09/26/2026
Roth IRA (after-tax) retirement account ထဲကနေ distribution (ပြန်ထုတ်) တဲ့အခါ ကိုယ်ထည့်ထားတဲ့ contribution amount ရော၊ ထပ်တိုးလာတဲ့ earning amount ပါ tax-free ရနိုင်သလား? 🤔
ရနိုင်ပါတယ်။ ဒါပေမယ့် ထုတ်လိုက်တိုင်း ထပ်တိုးလာတဲ့ earning က tax-free ဖြစ်တာမဟုတ်ပါဘူး။ Qualified Withdrawal ဖြစ်ဖို့လိုပါတယ်နော်။
Roth IRA ထဲကို ကိုယ်တိုင်ထည့်ထားတဲ့ contribution က after-tax money ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် အဲဒီ contribution amount ကို ပြန်ထုတ်တဲ့အခါ income tax ထပ်မဆောင်ရပါဘူး။
ဒါပေမယ့် အဲဒီငွေကို investment လုပ်ထားလို့ ထပ်တိုးလာတဲ့ earnings/growth ကို ပြန်ထုတ်တဲ့အခါမှာတော့ IRS ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ qualified withdrawal ဖြစ်မှသာ tax-free ရနိုင်ပါတယ်။
အဲဒီလို သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ withdrawal ကို Qualified Withdrawal (Qualified Distribution) လို့ခေါ်ပါတယ်။
💰 ဒီနေရာမှာ Contribution နဲ့ Earnings ကို ခွဲပြီး နားလည်ထားရင် ပိုလွယ်ပါတယ်။
ဥပမာ Roth IRA ထဲကို ကိုယ်တိုင် $20,000 ထည့်ထားတယ် ဆိုပါစို့။ Investment လုပ်ထားရာကနေ $5,000 ထပ်တိုးလာတယ် ဆိုရင် စုစုပေါင်း $25,000 ဖြစ်ပါတယ်။
💵 အဲဒီထဲက ကိုယ်တိုင်ထည့်ထားတဲ့ $20,000 contribution က ပုံမှန်အားဖြင့် income tax မဆောင်ဘဲ ပြန်ထုတ်နိုင်ပါတယ်။
💰 ဒါပေမယ့် ထပ်တိုးလာတဲ့ $5,000 earnings ကို tax-free ထုတ်ချင်ရင် qualified distribution ဖြစ်ဖို့လိုပါတယ်။
🤩 ဒါဆိုရင် ……..Roth IRA မှာ Qualified Withdrawal ဖြစ်ဖို့ ဘာတွေလိုလဲ?
အလွယ်ပြောရရင် အဓိကအားဖြင့် 5-Year Rule နဲ့ အသက် 59 နှစ်ခွဲ ကို မှတ်ထားလို့ရပါတယ်။
😇 No (1). 5-Year Rule
Roth IRA ကို ပထမဆုံး contribution လုပ်ခဲ့တဲ့ tax year ကနေ စပြီး 5 years ပြည့်ရပါမယ်။
ဥပမာ — 2026 tax year မှာ Roth IRA ကို ပထမဆုံး contribution လုပ်တယ်ဆိုရင် 5-year period ကို 2026 tax year ကနေ စတွက်ပါတယ်။
😇 No(2) အသက် 59နှစ်ခွဲ ပြည့်ရပါမယ်
အများအားဖြင့် Roth IRA ထဲက investment earnings ကို tax-free ထုတ်ချင်ရင် အသက် 59နှစ်ခွဲပြည့်ထားပြီး 5-year rule လည်း ပြည့်ထားရပါတယ်။
ဒါပေမယ့် အသက် 59နှစ်ခွဲ မပြည့်သေးရင်တောင် IRS သတ်မှတ်ထားတဲ့ exception တချို့နဲ့ ကိုက်ညီရင် qualified distribution ဖြစ်နိုင်ပါတယ်။
ဥပမာ disability၊ account owner သေဆုံးခြင်း၊ first-time home purchase အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအများကြီး ရှိပါတယ်။ ဒါကို post သက်သက်နဲ့ရှင်းပြပေးပါ့မယ်။
📌 အတိုချုပ်ပြောရရင်
Contribution = ကိုယ်တိုင်ထည့်ထားတဲ့ငွေ
Earnings = Investment လုပ်လို့ ထပ်တိုးလာတဲ့ငွေ
Roth IRA ရဲ့ qualified withdrawal ဖြစ်ရင် contribution နဲ့ earnings နှစ်ခုလုံးကို generally federal income tax မဆောင်ဘဲ ထုတ်နိုင်ပါတယ်။
ဒါကြောင့် Roth IRA ကို “ထည့်ထားတာနဲ့ ဘယ်အချိန်ထုတ်ထုတ် tax-free” လို့ မယူဆဘဲ Contribution နဲ့ Earnings ကို ခွဲကြည့်ပြီး၊ Earnings အတွက် qualified distribution ဖြစ်/မဖြစ်ကို စစ်ဖို့ အရေးကြီးပါတယ်။
မိုနီကာပါ။ ကျေးဇူးပါရှင့်။🥰
-freedistribution
#မိုနီကာ
ပုံကတော့ဘာမှမဆိုင်ပေမဲ့ ထည့်လိုက်တယ်နော် 😜