AM Insurance Advisor

AM Insurance Advisor မိမိနှင့် မိသားစု ငွေကြေးအရေး စိတ်အေးရဖို့ အသက်အာမခံဝယ်ယူထားခြင်းဖြင့် စိတ်အေးချမ်းမှုရယူပါ။

11/04/2025

(၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာစည်မြို့ရှိ ဦးဇော်နိုင်ဝင်း+ ဒေါ်သီတာမြင့် ပိုင်ဆိုင်သော အဆောက်အဦပြိုကျ ပျက်စီးမှုအတွက် လျော်ကြေးငွေကျပ် (၁၉,၀၀၀,၀၀၀/-) (ကျပ်သန်းပေါင်း ၁၉.၀၀သန်း) ကို မြန်မာ့အာမခံလုပ်ငန်းက ယနေ့ (၁၁-၄-၂၀၂၅) ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

06/04/2025

လတ်တလော ဖြစ်ပေါ်သွားခဲ့တဲ့ ဝမ်းနည်းဖွယ် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းဒေသကြီးမှ Manulife ကျန်းမာသုခအသက်အာမခံ (Manulife Care Plus) ပေါ်လစီ ဝယ်ယူထားရှိသူတစ်ဦး ကွယ်လွန်သွားသည်ကို သိရှိရတဲ့အတွက် Manulife Myanmar က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ ကျန်ရစ်သူ မိသားစုကလည်း စာရွက်စာတမ်း အပြည့်အစုံ ပေးအပ်နိုင်ခဲ့တဲ့အတွက် ဒီဖြစ်ရပ်မှာ ကျန်ရစ်သူမိသားစုအတွက် တတ်အားသရွေ့ အထောက်အပံ့တစ်ခု ဖြစ်စေနိုင်ဖို့အတွက် Manulife Myanmar က အာမခံအကျိုးခံစားခွင့်ကို (၄၈) နာရီအတွင်း အမြန်ဆုံး ပေးအပ်နိုင်ခဲ့ပါတယ်။

ငလျင်နောက်ဆက်တွဲ မတော်တဆ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ Hotline Number (09 765 467 100) ကို ဆက်သွယ်ပြီး ပေါ်လစီဆိုင်ရာ အကျိုးခံစားခွင့်တွေ တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝတွေရနိုင်ဖို့ဆိုတဲ့ ကတိစကားနဲ့အညီ လိုအပ်နေသူတွေအတွက် ပါဝင်ကူညီဖို့ Manulife Myanmar က အမြဲရှိနေမှာပါ။

#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

06/04/2025

"စိတ်ပင်ပန်းနေတဲ့ကာလမှာ
တခြားသူတွေအပေါ် စာနာစိတ်ဖြင့် ဆက်ဆံနိုင်ဖို့"

"အသိပညာရဲ့ အမြင့်မားဆုံးပုံသဏ္ဍာန်ဟာ စာနာစိတ်ရှိခြင်းပါပဲ"

Bill Bullard

ကျွန်တော်တို့အားလုံးမှာ မကောင်းတဲ့စိတ်ရော
ကောင်းတဲ့ စိတ်ပါ သဘာဝအရ မွေးဖွားလာကတည်းက
ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ မကောင်းတဲ့
စိတ်နဲ့ အမူအကျင့်တွေက ကောင်းတဲ့အမူအကျင့်တွေ
ထက် လူတွေရဲ့ ရင်ထဲမှာ ပိုပြီးကိန်းအောင်းနေကြတယ်လို့ဆိုကြပါတယ်။

အကောင်းထက် အဆိုးကို ပိုပြီး
လူတွေ လုပ်လွယ်ကြတယ်ပေါ့။ပြီးတော့ ကောင်းတာ
ထက် မကောင်းတာတွေမှာ ပိုပြီးသာယာတက်၊ယစ်မူး
တက်တယ်လို့ ဆိုပါတယ်။

ချစ်ခြင်း မေတ္တာ၊ ကိုယ်ချင်းစာစိတ်၊ နားလည်ပေးနိုင်မှု စတဲ့အရာတွေဟာ လောဘစိတ်၊ ဒေါသစိတ်တွေနဲ့
လိမ်လည်လှည့်ဖျားလိုစိတ်တွေထက် ကျွန်တော်တို့ကို
ကောင်းတဲ့ အကျိုးတွေကိုသာ ရရှိစေပေမယ့် အဲလိုစိတ်
ကောင်းစိတ်မြတ်တွေ ရှိလာဖို့ဟာ သိပ်တော့မလွယ်ကူ
တက်ပါဘူး။

Judith Orloff က

"စာနာမှုဟာ ကမ္ဘာကြီးအတွက် အလိုအပ်ဆုံးဆေးဝါး
ဖြစ်ပါတယ်"လို့ မိန့်ဆိုခဲ့တယ်။

တခြားသူတွေအပေါ် မေတ္တာစိတ်နဲ့ ကိုယ်ချင်းစာပြီး ဆက်ဆံနိုင်ဖို့ဟာ အတော်လေးခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ ကိုယ့်ပတ်ဝန်း
ကျင်ကလူတွေနဲ့ ဆက်ဆံတဲ့အခါ (အထူးသဖြင့် သူတို့နဲ့
အခန့်မသင့် အဆင်မပြေဖြစ်တဲ့အခါ ) နားလည်စိတ်နဲ့
သူတစ်ပါးနေရာကို ဝင်ကြည့်ပေးနိုင်ဖို့ဟာ မလွယ်ကူတက်လို့ပါ။

ကိုယ့်ရဲ့ ဒေါသစိတ်၊ မာနစိတ်တွေရဲ့ အလိုကိုလိုက်ပြီးတော့သာ သူတစ်ပါးနစ်နာအောင် သို့မဟုတ်ထိခိုက်ခံစားရအောင် ပြောဆို ပြုမူမိတက်ကြပါတယ်။

တကယ်တော့အပြုသဘောဆောင်ပြီး မေတ္တာစိတ်အပေါ်အခြေ ခံတဲ့ စိတ်ထားကောင်းတွေဟာ ပျိုးထောင်ယူလို့ ရပါတယ်။အရေးအကြီးဆုံး အခြေ
ခံလိုအပ်မှုတစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်အတ္တ
ကို ထိန်းချုပ်နိုင်အောင် ကြိုစားပြီး မိမိကိုယ်ကိုယ် နှိမ့်ချတက်ဖို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတက်မှသာလျှင် သူတစ်ပါးရဲ့ စိတ်၊ခံစားချက်နဲ့ အခြေအနေတွေကို နားလည်ပေးနိုင်ဖို့ ကိုယ့်နှလုံးသားကို ဖွင့်ပေးထား
နိုင်မှာ ဖြစ်ပါတယ်။

"ကျွန်တော်ဟာ ကြီးကျယ်တဲ့အရာတွေကို မလုပ်နိုင်ဘူးဆိုရင် သေးမွှားတဲ့အလုပ်လေးတွေကို ကြီးကျယ်တဲ့နည်းလမ်းကို သုံးပြီးတော့ လုပ်မှာပါ"လို့ Martin Luther King, Jr က ပြောဖူးပါတယ်။

များသောအားဖြင့် ကျွန်တော်တို့ကကိုယ့်ဖို့သာကြည့်တက်ကြကြပါတယ်။ကိုယ့်အတွက်ပဲ ဘယ်လောက်အထိ ကြည့်တက်သလဲဆိုတာကို ပတ်ဝန်းကျင်ရဲ့ နေရာစုံ နယ်ပယ်စုံမှာ မြင်နိုင်ပါတယ်။

bus ကားစီးရာမှာ ဖြစ်ဖြစ် စျေးဝယ်တဲ့အချိန်တန်းစီရာမှာ ဖြစ်ဖြစ် ၊ အပြိုင်အဆိုင်လုလုပ်ရတဲ့ကိစ္စအတော်များများမှာ ကိုယ်ပြီးမှသာ တခြားသူကို
အလှည့်ပေးတက်ကြတယ်။

ပြီးတော့ သက်ကြီးရွယ်အို
အဘိုးအဘွားတွေ၊ ချို့တဲ့သူတွေ ၊ကိုယ်အဂ်ါမသန်
စွမ်းသူတွေအပေါ် တချို့က စာနာစိတ်မဲ့စွာ လှောင်ပြောင်
သရော်တက်ကြပါသေးတယ်။

မေတ္တာစိတ်ဟာ အအေးချမ်းဆုံးစိတ်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ စိတ်တွေဟာ အလုပ်နဲ့ပတ်သတ်
တဲ့ ဖိအားတွေ၊ မိသားစုနဲ့ပတ်သတ်တဲ့ အဆင်မပြေမှု
တွေ၊ ပြိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ စိတ်ဖိစီးခြင်းတွေကြောင့်
အမြဲလိုလို ဗျာများပြီး ပူလောင်နေတက်ပါတယ်။

မတည်ငြိမ်မှုတွေ၊ ရှေ့ရေးအတွက် တွေးတောပူပင်တက်မှုတွေကြောင့် ယောက်ယတ်ခတ်နေတက်ကြပါတယ်။

အဲလို စိတ်အခြေအနေမှာ ကျွန်တော်တို့ဟာ ပိုပြီး ဒေါသထွက်လွယ် ၊ခံပြင်းလွယ်ကြသလို အဆင်မပြေတာ သေးသေးလေးကြုံတာနဲ့လွန်စွာ ညည်းညူတက်လာကြပါတယ်။

ဲ ကိုယ်တိုင်က စိတ်အေးချမ်းမနေတဲ့အခါ တခြားသူတွေ
အပေါ် ကိုယ့်ဘက်က အလွန်အကျူး မပြောမီ၊
သူတို့အပေါ် နာကျင်အောင် မပြုမူမိခင်မှာ ကိုယ့်ကိုယ်
ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေလျော့နည်းသွားရပါတယ်။
ဒါကြောင့်လည်း သူတို့ ထိခိုက်ကြေကွဲစေမယ့် ၊နစ်နာစေမယ့် အရာတွေကို လုပ်မိတက်တာဖြစ်ပါတယ်။

ကျွန်တော့်အမြင်အရတော့ ကိုယ်တိုင်စိတ်ကြည်လင်နေမှ သူတစ်ပါးအပေါ်ကိုလည်း အမြင်ကြည်လင်စွာ ဆက်ဆံပေးနိုင်မယ်လို့ ထင်ပါတယ်။ စိတ်တည်ငြိမ်ဖို့ဟာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ဖြတ်လမ်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် လူယဥ်ကျေးကြီးလုပ်ချင်လို့လည်း မရပါဘူး။စိတ်ရှည်ရပါမယ်။

သူတစ်ပါးအပေါ် ကြင်နာစွာဆက်ဆံဖို့နဲ့ ပတ်သတ်လို့
Plato ကလည်း ခုလိုမိန့်မှာခဲ့ဖူးတယ်။

"သင်ဆုံတွေ့နေရတဲ့ လူတိုင်းဟာ ခက်ခဲတဲ့ဘဝတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့အတွက် သူတို့ကိုကြင်နာပေးပါ"။

စာရေးဆရာ Stephen Covey ရဲ့နာမည်ကျော် အမူအကျင့် ၇ ချက်ထဲက တစ်ချက်ဟာ သူတစ်ပါးအပေါ် နားလည်ဖို့ ကြိုးစားခြင်း အကြောင်းဖြစ်ပါတယ်။ပထမဦးစွာ သူတစ်ပါးကို အရင်စာနာနားလည်ဖို့ အမြဲ ဦးစားပေးရမှာဖြစ်ပြီး နောက်မှ ကိုယ့်အကြောင်း သူများသိလာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လူ့စိတ်က သူများကိုယ့်အပေါ် အသိအမှတ်ပြုတာ၊ အထင်ကြီးတာကို သိပ်ခံချင်ကြသလို ငါမှငါဆိုတဲ့ အတ္တကလည်း ကြီးထွားနေတာမို့ တခြားသူတွေနဲ့ တွေ့တဲ့အခါ ကိုယ့်အကြောင်းကိုသာ သာသာထိုးထိုး တွန်းပြောတက်ကြတာများပါတယ်။

အဲ့ဒီလို တစ်ပါးသူအပေါ် နားလည်လာအောင်ကြိုးစားပြီး
သူတို့အဆင်မပြေမှုတွေကို နားထောင်ပေးခြင်း၊ တက်နိုင်သလောက် ကူညီပေးခြင်းတွေနဲ့ မိတ်ဆွေဖြစ်မှုကို ခိုင်မာစေရမယ့်အစား ကိုယ့်အကြောင်း ကိုယ့်ဘာသာမြှောက်ပင့်ပြောရင်းနဲ့သာ ရင်းနှီးမှု ရဖို့ကြိုးစားကြတယ်။

Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်မှာ ပါတဲ့စကားတစ်ခွန်ကလည်း မှတ်သားစရာပါ။

"သင်ဘယ်လောက် ဂရုစိုက်သည်ကို ကျွန်ုပ်မသိသေးသမျှ သင်ဘယ်လောက်သိသည်ကိုလည်း ကျွန်ုပ်ဂရုစိုက်မည် မဟုတ်ပါ"

စာနာစိတ်ဆိုတာ ပျိုးထောင်ယူရတာပါ၊ အထူးသဖြင့်
လူတွေနဲ့ ပတ်သတ်လို့ မိမိရဲ့ နားလည်မှုအမြင်ကို ချဲ့ထွင်နိုင်ခြင်းအပေါ် မူတည်နေတာပါ။

နားလည်မှု ကျယ်ပြန့်လာတာနဲ့ အမျှ သူတို့ရဲ့ ခံစားချက်တွေ၊ အပြုအမူတွေရဲ့ နောက်က တွန်းအားတွေနဲ့ အလုပ်တစ်ခုကိုမလုပ်ခင်သူ တို့ဘယ်လိုတွေးတော ကြံဆသလဲဆိုတာတွေကို သိလာမှာ ဖြစ်ပါတယ်။

အဲ့သလိုဆိုရင် ကျွန်တော်တို့နည်းတူသူတို့မှာလည်း ဘယ်လိုပင်ရုပ်ပိုင်း မတူညီမှုတွေရှိတယ်ထားအုံး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေမှာ ကွဲပြားမှု သိပ်မရှိဘူးဆိုတာကို မြင်လာမှာပါ။

ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မြင်နိုင်ပြီဆိုရင်လူတစ်ယောက် စကားတစ်ခွန်း ပြောတဲ့အခါ သို့မဟုတ် လုပ်ရပ်တစ်ခုကို ပြုမူတဲ့အခါ နောက်ကွယ်က ဘယ်လိုအချက်ကြောင့်ဆိုတာကို နားလည်လာပြီး သူတို့အပေါ် ခွင့်လွှတ်ပေးနိုင်လာမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဆိုပါစေ၊ မိမိရဲ့ စိတ်ထားဖြူစင်မှုနဲ့
ကိုယ့်ကိုယ်ကို ရှေ့တန်းတင်လိုစိတ်ကို ချိုးနှိမ်ထားနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အတ္တကို တဖြည်းဖြည်း အားပျော့သွားအောင် ကြိုးစားနေရပါလိမ့်မယ်။ကျွန်တော်တို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်လှည့်စားလို့မရပါဘူး။အရှိအတိုင်း လက်ခံပြီး ပြုပြင်လိုစိတ် ပြင်းပြရလိမ့်မယ် ။ှကျွန်တော်တို့စိတ်က သန့်ရှင်းနေတဲ့အခါတခြားသူတွေအပေါ်လည်း စာနာစွာ နားလည်ခံစားပေးတက်လာမှာ ဖြစ်ပါတယ်။

Chan Min Khant

02/04/2025
02/04/2025

စစ်ကိုင်း သင်္ဘော အကူအညီ

စစ်ကိုင်း ဘက်ကမ်းသို့ ကယ်ဆယ်ရေးနှင့်

လှူဒါန်းမှုများပြုချင်သူများ တံတားပေါ်မှ

သွားရန်အခက်အခဲရှိပါက

မန်းလေးရွှေကြက်ယှက်ဆိပ်ကမ်းတွင်

သင်္ဘောအကူအညီပေးရန်အရန်သင့်ရှိပါတယ်ခင်ဗျ

လိုအပ်ပါကဆက်သွယ်ပါခင်ဗျ

Internet လိုင်းရလိုက်မရလိုက်မို့

Ph ဆက်သွယ်ပေးပါခင်ဗျ 🙏🙏🙏

Ph - 09666663030
- 095119290
- 09788001500

02/04/2025

Address

Thanthumar Road
Yangon
11091

Telephone

+959441430097

Website

Alerts

Be the first to know and let us send you an email when AM Insurance Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AM Insurance Advisor:

Shortcuts

Share