20/08/2026
အကောင်းဆုံး ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်
အစ်ကိုဝမ်းကွဲ ဆိုင်ကယ် accident ကြောင့် ရန်ကုန်ဆေးရုံကြီးမှာ (1)လကျော် ခွဲစိတ်ကုသမှုခံယူပြီး ဆေးကုသ ခဲ့ရပါတယ်
အထူးကုဆေးရုံမှာဆိုရင် သိန်းရာကျော်လောက် ကုန်မှာပါ
ဆေးရုံကြီးမှာ တက်ကုတာတောင် ဆေးဖိုးကြီးပဲ သိန်း(40)ကျော် ကုန်သွားပါတယ်
ကိုယ်တွေ ရန်ကုန်ရောက်လို့ သွားကြည့်ရင် မုန့်ဝယ်သွားပေးတာလောက်ပဲ ကူညီနိုင်တယ်
အခုတော့ ကုန်ကျငွေထဲက တချို့တဝက်ကို သက်သာအောင်လို့ ကူညီပေးနိုင်ခဲ့ပြီလေ
သူထားထားတာက Plan(1)ဆိုတော့ (37)သိန်းခွဲထိ အသုံးပြုခွင့်ရပါတယ်
AIAက ထားထားတဲ့Plan အတိုင်းကို အပြည့်အဝလျော်ကြေးပြန်ပေးလိုက်ပါတယ်ရှင့်
တစ်နှစ်စာ (3)သိန်းကျော်လေးနဲ့ အာမခံထားလိုက်မိတာ ကံကောင်းတယ်လို့ပဲ ပြောရမလားပဲနော်
ဘာပဲပြောပြော အဆိုးထဲက အကောင်းလေး တစ်ခုအဖြစ် မိသားစုအတွက် ဝမ်းသာစရာလေး ဖြစ်သွားပါတယ်
ကံကောင်းမှု ကံဆိုးမှုတွေက မမြင်နိုင်ဘူးလေ
မမြင်နိုင်တဲ့အရာတွေကို အာမခံနဲ့ကြိုတင်ကာကွယ်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲနော်
Kay Thwe Moe
Financial advisor
AIA Myanmar
#အာမခံ