Nyein Chan Aung - AIA Financial Services Manager

Nyein Chan Aung - AIA Financial Services Manager Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyein Chan Aung - AIA Financial Services Manager, Financial Consultant, 73 st: , Between 109 st: (Khaing Shwe War St:) x 110 st: (Manawharri st:) , Chanmyatharzi Township, Mandalay.

AIA Myanmar @ Premier League
11/08/2020

AIA Myanmar @ Premier League

01/06/2020

In The Loop: Entering A New Normal. Now What?

ပုံမှန်အတိုင်းပြန်ဖြစ်တော့မယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံအသစ်တွေနဲ့ အသားကျအောင် ပြောင်းလဲမှုတွေတော့ လုပ်ရဦးမှာပါ။

ပြောင်းလဲသွားတဲ့ “New Normal” လူ​နေမှုဘဝမှာ နေ့စဉ်လှုပ်ရှားမှုတွေအတွက် အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုတွေ ပြင်ဆင်ထားရမလဲဆိုတာတွေကို နယ်ပယ်ကဏ္ဍအသီးသီးက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသွားမယ့် "In The Loop: Now What?" ကို AIA Myanmar က​နေ တင်ဆက်ပေးသွားတော့မှာပါ။

ဒီ Panel Discussion ဟာ “AIA: In The Loop” အစီအစဉ်ရဲ့ ဒုတိယခြေလှမ်းဖြစ်ပြီး June လ (၃) ရက်နေ့၊ နံနက် (၁၁) နာရီမှာ AIA Myanmar page မှာ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

19/03/2020

နေစဉ်ကမ္ဘာ့နေရာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှုကို အနည်းဆုံးလျော့ချနိုင်ရန်နှင့် ပြည်သူလူထုကို တတ်နိုင်သမျှကာကွယ်နိုင်ရန် ကြိုးစားနေကြတာ အားလုံး အသိပါ။

ကမ္ဘာတစ်လွှားမှာ ခရီးသွားလာမှု ​လျှော့ချပြီး လူစုလူဝေးကိုလည်း တတ်နိုင်သမျှရှောင်ကြရန် တိုက်တွန်းထားလို့ AIA Myanmar အနေနဲ့လည်း ကိုယ် တတ်စွမ်းသ​လောက် ကာကွယ်သွားပါမယ်။ ဒါကြောင့် မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် လန်ဒန်ခရီးစဉ်အတွက် ကံစမ်းမဲဖောက်မည့်အစီအစဉ်လေးကိုလည်း မလွဲမရှောင်သာ နောက်ဆုတ်ရပါတော့မယ်။ သို့သော် ကတိအတိုင်း မတ်လ ၂၂ ရက်နေ့အထိ AIA ရဲ့ အာမခံပေါ်လစီထုတ်ထားသူများအားလုံးကို​တော့ ကံစမ်းမဲအစီအစဉ်အတွက် စာရင်းသွင်းထားမှာဖြစ်ပြီး ယင်းစာရင်းကို ဧပြီလထဲတွင် တစ်ဦးချင်းဆီသို့ AIA မှ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ပါတယ်။

ဒီစာရင်းဝင်အားလုံးကို ကံစမ်းမဲဖောက်မယ့်အချိန်နှင့် အစီအစဉ်ကို နောင်တွင်အကြောင်းကြားပေးသွားမည် ဖြစ်​ကြောင်း အသိ​ပေးပါတယ်​နော်။

“Corona virus အတွက် လိုက်နာပေးစေချင်တဲ့ အချက် ၇ ချက်”မနေ့ညကပဲ Corona virus ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဖြစ် WHO...
12/03/2020

“Corona virus အတွက် လိုက်နာပေးစေချင်တဲ့ အချက် ၇ ချက်”

မနေ့ညကပဲ Corona virus ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဖြစ် WHO က သတ်မှတ်လိုက်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အတိုချုပ်လေး လိုရင်းတိုရှင်း ပြောပါမယ်။

မြန်မာနိုင်ငံမှာ ခုချိန်ထိ မတွေ့သေးပါ။ ဒါက အရင်အာဏာရှင်ခေတ်ကလို ဖုံးကွယ်ထားတာမျိုး မဟုတ်ပါဘူး။ တကယ်သာ ဖြစ်လာရင် အုတ်အော်သောင်းနင်းနဲ့ ဖြစ်နေမှာပါ။ ဒီတော့ ဖြစ်နိုင်တာ ၂ ခုက မတွေ့သေးတာရယ်၊ မကူးစက်သေးတာရယ်။ ဘယ်ဟာ ပိုဖြစ်နိုင်တယ် ဆိုတာတော့ သဘောပေါက်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနာကလည်း အချိန်မရွေး လူတွေအများကြီးမှာ တွေ့လာနိုင်တယ်လို့ ပြောနေတာပါ။

ဆိုလိုတာက အသင့်ပြင်ဆင်ထားသင့်ပါတယ်။ တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် အသည်းအသန် ဖြစ်နေတာ။ ကိုယ်တွေ နိုင်ငံလိုသာဆို မလွယ်ပါဘူး။

ဒီတော့ အတိုချုပ် ACCA-HSS လို့ မှတ်ထားပါ။

Be Aware - သတိရှိပါ။ တအားလည်း မကြောက်ပါနဲ့။ (အကြောက်လွန်ပြီး Mask တွေ မလိုအပ်ဘဲ တပ်၊ ပေါက်ကရသတင်းတွေ အဟုတ်ထင်ကုန်တာမျိုး ဖြစ်တတ်လို့ပါ) တစ်ဖက်ကလည်း မပေါ့ဆပါနဲ့။ သတိထားပါ။

Clean hands - လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာစနစ်တကျ ဆေးကြောပါ။ ဆပ်ပြာနဲ့ မဆေးနိုင်တောင် အယ်ကိုဟော ပါတဲ့ လက်သန့်ဆေးရည်နဲ့ အမြဲဆေးပါ။

Cough etiquette - နှာချေ၊ ချောင်းဆိုးတဲ့အခါ သတိထားပေးပါ။ တစ်ရှူးသုံးပါ။ ပြီးရင် စနစ်တကျ စွန့်ပစ်ပြီး လက်ဆေးပါ။ တစ်ရှူးမရှိရင် လက်မောင်းကို ကွေးပြီး နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ပါ။ လက်နဲ့ အုပ်မိလိုက်တယ်ဆိုလည်း ပြီးသွားရင် လက်သေချာဆေးပါ။ လက်ကိုင်ပဝါနဲ့ အဝတ်စတွေကို မသုံးပါနဲ့။

Avoid - ရှောင်ပါ။ ဘာတွေ ရှောင်ရမလဲဆို ၅ ခု ရှောင်ပါ။
• မဆေးထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တာ ရှောင်ပါ။
• တုပ်ကွေးဖြစ်နေတယ်လို့ ယူဆရတဲ့သူနဲ့ အနီးကပ် ထိတွေ့တာကို ရှောင်ပါ။
• တိရစ္ဆာန်တွေနဲ့ အနီးကပ် ထိတွေ့တာကို ရှောင်ပါ။
• နေထိုင်မကောင်း ဖြစ်နေရင် အပြင်သွားတာ ရှောင်ပါ။
• နောက်ဆုံး ရှောင်ရမှာကတော့ လူစုလူဝေး ဖြစ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ပါ။

Healthy lifestyle - ဒီရောဂါက အဓိကအားဖြင့် အသက်ကြီးသူတွေ၊ နဂိုရောဂါအခံ ရှိသူတွေမှာ အဖြစ်များပြီး ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေပါ။ အစားများများစား၊ ကောင်းကောင်းအိပ်၊ စိတ်ဖိစီးမှုလျှော့၊ အားကစားလုပ်ပါ။ ဒါတွေက ကိုယ်ခံအားကို တက်စေပါတယ်။

Seek health care - နေထိုင်မကောင်းဖြစ်ရင် အမြန်ဆုံး ဆေးကုသမှု ခံယူပါ။ သံသယဖြစ်စရာ ရှိရင်လည်း ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားပါ။ ဒါက ကိုယ့်ကျန်းမာရေးအတွက်လည်း အရေးကြီးသလို တစ်ပါးသူကိုလည်း ဂရုစိုက်ပေးရာ ရောက်ပါတယ်။

Stay updated - ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မသိတာမို့ အမြဲမပြတ် စောင့်ကြည့်နေပါ။ သတင်းတွေ နားထောင်ပါ။ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကိုပဲ ယုံကြည်ပါ။ အစ်မ ဒေါက်တာ ခင်ခင်ကြီး၊ Ministry of Health and Sports, Myanmar (Blue mark)၊ WHO, Hello Sayarwon နဲ့ တခြားဆရာဝန်၊ ဆရာမတွေ ရေးသားတာကိုပဲ မျှဝေပါ။ စောင့်ဖတ်ပါ။

နောက်ဆုံးပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မပေါ့ပါနဲ့။ အကြံပြုချက်တွေကို တတ်နိုင်သမျှ အတိအကျ လိုက်နာပါ။ အဲဒါက ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်မိသားစုတွေကို ဂရုစိုက်ရာလည်း ရောက်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၂.၃.၂၀၂၀

 .1
10/03/2020

.1


AIA Agent Training
07/03/2020

AIA Agent Training

07/03/2020
အာမခံကိုယ်စားလှယ်လုပ်ရင်း ဘဝတိုးတက်လမ်းရှာကြမယ်✅=============================✅         ကျွန်တော့်နာမည် ငြိမ်းချမ်းအောင်ပ...
04/03/2020

အာမခံကိုယ်စားလှယ်လုပ်ရင်း ဘဝတိုးတက်လမ်းရှာကြမယ်
✅=============================✅
ကျွန်တော့်နာမည် ငြိမ်းချမ်းအောင်ပါ။ ပုဂ္ဂလိကအာမခံကုမ္ပဏီများစတင်ဖွင့်လှစ်ချိန်မှ ယခုတိုင် အာမခံကိုယ်စားလှယ် (Insurance Agent) အဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။ အာမခံလုပ်ငန်းအတွေ့အကြုံ (၅)နှစ်နီးပါးရှိပြီး မန္တလေးမှာ အောင်မြင်တဲ့ အာမခံကိုယ်စားလှယ်များထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အာမခံကိုယ်စားလှယ် (Insurance Agent) က ဘာလဲဆိုတာကို ကျွန်တော်လုပ်ဆောင်ခဲ့ရတဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောရမယ်ဆိုရင်

(၁) မိမိနဲ့ မိမိပါတ်ဝန်းကျင်ရဲ့ လူနေမှုဘ၀ကို တစ်ဖက်တစ်လမ်းကကူညီပေးနိုင်တယ်။

(၂) ကိုယ်လုပ်ရင် လုပ်သလောက် ဝင်ငွေအကန့်အသတ်မရှိ ရနိုင်တယ်။ (Unlimited Earning)

(၃) ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်အချိန်ကို ကိုယ်ပိုင်တယ်။ (ကိုယ့်ကို သူများက စီမံတာမကြိုက်ရင် ကိုယ့်ကိုကိုယ်တော့ စီမံခန့်ခွဲနိုင်ရမှာပေါ့ဗျာ)

(၄) ကမ္ဘာကျော်အာမခံကုမ္ပဏီများနဲ့လက်တွဲလုပ်ဆောင်ရင်း မိမိရဲ့ဂုဏ်ကိုလည်း မြှင့်တင်နိုင်မယ်။

(၅) ကိုယ်တစ်ခါဝန်ဆောင်မှုပေးလိုက်ရတဲ့ Customer ဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တသက်တာ Loyal Customer တွေ ဖြစ်လာတယ်။ (Customer အတွက် ကိုယ်ဟာ အရိုးသားဆုံး၊ အမှန်ကန်ဆုံးနဲ့ အယုံကြည်ရဆုံးသူဖြစ်ဖို့တော့ လိုပါတယ်)

(၆) အာမခံလုပ်ငန်းရဲ့သဘောသဘာဝအရ အာမခံကရတဲ့ဝင်ငွေဟာ Sustainable Earning (စဉ်ဆက်မပြတ်ရတဲ့ဝင်ငွေ) ဖြစ်လာပါတယ်။

(၇) Insurance Agent လုပ်ရင်းနဲ့ အခြားဝင်ငွေရတဲ့လုပ်ငန်းတွေ လုပ်နိုင်တယ်။

ဒါကြောင့် ကိုယ်ပိုင်အလုပ် ကိုယ်ပိုင်ဘ၀ရရှိဖို့ အိမ်မက်မက်နေကြတဲ့သူတွေအတွက် အခွင့်အလမ်းသစ်တစ်ခုဖြစ်လာတဲ့ အာမခံကိုယ်စားလှယ် (Insurance Agent) လုပ်ငန်းကို စိတ်ပါဝင်စားတယ်ဆိုရင် ...

ငြိမ်းချမ်းအောင်
အာမခံကိုယ်စားလှယ် (IA (O) 0396)
09-7974 100 10

ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

02/03/2020

ကျန်းမာခြင်းသည် စစ်မှန်သောစည်းစိမ်

Positive - အပြုသဘောဆောင်ခြင်း

Peace of Mind - စိတ်ငြိမ်းချမ်းမှုရှိခြင်း

Protection - လုံခြုံကာကွယ်မှုရှိခြင်း

လက်ရှိ အချိန်မှာ ဘဝကို အပြည့်အ၀ နေထိုင်တတ်ဖို့ အရေးကြီးဆုံးလို့ ​ပြောကြပေမယ့် ဘဝတ​လျှောက်လုံး ဒီလို နေထိုင်နိုင်ဖို့ ရေရှည်မှာ ကိုယ့်ကျန်းမာ​ရေးအတွက် စိတ်ငြိမ်းချမ်းရဖို့တော့ ပိုပြီး အ​ရေးကြီးလိမ့်မယ်။ ဒီအနာဂတ်မှာ ကိုယ့်ရဲ့ ကျန်းမာ​ရေး စိတ်ငြိမ်းချမ်းရခြင်းအတွက် အတတ်နိုင်ဆုံး ကာကွယ်ပြင်ဆင်ခြင်း​တွေရဖို့ သင်ဘာလုပ်သင့်လဲ။ ဒီလို ကာကွယ်နိုင်တယ်ဆိုတာ သိရင်ရော သင်ဘာလုပ်မလဲ။

AIA နဲ့ သင့်ကျန်းမာ​ရေးအတွက် အပိုစရိတ်​တွေကို အကာအကွယ်ရယူပါ။

အာမခံကိုယ်စားလှယ်များနှင့် တိုင်ပင်​​ဆွေး​နွေးရန် >> http://bit.ly/AIALondonTrip2020

AIA အာမခံပေါ်လစီတွေကို ၂၀၂၀ မတ်လ ၂၃ ရက်နေ့မတိုင်ခင် ဝယ်ယူပြီး ရင်ခုန်စရာ လန်ဒန်ခရီးစဥ်ရရှိမယ့်အခွင့်အရေးလဲရှိတယ်​နော်။

05/02/2020

Address

73 St: , Between 109 St: (Khaing Shwe War St:) X 110 St: (Manawharri St:) , Chanmyatharzi Township
Mandalay

Telephone

+959797410010

Website

Alerts

Be the first to know and let us send you an email when Nyein Chan Aung - AIA Financial Services Manager posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyein Chan Aung - AIA Financial Services Manager:

Share