25/03/2026
𝐈𝐅𝐑𝐒 - 𝟏𝟕 အရ 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 တစ်ခုကို ဘယ်လို စာရင်းသွင်းမလဲ?
======================
IFRS - 17 အရ Insurance Contract တစ်ခုကို ဘယ်လို စာရင်းသွင်းရမလဲ ဆိုပြီး လာမေးကြတဲ့ စာရင်းကိုင် စာရင်းစစ် ညီအကို မောင်နှမများအတွက် ဒါလေးနဲ့ ရှင်းလင်းတင်ပြပေးလိုက်ပါတယ်။
IFRS 17 အရ စာရင်းသွင်းဖို့အတွက် အဓိက နည်းလမ်း (၃) ခု ရှိပါတယ်။ အဲ့ဒါတွေကတော့
1. General Measurement Model (GMM): အခြေခံအကျဆုံးနည်းလမ်းဖြစ်ပြီး ရေရှည်အာမခံစာချုပ်တွေ (ဥပမာ- Life Insurance) အတွက် သုံးပါတယ်။
2. Premium Allocation Approach (PAA): ရေတိုအာမခံစာချုပ်တွေ (၁ နှစ်အောက်၊ ဥပမာ- ကားအာမခံ၊ ခရီးသွားအာမခံ) စတာတွေ အတွက် သုံးတဲ့ ရိုးရှင်းတဲ့နည်းလမ်းပါ။
3. Variable Fee Approach (VFA): ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်နေတဲ့ အာမခံစာချုပ်တွေ အတွက် သုံးပါတယ်။
________________________________________
အခု ပထမဆုံး အနေနဲ့ GMM နည်းလမ်းအရ စာရင်းသွင်းပုံကို ရှင်းပြပေးပါ့မယ်။
၂။ Long-term Contract များအတွက် GMM နည်းလမ်းဖြင့် စာရင်းသွင်းပုံ
Long-term Contract များအတွက် GMM နည်းလမ်းအရ စာရင်းသွင်းမယ်ဆိုရင် စာရင်းမသွင်းခင် ဒီအချက် (၄) ချက်ကို အရင်တွက်ချက်ရပါမယ် -
1) Future Cash Flows: နောင်မှာ ရရှိမယ့် Premium နဲ့ ပေးရမယ့် Claims ခန့်မှန်းချက်။
2) Discounting: အနာဂတ်ငွေကြေးတွေကို လက်ရှိကာလတန်ဖိုး (Present Value) ဖြစ်အောင် ပြောင်းလဲခြင်း။
3) Risk Adjustment (RA): မရေရာမှုတွေအတွက် ဖယ်ချန်ထားရမယ့် အရန်ငွေ။
4) Contractual Service Margin (CSM): အာမခံစာချုပ်သက်တမ်းတစ်လျှောက် ရရှိမယ့် မရသေးသော အမြတ် (Unearned Profit)။
ပိုမြင်သာအောင် လက်တွေ့ တွက်ချက်တဲ့ နမူနာလေးနဲ့ ရှင်းပြပေးပါ့မယ်။
____________________________________
၃။ တွက်ချက်မှု ဥပမာ
၃ နှစ်သက်တမ်းရှိသော Life Insurance Policy တစ်ခု
• Premium: $2,800 (၃ နှစ်စာ စုစုပေါင်း)
• Expected Claims: $2,100 (၃ နှစ်စာ စုစုပေါင်း)
• Discount Rate: 5%
• Risk Adjustment: $150
Step 1: Initial Recognition (Day 1)
ပထမဦးဆုံး Present Value (PV) ကို တွက်ရပါမယ်။ (နမူနာအနေနဲ့ PV တွက်ပြီးသားတန်ဖိုးများ-)
• PV of Inflows (Premiums): $2,800
• PV of Outflows (Claims): $2,000
• Risk Adjustment: $150
• CSM: $2,800 - $2,000 - $150 = $650 (ဒါဟာ စာချုပ်စစချင်းမှာ ရမယ့် အမြတ်ဖြစ်ပါတယ်)
Journal Entry:
Dr. Insurance Acquisition Cash $2,800
Cr. Insurance Contract Liability (FCF + RA) $2,150
Cr. Insurance Contract Liability (CSM) $650
Step 2: Year 1 End (Subsequent Measurement)
ပထမနှစ်ကုန်မှာ CSM ကို Revenue အဖြစ် နှစ်ကာလအလိုက် ပြန်တွက်ချက် ယူပါမယ်။ ($650 ÷ 3 နှစ် = $216.67)
Journal Entry:
Dr. Insurance Contract Liability (CSM) $216.67
Cr. Insurance Service Revenue $216.67
____________________________________
IFRS 17 ရဲ့ အရေးကြီးသော Concept များ (Key Learning Points)
(က) Onerous Contracts (ရှုံးမယ့်စာချုပ်များ)
အကယ်၍ CSM တွက်ချက်လိုက်လို့ Inflow ထက် Outflow က ပိုများနေရင် (အမြတ်မထွက်ရင်) CSM က Negative ဖြစ်သွားပါမယ်။ အဲဒီအခါ CSM ကို Zero လို့မှတ်ပြီး ကျန်တဲ့ အရှုံး (Loss) အားလုံးကို Profit or Loss (P&L) မှာ ချက်ချင်း အရှုံးပြရပါမယ်။ ဒါက “Prudence" Concept အတိုင်းပါပဲ။ IFRS - 15 ရဲ့ Construction Contact တွေမှာလည်း ဒီသဘောပါပဲ။
(ခ) Level of Aggregation (အုပ်စုဖွဲ့ခြင်း)
IFRS 17 မှာ စာချုပ်တစ်ခုချင်းစီအပြင် Group ဖွဲ့ပြီးလည်း စာရင်းသွင်းပါတယ်။ Group ဖွဲ့ရင်တော့၊
1. Portfolio: အလားတူ Risk ရှိသော စာချုပ်များ (ဥပမာ- Life, Fire, Motor)။
2. Groups: အမြတ်ထွက်မယ့်အုပ်စု၊ ရှုံးမယ့်အုပ်စု စသဖြင့် ခွဲခြားခြင်း။
3. Cohorts: တစ်နှစ်အတွင်း ထုတ်ပြန်တဲ့ စာချုပ်များကို တစ်အုပ်စုဖွဲ့ခြင်း (၁ နှစ်ထက် ပိုမကျော်ရပါ)။
(ဂ) Presentation: Balance Sheet မှာ အရင်လို "Premium Receivable" သို့မဟုတ် "Unearned Premium" လို့ သီးခြားမပြဘဲ "Insurance Contract Assets/Liabilities" ဆိုပြီး အသားတင် (Net amount) ပဲ ပြရပါတော့တယ်။
ဒါကတော့ IFRS - 17 GMM နည်းလမ်းအရ Long-term Insurance Contract တွေ အတွက် စာရင်းသွင်းပုံကို ရှင်းပြပေးခဲ့တာပါ။ လေ့လာနေသူတွေ အတွက် အထောက်အကူလေး တစ်ခု ဖြစ်ပါစေလို့လည်း ဆန္ဒပြုအပ်ပါတယ်။
&Associates