15/12/2023
ကမ္ဘာ့ရွှေဈေးက psychological level $2000
ဈေးတန်း၊Fibo.61.8% levelနေရာ $2008ဈေး
တန်းတို့အထက် ပြန်ကျော်
နိုင်ခဲ့ပြီး၊အတက်ဘက်အား
ယူနေ။လက်ရှိ၌ Fibo..50.0% levelနေရာ$2033နား၌ တဝဲလည်လည် ရှိနေ။
ကမ္ဘာ့ရွှေဈေးကွက်၌
Gold ETFsကြီးတွေရဲ့
အဝင် နည်းမှု ရှိနေဆဲဖြစ်။
၎င်းတို့ရဲ့ အဝယ်လုပ်မှု
နည်းခြင်းသည်က ကမ္ဘာ့
ရွှေဈေးရဲ့အတက်ကို
နှေးနေစေခဲ့။ကမ္ဘာ့ရွှေဈေး
အတွက် Fibo...61.8%
levelအထက်ရှိနေသရွေ့
အတက်ဘက် ရုန်းရန်ရှိနိုင်။
Gold ETFsကြီးတွေရဲ့ အဝင်
ရှိမှုတွေသာ ရှိလာခဲ့ရင် အတက်လားရာ ပိုကောင်း
နိုင်ချေရှိနိုင်။ပြီးခဲ့တဲ့ $2100
ဈေးတန်းအထက် စံချိန်တင်
အမြင့်ဆုံးဈေးတန်းသစ်ကို
ရောက်ခဲ့တုန်းက Hedge fundsကြီးတွေလို speculatorsတွေရဲ့ အ၀ယ်ဘက်ထိုင်မှူကြောင့် အရှိန်များ
စွာပါခဲ့ခြင်းဖြစ်သည်။သို့သော်
အတက်မှာ မထိန်းနိုင်ဘဲ ချက်
ချင်း ပြန်ကျခဲ့တာက Gold
ETFsကြီးတွေရဲ့ အဝယ်လုပ်
မှု မပါဘဲ တချို့သော Gold
ETFsကြီးတွေရဲ့ ရွှေကို အရောင်းဘက်လုပ်မှုတွေ ရှိခဲ့
ခြင်းကြောင့်ဖြစ်။
လက်ရှိ အနေအထားက Gold
ETFsကြီးတွေအတွက် အဝယ်
လုပ်ရန် ပိုကောင်းနိုင်တဲ့အနေ
အထား၊အခြေအနေလည်းဖြစ်
သည်။အမေရိကန် Fed rate hike cycle အဆုံးသတ်ရန်ရှိနေပြီလည်းဖြစ်လို့ အမေရိကန်
ငွေတိုက်ဘွန်းyieldsတွေ
လည်းအကျ၊ဒေါ်လာလည်း
အကျရှိနေချိန်မျိုးလည်းဖြစ်
သည်။
နောက်နှစ်ထဲ၌ အမေရိကန်
Fedဗဟိုဘဏ်၊ဥရောပ ဗဟို
ဘဏ်တို့အပါအဝင် ဗဟို
ဘဏ်တွေရဲ့ အတိုးနှုန်း
လျှော့ချမှုတွေ လုပ်ကြရန်
ရှိနေကြလို့ ကမ္ဘာ့ရွှေအတွက်
ပိုပြီး အတက်လားရာကောင်း
နိုင်ပါသည်။
လတ်တလော ကမ္ဘာ့ရွှေအတွက် အတက်ဘက်၌
Fibo..38.2% နေရာ$2055
နှင့် Triple Top breakout
နေရာလည်းဖြစ်၊Rctangle
pattern upper boundary
areလည်းဖြစ်တဲ့ $2075
ဝန်းကျင်က Resistance levelsတွေ အဖြစ်ရှိနိုင်။
https://t.me/+qb08DTVPil40MzU1