တွေလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ရွှေ၊ ဒေါ်လာ၊ မြေ၊ ကား ဆိုတဲ့ အရာ တွေဟာ Insider News လို့ ခေါ်တဲ့ အတွင်းသတင်း ရရှိမှုပေါ် မူတည်ပြီး အကျိုးအမြတ် ရတာမျိုး ရှိကောင်း ရှိတတ်နိုင်ပါသေးတယ်။
ဒါပေမယ့် လောကမှာ ဘာဆို ဘာမှ မလုပ်နဲ့ ငွေပဲထည့်၊ ပြီးရင် အကျိုးအမြတ် ပဲ ထိုင်ယူ ဆိုတဲ့ အလုပ်မျိုး တကယ်မရှိပါဘူး။
အဲဒီတော့ စာအရှည်ကြီး မရေးတော့ပါဘူး ... ။ အဓိက သိရမှာ တစ်ခုတည်းပါပဲ။
🟣လောကမှာ အလကား ရတဲ့ "ငွေ" ဆိုတာ လုံးဝ(လုံးဝ) မရှိဘူး ဆိုတာပဲ။🟣 ဘယ်နေရာကမှ ငွေက ပေါပေါနဲ့ လွယ်လွယ် လုံးဝ မရပါဘူး။
အဲဒီ basic concept လောက်မှ ဘဝမှာ မပိုင်ရင်တော့လည်း ကိုယ့် သမိုင်းနဲ့ ကိုယ်လို့ပဲ ပြောရတော့မှာပါ။
🤎ဆိုးတာက လူတွေရဲ့ ဘဝမှာ နုံချင်ရင်တောင် အလကားနုံလို့ မရပါဘူး။ နုံကြေးပေးပြီး နုံရတာပါ ... ။ လောဘကြောင့် ဖြစ်စေ၊ မသိလို့ ဖြစ်စေ တစ်ချက် နုံလိုက်တာနဲ့ နုံကြေးက တန်းပေးရမှာပါ ... ။🤎
ဘယ်အလုပ်ပဲ လုပ်လုပ် လောကမှာ ငွေက အလကား မရဘူး ဆိုတဲ့ သံသယ လေးတော့ အမြဲထားရင်ကို အဆင်ပြေပါတယ်။
Wai(Forex advisor) •
,09-977319540•