Zannawar; Financial Advisor for Your Better Future

Zannawar; Financial Advisor for Your Better Future Zan– Where Your Peace of Mind Begins

နောက်ဆုံးတော့ကိုယ့်ရဲ့ဆန္ဒလေးပြည့်ဝခဲ့ပြီ🍀🍀2026 Plan ထဲကတစ်ခု - Life Insurance added!✅🛡️2026မှာ ဒုတိယအကြိမ်အနေနဲ့ ထပ်ထား...
26/02/2026

နောက်ဆုံးတော့ကိုယ့်ရဲ့ဆန္ဒလေးပြည့်ဝခဲ့ပြီ🍀🍀

2026 Plan ထဲကတစ်ခု - Life Insurance added!✅🛡️
2026မှာ ဒုတိယအကြိမ်အနေနဲ့ ထပ်ထားဖြစ်ခဲ့တဲ့အကြောင်းလေးမျှဝေပေးချင်ပါတယ် 😍

“အဓိကကတော့ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာတဲ့အခါ ကိုယ့်မိသားစုကိုပိုပြီးခိုင်မာအောငိ ရပ်တည်နိုင်အောင်လို့ရယ်၊
အသက်ကြီးလာတဲ့အခါ စုဆောင်းမိတာလေးပိုရှိနေစေဖို့အတွက်ပါ “💪

အသက်အာမခံရဲ့အားသာချက်က တစ်ခုထဲပဲကန့်သတ်မထားဘဲ ကိုယ်တတ်နိုင်သလောက် ထပ်တိုးပြီး စုဆောင်းထားလို့ရတာပါပဲ🛟🛟

ကိုယ့်ကိုယ်ကိုအတွက်ကော ကိုယ်ချစ်ရတဲ့သူတွေကိုပါ ပိုပြီး Protective ဖြစ်သွားလို့ တဂယ်ကိုကျေနပ်မိပါတယ်❤️





“ကျန်းမာရေးပြဿနာဆိုတာ စိတ်ဆင်းရဲစရာတင်မကဘဲ... အားနာစရာပါ ဖြစ်မလာပါစေနဲ့”မိသားစုထဲမှာ လူမမာတစ်ယောက်ရှိပြီဆိုရင် အားလုံးရဲ...
19/02/2026

“ကျန်းမာရေးပြဿနာဆိုတာ စိတ်ဆင်းရဲစရာတင်မကဘဲ... အားနာစရာပါ ဖြစ်မလာပါစေနဲ့”

မိသားစုထဲမှာ လူမမာတစ်ယောက်ရှိပြီဆိုရင် အားလုံးရဲ့ စိတ်ထဲမှာ မသက်သာမှုတွေ ကိုယ်စီရှိကြပါတယ်။ ဖျားနာနေတဲ့သူကလည်း နာကျင်မှုကို ခံစားရသလို၊ ဘေးကနေ ပြုစုစောင့်ရှောက်ပေးနေရတဲ့သူတွေကလည်း ပင်ပန်းနွမ်းနယ်ကြရတာ သဘာဝပါ။

လူမမာတစ်ယောက်ရဲ့ အကြီးမားဆုံးသော "အားနာစိတ်"
ဥပမာအနေနဲ့ ကျွန်မတို့ရဲ့ အဒေါ်ကို ကြည့်ရင် သိသာပါတယ်။ နေမကောင်းဖြစ်လို့ ဆေးရုံ၊ ဆေးခန်းသွားရတိုင်း၊ ဆေးဝါးတွေ ဝယ်ရတိုင်း "ပိုက်ဆံတွေ အများကြီး ကုန်တော့မှာပဲ" ဆိုတဲ့ အတွေးက သူ့ကို အမြဲ ခြောက်လှန့်နေတတ်ပါတယ်။
• မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလားဆိုတဲ့ အားနာစိတ်။
• ကိုယ့်ကြောင့် တခြားသူတွေရဲ့ စုဆောင်းငွေတွေ ကုန်ဆုံးသွားမှာကို စိုးရိမ်စိတ်။
ဒီစိတ်တွေက ရောဂါဝေဒနာထက်တောင် ပိုပြီး လူကို ပင်ပန်းစေပါတယ်။

ဒါပေမယ့်အဒေါ့်မှာတော့ ကံကောင်းထောက်မစွာနဲ့ ငွေကြေးအရ အပြည့်အဝ ထောက်ပံ့ပေးနိုင်တဲ့သူ ရှိနေလို့သာ ဆေးကုသမှုက အဆင်ပြေချောမွေ့နေတာပါ။ ဒါပေမဲ့ လူတိုင်းမှာကော ဒီလို "အရေးကြုံရင် ထုတ်သုံးလို့ရမယ့် ငွေအလုံးအရင်း" ဒါမှမဟုတ် "အမြဲ ထောက်ပံ့ပေးမယ့်သူ" ရှိနေပါ့မလား?
“အာမခံ" ဆိုတာ အားကိုးရာ တစ်ခုပါပဲ
ကျန်းမာရေးအာမခံရှိထားခြင်းက ငွေကြေးသက်သာဖို့တင် မဟုတ်ဘဲ "စိတ်အေးချမ်းမှု" ကိုပါ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

• အားနာစိတ်ကို လျော့ပါးစေတယ်: ကိုယ့်ဘာသာ အာမခံထားထားရင် "ငါ့ဆေးဖိုးအတွက် အာမခံက ပေးမှာပဲ" ဆိုတဲ့ စိတ်နဲ့ မိသားစုအပေါ် အားနာစရာမလိုဘဲ စိတ်အေးလက်အေး ကုသမှု ခံယူနိုင်ပါတယ်။
• စုဆောင်းငွေကို အကာအကွယ်ပေးတယ်: နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေတွေက ဖျားနာမှု တစ်ခုတည်းနဲ့တင် ပြောင်သလင်းခါသွားနိုင်ပါတယ်။ အာမခံက ဒီစုဆောင်းငွေတွေကို အကာအကွယ်ပေးထားတဲ့ "ဒိုင်း" တစ်ခုလိုပါပဲ။
• အရည်အသွေးရှိတဲ့ ကုသမှု: ပိုက်ဆံကုန်မှာ စိုးရိမ်ပြီး ဆေးရုံမသွားဘဲ အောင့်ခံနေတာမျိုး မဖြစ်တော့ဘဲ အကောင်းဆုံး ကုသမှုကို အချိန်မီ ရရှိစေမှာပါ။

ချစ်ရတဲ့ မိသားစုဝင်တွေ ကျန်းမာရေးမကောင်းတဲ့အခါ ငွေကြေးကိစ္စအတွက် မပူရဘဲ "ဂရုစိုက်မှုနဲ့ မေတ္တာ" ကိုပဲ အပြည့်အဝ ပေးနိုင်ဖို့ဆိုရင် ကျန်းမာရေးအာမခံက မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလိုမျိုးအခက်အခဲမျိုး မကြုံရအောင်၊ ကိုယ်တိုင်လည်း အားနာစိတ်နဲ့ မနေရအောင် အာမခံနဲ့ ကြိုတင် ပြင်ဆင်ထားကြပါစို့။








Z #

မိသားစုတစ်ခုမှာ အဓိကဝင်ငွေရှာပေးနေရတဲ့သူဆိုတာ တောင်တက်အဖွဲ့တစ်ခုကို ဦးဆောင်ပြီး လမ်းပြနေတဲ့ "ခေါင်းဆောင်တောင်တက်သမား" နဲ...
16/02/2026

မိသားစုတစ်ခုမှာ အဓိကဝင်ငွေရှာပေးနေရတဲ့သူဆိုတာ တောင်တက်အဖွဲ့တစ်ခုကို ဦးဆောင်ပြီး လမ်းပြနေတဲ့ "ခေါင်းဆောင်တောင်တက်သမား" နဲ့ တူပါတယ်။
မိသားစုဝင်တွေဟာ သင့်နောက်ကနေ သင့်ကိုယုံကြည်ပြီး လိုက်ပါလာကြတာပါ။ ဒီခရီးမှာ အသက်အာမခံ ဆိုတာ ဘာကြောင့်ရှိသင့်တာလဲဆိုတာကို တောင်တက်တဲ့ ဥပမာလေးနဲ့ ရှင်းပြပေးချင်ပါတယ်။
⛰️🌿
မတော်တဆမှုဆိုတာ ကြိုတင်အကြောင်းကြားလေ့မရှိဘူး
တောင်တက်တဲ့အခါ ရာသီဥတုက ဘယ်အချိန်ဖောက်ပြန်မလဲ၊ ဘယ်နေရာမှာ ခြေချော်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
• ⛰️ တောင်တက်ဥပမာအနေနဲ့: သင်ဟာ အဖွဲ့ကိုဦးဆောင်ပြီး အမြင့်ကိုတက်နေတုန်း မတော်တဆ ခြေချော်သွားတယ် ဆိုပါစို့။
• လက်တွေ့ဘဝအနေနဲ့ဆိုရင်: အိမ်ထောင်ဦးစီးတစ်ယောက် မတော်တဆဖြစ်တာ ဒါမှမဟုတ် ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့တာမျိုးဟာ တောင်ပေါ်မှာ ခြေချော်လိုက်သလိုပါပဲ။ အသက်အာမခံဆိုတာ အဲ့ဒီအချိန်မှာ သင့်ကိုရော၊ သင့်မိသားစုကိုပါ အောက်ကို ပြုတ်မကျသွားအောင် ထိန်းထားပေးမယ့် "Safety Rope" (အသက်ကယ်ကြိုး) ပါပဲ။🛟🛟

ကျန်ရစ်သူတွေ ခရီးဆက်နိုင်ဖို့
သင်ဟာ အဖွဲ့ရဲ့ ရိက္ခာနဲ့ လမ်းပြမြေပုံကို ကိုင်ထားတဲ့သူ ဖြစ်ပါတယ်။ သင်သာ တစ်ခုခုဖြစ်သွားရင် သင့်နောက်ကလူတွေ တောင်အောက်ကို ဘေးကင်းကင်း ပြန်ဆင်းနိုင်မလား၊ ဒါမှမဟုတ် ခရီးဆက်နိုင်မလားဆိုတာ စဉ်းစားစရာပါ။💭💭

• အသက်အာမခံရဲ့ အခန်းကဏ္ဍ: သင်မရှိတော့တဲ့နောက်မှာတောင် သင့်မိသားစုဝင်တွေဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် လမ်းလယ်ခေါင်မှာ တင်ကျန်မနေခဲ့ဘဲ သူတို့ရဲ့ ဘဝပန်းတိုင် (သားသမီးပညာရေး၊ အိမ်စရိတ်၊ကျန်းမာရေး) တွေကို ဆက်ပြီး လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
🚶🚶

စိတ်အေးလက်အေးနဲ့ အမြင့်ဆုံးကို တက်လှမ်းနိုင်ဖို့
ခါးမှာ အသက်ကယ်ကြိုး သေချာချည်ထားတဲ့ တောင်တက်သမားဟာ ကြိုးမပါတဲ့သူထက် ပိုပြီး ယုံကြည်မှုရှိရှိ၊ စိတ်အေးလက်အေးနဲ့ အမြင့်ကို တက်နိုင်ပါတယ်🛟

• စိတ်အေးချမ်းမှုကတော့: "ငါ တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါ့မိသားစု ဒုက္ခမရောက်ဘူး" ဆိုတဲ့ စိတ်အေးရမှုဟာ အလုပ်ခွင်မှာ သင့်ကို ပိုပြီး အာရုံစိုက်နိုင်စေသလို၊ ဘဝကိုလည်း ပိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေပါတယ်

မိသားစုအတွက်အသင့်တော်ဆုံးဖြစ်မယ့် အာမခံအမျိုးအစား(ဥပမာ ပညာရေးအာမခံ သို့ ကျန်းမာရေးအာမခံ)တွေအကြောင်းအသေးစိတ်သိချင်ရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်

;financialadvisorforyourbetterfuture



Gong Xi Fa Cai
16/02/2026

Gong Xi Fa Cai

ဒီနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့ (မြင်းနှစ်) က စတင်လို့ တစ်နှစ်တာလုံး အားလုံးစီးပွားဥစ္စာ တိုးတက်ပေါကြွယ်ဝလို့ အရှိန်အဟုန်နဲ့ အောင်မြင်ကြီးပွားစေဖို့ Manulife Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Today’s officially Lunar New Year Day! Manulife Myanmar wishes everyone a great Year of the Horse filled with prosperity, abundance and success that gallops with great momentum.



#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

သင့်မိသားစုအတွက် အကောင်းဆုံး၊ ရေရှည်တည်တံ့မယ့် လက်ဆောင်တစ်ခုကို ပေးချင်တယ်ဆိုရင် ဘာဖြစ်မလဲ? 🎁အဝတ်အစားလှလှလေးတွေ၊ အရသာရှိ...
11/02/2026

သင့်မိသားစုအတွက် အကောင်းဆုံး၊ ရေရှည်တည်တံ့မယ့် လက်ဆောင်တစ်ခုကို ပေးချင်တယ်ဆိုရင် ဘာဖြစ်မလဲ? 🎁

အဝတ်အစားလှလှလေးတွေ၊
အရသာရှိတဲ့ အစားအသောက်တွေက
ခဏတာ ပျော်ရွှင်မှုကို ပေးနိုင်ပေမယ့်၊ မိသားစုရဲ့ အနာဂတ်ကို လုံခြုံစိတ်ချရအောင် အာမခံထားပေးခြင်းကတော့ 'ထာဝရနွေးထွေးတဲ့ မေတ္တာ' ပါပဲ။ 🕊️

ကိုယ်ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချစ်ရတဲ့သူတွေ အခက်အခဲမရှိ ဆက်လက်ရပ်တည်နိုင်ဖို့ အာမခံထားပေးခြင်းဟာ တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီး/မိသားစုဝင်တစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး လုပ်ရပ်ပါ။

ဒီအားလပ်ရက်မှာ သင့်မိသားစုရဲ့ အနာဂတ်ကို ပိုမိုလုံခြုံစေမယ့် လက်ဆောင်လေး ပေးလိုက်ပါ။🎁🎁




Different journeys, one purpose.Growing stronger as a team, learning from each other, and creating memories beyond work....
08/02/2026

Different journeys, one purpose.
Growing stronger as a team, learning from each other, and creating memories beyond work.
Proud to be Manulife Advisors ✨



2026 First Case Submission Issued 💚✨Every case was a journey—never easy, but always meaningful.I gained knowledge, faced...
31/01/2026

2026 First Case Submission Issued 💚✨

Every case was a journey—never easy, but always meaningful.
I gained knowledge, faced challenges, and grew stronger along the way.
Truly proud of myself for not giving up. 🌱🤍

Caseတိုင်းကလွယ်လွယ်ကူကူနဲ့ပြီးခဲ့တာမဟုတ်လို့ challengesတွေကြားထဲကဗဟုသုတတွေလဲရခဲ့တယ် ဒီအခက်အခဲတွေကြားထဲကအကာအကွယ်ရအောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကိုယ်လုပ်နေတဲ့အလုပ်ကို အများကြီးတန်ဖိုးထားပါတယ်✨ကိုယ့်ကိုကိုလဲဂုဏ်ယူမိပါတယ် 💪



ကျွန်မက အာမခံစာချုပ်တွေကိုပဲ ရောင်းတာ မဟုတ်ပါဘူး...လူအများစုက အာမခံအေးဂျင့်ဆိုရင် အရောင်းအမှတ်ပြည့်ဖို့ပဲ ကြိုးစားကြတယ်လ...
21/01/2026

ကျွန်မက အာမခံစာချုပ်တွေကိုပဲ ရောင်းတာ မဟုတ်ပါဘူး...

လူအများစုက အာမခံအေးဂျင့်ဆိုရင် အရောင်းအမှတ်ပြည့်ဖို့ပဲ ကြိုးစားကြတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အစစ်အမှန် Insurance Advisor တစ်ယောက်ရဲ့ အလုပ်က -

• 👂ရောင်းဖို့ထက် နားထောင်ဖို့ကို ဦးစားပေးတယ် — သင့်ရဲ့ စိုးရိမ်မှုတွေ၊ အနာဂတ်အိပ်မက်တွေကို အရင်နားထောင်ပါတယ်။

• 💡အတတ်နိုင်ဆုံးကို အကြံပြုတယ် — ဈေးအကြီးဆုံး Plan ထက် သင့်အတွက် "အသင့်တော်ဆုံး" ဖြစ်မယ့် အစီအစဉ်ကိုပဲ ရှာဖွေပေးပါတယ်။

• 💪စာချုပ်ချုပ်ပြီးမှ အလုပ်စတာပါ — စာချုပ်ချုပ်ပြီးသွားတာနဲ့ အလုပ်ပြီးသွားတာမဟုတ်ဘဲ၊ Claim (အကျိုးခံစားခွင့်) တောင်းရမယ့်အချိန်အထိ သင့်ဘေးမှာ အမြဲရှိနေပေးတာပါ။

👩🏻‍💼 ကျွန်မက သင့်ရဲ့ ငွေကြေးလုံခြုံရေးအတွက် တစ်သက်တာ လက်တွဲဖော်အဖြစ် ရပ်တည်ပေးသွားမှာပါ။🙌

Our Director, Ma Su’ training inspired me to set my 2026 Goals with purpose and direction. I’m truly grateful for all th...
17/01/2026

Our Director, Ma Su’ training inspired me to set my 2026 Goals with purpose and direction. I’m truly grateful for all the guidance and support. Training can show the way, but real success only comes with personal effort, discipline, and commitment. I’m determined to stay consistent and move forward until I reach my goals. 💪✨

2026မှာ commitment ရှိရှိနဲ့ ချမှတ်ထားတဲ့ goal ရောက်အောင်ကြိုးစားသွားမယ်💪✨




👏
16/01/2026

👏

အားလုံးရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ “မန်နျူလိုက်ဖ် မန္တလာပိုက်ကျော်ခြင်း ချန်ပီယံဖလား ၂၀၂၆” ပွဲကြီးကို မန္တလေးမြို့မှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပတော့မှာပါ။ မကြာသေးခင်က ရန်ကုန်မြို့မှာ “မန်နျူလိုက်ဖ် ပိုက်ကျော်ခြင်း ချန်ပီယံဖလား ၂၀၂၅” ပွဲကြီးကို တခမ်းတနား စီစဉ်ကျင်းပခဲ့ပြီး ပွဲတက်ရောက်သူပရိသတ်ပေါင်း (၆၃၀၀) ကျော်အထိ ရှိခဲ့ပါတယ်။

ဒီတစ်ခေါက် ပိုက်ကျော်ခြင်းပွဲမှာလည်း ပြိုင်ပွဲဝင်အသင်းတွေကနေ အနိုင်ကစားကွက်တွေကို ဘယ်လိုမျိုး အပေးအယူမျှမျှ ချပြဦးမလဲဆိုတာ အတူစောင့်မျှော်ကြရအောင်။ ဒါ့ကြောင့် အားကစားပရိတ်သတ်တွေအနေနဲ့လည်း ဒီလင့်ခ် (https://bit.ly/4jIiL8E) ကနေ ပွဲလာရောက်ဖို့ အခုပဲ စာရင်းကြိုပေးလိုက်တော့နော်။

The wait is over! The highlight anticipated “Manulife Mandalar Sepak Takraw Champion Cup 2026” is coming to Mandalay soon. Not long ago, our “Manulife Sepak Takraw Championship 2025” was launched successfully with over 6,300 exciting fans.

Get ready to experience incredible teamwork and skilled moves from our competing teams. If you’re a sports fan, register now via link (https://bit.ly/4jIiL8E) so that you won’t miss out.

#မန်နျူလိုက်ဖ်မန္တလာပိုက်ကျော်ခြင်းချန်ပီယံဖလား၂၀၂၆ #လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zannawar; Financial Advisor for Your Better Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share