B&G Solutions Accounting Recruitment

B&G Solutions Accounting Recruitment B&G Solutions is assisting you in finding the most suitable job that aligns with your genuine abilities.

Experience ဆိုတာ အလုပ်လုပ်ခဲ့တဲ့ နှစ်အရေအတွက်ပဲလား?လုပ်သက်နှစ် အရေအတွက်ထက် ပိုအရေးကြီးတဲ့ Professional Experience ဆိုတာ ...
04/08/2026

Experience ဆိုတာ အလုပ်လုပ်ခဲ့တဲ့ နှစ်အရေအတွက်ပဲလား?
လုပ်သက်နှစ် အရေအတွက်ထက် ပိုအရေးကြီးတဲ့ Professional Experience ဆိုတာ ဘာလဲ?

"၅ နှစ်လုပ်ခဲ့လို့ ၅ နှစ် Experience ရှိတယ်" ဆိုတာက Professional Experience ကို တိုင်းတာတဲ့ တစ်ခုတည်းသော စံနှုန်း မဟုတ်ပါဘူး။ အလုပ်လျှောက်တဲ့အခါ ဒါမှမဟုတ် ရာထူးတိုးဖို့ ကြိုးစားတဲ့အခါ အလုပ်ရှင်တွေက "လုပ်သက်" (Years of Service) ထက် သင့်ရဲ့ "Professional Value" (ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့လဲ၊ ဘာတွေသင်ယူခဲ့လဲ) ကို ပိုပြီး တန်ဖိုးထားလေ့ရှိကြပါတယ်။

လုပ်သက်နှစ် အရေအတွက်ထက် ပိုအရေးကြီးတဲ့ Professional Experience ဆိုတာ...
✅ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ခဲ့တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့သလဲ?
✅ Skills တွေကို ဘယ်လိုတိုးတက်အောင် လေ့လာခဲ့သလဲ?
✅ ဘယ်လိုတာဝန်တွေကို ယူပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလဲ?
✅ Team အတွက် ဘယ်လို Value တွေ ဖန်တီးပေးနိုင်ခဲ့သလဲ?
ဒီအရာတွေကို စုစည်းထားတဲ့ Professional Value ကိုပဲ Experience လို့ ခေါ်ပါတယ်။

🚀 စစ်မှန်တဲ့ Experience ရရှိအောင် ဘယ်လို တည်ဆောက်မလဲ။

1️⃣ အစဉ်အမြဲ လေ့လာသင်ယူနေပါ။
2️⃣ခေတ်မီ Software နည်းပညာများကို လေ့လာပါ။
3️⃣ သက်ဆိုင်ရာ စာမေးပွဲနှင့် လက်မှတ်များ ရယူပါ။
4️⃣ တာဝန်သစ်များကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ယူပါ။
5️⃣ လမ်းညွှန်ပြသပေးနိုင်သူများ၊ မိတ်ဆွေများနှင့် ချိတ်ဆက်ပါ။
6️⃣ လက်တွေ့ကျသော Business Project များကို ပါဝင်လုပ်ဆောင်ပါ။

"Experience လို့ ခေါ်တဲ့ အတွေ့အကြုံဆိုတာ အချိန်တွေ ကုန်လွန်သွားရုံနဲ့ ရလာတာမဟုတ်ဘဲ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ခြင်းကနေ ရရှိလာတာဖြစ်ပါတယ်။"

Balance & Growth Solutions တွင် ဝန်ထမ်းများ၏ Professional Experience တိုးတက်စေရန်အတွက်
Continuous Training & Development Programs
Hands-on Coaching & Mentoring
Real Business Projects အတွေ့အကြုံများဖြင့် စနစ်တကျ ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

💬 "Every day is a Learning Opportunity."

နေ့စဉ် Routine အလုပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေရုံနဲ့ Professional Accountant တစ်ယောက် မဖြစ်နိုင်ပါဘူး။ အမြဲမပြတ် ပြောင်းလဲနေတဲ့ Tax Rules များ၊ DICA Regulations များ၊ Modern Accounting Tools များကို အစဉ်မပြတ် လေ့လာစုံစမ်းနေမှသာ မိမိရဲ့ Professional Value ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

သင်ရော သင့်ရဲ့ အတွေ့အကြုံ (Experience Journey) ကို ဘယ်လို တည်ဆောက်နေပါသလဲ။ Comment မှာ မျှဝေခဲ့ကြပါဦးနော်။ 👇✨
Balance & Growth Solutions Co., Ltd.
Company Registration to Annual Compliance — One Stop Service for Your Business! ☘️
Providing Accounting, Taxation & Recruitment Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📲 Viber: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.






Accountant တစ်ယောက်ရဲ့ အရည်အချင်းကို Excel Formula အများကြီး သိခြင်းနဲ့ပဲ တိုင်းတာလို့မရပါဘူး။Excel Formula ကို သိတာထက် ...
01/08/2026

Accountant တစ်ယောက်ရဲ့ အရည်အချင်းကို Excel Formula အများကြီး သိခြင်းနဲ့ပဲ တိုင်းတာလို့မရပါဘူး။
Excel Formula ကို သိတာထက် Data ကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။

Professional Accountant တစ်ယောက်ဆိုတာ...
✅ Figures တွေရဲ့ အဓိပ္ပာယ်ကို နားလည်ရပါမယ်။
✅ Transaction တစ်ခုရဲ့ နောက်ကွယ်က Business Process ကို သိရပါမယ်။
✅ Error တွေကို ရှာဖွေပြီး ဖြေရှင်းပေးနိုင်ရပါမယ်။
✅ Financial Data ကို Analysis လုပ်ပြီး Management ကို အကျိုးရှိတဲ့ Information များ ပေးနိုင်ရပါမယ်။

"An accountant doesn't just prepare reports—an accountant provides insights that support better business decisions."
စာရင်းကိုင်တစ်ယောက်ဆိုတာ အစီရင်ခံစာတွေ ပြုစုရုံတင် မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အရေးပါတဲ့ အချက်အလက်တွေကို ပံ့ပိုးပေးသူလည်း ဖြစ်ပါတယ်။

Balance & Growth Solutions Co., Ltd.
Company Registration to Annual Compliance — One Stop Service for Your Business! ☘️
Providing Accounting, Taxation & Recruitment Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📲 Viber: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.







🛎️ Tin...Toung Reminder for your business‼️လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အချိန်မ...
31/07/2026

🛎️ Tin...Toung
Reminder for your business‼️

လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အချိန်မီ၊ မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် Upcoming Due Dates & Public Holidays များကို လွယ်ကူစွာ သတိပြုနိုင်စေရန် Balance & Growth Solutions မှ August 2026 Myanmar Tax Calendar ကို မျှဝေပေးလိုက်ပါတယ်။

🗓️ Tax Due Date- 10 August 2026 (Monday) 🟩
📌 လစဉ် အထူးကုန်စည်ခွန် (Specific Goods Tax) နှင့် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ပေးသွင်းရမည့် နောက်ဆုံးရက် ဖြစ်ပါတယ်။

⏰ Tax Deadline များကို မမေ့ပါနဲ့နော်!
အခွန်ပေးသွင်းမှု နောက်ကျခြင်းကြောင့် Penalty နှင့် Interest များ ဖြစ်ပေါ်နိုင်သလို Tax Compliance ဆိုင်ရာ အခက်အခဲများလည်း ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် သတ်မှတ်ထားသော Deadline များအတိုင်း အချိန်မီ ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

Balance & Growth Solutions မှ လုပ်ငန်းရှင်များအတွက်
✅ Tax Compliance Timeline Planning
✅ Monthly Tax Filing Services
✅ Accounting & Tax Advisory
✅ IRD Compliance Support
✅ Ongoing Tax Compliance Management
တို့ကို Professional Team ဖြင့် စနစ်တကျ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

📞 Tax Compliance ကို စိတ်အေးချမ်းစွာ ဆောင်ရွက်နိုင်ဖို့ B&G Solutions နှင့် အခုပဲ ဆက်သွယ်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။
━━━━━━━━━━━━━━━━
📊 Your Trusted Business Partner — B&G Solutions
Balance & Growth Solutions Co., Ltd.
Providing Accounting, Taxation & Business Compliance Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📲 Viber: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.










🙏 သာသနာနှစ် – ၂၅၇၀ ခုနှစ်🙏မြန်မာသက္ကရာဇ် – ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် - (ဓမ္မစကြာ အခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ကျ...
29/07/2026

🙏 သာသနာနှစ် – ၂၅၇၀ ခုနှစ်🙏
မြန်မာသက္ကရာဇ် – ၁၃၈၈ ခုနှစ်
ဒုတိယဝါဆိုလပြည့် - (ဓမ္မစကြာ အခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်
ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေလို့
Balance & Growth Solutions Co., Ltd. မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Balance & Growth Solutions Co., Ltd.
Providing Accounting, Taxation, and Recruitment Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📲 Viber: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.



#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

📢 ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက် ကြေညာခြင်း။လာမည့် 29 July 2026 (Wednesday) သည် အများပြည်သူရုံးပိတ်ရက် ဝါဆိုလပြည့် (ဓမ္မစကြာ...
28/07/2026

📢 ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက် ကြေညာခြင်း။

လာမည့် 29 July 2026 (Wednesday) သည် အများပြည်သူရုံးပိတ်ရက် ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် အဆိုပါနေ့တွင် B&G Solutions အား ရုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

အဆိုပါရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စရပ်များအတွက် Phone - 09 758 446 494 နှင့် 09 269 077 797 သို့ ဆက်သွယ်နိုင်ပါသည်။

🙏 ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေကြောင်း B&G Solutions မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ☘️

Balance & Growth Solutions Co., Ltd.
Providing Accounting, Taxation, and Recruitment Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📲 Viber: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.




#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

Accounting နယ်ပယ်ကို စတင်ဝင်ရောက်မယ့် လူငယ်များအတွက် B&G Solutions ရဲ့ လမ်းညွှန်ချက်💡စာရင်းကိုင် Professional လမ်းကြောင်...
25/07/2026

Accounting နယ်ပယ်ကို စတင်ဝင်ရောက်မယ့် လူငယ်များအတွက် B&G Solutions ရဲ့ လမ်းညွှန်ချက်💡

စာရင်းကိုင် Professional လမ်းကြောင်းကို စတင်ဝင်ရောက်မယ့် Junior လေးတို့ရေ...🤗

အစပိုင်းမှာ ဘာကိုစလုပ်ရမှန်းမသိ၊ ဘာကိုမေးရမှန်းမသိ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေတာက အကုန်လုံးဖြစ်ဖူးကြတဲ့အဆင့်ဖြစ်တဲ့အတွက် ဒါကို စိတ်မပူပါနဲ့နော်။ ဒီနေ့ B&G Solutions က အတွေ့အကြုံကြောင့် သိလာရတဲ့ အခြေခံအကျဆုံး အကြံဉာဏ်လေးတွေကို ညီအစ်ကိုမောင်နှမတို့ကို ဝေမျှပေးချင်ပါတယ်💚

✅ ၁။ အခြေခံအုတ်မြစ် ခိုင်အောင် ဦးစွာတည်ဆောက်ပါ။

Debit နဲ့ Credit ဘယ်ဟာက ဘယ်ဘက်မှာရောက်နေလဲဆိုတာကို သေချာစွာ နားလည်အောင်ပြုလုပ်ပါ။ Accounting Cycle လည်ပတ်ပုံ၊ Financial Statements ပြုလုပ်ပုံ စတဲ့ အခြေခံတွေကို အရင်ဆုံး လက်တွေ့နဲ့ချိတ်ပြီး နားလည်အောင်ပြုလုပ်ပါ။ ဒါတွေက သင့်ရဲ့ နောက်ထပ် နှစ် ၃၀ အတွက် Professional Accounting နယ်ပယ်ထဲမှာ ကျင်လည်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။

✅ ၂။ "သေးသေးလေး" ဆိုပြီး အထင်မသေးပါနဲ့။

စာရင်းကိုင်မှာ ကိန်းဂဏန်း တစ်လုံးမှားလိုက်တာနဲ့ ကြီးမားတဲ့အမှားကြီးတစ်ခု ဖြစ်သွားတတ်တတ်တယ်ဆိုတာကို မမေ့ပါနဲ့။ တိကျမှန်ကန်ပြီး စနစ်တကျလုပ်တတ်တဲ့အကျင့် (Discipline) ကို အရင်ဆုံးမွေးမြူပါ။ Receipt များကို စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း စတာတွေကို စနစ်တကျပြုလုပ်ပါ။

✅ ၃။ အခွန်ကိစ္စများကို စောစောသင်ယူပါ။

ကုမ္ပဏီအများစုအတွက်ကတော့ အခွန်ကိစ္စများက အဓိကအကျဆုံးသော အရာတစ်ခုဖြစ်ပါတယ်။ Commercial Tax (ကုန်သွယ်လုပ်ငန်းခွန်)၊ Income Tax (ဝင်ငွေခွန်)၊ Withholding Tax (ကြိုတင်ခွန်) အခြေခံတွေကို နားလည်ထားရင် လက်တွေ့အလုပ်ခွင်မှာ တန်ဖိုးရှိလာပါမယ်။

✅ ၄။ လုပ်ငန်းသုံး Software များကို ကျွမ်းကျင်အောင်ပြုလုပ်ပါ။

Excel ကို သာမန်အသုံးပြုတာထက် Pivot Table, VLOOKUP စတဲ့ Formula တွေကို သုံးတတ်အောင် လေ့လာပါ။ Accounting Software များဖြစ်တဲ့ (QuickBooks, MYOB, ERP) စသည့် တစ်ခုခုကို လက်တွေ့လုပ်ကြည့်ပါ။ ဒါတွေက သင့်ရဲ့ CV ကို ထူးခြားသွားစေမယ့် အရာတွေပဲဖြစ်ပါတယ်။

✅ ၅။ မေးဖို့အတွက် သတ္တိရှိပါ။

“ကျွန်တော်/ ကျွန်မ မသိသေးပါဘူး၊ ထပ်ရှင်းပြပေးပါ” ဆိုတဲ့ ဝန်ခံချက်က သင့်ကို အားနည်းသူ မဖြစ်စေပါဘူး။ လေ့လာလိုစိတ်ရှိသူဖြစ်ကြောင်း ပြသရာရောက်ပါတယ်။ Senior တွေဆီကနေ အတွေ့အကြုံနဲ့ အကြံပြုချက်တွေကို ရယူပါ။

✅ ၆။ Professional Ethics (လုပ်ငန်းကျင့်ဝတ်) ကို ဘယ်တော့မှ မမေ့ပါနဲ့။

စာရင်းကိုင်ဆိုတာ ယုံကြည်မှုအပေါ် အခြေခံတဲ့ ကျွမ်းကျင်မှုနယ်ပယ်ဖြစ်ပါတယ်။ ကိုယ်စီမံတဲ့ ငွေကြေးကိစ္စ၊ ကုမ္ပဏီအချက်အလက်တွေကို လျှို့ဝှက်ထားနိုင်ဖို့နဲ့ ရိုးသားဖြောင့်မတ်ဖို့ (Integrity) က အသက်ပါပဲ။

အဆုံးသတ်အနေနဲ့ကတော့…စာရင်းကိုင်အလုပ်ဆိုတာက ခရီးရှည်ကြီးတစ်ခုလိုပါပဲ။ ဒီနေ့ သင်မသိသေးတာတွေကို မနက်ဖြန် သင်ကျွမ်းကျင်လာပါလိမ့်မယ်။ စိတ်ရှည်ပါ။ အဆက်မပြတ် သင်ယူပါ။ အမြဲမပြတ် လေ့လာပါ။ အခွင့်အလမ်းတစ်ခုစီတိုင်းကို လက်လွှတ်မခံပါနဲ့။
🍀အားလုံးပဲ အောင်မြင်သော Professional Journey ကို ပိုင်ဆိုင်နိုင်ကြပါစေ...🍀

Balance & Growth Solutions Co., Ltd.
Providing Accounting and Taxation, and Recruitment Services to SMEs & Corporates in Myanmar.

📞 Hotline: +959 269 077 797
📲 Viber: 09 269 077 797
📧 Email: [email protected]
🌐 Website: bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar.





🚀 Accountant တစ်ဦးရဲ့ Career တိုးတက်မှုနဲ့ Professional Value ကို ဘယ်လိုမြှင့်တင်မလဲ?Accountant အဖြစ် ရပ်တည်ရာမှာ လုပ်သ...
24/07/2026

🚀 Accountant တစ်ဦးရဲ့ Career တိုးတက်မှုနဲ့ Professional Value ကို ဘယ်လိုမြှင့်တင်မလဲ?

Accountant အဖြစ် ရပ်တည်ရာမှာ လုပ်သက် (Years of Experience) ဆိုတာထက် "ဘယ်လောက်ထိ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ဖူးလဲ" ဆိုတဲ့ လက်တွေ့စွမ်းဆောင်ရည်က သင့်ရဲ့ Professional Value ကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

သင့်ရဲ့ Accounting Career ကို နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ဖို့နဲ့ အလုပ်ရှင်တွေရဲ့ ဦးစားပေး ရွေးချယ်ခံရသူ ဖြစ်လာစေဖို့ B&G Solutions က အဓိက သော့ချက် (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။

1️⃣ Continuous Learning (အဆက်မပြတ် သင်ယူလေ့လာခြင်း)
အမြဲပြောင်းလဲနေတဲ့ အခွန်ဥပဒေများ၊ DICA စည်းမျဉ်းများနှင့် Financial Standards များကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်ပါ။ စည်းမျဉ်းသစ်တွေကို ကြိုတင်နားလည်ထားခြင်းက သင့်ကို အဖွဲ့အစည်းအတွက် အားကိုးရသူတစ်ယောက် ဖြစ်စေပါတယ်။

2️⃣ Software & Tech Mastery (ခေတ်မီ နည်းပညာနှင့် ကျွမ်းကျင်မှု)
Manual အလုပ်လုပ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ QuickBooks, Xero, ERP Systems နဲ့ Advanced Excel (Dashboards, Automations) များကို ကျွမ်းကျင်အောင် လေ့ကျင့်ထားခြင်းက လုပ်ငန်းခွင် မြန်ဆန်တိကျမှုကို အဓိက အထောက်အကူပြုပါတယ်။

3️⃣ Professional Certifications (စနစ်ကျသော သင်တန်းနှင့် လက်မှတ်များ)
ACCA, CPA နှင့် အခြား စာရင်းကိုင်/ အခွန်ဆိုင်ရာ Specialized Certification များကို တက်ရောက်ပြီး စနစ်တကျ အဆင့်မြှင့်တင်ပါ။ ဒါဟာ သင့်ရဲ့ စာတွေ့ရော လက်တွေ့ပါ ခိုင်မာကြောင်း သက်သေပြချက် ဖြစ်ပါတယ်။

4️⃣ Take on New Responsibilities (တာဝန်သစ်များကို လွှဲပြောင်းရယူခြင်း)
ပုံမှန် Daily Routine ထဲမှာတင် မရပ်တန့်ဘဲ Audit Support, Financial Analysis နဲ့ Cash Flow Management စတဲ့ ပိုမိုကျယ်ပြန့်တဲ့ တာဝန်သစ်များကို တက်ကြွစွာ တောင်းဆို တာဝန်ယူပါ။

5️⃣ Mentoring & Networking (အတွေ့အကြုံရှိသူများနှင့် ချိတ်ဆက်ခြင်း)
Senior Accountant များ၊ Industry Experts များနှင့် ချိတ်ဆက်ဆွေးနွေးပြီး လက်တွေ့လုပ်ငန်းခွင်ရဲ့ အတားအဆီးတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ Real-world Insights များကို လေ့လာသင်ယူပါ။

6️⃣ Real Business Projects (လက်တွေ့ Project များတွင် ပါဝင်ခြင်း)
အခွန်တင်သွင်းခြင်း (Tax Filings)၊ System Implementation ပြုလုပ်ခြင်းနဲ့ Financial Reporting ရေးဆွဲခြင်း စတဲ့ စိန်ခေါ်မှုကြီးမားတဲ့ Project များမှာ တိုက်ရိုက်ပါဝင် ဆောင်ရွက်ပါ။

"Experience doesn't just come from time; it comes from taking on challenges!"
အတွေ့အကြုံဆိုတာ ကြာမြင့်ချိန်တစ်ခုတည်းက လာတာမဟုတ်ဘဲ စိန်ခေါ်မှုသစ်တွေကို တက်ကြွစွာ ရင်ဆိုင်ရာကနေ ရရှိလာတာ ဖြစ်ပါတယ်! ☘️

📌 B&G Solutions မှ Accounting & Finance Professionals များအတွက် Career Development၊ Job Opportunities များနှင့် Knowledge Sharing များကို ဆက်လက် မျှဝေပေးသွားမှာမို့ Like & Follow လုပ်ပြီး စောင့်ကြည့်ဖို့မမေ့နဲ့နော်...🤗

📞 Phone: +959 269 077 797
📲 Viber: 09 269 077 797
📧 Email: [email protected]
🌐 Website: bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar






23/07/2026

စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စေရန်အတွက် စနစ်ကျသည့် Accounting Management နှင့် Tax Compliance သည် အရေးကြီးဆုံးအချက်များထဲမှ တစ်ခုပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် —

✔ Financial Records မမှန်ကန်ခြင်း
✔ Tax Filing မမှန်ကန်ခြင်း
✔ Professional Accounting Staff မရရှိခြင်း
စတဲ့ ပြဿနာများကြောင့် ကုန်ကျစရိတ်များပြီး အချိန်ကုန်ကာ Risk များကို ကြုံတွေ့ရနိုင်ပါတယ်။

💼 Balance & Growth Solutions Co., Ltd. မှ SMEs နှင့် Corporate Businesses များအတွက်
✔ Professional Accounting Management
✔ Myanmar Tax Compliance & Tax Filing
✔ Accounting & Finance Recruitment
✔ Company Registration & Business Support
✔ Business Law Solutions တို့ကို

Professional Standard ဖြင့် တစ်နေရာတည်းမှာ ကျွမ်းကျင်ဝန်ထမ်းများဖြင့် တာဝန်ယူကာ One-Stop Service ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သင့်လုပ်ငန်းအတွက် Accounting Process များကို ပိုမိုစနစ်ကျပြီး လုပ်ငန်းတိုးတက်မှုကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့အတွက် B&G Solutions ကို အခုပဲဆက်သွယ်ပြီး အခမဲ့ဆွေးနွေးလိုက်ပါ🚀

Balance & Growth Solutions Co., Ltd.
📊 Company Registration to Annual Compliance — One-Stop Service for Your Business!
Providing Accounting, Taxation, and Recruitment Services to SMEs & Corporate Businesses in Myanmar.

📞 Phone: +95 9 269 077 797
📧 Email: [email protected]
🌐 Website: www.bngmm.com
📍 Location: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar






📊 Accountant များအတွက် Career Development GuideBalance & Growth Solutions Accounting မှ Accounting & Finance Professiona...
22/07/2026

📊 Accountant များအတွက် Career Development Guide

Balance & Growth Solutions Accounting မှ Accounting & Finance Professionals များရဲ့ Career Development အတွက် အကျိုးရှိစေမည့် လမ်းညွှန်ချက်များကို ယ္ခုအပတ်အတွက် Knowledge Sharing အနေဖြင့် မျှဝေပေးလိုက်ပါတယ်။

Accounting & Finance နယ်ပယ်မှာ အလုပ်လုပ်နေသူများအနေနဲ့ အလုပ်အကိုင်တိုးတက်မှု (Career Growth) ရရှိဖို့ဆိုတာ အတွေ့အကြုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ Accounting Professional တစ်ယောက်ဖြစ်လာဖို့အတွက် အောက်ပါအချက်များကို အမြဲတမ်း လေ့လာနေဖို့လိုပါတယ်။

1️⃣ Accounting Knowledge ကို အမြဲ Update လုပ်ပါ။
Accounting Standards, Tax Rules နှင့် Financial Regulations များဟာ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့်
✔ Accounting Standards
✔ Taxation Rules
✔ Financial Reporting Practices တို့ကို အမြဲမပြတ်လေ့လာပြီး Update လုပ်နေဖို့လိုအပ်ပါတယ်။

2️⃣ Professional Skills များကို တိုးတက်အောင်လုပ်ပါ။
Accounting Career မှာ Technical Skills တစ်ခုတည်းမဟုတ်ပဲ အောက်ပါ Skills များကလည်း အရေးကြီးပါတယ်။
✔ Financial Analysis
✔ Microsoft Excel Advanced Skills
✔ Accounting Software အသုံးပြုနိုင်ခြင်းနှင့်
✔ Problem Solving Skills တွေက Career Growth အတွက် အလွန်အရေးကြီးပါတယ်။

3️⃣ Professional Certification များကို လေ့လာပါ။
Accounting Professionals များအတွက် Professional Certifications များရရှိခြင်းက Career Value ကို ပိုမိုမြင့်တက်စေပါတယ်။
ဥပမာ — ACCA, CPA, Diploma in Accounting & Finance
ဒီလို Certifications တွေက Career Opportunity များကို ပိုမိုရရှိစေနိုင်ပါတယ်။

4️⃣ Practical Experience ကို အရေးပေးပါ။
Certifications အတန်းများ နှင့် သင်ကြားမှုများအပြင် လုပ်ငန်းအတွေ့အကြုံများကလည်း အရေးကြီးပါတယ်။
✔ Financial Reporting
✔ Tax Filing
✔ Budgeting
✔ Cash Flow Management
ဒီလို လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများက Professional Accountant တစ်ယောက်ဖြစ်လာဖို့အတွက် အခြေခံဖြစ်ပါတယ်။

5️⃣ Professional Network တည်ဆောက်ပါ။
Accounting & Finance Career မှာ Professional Network တည်ဆောက်ခြင်းကလည်း အရေးကြီးပါတယ်။
✔ Industry Professionals များနှင့် ဆက်သွယ်ခြင်း
✔ Career Opportunities များကို သိရှိနိုင်ခြင်း
✔ Knowledge Sharing ပြုလုပ်ခြင်းတို့က
Professional Network တည်ဆောက်ခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။

📌Accounting & Finance Career မှာ အောင်မြင်ချင်တယ်ဆိုရင်တော့
📊 Continuous Learning
📊 Practical Experience
📊 Professional Skills Development တို့ကို အမြဲတိုးတက်အောင် လုပ်နေဖို့လိုအပ်ပါတယ်။

📌 B&G Solutions Accounting Recruitments မှ Accounting & Finance Professionals များအတွက် Career Development၊ Job Opportunities များနှင့် Knowledge Sharing များကို ဆက်လက် မျှဝေပေးသွားမှာမို့ Page ကို Like & Follow လုပ်ပြီး စောင့်ကြည့်ဖို့မမေ့နဲ့နော်...🤗

B&G Solutions Accounting Recruitment
သင့်ရဲ့ Accounting & Finance Career ကို အကောင်းဆုံး အလုပ်အကိုင်အခွင့်အလမ်းများနှင့် B&G Solutions နဲ့အတူ အဆင့်မြှင့်တင်လိုက်ပါ။

📞 Phone: +959 269 077 797
📲 Viber: 09 269 077 797
📧 Email: [email protected]
🌐 Website: bngmm.com
📍 Address: No.1, 5/A, 5th Floor, Waizayantar Road, Thingangyun Township, Yangon, Myanmar






Saving Lives Together – The Spirit of the B&G Family🩸✨အကူအညီ လိုအပ်ချိန်မှာ လက်မနှေးဘဲ ဘေးနားမှာ အမြဲအတူရှိနေပေးတာဟာ B&G...
21/07/2026

Saving Lives Together – The Spirit of the B&G Family🩸✨

အကူအညီ လိုအပ်ချိန်မှာ လက်မနှေးဘဲ ဘေးနားမှာ အမြဲအတူရှိနေပေးတာဟာ B&G Solutions ရဲ့ မွန်မြတ်လှတဲ့ မိသားစုစိတ်ဓာတ်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ B&G ရဲ့ မိသားစုဝင်တစ်ဦး ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ဆေးကုသမှုမှာ People Management Department မှာ Executive Position ဖြင့် တာဝန်ထမ်းဆောင်နေတဲ့ Ma Thin Thin Myat က လိုအပ်တဲ့ သွေးအမျိုးအစားကို မွန်မြတ်စွာဖြင့် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

မိသားစုဝင်တစ်ဦးရဲ့ ခက်ခဲနေတဲ့အချိန်မှာ စာနာထောက်ထားမှု၊ ရဲရင့်မှုတို့နဲ့ ရှေ့ထွက်ပြီး ကူညီပေးခဲ့တဲ့ Ma Thin Thin Myat ရဲ့ စေတနာသဒ္ဒါတရားကို B&G Solutions မိသားစုတစ်ခုလုံးမှ အထူးပင်ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အနက်ရှိုင်းဆုံး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ 👏❤️

Ma Thin Thin Myat ရဲ့ မွန်မြတ်တဲ့ သွေးလှူဒါန်းမှုကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများတိုးကာ ကောင်းသောလိုရာဆန္ဒများပြည့်ဝပါစေကြောင်း B&G Wellbeing မှ ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ပါတယ်။







#သွေးအလှူ

Address

Waizayantar Road
Thingangyun
YANGON11071

Alerts

Be the first to know and let us send you an email when B&G Solutions Accounting Recruitment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share