AIA Mandalay InfinityWealth

AIA Mandalay InfinityWealth AIA InfinityWealth Financial Services Agency in Mandalay

14/08/2026
Your Career Beyond LimitsLearn today, Lead tomorrow ကိုယ့်ရဲ့ career မှာ အောင်မြင်တဲ့ Business Owner တစ်ယောက်အဖြစ် ရပ်တည...
10/06/2026

Your Career Beyond Limits

Learn today, Lead tomorrow

ကိုယ့်ရဲ့ career မှာ အောင်မြင်တဲ့ Business Owner တစ်ယောက်အဖြစ် ရပ်တည်ချင်ပါသလား။
ဒါဆိုရင်တော့ လာမယ့် June လ 21 ရက်နေ့မှာ ကျင်းပမယ့် Career Opportunity ပွဲကိုဖိတ်ခေါ်ချင်ပါတယ်။

ဒီပွဲမှာ Financial Advisor အလုပ်ကို business တစ်ခု စီးပွါးရေးလုပ်ငန်း တစ်ခု အနေနဲ့ ဘယ်လို ပီပီပြင်ပြင် လုပ်လို့ရလဲ၊ အခြားမှာ မရနိုင်တဲ့ အောင်မြင်မှု နာမည် တစ်ခု ဘယ်လိုတည်ဆောက် နိုင်သလဲ ဆိုတာကို အတွေ့အကြုံရှိပြီး အောင်မြင်တဲ့ Guest Speaker များမှ sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Guest Speakers' Profile

Dr. Tin Maung Latt
ပထမဆုံးနှစ်မှာ ရက်ပေါင်း ၇၀ ကျော်ကျော်လေးနဲ့ အာမခံလောကရဲ့ အမြင့်ဆုံး title TOT (Top of the Table) Title ကို စံချိန်တင် ရယူခဲ့သူ။
၂ နှစ်ဆက်တိုက် MDRT, TOT Title ကို ထိန်းသိမ်းထားနိုင်သူ။
AIA ရဲ့အမြင့်ဆုံး President's Club မှာ Number #1 Financial Advisor အနေနဲ့တောက်လျှောက် အောင်မြင်မှုတွေကို ရယူထားသူတစ်ဦးဖြစ်ပါတယ်။

Ma Thet Thet Soe
အာမခံလောကရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ် COT (Court of the Table) 2026 Qualifier တစ်ဦးဖြစ်ပါတယ်။

Event Details
နေ့ရက်: ၂၁ ရက်၊ ဇွန်လ (တနင်္ဂနွေနေ့)
အချိန်: 1:30 pm to 3:30 pm
နေရာ: AIA Head Office, Junction City Tower, 22nd Floor

ဒီပွဲဟာ လူဦးရေ ကန့်သတ်ချက်ရှိပြီး အနာဂတ်အတွက် တကယ့်ကို စိတ်အားထက်သန်သူတွေကိုသာ ဖိတ်ကြားတာဖြစ်လို့ ကြိုတင်စာရင်းပေးသွင်းသူ (RSVP ပြုလုပ်သူ) များသာ တက်ရောက်ခွင့် ရရှိပါမယ်။အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ Page Messenger ကနေတစ်ဆင့် စာရင်းပေးသွင်းလိုက်ပါ!



အရင်တုန်းကတော့“အမေဆိုတာ အားလုံးနားလည်ပေးနိုင်ရမှာပေါ့”“သမီးစိတ်မကောင်းဖြစ်နေတာ အမေသိရမှာပေါ့”“အမေက ဝိုင်းကူပေးရမှာပေါ့”“...
17/05/2026

အရင်တုန်းကတော့
“အမေဆိုတာ အားလုံးနားလည်ပေးနိုင်ရမှာပေါ့”
“သမီးစိတ်မကောင်းဖြစ်နေတာ အမေသိရမှာပေါ့”
“အမေက ဝိုင်းကူပေးရမှာပေါ့”
“အမေဆိုတာ နေတတ်ရမှာပေါ့” ဆိုပြီး တွေးခဲ့ဖူးတယ်။

ကိုယ်စိတ်ပင်ပန်းတဲ့အချိန်တိုင်း
အမေ့ကိုပဲ မျှော်လင့်ခဲ့တယ်။
အမေ မမှားနိုင်ဘူး၊ အမေက အမြဲခိုင်မာနေရမယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့် တစ်နေ့ကျတော့
“အမေလည်း တစ်ချိန်က တစ်ယောက်ရဲ့ သမီးလေးပဲ” ဆိုတာ နားလည်လာတယ်။
အမေလည်း ဒီဘဝကို ပထမဆုံး ဖြတ်သန်းနေတာပဲ။
အမေလည်း မသိတာတွေရှိတယ်၊ မှားတတ်တယ်၊ ပင်ပန်းတတ်တယ်။
အသက်ကြီးလာပေမယ့် ဘဝကို သင်ယူနေတုန်းပဲဆိုတာ သိလာတယ်။

အဲ့ဒီအချိန်မှ
အမေ့ကို “ဘာလို့ နားမလည်ပေးနိုင်တာလဲ” လို့ မမေးတော့ဘူး။
“အမေ ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲ” ဆိုတာကိုပဲ စတွေးမိလာတယ်။

အခုတော့
အမေ့ကို အပြစ်တင်တာထက်
နားလည်ပေးဖို့ ကြိုးစားတတ်လာပြီ။
အမေ့ကို မျှော်လင့်ချက်တွေနဲ့ ဖိအားပေးတာထက်
“အမေလည်း လူသားတစ်ယောက်ပဲ” ဆိုတာကို လက်ခံတတ်လာပြီ။

တကယ်တော့
ကြီးပြင်းလာတာဆိုတာ
မိဘတွေကို အပြစ်တင်နေတာကနေ
သူတို့ရဲ့ မပြည့်စုံမှုကို နားလည်ပေးတတ်လာတာမျိုး ဖြစ်မယ်ထင်တယ်။

ချစ်ရတဲ့ မေမေနဲ့ သမီးများအတွက်.. ❤️
✨ Team InfinityWealth




Address

Mandalay Financial Center, 80th Street
Mandalay
05021

Website

Alerts

Be the first to know and let us send you an email when AIA Mandalay InfinityWealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share