06/07/2026
ဘာကြောင့် USA တိုက်စစ်ဘောလုံးကစားသမား Balogun Belgium ပွဲမှာပြန်ကစားခွင့်ရသလဲ?
•••••••••••••••••••••••••••••••••••••••••••
FIFA Disciplinary Code: Chapter 4, Article 27
စည်းကမ်းပြစ်ဒဏ် အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ခြင်း
၁။ တရားစီရင်ရေးအဖွဲ့သည် စည်းကမ်းပြစ်ဒဏ်ကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားနိုင်သည်။
၂။ ဆိုင်းငံ့ထားပါက စမ်းသပ်ကာလ (Probation) ၁ နှစ်မှ ၄ နှစ်အထိ သတ်မှတ်မည်။
၃။ စမ်းသပ်ကာလအတွင်း အလားတူ စည်းကမ်းချိုးဖောက်မှု ထပ်မံကျူးလွန်ပါက
~ ဆိုင်းငံ့ထားမှုကို ပယ်ဖျက်မည်။
~ မူလပြစ်ဒဏ်ကို အကောင်အထည်ဖော်မည်။
~ အသစ်ကျူးလွန်သော အမှုအတွက်လည်း ထပ်မံအရေးယူမည်။
၄။ ပွဲရလဒ် လိမ်လည်ညှိနှိုင်းမှု (Match Manipulation/Match-Fixing) နှင့်သက်ဆိုင်သော ပြစ်ဒဏ်များကို ဆိုင်းငံ့ထား၍ မရပါ။
•••••••••••••••••••••••••••••••••••••••••••••••
အရင်က အသုံးပြုခဲ့ဖူးပါသလား ?
ခရစ္စတီယာနို ရော်နယ်ဒို သည် အရင်က ပြိုင်ပွဲမတိုင်မီ အလားတူ စည်းမျဉ်းအရ အကျိုးခံစားခဲ့ပါသည်။
> ရော်နယ်ဒိုသည် Ireland နောက်ခံလူ Dara O’Shea ကို တံတောင်ဖြင့် ရိုက်ခဲ့သောကြောင့် ပေါ်တူဂီ၏ နောက်ဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တိုက်ရိုက်အနီကတ် ရရှိခဲ့သည်။
> ပုံမှန်အားဖြင့် FIFA စည်းကမ်းအရ အကြမ်းဖက်အပြုအမူအတွက် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲကို လွဲချော်ရမည်ဖြစ်သည်။
> သို့သော် FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီ သည် ဆိုင်းငံ့ပြစ်ဒဏ် (Suspended Suspension) ကို ခွင့်ပြုပေးခဲ့သဖြင့် ရော်နယ်ဒိုသည် ၁ ပွဲပယ်ကို ခြေစမ်းပွဲတွင် ကျခံခဲ့ပြီး ကျန် ၂ ပွဲပယ်ကို ၁ နှစ် စမ်းသပ်ကာလဖြင့် ဆိုင်းငံ့ထား ခဲ့သည်။
ဖတ်ရှုသူများအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
6 JULY 2026
Gideon Bawi