Black Pandar

Black Pandar Sharing is caring ��

လူရယ်လို့ ဖြစ်လာရင်..သင့်ကို အားကျတဲ့လူရှိသလိုအမြင်ကပ်တဲ့လူလည်း ရှိမယ်။သင့်ကိုမနာလိုတဲ့လူ ရှိသလိုအထင်သေးတဲ့လူလည်းရှိမယ်။...
24/08/2026

လူရယ်လို့ ဖြစ်လာရင်..
သင့်ကို အားကျတဲ့လူရှိသလို
အမြင်ကပ်တဲ့လူလည်း ရှိမယ်။
သင့်ကိုမနာလိုတဲ့လူ ရှိသလို
အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ်နာခံကြိုးစားကြိုးစား
လူတိုင်းကို ကျေနပ်အောင်တော့
သင်မစွမ်းဆောင်နိုင်ပါဘူး။
ဒါကြောင့်မို့...
သူများအကြိုက်ကိုဆောင်ဖို့ထက်
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က
သူများပါးစပ်ဖျားပေါ်က "သင်"ဟာ
ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ
မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်းမတူပါဘူး။
နားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူး။
ပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူး။
ဦးနှောက်ချင်းတူသော်ငြားလည်း အယူအဆချင်းမတူနိုင်ပါဘူး။
လူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

ဒီအတွက်ကြောင့်...
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်
နားလည်တဲ့လူနဲ့ တွေ့ဦးမှ...

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ...

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ...

သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ...

နောက်ဆုံးတော့
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့.
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့။ ။

 #အစောကြီးထဲကမတက်ခဲ့သင့်တာ🙄ကျွန်တော်ဒီနေ့ ရန်ကုန်ဘူတာနားအရောက် ရိုးသားဟန်ရှိတဲ့ အသက် ၆၀ ကျော် လူကြီးတစ်ယောက်ကရန်ကုန်ဘူတာ...
21/08/2026

#အစောကြီးထဲကမတက်ခဲ့သင့်တာ🙄

ကျွန်တော်ဒီနေ့ ရန်ကုန်ဘူတာနားအရောက်
ရိုးသားဟန်ရှိတဲ့ အသက် ၆၀ ကျော် လူကြီးတစ်ယောက်က
ရန်ကုန်ဘူတာကြီးမှာ ရထားလက်မှတ် လာဝယ်တယ်။

ရထားလက်မှတ်ရောင်းသူကို မေးတယ်။

"ငါ့တူကြီး.. ။ အဘကို
မြစ်ကြီးနားလက်မှတ် တစ်စောင် ရောင်းပေးပါ။
ရထားက မြစ်ကြီးနားကို တိုက်ရိုက်ရောက်သလား။
လမ်းမှာ ဆင်းရသေးသလား

လက်မှတ်ရောင်းသူ လူငယ်က ဖြေတယ်။

"ရန်ကုန်ကနေ မြစ်ကြီးနားကို ရထားနဲ့သွားရင်
ရထားက တိုက်ရိုက်မရောက်ပါဘူး။ နှစ်ဆင့်စီးရတယ်။
ရန်ကုန်ဘူတာကနေ မန္တလေးဘူတာအထိ တစ်ဆင့်စီးရတယ်။
မန္တလေးဘူတာကနေ တစ်ဆင့် ရထားပြောင်းစီးရတယ်

"ဪ... ။ ရထားက ဘယ်လို ပြောင်းစီးရမှာလဲ ငါတူကြီး

"အဘ မှတ်ထားရမှာက မန္တလေးကျရင် ဆင်းလိုက်တော့

အထူးချွန်ဆုံး ပညာရှင်များ😁😁😁
18/08/2026

အထူးချွန်ဆုံး ပညာရှင်များ😁😁😁

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။...
17/08/2026

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့
ဒါက သူ့ကိုပေးကိုပေးရမယ်ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။

ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး အခင်အမင် ပျက်သွားကြ တယ်။

***************************

သိပ်ပူတဲ့နွရောသီတခုမှာ၊ လူတစ္စုက မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။ဖောင်စီးရင်းနဲ့ ရေဆော့ရင်း ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ဒါနဲ့ကောင်မလေးက သူနဲ့လှေအတူစီးတဲ့ သူတွေဆီက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ္တရံပဲပါတာ ဘယ္သူမွ မပေးချင် ကြဘူး။ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး။ကူညီချင်စိတ်မ ရှိဘူးလို့တွက်လိုက်တယ်။နောက်တော့ လူတစ်ယောက်က သူ့ဖိနပ်ကိုပေးလိုက်တယ်။ကောင်မလေးက ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက " ဘယ်သူမှမင်းကို ကူညီဖို့တာ၀န် ရှိပါဘူး။မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင် ဒါကိုဒေါသမကြီးပါနဲ့ ဒါ သမရိုးက်ပါ ""။

အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။ အဲ့ချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သား ထားပြီး ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့ကျေးဇူးတင်မဆုံးဘူး ပေါ့။ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့အကျင့် ဖြစ်လာတယ် ။

ဒါကို ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။
**************************
တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။

***************************

ညေနတခုမွာ၊ ဆိတ်လေးတစ်ကောင်ဟာ တောင်ကုန်း
ပေါ်မှာ ဆော့နေတယ်။ရုတ်တရက် သစ်ပင်ခြုံကြားထဲက ဝံပုလွေတကောင်ထွက်လာပြီး ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို အကူအညီလှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ဝံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀ကျကလညျး ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်ကဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက် ခြုံပုတ်တွေထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလှကေ နာလွန်းလို့ထအော်တယ်၊ ခွေးမာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော...။
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊

မြင်းက နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။

၀ကျက နင်ငါ့ကိုခေါ်ရောပေါ့ ငါတစ်ချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။

************************
အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊ ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာသူငယ်ချင်းအစစ် ဟုတ်မဟုတ် မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်းပေါင်းသင်းနေ တာ မဟုတ်ပေမယ့် မင်းတကယ် အကူအညီလိုအပ်နေချိန် မွာ ၊ အပိုမပြောပဲကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်/ချစ်သူအစစ်ပါပဲ။

ဘ၀မွာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်း မ်ား ပိုင်ဆိုင်ကြပါစေ....

😁😁
17/08/2026

😁😁

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"-----------------------------------------------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေ...
17/08/2026

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
-----------------------------------------------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားခ်က္ကေတာ့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ္လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ္ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ္တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝေလးကိုရမွာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက္တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

အေးလေ😅
15/08/2026

အေးလေ😅

ရေရှည်တည်မြဲချင်ရင် ရေရှည်ခင်မင်ချင်ရင်ရေရှည်ချစ်ခင်ချင်ရင် ရေရှည်လေးဆက်သွားချင်ရင် ....ရိုးသားဖို့ ၊ ကတိတည်ဖို့ ၊ လေးစာ...
11/08/2026

ရေရှည်တည်မြဲချင်ရင်
ရေရှည်ခင်မင်ချင်ရင်
ရေရှည်ချစ်ခင်ချင်ရင်
ရေရှည်လေးဆက်သွားချင်ရင် ....

ရိုးသားဖို့ ၊ ကတိတည်ဖို့ ၊ လေးစားတတ်ဖို့ ၊
တန်ဖိုးထားတတ်ဖို့ အများကြီးလိုသေးတယ် ။

မရိုးရှင်းမှုတွေ လှည့်ဖျားမှုတွေ များလာရင်တော့ အချိန်တိုတိုလေးနဲ့တင် ရေစက်ကုန်ကြတာပါပဲ ။

မင်းပြောလဲ ခံရမှာပဲ😅😅
09/08/2026

မင်းပြောလဲ ခံရမှာပဲ😅😅

မဟုတ်တာ အဖေရာ 😅😅
09/08/2026

မဟုတ်တာ အဖေရာ 😅😅

Address

Yangon

Telephone

+959769226797

Website

Alerts

Be the first to know and let us send you an email when Black Pandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Black Pandar:

Shortcuts

Share