06/06/2026
ကားအာမခံထားရှိလျှင် ရေကြီးလို့ ကားမြုပ်ရင်လဲ အာမခံအကျုံးဝင်ပါသည်
“ကားတော့ ညကရေမြုပ်သွားတယ် ဆရာရေ….”
မနက် မိုးလင်းလင်းခြင်း ကြားရတဲ့ အာမခံ ထားသူတစ်ဦးရဲ့…claim သတင်းပါ….
“ ဘယ်လောက် ထိမြုပ်သွားတာလည်း”
“ဘီးတစ်ဝက်….သာ သာ…”
“ဗျာ…အဲ့ဒါဆို အတွင်းခန်းထဲ ရေတွေ ဝင်ကုန်တာပေါ့”
“အင်း.. အဲ့ဒါ အာမခံ ခံ အကျုံးဝင်လား ဗျာ…”
“ဝင်တာပေါ့ ခင်ဗျာ…ရေမြုပ်လည်း ရမယ်..ရေမျောလည်း ရမယ်…”
“သဘာဝဘေးအန္တရာယ် အကာအကွယ် ကို မော်တော်ယာဉ် အာမခံမှာ ဝယ်ယူထားလျင်
ရေကြောင့် ,မြေကြောင့် ,လေကြောင့် မော်တော်ယာဉ် ထိခိုက် ပျက်စီးလျင် အလျော်ရပါတယ်….”
“ကားထဲရေဝင်တာ ကျနော့်ဖာသာပဲ စပါးသွားပြီး လုပ်လိုက်မယ် “
ဟိုး ….ဆရာ မလုပ်ပါနဲ့….
ဘီးတစ်ဝက် ရေမြုပ်သွားတယ်…ကားခြေနင်း ခွက်ထဲ ရေဝင်တဲ့ အဆင့် ဆိုတာ….အန္တရာယ် က ရှိနိုင်ခြေထက် များနေပါပြီ…..( အချို့ဆို အင်ဂျင်ပါဖွင့်ပြီး ဆောင်ရွက် ရတာမျိုး ရှိတယ်…အင်ဂျင်ဝိုင် အသစ်တွေ လဲရပါတယ် )
ကိုယ့်ဘာသာ ကိုယ် လုပ်လိုက်လျင် နောက်ပိုင်း ဖြစ်ပေါ်လာ နိုင်တဲ့ ကိစ္စတွေ မှာ ပြဿနာ တက်နိုင်တယ်….
“ကျနော်တို့ အာမခံ ကုမ္ပဏီကို အကြောင်းကြားရပါမယ်….
အာမခံ ကုမ္ပဏီဟာ ပျက်စီးမှုတွေ ကို ကိုင်တွယ်ရာ မှာ အတွေ့အကြုံ များသလို….သူတို့က ယခုအခြေအနေမှာ ဖြေရှင်းရန် တာဝန်ရှိသူတွေပါ…”
ကျနော်ဖုန်းပြန်ဆက်ပါမယ်…ခဏစောင့်ပါ…
ကျနော်ပြောတဲ့ ကားရဲ့ဓါတ်ပုံတွေ လိုင်စင် ရှေ့နောက် Wheeltax ရှေ့နောက်လေးတွေ ရိုက်ပို့ပါ
အခု ကားရဲ့တည်နေရာပြောပါ…
ကားကို စက်လုံးဝ မနှိုးပါနဲ့…စက်နှိုးလိုက်လို့ ကားက တစ်ခုခု ဖြစ်သွားမယ် ဆိုလျင် အာမခံဥပဒေနဲ့ ပါတ်သက်ပြီး ရှုပ်ထွေးစရာတွေ ဖြစ်ကုန်မယ် ခင်ဗျာ…ကားသော့ကို ကားမှာလည်း တပ်မထားပါနဲ့….
ကျနော်က ဒီဖြစ်စဉ်မျိုး ကြိမ်ဖန်များစွာ ဆောင်ရွက်ဖူးသည်…
ကျနော်အာမခံ ကုမ္ပဏီကို သတင်းပို့သည်….
ကုမ္ပဏီက သတင်းပို့သည်နှင့် တဆက်တည်း ညွှန်ကြားချက်ပြန်ပါသည်…
ဦးထွန်းနိုင် ရေ…အနီးဆုံး အဆင်အပြေဆုံး ကုမ္ပဏီ နှင့် စာချုပ်ချုပ်ထားသော ဝပ်ရှော့ကို ကားပို့ပေးပါ….မောင်းမသွားပါနဲ့ ကရိန်းကားနဲ့ တင်သွားပါ…( အပြင် ဝပ်ရှော့ ခွင့်မပြုပါဘူး )
ဝပ်ရှော့က စစ်ဆေးပါမယ် ကားအင်ဂျင်ရဲ့ အဓိက အစိတ်အပိုင်းတွေ ကိုရေထိမထိ….ရေဝင် /မဝင် ဝါယာထုတ်တွေ ဆော့ကက် တွေကို ရေစိုမစို…စီစစ် ပေးပါမယ်…လိုအပ်ပါက ပြုပြင်ပါမယ်…
ကားကြမ်းခင်းတွေကို ဖြုတ်ပြီးလျော်ပေးပါမယ်….
အားလုံးစိတ်ချရပြီဆိုမှ ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးပါမယ် ခင်ဗျာ…
ကုန်ကျစရိတ် အားလုံး ကို ကုမ္ပဏီက ကျခံ ပါမယ်…
မော်တော်ယာဉ် ကို ကရိန်းနဲ့ သယ်ဆောင်ခကိုတော့…ခေတ္တစိုက်ထားပေးပါ…
ကရိန်းဘောက်ချာကို ဦးထွန်းနိုင် ရုံးမှာ claim form ဖြည့်ရင်း တင်ပေးထားပါ ခင်ဗျာ…
ပိုင်ရှင်ရဲ့ Accထဲ ပြန်ထည့်ပေးပါ မယ်…
ကားကို ဝပ်ရှော့ မှ ပြန်လည် ထုတ်ယူတဲ့အခါ…သေချာ စစ်ဆေးပြီး ယူပါ…
နာရီဝက်လောက် စက်နှိုးထားပါ…ညှော်နံ , အောက်သိုးသိုးအနံ , ရွှံနွန် အနံများ ကျနမရှိနေပါကလည်း…ပြန်လည် ဆောင်ရွက်ပေးရန် ပြောနိုင်ပါတယ်…( ဒါက ကျနော်အကြံပြုတာပါ )
အားလုံးအဆင်ပြေပြီ ဆိုမှ လက်မှတ်ထိုးကာ ထုတ်ယူခဲ့ပါ…
Agent နဲ့ ကုမ္ပဏီ ဝန်ထမ်း ဆိုတော့….ပြောနေကြစကား ကြားနေကြ စကား များမို့ အဆင်ပြေသည်…
ပိုင်ရှင် အချို့ ဆက်သည့် အခါ…
“ မင်းတို့ ငါ့ကားကို ဘာလုပ်ပေး မှာလည်း “ ဆိုတဲ့ မေးခွန်းက စတတ်သည်….( ကိုယ်ချင်းစာပါသည်…ကားကလည်း ရေမြုပ်နေသည် မဟုတ်လား )
“ မင်းတို့က လည်း ရေမြုပ်နေပါတယ် ဆိုမှ…ဟိုဟာတောင်း ဒီဟာတောင်း “ ဆိုကာ စိတ်ဆိုး တတ်သူလည်း ရှိသည်…
အခုလို အဝင် ☎️ call တွေများ တဲ့ အချိန် မေးမြန်းမှု ကို သဘောမတွေ့သည့် သူများကို ခလေးတွေ ကြောက်ကြသည်….
Agent ၏ ဖုန်းဆို ပျော်သည်ဟု မှန်းဆရသည်….( သူတို့တစ်ခါပဲ ပြောရသလို….သူတို့စကား နားထောင်သူ ဖြစ်၍လည်း ထင်ပါ၏ 😁)
ကုမ္ပဏီက ပြောသည့်အတိုင်း ကာယကံရှင်ကို ပြန်ပြောပြလိုက်သည်….
ပိုင်ရှင် ကလည်း OK
ကျနော်က တော့မနက် ဖြန် အလုပ်ရှုပ်မည်…ပထမရွေးချယ်ထားသော ကားဝပ်ရှော့ တွင် ကားများသလား နဲသလား..ကိုယ့်ကား ဘယ်လောက်ကြာမလဲ စသည်ဖြင့်…စီစဉ်ရမည်….( အဆင်မပြေက အခြားနေရာ ရှာရမည် )
ကရိန်း နှင့် ချိတ်ဆက်ရမည်….( ကရိန်းကားကို တစ်ခါခေါ်ရတိုင်း…ကရိန်းကား ထောင်ချင် စိတ်က တစ်ဖွားဖွား ပေါ် တတ်၏….)
ကို ကျေးဇူးတင်ပါတယ်….
တော်ပါသေးရဲ့ ရန်ကုန်မှာ နေရာကွက်ပြီး မိုးကြီးသွားပေလို့ သာ….
ရေဘေး အန္တရာယ် ကင်းဝေးကြပါစေ….🙏🏾…ခင်ဗျာ