HSU MYAT NOE ဆုမြတ်နိုး

HSU MYAT NOE ဆုမြတ်နိုး Financial Protection Advisor – Dai-ichi Life Insurance//
Recruitment & Career Opportunities, Myanmar
📱09407510003

"မိသားစုအတွက် ရုန်းကန်နေရလို့ အာမခံမထားသေးဘူး..."Customer တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ— မကြာခဏ ကြားရတဲ့ စကားတစ်ခွန်းပါ။ဒ...
14/07/2026

"မိသားစုအတွက် ရုန်းကန်နေရလို့ အာမခံမထားသေးဘူး..."

Customer တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ— မကြာခဏ ကြားရတဲ့ စကားတစ်ခွန်းပါ။

ဒီစကားကို ကြားလိုက်တဲ့အချိန်... ကျွန်မ ခဏလောက် ငြိမ်သွားမိတယ်။

တကယ်တော့... မိသားစုအတွက် ရုန်းကန်နေရလို့ပဲ အာမခံထားသင့်တာပါ။

ဘာကြောင့်လဲဆိုတော့...
မမျှော်လင့်ထားတဲ့ ဖျားနာမှုတစ်ခု၊ မတော်တဆမှုတစ်ခုကြောင့် နှစ်ပေါင်းများစွာ ကြိုးစားစုဆောင်းထားတဲ့ ငွေတွေက ရက်ပိုင်းအတွင်း ကုန်သွားနိုင်ပါတယ်။

👨‍👩‍👧‍👦 ကျန်းမာရေးအာမခံ ကတော့ ဆေးကုသစရိတ်တွေကြောင့် မိသားစုရဲ့ ငွေကြေးအစီအစဉ် မပျက်စီးအောင် ကူညီပေးပါတယ်။

❤️ အသက်အာမခံ ကတော့ ကိုယ်မရှိတော့တဲ့အချိန်မှာတောင် ကိုယ်ချစ်တဲ့သူတွေရဲ့ ဘဝကို ဆက်လက်ရပ်တည်နိုင်အောင် ငွေကြေးအကာအကွယ်ပေးထားတာပါ။

အာမခံဆိုတာ... ပိုက်ဆံပိုနေလို့ ဝယ်တာမဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေအတွက် တာဝန်ယူချင်လို့ ကြိုတင်ပြင်ဆင်ထားတာပါ။

"အဆင်ပြေတဲ့နေ့ကျမှ ထားမယ်" လို့ စောင့်နေရင်း... အရေးပေါ်အခြေအနေက အရင်ရောက်လာတာမျိုး မဖြစ်စေချင်ပါဘူး။

ဒီနေ့ရဲ့ ကြိုတင်ပြင်ဆင်မှုက မနက်ဖြန်ရဲ့ စိတ်ချမ်းသာမှု ဖြစ်လာနိုင်ပါတယ်။ 💙

📩 သင့်အနာဂတ်နဲ့ မိသားစုအတွက် သင့်တော်တဲ့ အာမခံအစီအစဉ်များကို သိရှိလိုပါက Messenger, Viber သို့မဟုတ် Phone မှတဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

👩🏻‍💼 Hsu Myat Noe
📲 09 4075 10003
Your Financial Consultant
A08417

ဒီနေ့ ရုံးကအပြန် YBS စီးရင်းကနေ (YBS 128) ပေါ်က TV Screen မှာ ဒီစာလေးကို ရုတ်တရက် ဖတ်မိလိုက်တယ်။"လုံခြုံမှုဆိုတာကံကောင်း...
13/07/2026

ဒီနေ့ ရုံးကအပြန် YBS စီးရင်းကနေ (YBS 128) ပေါ်က TV Screen မှာ ဒီစာလေးကို ရုတ်တရက် ဖတ်မိလိုက်တယ်။

"လုံခြုံမှုဆိုတာကံကောင်းမှုကနေလာတာမဟုတ်ပါဘူး ကိုယ်တိုင်ဖန်တီးယူရတာပါ။"

စာလေးက တိုတိုလေးပဲ… ဒါပေမယ့် အတွေးအများကြီးပေးခဲ့တယ်။

ဘဝမှာ မနက်အိမ်ကထွက်သွားပြီး ညနေအိမ်ပြန်ရောက်မယ်ဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ကျန်းမာနေမယ်၊ မဖျားမနာဘူး၊ မတော်တဆမဖြစ်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါကြောင့် အသက်အာမခံ ဆိုတာ ကိုယ်မရှိတော့တဲ့အချိန်မှာ ကိုယ်ချစ်တဲ့သူတွေကို ငွေကြေးအခက်အခဲမဖြစ်စေဖို့ ကြိုတင်စီစဉ်ထားတဲ့ မေတ္တာတစ်မျိုးပါ။

ကျန်းမာရေးအာမခံ ဆိုတာလည်း ဖျားနာတဲ့အချိန်၊ ဆေးရုံတက်ရတဲ့အချိန်မှာ စုဆောင်းထားတဲ့ငွေတွေ မကုန်ဆုံးသွားအောင် ကာကွယ်ပေးတဲ့ ငွေကြေးလုံခြုံမှုပါ။

အာမခံဆိုတာ မကောင်းတာတွေ ဖြစ်လာဖို့ မျှော်လင့်ထားတဲ့အရာမဟုတ်ပါဘူး။ ကောင်းတဲ့ဘဝကို စိတ်အေးအေးနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။ 💙

သင့်ကိုယ်သင်အတွက်… သင့်မိသားစုအတွက်… ဒီနေ့ကစပြီး အနာဂတ်ကို ကြိုတင်ကာကွယ်ဖို့ စဉ်းစားကြည့်ပါ။

📩 သင့်အနာဂတ်နဲ့ မိသားစုအတွက် သင့်တော်တဲ့ အာမခံအစီအစဉ်များကို သိရှိလိုပါက Messenger, Viber သို့မဟုတ် Phone မှတဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

👩🏻‍💼 Hsu Myat Noe
📲 09 4075 10003
Your Financial Consultant
A08417 💙

"အာမခံက တကယ်လျော်ရော လျော်ရဲ့လား?""ပိုက်ဆံယူသွားပြီး Claim ပေးခါနီးမှ ကပ်ရစ်တာ မဟုတ်ဘူးလား?"ဒီမေးခွန်းကို Financial Cons...
12/07/2026

"အာမခံက တကယ်လျော်ရော လျော်ရဲ့လား?"
"ပိုက်ဆံယူသွားပြီး Claim ပေးခါနီးမှ ကပ်ရစ်တာ မဟုတ်ဘူးလား?"

ဒီမေးခွန်းကို Financial Consultant တစ်ယောက်အနေနဲ့ အများဆုံးကြားရပါတယ်။

ကျွန်မရဲ့အဖြေကတော့...
လုံးဝ မဟုတ်ပါဘူးရှင်။ 😊

အာမခံကုမ္ပဏီက Policy စာချုပ်မှာ ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ Claim တွေအတွက် သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်အတိုင်း ပေးလျော်ပါတယ်။

Claim Amount နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း ပြည့်စုံမှုအပေါ်မူတည်ပြီး 48 နာရီမှ ရက် 30 အတွင်း Claim Process ကို ဆောင်ရွက်ပေးပါတယ်။

အာမခံဆိုတာ... ပေးရမယ့်အချိန်မှာ မပေးဘဲ ရှောင်တာမဟုတ်ပါဘူး။ စာချုပ်ပါ အကျိုးခံစားခွင့်အတိုင်း တာဝန်ယူပေးတဲ့ ငွေကြေးအကာအကွယ်တစ်ခုပါ။

💙 အသက်အာမခံ က သင့်မိသားစုရဲ့ အနာဂတ်ကို ငွေကြေးအရ ကာကွယ်ပေးပါတယ်။

🏥 ကျန်းမာရေးအာမခံ က မမျှော်လင့်ထားတဲ့ ဆေးကုသစရိတ်တွေကြောင့် ငွေကြေးဖိအားမဖြစ်စေဖို့ ကူညီပေးပါတယ်။

ယုံကြည်မှုဆိုတာ စကားနဲ့တင် မတည်ဆောက်နိုင်ပါဘူး။ မှန်ကန်တဲ့ အကြံဉာဏ်၊ ပွင့်လင်းတဲ့ ရှင်းပြမှုနဲ့ ရေရှည်ဝန်ဆောင်မှုပေးခြင်းကပဲ ယုံကြည်မှုကို တည်ဆောက်ပေးတာပါ။

အဲဒါမှ မယုံသေးဘူးဆိုရင်... ပုံထဲက ရုပ်ချောချောနဲ့👇🏼 ညီမလေးဆီမှာ လာရောက်ဆွေးနွေးတိုင်မင်ကြည့်နိုင်ပါတယ်နော်။ 💙😁

သင်နဲ့သင့်မိသားစုအတွက် ငွေကြေးအကာအကွယ်၊ ကျန်းမာရေးအကာအကွယ်ပေးဖို့ အမြဲအသင့်စောင့်ကြိုနေပါတယ်။

📩 သင့်အနာဂတ်နဲ့ မိသားစုအတွက် သင့်တော်တဲ့ အာမခံအစီအစဉ်များကို သိရှိလိုပါက Messenger, Viber သို့မဟုတ် Phone မှတဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

👩🏻‍💼 Hsu Myat Noe
📲 09 4075 10003
Your Financial Consultant
A08417 💙

❗ ဆေးကုသစရိတ်အတွက် စိတ်ပူနေရတာတွေ… လျှော့ချဖို့ အချိန်တန်ပါပြီ။ ❗ဆေးရုံသွားရတဲ့အချိန်မှာ—💸 ငွေမလုံလောက်မှာ စိုးရိမ်ရတာ🏧 ...
11/07/2026

❗ ဆေးကုသစရိတ်အတွက် စိတ်ပူနေရတာတွေ… လျှော့ချဖို့ အချိန်တန်ပါပြီ။ ❗

ဆေးရုံသွားရတဲ့အချိန်မှာ—

💸 ငွေမလုံလောက်မှာ စိုးရိမ်ရတာ
🏧 ATM ငွေမထွက်တာ
📵 လိုင်းကျလို့ Online Payment မရတာ

ဒီလိုအခက်အခဲတွေကြောင့် ကုသမှုနောက်ကျမသွားအောင် Dai-ichi Life Health Care က ကျန်းမာရေးကုန်ကျစရိတ်အတွက် ငွေကြေးအကာအကွယ်တစ်ခု ဖြစ်စေနိုင်ပါတယ်။ 🛡️

💠 Cashless ဝန်ဆောင်မှုဆိုတာ ဘာလဲ?

သတ်မှတ်ထားသော Cashless ဆေးရုံများတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် ပေါ်လစီစည်းကမ်းချက်များနှင့် ကိုက်ညီပါက—

✔️ Counter တွင် Deposit တင်ရန် မလိုအပ်နိုင်ပါသည်
✔️ ကုသစရိတ်ကို ကိုယ်တိုင်ရှင်းရန် မလိုအပ်နိုင်ပါသည်
✔️ အာမခံအကျုံးဝင်သော ကုသမှုများအတွက် Cashless ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်

အကျုံးဝင်မှုနှင့် လျော်ကြေးပမာဏသည် ရွေးချယ်ထားသော Plan နှင့် ပေါ်လစီစည်းကမ်းချက်များပေါ် မူတည်ပါသည်။

🏥 အဓိက အကျိုးခံစားခွင့်များ

🔷 Outpatient Benefits (OPD)
• နေ့ခွဲစိတ်မှု
• မတော်တဆမှုကြောင့် OPD ကုသမှု
• မတော်တဆမှုကြောင့် သွားနှင့်ခံတွင်းကုသမှု
• OPD ကင်ဆာကုသမှု
• OPD / Dialysis ကုသမှု

🔷 In-Hospital Benefits (IPD)
• ဆေးရုံအခန်းစရိတ်
• ICU / High Care စရိတ်
• ဆေးရုံတက်ကုသမှုဆိုင်ရာ ကုန်ကျစရိတ်များ

🔷 Pre & Post Hospitalization
• ဆေးရုံမတက်မီ လိုအပ်သော စစ်ဆေးမှုများ
• ဆေးရုံဆင်းပြီးနောက် ဆက်လက်လိုအပ်သော ကုသမှုများ

⚓ သေဆုံးခြင်းအကျိုးခံစားခွင့်
ရွေးချယ်ထားသော Plan အလိုက် သတ်မှတ်ထားသည့် အကျိုးခံစားခွင့်ကို ရရှိနိုင်ပါသည်။

🏆 Health Reward
တစ်နှစ်တာအတွင်း OPD / IPD Claim မရှိခဲ့ပါက ပေးသွင်းထားသော Premium ၏ 5% ကို Health Reward အဖြစ် ပြန်လည်ရရှိနိုင်ပါသည်။
သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီရပါမည်။

🌍 Cashless Hospital Network
Dai-ichi Life နှင့် ချိတ်ဆက်ထားသော ပြည်ပဆေးရုံ 600 ကျော်တွင် Cashless ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။

🏥 ပြည်တွင်း Cashless ဆေးရုံများ

• Grand Hanthar Hospital — Yangon
• Pun Hlaing Hospital — Yangon / Mandalay / Taunggyi
• Asia Royal Hospital — Yangon
• Parami Hospital — Yangon
• Victoria Hospital — Yangon
• SSC Hospital — Yangon
• OSC Hospital — Yangon
• ArrYu Hospital — Yangon
• Kaung Thit Hospital — Nay Pyi Taw
• Mandalar Hospital — Mandalay
• Myat Taw Win Hospital — Taunggyi
• Aye Thu Kha Hospital — Myitkyina
• Taw Win Thukha Hospital — Hpa-An

✨ သင့်အတွက် ဘယ် Plan က ပိုကိုက်ညီမလဲ?

သင့်အသက်၊ ကျန်းမာရေးလိုအပ်ချက်၊ မိသားစုအခြေအနေနှင့် Budget ပေါ်မူတည်ပြီး သင့်တော်သော Plan ကို ရွေးချယ်နိုင်ပါတယ်။

📩 Messenger / Viber သို့မဟုတ် Phone မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

👩🏻‍💼 Hsu Myat Noe
Your Financial Planner
📲 09 4075 10003
A08417

✨ ကျန်းမာရေးစရိတ်ကို ငွေကြေးအေးချမ်းစွာ စီမံနိုင်ဖို့ — Dai-ichi Life Health Care ✨

📌 “အာမခံထားတာ အပိုပိုက်ဆံဖြုန်းတာပဲ…” လို့ မိသားစုက တားဖူးပါသလား?Customer တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ—“အာမခံထားချင်ပေမယ...
10/07/2026

📌 “အာမခံထားတာ အပိုပိုက်ဆံဖြုန်းတာပဲ…” လို့ မိသားစုက တားဖူးပါသလား?

Customer တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ—

“အာမခံထားချင်ပေမယ့် ခင်ပွန်းက အပိုကုန်ကျစရိတ်လို့ ပြောလို့ပါ…”
“ဇနီးက အလဟဿပိုက်ဆံဖြုန်းတာ မလုပ်ပါနဲ့လို့ တားလို့ပါ…”

ဆိုတဲ့ စကားတွေကို မကြာခဏ ကြားရတတ်ပါတယ်။

တကယ်တော့ အာမခံဆိုတာ ပိုက်ဆံဖြုန်းတာ မဟုတ်ပါဘူး။ ❌
မိမိနဲ့ မိသားစုအတွက် မမျှော်လင့်ထားတဲ့အခြေအနေတွေကို ကြိုတင်ရင်ဆိုင်နိုင်ဖို့ ငွေကြေးကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ 🛡️

အာမခံက—

✔️ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ငွေကြေးဖိအားကို လျော့နည်းစေနိုင်ပါတယ်။
✔️ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အချိန်မှာ ကုသစရိတ်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
✔️ မိသားစုအတွက် အရေးကြီးတဲ့အချိန်မှာ ငွေကြေးအထောက်အပံ့တစ်ခု ဖြစ်စေနိုင်ပါတယ်။
✔️ သားသမီးပညာရေး၊ အငြိမ်းစားဘဝနှင့် အနာဂတ်ရည်မှန်းချက်များအတွက် စနစ်တကျ စုဆောင်းနိုင်စေပါတယ်။

💡 အာမခံအကျိုးခံစားခွင့်ကို မသုံးရသေးတဲ့အချိန်မှာတော့ “အပိုကုန်ကျစရိတ်” လို့ ထင်နိုင်ပါတယ်။
ဒါပေမယ့် မမျှော်လင့်ထားတဲ့အခြေအနေတစ်ခု ရောက်လာတဲ့အချိန်မှာ အာမခံထားရှိခြင်းရဲ့ တန်ဖိုးကို သိလာနိုင်ပါတယ်။

✨ မနက်ဖြန်ကို စိတ်ချချင်ရင် ဒီနေ့ကစပြီး ကြိုတင်စီမံထားပါ။

မိသားစုနှင့်အတူ စဉ်းစားဆုံးဖြတ်နိုင်ရန် သင့်ဝင်ငွေ၊ လိုအပ်ချက်နှင့် အနာဂတ်ရည်မှန်းချက်များအပေါ်မူတည်ပြီး သင့်တော်သော အာမခံအစီအစဉ်များကို ရှင်းလင်းစွာ ဆွေးနွေးပေးနိုင်ပါသည်။

📩 Messenger, Viber သို့မဟုတ် Phone မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

👩🏻‍💼 Hsu Myat Noe
Financial Consultant
📲 09 4075 10003
Code: A08417

🌧️ မိုးရာသီမှာလည်း ယုံကြည်မှုအပြည့်နဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလိုက်ပါ။ 💙မိုးရာသီဆိုတာ လမ်းချော်ခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်းန...
09/07/2026

🌧️ မိုးရာသီမှာလည်း ယုံကြည်မှုအပြည့်နဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလိုက်ပါ။ 💙

မိုးရာသီဆိုတာ လမ်းချော်ခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်းနဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ပိုမိုကြုံတွေ့နိုင်တဲ့ အချိန်ပါ။

အလုပ်သွားတဲ့အချိန်၊ ခရီးသွားတဲ့အချိန်၊ မိသားစုနဲ့အတူ နေ့စဉ်ဘဝကို ဖြတ်သန်းနေတဲ့အချိန်တိုင်းမှာ မတော်တဆမှုတွေဟာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။

Dai-ichi Active Care ကတော့ မတော်တဆမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးအခက်အခဲတွေကို လျော့ပါးစေဖို့ အကာအကွယ်ပေးပြီး သင့်ရဲ့ နေ့စဉ်ဘဝကို ပိုမိုစိတ်ချလုံခြုံစွာ ရှေ့ဆက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

💙 မထင်မှတ်ထားတဲ့ အန္တရာယ်တွေကို မစောင့်ပါနဲ့။ ကြိုတင်ကာကွယ်ထားခြင်းက သင်နဲ့ သင့်မိသားစုအတွက် အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။

Dai-ichi Active Care နှင့် သင့်အတွက် သင့်တော်တဲ့ အာမခံအစီအစဉ်များအကြောင်း အသေးစိတ် သိရှိလိုပါက Messenger, Viber သို့မဟုတ် Phone မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

👩🏻‍💼 Hsu Myat Noe
📲 09 4075 10003
Your Financial Consultant
A08417

#ဒိုင်အိချိနဲ့ဘဝကိုစိတ်ကြိုက်ပုံဖော်လိုက်ပါ

💙 ကျန်းမာရေးဆိုတာ... ရွေးချယ်လို့မရတဲ့အရာ။ဒါပေမယ့် ကြိုတင်ပြင်ဆင်ဖို့တော့ ရွေးချယ်လို့ရပါတယ်။ဘယ်သူမှ နေမကောင်းဖြစ်ချင်ကြ...
03/07/2026

💙 ကျန်းမာရေးဆိုတာ... ရွေးချယ်လို့မရတဲ့အရာ။
ဒါပေမယ့် ကြိုတင်ပြင်ဆင်ဖို့တော့ ရွေးချယ်လို့ရပါတယ်။

ဘယ်သူမှ နေမကောင်းဖြစ်ချင်ကြတာ မဟုတ်ပါဘူး။

ဒါပေမယ့် မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတစ်ခု ကြုံလာတဲ့အခါ...

"ဘယ်ဆေးရုံတက်ရမလဲ..."
"ကုသစရိတ်ကို ဘယ်လိုရှာမလဲ..."
ဆိုတဲ့ စိုးရိမ်မှုတွေထက်...

"အကောင်းဆုံးကုသမှုကို အချိန်မီ ခံယူနိုင်မယ်။" ဆိုတဲ့ ယုံကြည်မှု ရှိနေတာက ပိုအရေးကြီးပါတယ်။

ကျန်းမာရေးအာမခံဆိုတာ နေမကောင်းဖြစ်ဖို့ မျှော်လင့်ထားတာ မဟုတ်ပါဘူး။

လိုအပ်တဲ့အချိန်မှာ ငွေကြေးအတွက် စိတ်ပူနေရမယ့်အစား ကျန်းမာရေးကိုသာ အာရုံစိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အကာအကွယ်တစ်ခုပါ။

ကြိုတင်ပြင်ဆင်မှုက ကုန်ကျစရိတ်ကိုသာ ကာကွယ်တာ မဟုတ်ဘဲ... အချိန်၊ စိတ်အေးချမ်းမှုနဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ အနာဂတ်ကိုပါ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ 🌿

သင့်နဲ့ သင့်မိသားစုအတွက် သင့်တော်တဲ့ ကျန်းမာရေးအကာအကွယ် အစီအစဉ်များကို သိရှိလိုပါက Messenger, Viber သို့မဟုတ် Phone မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

👩🏻‍💼 Hsu Myat Noe
Your Financial Consultant
A08417
📲 09 4075 10003

"မိသားစုကို ချစ်တယ်ဆိုတာ... ခက်ခဲတဲ့အချိန်အတွက်ပါ ကြိုတင်ပြင်ဆင်ထားပေးတာပါ။ 💙"ကျွန်မတို့ အလုပ်လုပ်ပြီး ဝင်ငွေရှာနေတာဟာ ဒ...
02/07/2026

"မိသားစုကို ချစ်တယ်ဆိုတာ... ခက်ခဲတဲ့အချိန်အတွက်ပါ ကြိုတင်ပြင်ဆင်ထားပေးတာပါ။ 💙"

ကျွန်မတို့ အလုပ်လုပ်ပြီး ဝင်ငွေရှာနေတာဟာ ဒီနေ့အတွက်တင် မဟုတ်ပါဘူး။

ကိုယ်ချစ်တဲ့ မိသားစုကို ပိုကောင်းတဲ့ဘဝတစ်ခု ပေးချင်လို့၊ သူတို့အတွက် စိတ်အေးချမ်းမှုတစ်ခု ဖန်တီးပေးချင်လို့ပါ။

ဒါပေမယ့် ဘဝမှာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေက အချိန်မရွေး ရောက်လာနိုင်ပါတယ်။

အဲဒီလိုအချိန်မှာ ငွေကြေးအတွက် စိုးရိမ်နေရတာထက် လူနာကို အာရုံစိုက်ပြီး အကောင်းဆုံးကုသမှုကို ရရှိနိုင်ဖို့က ပိုအရေးကြီးပါတယ်။

ကျန်းမာရေးအာမခံ ဆိုတာ ဆေးကုသစရိတ်ကို ကူညီပေးရုံတင် မဟုတ်ဘဲ မိသားစုရဲ့ ငွေကြေးတည်ငြိမ်မှုနဲ့ စိတ်အေးချမ်းမှုကိုလည်း ကာကွယ်ပေးတဲ့ အစီအစဉ်တစ်ခုပါ။

မဖြစ်ခင် ကြိုတင်ပြင်ဆင်ထားခြင်းက ဖြစ်ပြီးမှ နောင်တရခြင်းထက် အမြဲပိုကောင်းပါတယ်။

ကိုယ့်နဲ့ ကိုယ့်မိသားစုအတွက် သင့်တော်တဲ့ ကျန်းမာရေးအကာအကွယ်ကို သိချင်တယ်ဆိုရင် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။ 🌿

👩🏻‍💼 Hsu Myat Noe
Your Financial Consultant
A08417
📲 09 4075 10003

💙 ဝန်ထမ်းတွေ ကျန်းမာမှ လုပ်ငန်းလည်း ကြီးထွားနိုင်ပါတယ်။ယနေ့ခေတ်မှာ လစာတစ်ခုတည်းနဲ့ ဝန်ထမ်းတွေကို ရေရှည်ထိန်းသိမ်းထားဖို့...
01/07/2026

💙 ဝန်ထမ်းတွေ ကျန်းမာမှ လုပ်ငန်းလည်း ကြီးထွားနိုင်ပါတယ်။

ယနေ့ခေတ်မှာ လစာတစ်ခုတည်းနဲ့ ဝန်ထမ်းတွေကို ရေရှည်ထိန်းသိမ်းထားဖို့ မလုံလောက်တော့ပါဘူး။
ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ စိတ်အေးချမ်းမှုနဲ့ လုံခြုံမှု ကို အလေးထားတဲ့ Employee Benefits တွေက အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုကို အထောက်အကူပြုတဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာပါတယ်။

🛡️ Dai-ichi Health Pro (Dai-ichi Corporate Care) က ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေးအကာအကွယ်ကို ပေးစွမ်းပြီး ကုမ္ပဏီအနေနဲ့လည်း ဝန်ထမ်းတွေအပေါ် ဂရုစိုက်မှုကို ဖော်ပြနိုင်တဲ့ Corporate Health Insurance အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

အဓိက အကျိုးခံစားခွင့်များ
✅ ဆေးရုံတက်ရောက်ကုသမှု အကျိုးခံစားခွင့်
✅ ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီးနောက် ကုသမှု အကျိုးခံစားခွင့်
✅ ပြင်ပလူနာ (OPD) ကုသမှု အကျိုးခံစားခွင့်
✅ မြန်မာနိုင်ငံအပြင် ထိုင်း၊ မလေးရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံများတွင် ဆေးကုသမှု ခံယူနိုင်ခြင်း (ရွေးချယ်ထားသော အစီအစဉ်အလိုက်)
✅ သွားနှင့်ခံတွင်း ကုသမှု
✅ မျက်စိကုသမှု
✅ ကျန်းမာရေးစစ်ဆေးမှု
✅ ကာကွယ်ဆေးထိုးနှံခြင်း
✅ ကိုယ်ဝန်ဆောင်နှင့် ကလေးမွေးဖွားမှုဆိုင်ရာ စောင့်ရှောက်ကုသမှု (ရွေးချယ်ထားသော အစီအစဉ်အလိုက်)

🌟 ဝန်ထမ်း (၁၀) ဦးမှ စတင်၍ ကုမ္ပဏီ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အစီအစဉ်ကို ရွေးချယ်နိုင်ပါတယ်။
ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကုမ္ပဏီရဲ့ အနာဂတ်ကို ဂရုစိုက်ခြင်းပါပဲ။

အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

👩🏻‍💼 Hsu Myat Noe
Your Financial Consultant
A08417
📲 09 4075 10003








Address

Yangon

Alerts

Be the first to know and let us send you an email when HSU MYAT NOE ဆုမြတ်နိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share