10/05/2026
Advance Excel & Power Query Intensive Class မှာ ဘာတွေသင်မလဲ?
Teaching Style ကရော ဘယ်လိုလဲ? 🤔
ဒီမေးခွန်းလေးကို မေးကြသူများလို့ ပြန်ရှင်းပြပေးပါမယ်ရှင့်။
ဒီ Class မှာ Excel ကို Formula သိရုံ၊ Function သုံးတတ်ရုံနဲ့ မပြီးပါဘူး။
အလုပ်ထဲမှာ တကယ်အသုံးချနိုင်တဲ့ Excel Thinking + Data Analysis Skill + Power Query Automation ကို အခြေခံပြီး သင်ပေးမှာဖြစ်ပါတယ်။
သင်မယ့်အကြောင်းအရာတွေကတော့—
📌 Advanced Excel Formula & Function
VLOOKUP, INDEX/MATCH, IF Function, Date Function, Text Function, Data Cleaning Function တွေကို အလုပ်ထဲက Case တွေနဲ့ သင်ပေးပါမယ်။
📌 Data Cleaning & Matching
Code မတူတာ၊ Space ပါတာ၊ Name မတူတာ၊ Format မတူတာတွေကြောင့် Match မဖြစ်တဲ့ Error တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သင်ပေးပါမယ်။
📌 Pivot Table & Analysis
စာရင်းကြီးတွေကို Summary Report ပြောင်းတာ၊ Analysis လုပ်တာ၊ Management ကိုတင်ပြနိုင်တဲ့ Report ပုံစံပြောင်းတာတွေကို လေ့ကျင့်ပါမယ်။
📌 Conditional Formatting
အလုပ်ထဲမှာ Error တွေ၊ Duplicate တွေ၊ Risk Data တွေကို မြန်မြန်မြင်နိုင်အောင် Highlight လုပ်နည်းတွေ သင်ပေးပါမယ်။
📌 Power Query
Manual လုပ်နေရတဲ့ Data Cleaning / Combine / Append / Merge / Transform တွေကို Power Query နဲ့ Automate လုပ်နည်း သင်ပေးပါမယ်။
📌 Real Case Practice
Cash Book, Bank Book, Sale Data, Purchase Data, Inventory Data, Receivable / Payable Data တွေလို အလုပ်ထဲမှာ တကယ်တွေ့ရတဲ့ Data တွေကို အခြေခံပြီး လက်တွေ့လုပ်ပါမယ်။
ကျမသင်တဲ့ Teaching Style ကတော့…
စာတွေ့သင်တာတင်မဟုတ်ပါဘူး။
လက်တွေ့မှာ ဘယ်လိုသုံးရမလဲဆိုတာပါ ပြောပြပြီး သင်ပေးပါတယ်။
ကျောင်းသားတွေ မပျင်းရအောင်
တစ်ယောက်တည်း Lecture ပဲပြောသွားတာမျိုး မဟုတ်ပါဘူး။
✅ ကျမနဲ့အတူ ဆွေးနွေးမယ်
✅ အလုပ်ထဲက မေးခွန်းတွေ မေးကြမယ်
✅ ဘာကြောင့် Error ဖြစ်လဲ အတူစဉ်းစားမယ်
✅ Formula တစ်ခုကို မှတ်ခိုင်းတာမဟုတ်ဘဲ ဘယ်အခြေအနေမှာ ဘာကြောင့်သုံးရလဲ သင်ပေးမယ်
✅ Real Case အခြေခံပြီး လေ့ကျင့်မယ်
✅ အလုပ်ထဲမှာ ကြုံနေရတဲ့ Excel အခက်အခဲတွေကိုလည်း Class ထဲမှာ ဆွေးနွေးဖြေရှင်းပေးမယ်
Excel သင်တာဆိုတာ Button နှိပ်နည်းသင်တာမဟုတ်ပါဘူး။
Data ကိုမြင်တတ်ဖို့၊ Error ကိုရှာတတ်ဖို့၊ Report ကိုစဉ်းစားတတ်ဖို့၊ အလုပ်ကိုပိုမြန်ပိုမှန်အောင်လုပ်တတ်ဖို့ သင်တာပါ။
ဒီ Class က Auditor, Accountant, Finance Team, Reporting လုပ်နေရသူတွေ၊ Excel နဲ့ Data ကို နေ့စဉ်ကိုင်တွယ်နေရသူတွေအတွက် အထူးသင့်တော်ပါတယ်ရှင့်။
Advance Excel & Power Query Intensive Class
အလုပ်ထဲမှာ တကယ်အသုံးချနိုင်တဲ့ Skill ကို သေချာတက်ချင်တယ်ဆိုရင် ဒီ Class လေးကို Join လို့ရပါတယ်ရှင့်။