Sabai San Accounting,Auditing & Financial Services

Sabai San Accounting,Auditing & Financial Services B.Com., C.P.A, ACPA
Diploma in French
09798300273

Company ထောင်ပြီးပြီဆိုင်ရင်တော့ e registration account ဖွင့်ရပါ့မယ်၁။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိရန်အခွန်ဆိုင်ရ...
12/05/2026

Company ထောင်ပြီးပြီဆိုင်ရင်တော့ e registration account ဖွင့်ရပါ့မယ်

၁။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိရန်
အခွန်ဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်တဲ့အခါ အခြေခံအကျဆုံးဖြစ်တဲ့ Taxpayer Identification Number (TIN) ကို စနစ်တကျ ရရှိဖို့အတွက် e-Registration လုပ်ဆောင်ရပါတယ်။
နောက်တခုက အခုဆိုရင်ဖြင့် Form 2 renewal တို့အသစ်လျောက်တာတို့လဲ လုပ်ရပါတယ်

ဘာလို့ MyCO အကောင့်ဖွင့်ခြင်း• MyCO Website သို့သွားပြီး Create an Account ပြုလုပ်ရပါသလဲ MyCO (Myanmar Companies Online)...
12/05/2026

ဘာလို့ MyCO အကောင့်ဖွင့်ခြင်း
• MyCO Website သို့သွားပြီး Create an Account ပြုလုပ်ရပါသလဲ

MyCO (Myanmar Companies Online) မှာ အကောင့်ဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို အွန်လိုင်းကနေ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ဖြစ်ပါတယ်။
အကောင့်ရှိခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ရရှိမှာဖြစ်ပါတယ်-
• ကုမ္ပဏီသစ်တည်ထောင်ခြင်း (Incorporation): ကုမ္ပဏီအသစ်ဖွင့်လှစ်ဖို့အတွက် DICA ရုံးကို လူကိုယ်တိုင်သွားစရာမလိုဘဲ အွန်လိုင်းကနေ လျှောက်ထားနိုင်ပါတယ်။
• နှစ်ပတ်လည်အစီရင်ခံစာတင်သွင်းခြင်း (Annual Return - AR): ကုမ္ပဏီတစ်ခုရဲ့ အသက်ဝင်မှုအတွက် အရေးကြီးဆုံးဖြစ်တဲ့ နှစ်ပတ်လည်အစီရင်ခံစာကို သတ်မှတ်ရက်အတွင်း အလွယ်တကူတင်ပြနိုင်ပါတယ်။
• အချက်အလက်များပြင်ဆင်ခြင်း: ကုမ္ပဏီရဲ့ လိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင် အပြောင်းအလဲ ဒါမှမဟုတ် ရှယ်ယာဆိုင်ရာ ကိစ္စရပ်တွေကို အွန်လိုင်းကနေ အချိန်နဲ့တပြေးညီ ပြင်ဆင်လျှောက်ထားနိုင်ပါတယ်။
• Suspended Status မှ ကာကွယ်ခြင်း: AR တင်ဖို့ နောက်ကျတာ ဒါမှမဟုတ် လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံလို့ ကုမ္ပဏီ "Suspended" ဖြစ်သွားရင် ပြန်လည်သက်ဝင်လာအောင် (Re-registration) လုပ်ဆောင်ရာမှာ အသုံးပြုရပါတယ်။
• ကုမ္ပဏီအချက်အလက် ရှာဖွေခြင်း: တခြားသော ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို ရှာဖွေကြည့်ရှုတာ ဒါမှမဟုတ် Certified Copy (မိတ္တူမှန်) လျှောက်ထားတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရင်တော့ MyCO အကောင့်ဟာ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ တရားဝင်လုပ်ငန်းစဉ်အားလုံးကို မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီဂျစ်တယ်သော့ချက်တစ်ခု ဖြစ်ပါတယ်။

Company တခုထောင်တော့မယ်ဆိုတာနဲ့ DICA မှာ အရင်ဆုံး Account တခုဖန်တီး ထားရပါ့မယ်MyCO အကောင့်ဖွင့်ခြင်း• MyCO Website သို့သ...
12/05/2026

Company တခုထောင်တော့မယ်ဆိုတာနဲ့ DICA မှာ အရင်ဆုံး Account တခုဖန်တီး ထားရပါ့မယ်

MyCO အကောင့်ဖွင့်ခြင်း
• MyCO Website သို့သွားပြီး Create an Account ပြုလုပ်ပါ။
• မိမိ၏ အမည်၊ အီးမေးလ်နှင့် ဖုန်းနံပါတ်တို့ဖြင့် အကောင့်ဖွင့်ပြီး Log in ဝင်ပါ။

Company တခု တည်ထောင်ထားပြီးပြီဆိုရင်တော့ သင်ဟာ အနည်းဆုံး အောက်ဖော်ပြပါ account 3 ခု သို့မဟုတ် ၄ ခုပိုင်ဆိုင်ထားပြီးဖြစ်ရ...
12/05/2026

Company တခု တည်ထောင်ထားပြီးပြီဆိုရင်တော့ သင်ဟာ အနည်းဆုံး အောက်ဖော်ပြပါ account 3 ခု သို့မဟုတ် ၄ ခုပိုင်ဆိုင်ထားပြီးဖြစ်ရပါ့မယ်

11/05/2026

ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ထုတ်ယူဖို့အတွက် များသောအားဖြင့် အောက်ပါအချက်အလက်နဲ့ စာရွက်စာတမ်းတွေ လိုအပ်ပါတယ် -
၁။ လိုအပ်သော စာရွက်စာတမ်းများ
• မှတ်ပုံတင် (NRC): မူရင်းကို ယူဆောင်သွားရပါမယ်။ (တချို့ဘဏ်တွေမှာ မိတ္တူပါ တောင်းတတ်ပါတယ်)။
• ဘဏ်စာအုပ် (Passbook): စုဆောင်းငွေစာရင်း (Saving Account) ဆိုရင် ဘဏ်စာအုပ် မူရင်းယူသွားရပါမယ်။
• ATM Card/Debit Card: စာရင်းနံပါတ် တိုက်စစ်ဖို့အတွက် လိုအပ်နိုင်ပါတယ်။
၂။ ဘဏ်သို့သွားရောက် ဆောင်ရွက်ခြင်း
• ကိုယ်တိုင်သွားရောက်ခြင်း: ဘဏ်စာရင်းပိုင်ရှင် ကိုယ်တိုင် သွားရောက်ဖို့ လိုအပ်ပါတယ်။ မသွားနိုင်ရင် ကိုယ်စားလှယ်လွှဲစာလိုပါတယ်
• လျှောက်လွှာဖြည့်ခြင်း: ဘဏ်မှာ statement ထုတ်ယူဖို့ ပေးထားတဲ့ Form ကို ဖြည့်စွက်ရပါမယ်။
• ကာလသတ်မှတ်ခြင်း: ဘယ်နှစ်လစာ သို့မဟုတ် ဘယ်နေ့ကနေ ဘယ်နေ့အထိ ထုတ်ယူချင်တာလဲဆိုတာကို တိတိကျကျ ပြောပြရပါမယ်။
၃။ ကုန်ကျစရိတ်နှင့် ကြာမြင့်ချိန်
• ဝန်ဆောင်ခ: ဘဏ်အမျိုးအစားပေါ် မူတည်ပြီး ဝန်ဆောင်ခ (Service Charges) အနည်းငယ် ပေးဆောင်ရတတ်ပါတယ်။
• ကြာမြင့်ချိန်: ပုံမှန်အားဖြင့်တော့ မိနစ်ပိုင်းအတွင်း ချက်ချင်းထုတ်ပေးတတ်ပေမယ့်၊ လပေါင်းများစွာ (ဥပမာ- ၆ လစာ၊ ၁ နှစ်စာ) ဆိုရင်တော့ ခဏစောင့်ရနိုင်ပါတယ်။
၄။ တခြားနည်းလမ်းများ (Digital Banking)
• အကယ်၍ သင်က Mobile Banking သို့မဟုတ် iBanking အသုံးပြုတယ်ဆိုရင် App ထဲကနေ Statement ကို PDF ဖိုင်အဖြစ် အခမဲ့ ဒေါင်းလုဒ်ဆွဲယူလို့ရပါတယ်။ ဒါပေမဲ့ ဗီဇာလျှောက်တာမျိုး ဒါမှမဟုတ် တရားဝင်ကိစ္စတွေအတွက်ဆိုရင်တော့ ဘဏ်မှာသွားထုတ်ပြီး ဘဏ်တံဆိပ်တုံး (Seal) ထုခိုင်းဖို့ လိုအပ်ပါလိမ့်မယ်။
Bank statements
Job training
သိလိုသည့် သင်တန်းများမေးမြန်းလိုပါက ၀၉၇၉၈၃၀၀၂၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

09/05/2026

The Executive Brief (4/5/2026)
************************************

မနေ့က မေလ ၃ ရက်နေ့မှာ ၂၉ ကြိမ်မြောက် ASEAN + 3 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဘဏ္ဍာအခွန် ဝန်ကြီးဒေါက်တာကံဇော်က မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိလူဦးရေမှာ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိနေသည့်အတွက် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် "အခွန်အခြေချဲ့ထွင်ခြင်း" (Broadening the Tax Base) မ​ဟာဗျူဟာချမှတ် လုပ်ဆောင်မယ်ဆိုပြီး ကြေညာသွားပါတယ်။

ဒီကြေညာချက်က ဘာလဲ? ဘယ်လဲ? လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေအတွက် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို နားလည်လွယ်အောင် အပိုင်း (၃) ပိုင်းနဲ့ ရှင်းပြပေးပါမယ်။
__________________________________
၁။ အခွန်အခြေချဲ့ထွင်ခြင်း ဆိုတာ ဘာလဲ?

ရိုးရိုးလေးပြောရရင် "အခွန်နှုန်းထား (Tax Rate) ကို မတိုးဘဲ၊ အခွန်ဆောင်မယ့်သူ (Tax Payers) အရေအတွက်ကို တိုးအောင်လုပ်ခြင်း" ဖြစ်ပါတယ်။
ဥပမာအားဖြင့် - အခွန် ၁၀% ဆောင်နေရသူကို ၂၀% တိုးကောက်တာမျိုး မဟုတ်ဘဲ၊ အရင်က အခွန်ထမ်းသူတွေထဲမှာ မပါဝင်သေးတဲ့သူတွေ၊ အခွန်လွတ်နေတဲ့သူတွေကို ရှာဖွေပြီး အခွန်ဆောင်စေခြင်း ဖြစ်ပါတယ်။
• အရင်က - လူ ၁၀ ယောက်ပဲ အခွန်ဆောင်တယ်။
• အခု - နှုန်းထားမပြောင်းဘဲ လူအယောက် ၁၀၀ ဆောင်လာအောင် လုပ်တာမျိုးပါ။
________________________________________
၂။ အကျိုးသက်ရောက်မှုများ
ဒီမူဝါဒကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးကျေးဇူးနဲ့ စိန်ခေါ်မှုတွေကတော့ -
• လုပ်ငန်းရှင်များအတွက် တရားမျှတမှု (Fair Competition): အရင်က မှတ်ပုံတင်ပြီး စနစ်တကျ အခွန်ဆောင်တဲ့လုပ်ငန်းတွေက ကုန်ကျစရိတ် ပိုများနေတတ်ပါတယ်။ အခုလို အခွန်အခြေချဲ့လိုက်တဲ့အခါ အခွန်မဆောင်ဘဲ လုပ်ကိုင်နေတဲ့ ပြိုင်ဘက်တွေပါ အခွန်ဆောင်လာရမှာဖြစ်လို့ ဈေးကွက်အတွင်း ပိုမိုတရားမျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်လာပါမယ်လို့ အပြုသဘောဆောင် ရှုမြင်လို့ရပါတယ်။ ဒီနေရာ CEIR ရဲ့ ဖုန်းတွေအပေါ် အခွန်ကောက်တာတွေက ဒီအစီအစဉ်တွေထဲ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

• နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ခြင်း: အခွန်နှုန်းမတိုးပေမဲ့ အခွန်ဆောင်သူ များလာတဲ့အတွက် နိုင်ငံတော်အတွက် ဘတ်ဂျက်ပိုရလာပြီး လမ်း၊ တံတား၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ပိုသုံးနိုင်လာပါလိမ့်မယ်လို့လဲ အပြုသဘောဆောင်ရှုမြင်လို့ရပါတယ်။

• စောင့်ကြည့်စစ်ဆေးမှု ပိုများလာခြင်း: အခွန်အခြေချဲ့ဖို့အတွက် ဌာနဆိုင်ရာတွေက အချက်အလက် (Data) တွေကို ပိုမိုစစ်ဆေးလာမှာဖြစ်လို့ စာရင်းအင်းနဲ့ မှတ်တမ်းမှတ်ရာတွေ ပိုမိုစနစ်တကျ ရှိဖို့ လိုအပ်လာပါမယ်။ ဒါကလည်း လုပ်ငန်းရှင်တွေအတွက် အကောင်းဖက်က လှည့်တွေရင် ပိုမို စနစ်တကျ ဖြစ်လာမှာမို့ ကောင်းပါတယ်။

အားနည်းချက်က မူဝါဒ အားဖြင့် ကောင်းတယ်ဆိုပေမယ့် အမှန်တကယ် လုပ်ဆောင်တဲ့အခါ SOP အားနည်းချက်တွေ မဖြစ်ဖို့တော့ လိုပါမယ်။
________________________________________
၃။ ခန့်မှန်းခြေ လုပ်ဆောင်ချက်များ (Estimate Action Plan)
ဝန်ကြီးပြောတဲ့ "မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်း" မှာ အောက်ပါအချက်တွေ ပါဝင်လာနိုင်ပါတယ် -
Phase 1: ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်း (Digital Transformation and Data Integration)
• Data Integration: DICA (ကုမ္ပဏီမှတ်ပုံတင်)၊ အကောက်ခွန်နဲ့ တခြားဌာနတွေက အချက်အလက်တွေကို ပေါင်းစပ်ပြီး အခွန်ဆောင်ရမယ့်သူတွေကို ရှာဖွေခြင်း။ ဒီ အစီအစဉ်က စတောင်နေပါပြီ၊ ကုမ္ပဏီထောင်ထားပြီး အခွန်ထမ်း မှတ်ပုံမတင်ရသေးတွေဆီကို စာတွေပို့နေတာ၊ အခွန်မဆောင်သူတွေဆီကို အခွန်ရှင်းလင်းဖို့ ပို့နေတာတွေက ဒီအပြောင်းအလဲရဲ့ အခြေခံအချက်ပဲ၊ ဒီလိုပို့တဲ့အခါ လိပ်စာရှာမရတာတွေကို Blacklist တင်နေတာတွေလည်း တွေ့ရတယ်။
• Online Banking & E-Payment: အရောင်းအဝယ်တွေကို သိန်း ၂၀၀ အထက် ငွေပေးချေမှုတွေကို အွန်လိုင်းဘဏ်စနစ်တွေသုံးခိုင်းတာ၊ ဒစ်ဂျစ်တယ်စနစ်နဲ့ မှတ်တမ်းတင်ပြီး အခွန်ဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်စေတာမျိုးတွေထိ လုပ်ဆောင်လာနိုင်ပါတယ်။
Phase 2: အခွန်ကင်းလွတ်ခွင့်များ ပြန်လည်သုံးသပ်ခြင်း (Reviewing Exemptions)
• အရင်က ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်တွေကို လျှော့ချပြီး အမှန်တကယ် လိုအပ်တဲ့ ကဏ္ဍတွေကိုပဲ ချန်ထားခြင်းဖြင့် အခွန်ရငွေကို တိုးစေခြင်း။ ဒါကလည်း အကောက်ခွန်တွေ တိုးမြင့်ကောက်ဖို့နဲ့ EV တွေကို အခွန်ကောက်ခံဖို့ စီစဉ်တာတွေကလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အကောက်ခွန်နှုန်းထားတိုးကောက်တာ၊ Commercial Tax ကင်းလွတ်ခွင့်ပြုတဲ့ ကုန်ပစ္စည်းစာရင်းတွေ ပယ်ဖျက်တာ၊ Special Good Tax နှုန်းထား တိုးမြင့်တာတွေလည်း လုပ်နေတာမို့ အခွန်အခြေချဲ့ထွင်ခြင်းအပြင် အခွန်နှုန်းထားပါ တိုးနေတယ်ဆိုတာ တွေ့ရပါတယ်။
Phase 3: အခွန်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လိုက်နာမှု မြှင့်တင်ခြင်း
• အခွန်ဆောင်ရတာ လွယ်ကူအောင် Online Tax System တွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း။
• အခွန်ရှောင်တဲ့ လုပ်ငန်းတွေကို စစ်ဆေးအရေးယူမှု ပိုမိုထိရောက်အောင် လုပ်ဆောင်ခြင်း ဥပမာ ယခင် OAS စနစ်နဲ့ အခွန်ဆောင်နေတဲ့ ကုမ္ပဏီတွေကို SAS ပြောင်းပြီး အခွန်ထမ်းစေတဲ့ စနစ်တွေ အစရှိသဖြင့် ဆက်တိုက်ပြုလုပ်လာဖို့ရှိနေပါတယ်။
________________________________________
💡 အနှစ်ချုပ်

ဝန်ကြီးရဲ့ ဒီပြောကြားချက်ဟာ "ဝင်ငွေရှိသူတိုင်း အခွန်ပေးဆောင်ဖို့" လှုံ့ဆော်လိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား လူဦးရေ ၆၇% နီးပါး ရှိနေတာဟာ ကြီးမားတဲ့ အခွင့်အလမ်းဖြစ်လို့ ဒီလူဦးရေထဲက ဝင်ငွေရှိသူတွေ အခွန်ကွန်ရက်ထဲ ရောက်လာဖို့ အစိုးရက အားစိုက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ပြင်ဆင်ထားသင့်တာကတော့ "မိမိရဲ့ စာရင်းအင်းတွေနဲ့ Compliance (စည်းမျဉ်းလိုက်နာမှု) အပိုင်းကို ပိုမိုစနစ်တကျဖြစ်အောင် အခုကတည်းက ပြင်ဆင်ထားဖို့" ပဲ ဖြစ်ပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

လစဥ် လတိုင်း လစာဝင်ငွေခွန်များကို အီလက်ထရောနစ်နည်းလမ်းဖြင့်ပေးသွင်းပြီးပါက ပုံပါအတိုင်း ပတခ(ဝင)-၀၃-၀၆(က) ကိုဖြည့်သွင်းပြ...
08/05/2026

လစဥ် လတိုင်း လစာဝင်ငွေခွန်များကို အီလက်ထရောနစ်နည်းလမ်းဖြင့်ပေးသွင်းပြီးပါက ပုံပါအတိုင်း ပတခ(ဝင)-၀၃-၀၆(က) ကိုဖြည့်သွင်းပြီး E-Filing မှတစ်ဆင့် တင်သွင်းပေးရပါမယ်။

#လစာဝင်ငွေခွန်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လစာဝင်ငွေခွန်နှစ်ချုပ်စာရင်းကို ၃၀ ရက် ဇွန်လ ၂၀၂၆ တွင်နောက်ဆုံးထားပြီး တင်ပေးရပါမယ်။လစာဝင်ငွ...
08/05/2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လစာဝင်ငွေခွန်နှစ်ချုပ်စာရင်းကို ၃၀ ရက် ဇွန်လ ၂၀၂၆ တွင်နောက်ဆုံးထားပြီး တင်ပေးရပါမယ်။လစာဝင်ငွေခွန် နှစ်ချုစ်စာရင်းတင်ရမည့် ပတခ(ဝင)-၀၃-၀၇ ဖောင်ပုံစံအားမျှဝေပေးလိုက်ပါတယ်ရှင့်။

#လစာဝင်ငွေခွန်

07/05/2026

Human Resource / People Department တွင် တာ ဝန် ထမ်း ဆောင် နေ သူ များ အ တွက် …

14/11/2025

လဆန်းပိုင်းမှာ လချုပ်ပိတ်တာလေးတွေနဲ့မို့ စာတွေသိပ်မတင်ဖြစ်လိုက်ဘူး
ဒီနေ့ကတော့ ညီမလေးတယောက်ကပြောတယ် အစ်မ တင်တာတွေက professional ဆန်ဆန်မရေးထားဘူးဆိုတာလေး ကိုရှင်းပြခြင်လို့ပါ
တကယ်တော့ပညာရပ်ဆိုတာ သင်ယူလို့ မပြီးနိုင်ပါဘူး
ကျွန်မလဲ သင်ယူနေရတုန်းပါဘဲ
ပညာရပ် တွေကို အဲ့လုပ်ငန်းခွင်က မဟုတ်တဲ့ လူတွေနားလည်ဖို့ပညာရပ်စကားနဲ့ဆို နားမလည်တာမို့ နားလည်အောင်ရှင်းပြထားတာပါ
ကိုယ်ဆိုလဲ ဆရာဝန်မဟုတ်ရင်ဆေးပညာအသုံးအနှုန်းနားမည်သလိုပေါ့နော်
သူ့နယ်ပယ်က မဟုတ်ဘဲ ဘာလို့သိဖို့လိုတာလဲဆိုတော့
အခွန်အကြောင်းသိမှ အခွန်ဘာတွေဆောက်ရမှာလဲသိမှာမို့ပါရှင့်

Address

No 1034/14/8 Quarter Yazardrit 6 Street Shwepaukkan
Shwepaukkan

Website

Alerts

Be the first to know and let us send you an email when Sabai San Accounting,Auditing & Financial Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sabai San Accounting,Auditing & Financial Services:

Share

Category