Pak The Trader

Pak The Trader Ko Phyo Aung Kyaw ( Founder Of Pak The Trader Channel ) Contact +959 447 277 527

🔰လူကြီးမင်း Forex Market မှာ စိတ်ညစ်နေပြီလား ?🔰ကမ္ဘာ့ရွှေ စျေးကွက်အတွင်းမှာ လူကြီးမင်းက ရောင်းမှား ဝယ်မှား 𝗢𝗿𝗱𝗲𝗿  အမှာ...
12/03/2024

🔰လူကြီးမင်း Forex Market မှာ စိတ်ညစ်နေပြီလား ?

🔰ကမ္ဘာ့ရွှေ စျေးကွက်အတွင်းမှာ လူကြီးမင်းက ရောင်းမှား ဝယ်မှား 𝗢𝗿𝗱𝗲𝗿 အမှားတွေဝင်မိလို့ အရှုံးပေါ်နေပြီလား ?

🔰𝗙𝗹𝗼𝗮𝘁 တွေမိ နေပြီလား ?

🔰ဒါမျိုး ပြဿနာတွေကို လူကြီးမင်းကကြုံနေရပြီဆိုရင် ကျွန်တော်ရဲ့ Telegram Channel ကို Join ထားပြီး ကျွန်တော်နှင့်အတူ ကမ္ဘာ့ရွှေစျေးကွက်အတွင်းမှာ တိုက်ရိုက် အကျိူးအမြတ်ရှာနိူင်ပါတယ် ။

💠𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 𝙇𝙞𝙣𝙠 👉 https://t.me/PakTheTrader

👑𝙆𝙤 𝙋𝙝𝙮𝙤 𝘼𝙪𝙣𝙜 𝙆𝙮𝙖𝙬
( 𝙁𝙤𝙧𝙚𝙭 𝘼𝙙𝙫𝙞𝙨𝙤𝙧 )
+959 447 277 527


08/03/2024

ကမ္ဘာ့ရွှေလက်ရှိစျေး 2169$
အဝယ်ပိုကြိုက်ပါတယ် 💠𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 👉 https://t.me/PakTheTrader

28/11/2023

Forex Trading စီးပွားရေးလုပ်ငန်းက Gambling လုပ်ငန်းတစ်ခုလား ?

ငွေရှာနည်း (၃) မျိုး◾ငွေရှာရတာနဲ့ပတ်သက်လို့ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြဘူး။ ဝင်ငွေပမာဏ မတူနိုင်ဘူး၊ ရှာတဲ့နည်းလမ်းမ...
23/11/2023

ငွေရှာနည်း (၃) မျိုး
◾
ငွေရှာရတာနဲ့ပတ်သက်လို့ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြဘူး။ ဝင်ငွေပမာဏ မတူနိုင်ဘူး၊ ရှာတဲ့နည်းလမ်းမတူနိုင်ဘူး၊ လွယ်တာခက်တာ၊ ပင်ပန်းတာ၊ သက်သာတာ မတူနိုင်ကြဘူး။ ငွေရှာနည်းနဲ့ပတ်သက်ရင် အမျိုးမျိုးပြောကြပေမဲ့ ဘာကိုရင်းနှီးပြီးရှာသလဲအပေါ်မူတည်ပြီး အကြမ်းဖျင်းအားဖြင့် ၃ မျိုးခွဲခြားနိုင်တယ်။

ကာယအားကို ရင်းနှီးခြင်း

အခြေခံလက်လုပ်လက်စားတွေ၊ အထွေထွေလုပ်သားတွေ ငွေရှာတဲ့ပုံစံဖြစ်ပါတယ်။ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု (Skill) အားနည်းတဲ့အခါ ကာယအားကိုသုံးပြီးရှာရပါတယ်။ ကာယအားဆိုတဲ့အတွက် ဘာကျွမ်းကျင်မှုမှမရှိလည်း အလုပ်လုပ်လို့ရတယ်ပေါ့။

ကူလီထမ်းတာကနေ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံအလုပ်ရုံတွေမှာ ကျွမ်းကျင်မှုထွေထွေထူးထူးမလိုတဲ့အလုပ်တွေအထိ အခြေခံအကျဆုံး အလုပ်တွေ အကျုံးဝင်ပါတယ်။ ကိုယ်က ကာယအားစိုက်ထုတ်ရင် လုပ်အားခပြန်ရမယ်။ ကာယအားကိုရင်းနှီးပြီးရှာတာက ဝင်ငွေအနိမ့်ဆုံးအဆင့်ပဲရသလို ကိုယ်လုပ်နိုင်သရွေ့ပဲ ဝင်ငွေရနေမှာဖြစ်ပါတယ်။

ကျွမ်းကျင်မှုကို ရင်းနှီးခြင်း

ပရော်ဖက်ရှင်နယ်နယ်တွေ၊ ပညာရှင်တွေ ငွေရှာတဲ့ပုံစံဖြစ်ပါတယ်။ ကုမ္ပဏီတွေမှာလုပ်နေတဲ့ ကျွမ်းကျင်ဝန်ထမ်းကနေ ဆရာဝန်၊ အင်ဂျင်နီယာ၊ Web Developer၊ Designer၊ Public Speaker အထိ ကျွမ်းကျင်တဲ့ အသိပညာ၊ အတတ်ပညာတစ်ခုခုကိုအရင်းပြုပြီး အသက်မွေးဝမ်းကျောင်းအတွက်ရပ်တည်ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ဝင်ငွေက အထိုက်အသင့်ကောင်းတတ်ကြပေမဲ့ သူတို့လည်း အလုပ်လုပ်နေတဲ့အချိန်အတွက်ပဲ ဝင်ငွေရတတ်ကြပါတယ်။ အများအားဖြင့် အလုပ်ပြုတ်သွားရင် ဝင်ငွေလည်းရပ်သွားကြပါတယ်။ ခြွင်းချက်အနေနဲ့ ကိုယ့်ရဲ့ပညာကို အွန်လိုင်းပလက်ဖောင်းကနေ ပြန်လည်ဝေမျှတာ၊ စာအုပ်ထုတ်တာတွေလုပ်ရာကနေ Passive Income ပြန်ဝင်တာမျိုးတော့ရှိနိုင်ပါတယ်။

ငွေကြေးကို ရင်းနှီးခြင်း

စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေရှာတဲ့နည်းလမ်းဖြစ်ပါတယ်။ သူတို့မှာလည်း ပညာနဲ့ အချိန်ရင်းနှီးရတာရှိနိုင်ပေမဲ့ ငွေကြေးရင်းနှီးမြှုပ်နှံတာက အဓိကဖြစ်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုရင် စစချင်းမှာ လုပ်ငန်းရှင် (Businessman) ကိုယ်တိုင် ထဲထဲဝင်ဝင်ပါတာဖြစ်နိုင်ပါတယ်။ အဲဒီကနေ လုပ်ငန်းကိုလည်ပတ်လုပ်ကိုင်နိုင်မယ့် Team တစ်ခုတည်ဆောက်ပြီး လုပ်ငန်းရှင်က ကိုယ်တိုင်မပါတော့တာ၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းပဲပါဝင်တော့တာ ဖြစ်နိုင်ပါတယ်။

ရင်းနှီးမြုပ်နှံသူ (Investor) တွေကတော့ ပိုရှင်းတယ်။ Asset တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမယ်၊ အဲဒီကနေ Cash Flow ဒါမှမဟုတ် Capital Gain အနေနဲ့ Return တစ်ခုပြန်ရမယ်။ သူတို့အတွက် အဓိကအရင်းအနှီးက ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုပညာပဲ။ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ အဓိကအားသာချက်တစ်ခုကတော့ ကိုယ်က အလုပ်မလုပ်ဘဲနေလည်း ဝင်ငွေပုံမှန်ရှိနေနိုင်တာပဲ။

ကိုယ်တိုင်ကော ဘယ်နည်းလမ်းနဲ့ ငွေရှာရတာကြိုက်လဲ...။

To Owner

21/11/2023

🔱 Candle Stick ဆိုတာဘာလဲ ?

Ko Phyo Aung Kyaw
( Forex Advisor )
+959 447 277 527

📌 Forex Trading ဆိုတာဘာလဲ ?🎖️ကမ္ဘာမှာအကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်တဲ့ Foreign Exchange Market ( Forex Market ) ထဲမှာမတူည...
20/11/2023

📌 Forex Trading ဆိုတာဘာလဲ ?

🎖️ကမ္ဘာမှာအကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်တဲ့ Foreign Exchange Market ( Forex Market ) ထဲမှာ
မတူညီတဲ့ ငွေကြေးအတွဲ ၊ရွှေ ၊ငွေ ၊ရေနံ ၊စတော့ရှယ်ယာ တွေကိုအရောင်းအဝယ်လုပ်လို့ရတဲ့ ( Market ) ဈေးကွက်တစ်ခုလဲ ဖြစ်‌ပါတယ် ။

🎖️PriceAction ဆိုတဲ့ ဈေးနူန်းအတက်အကျကို Online Platform ပေါ်မှာ အရောင်းအဝယ်ပြုလုပ်ရတာဖြစ်ပါတယ်။

🎖️အချိန်နှင့်အမျှ အရောင်းအဝယ်ပြုလုပ်နေတဲ့အတွက် ပွင့်လင်းမြင်သာတဲ့ ဈေးနူန်းမှာ တစ်ကမ္ဘာလုံးနည်းတူ ရောင်းလို့ ဝယ်လို့ရတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။

🎖️ရောင်းသူဝယ်သူစောင့်စရာမလိုပဲ မိနစ် စက္ကန့် ပိုင်းအတွင်းမှာတင် အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။ ( ဒါဟာ အပြင်ဘယ်စီးပွားရေးမှာမှ မရနိူင်တဲ့ အားသာချက်တစ်ခုအဖြစ် ရှိနေပါတယ်။ )

🎖️High Liquidity ( ငွေဖြစ်မြန်ခြင်း )
ကမ္ဘာ့ အကြီးမားဆုံးဈေးကွက်ဖြစ်တာနဲ့အညီ တစ်နေ့ကို အရောင်းအဝယ်ပမာဏ ( Trade Of Value 7 Trillion အနီး ) ရှိတာကြောင့် ငွေဖြစ်လွယ်ကူတဲ့ ဈေးကွက်တစ်ခုလဲဖြစ်ပါတယ်။

🎖️Two-sided Market ဈေးအတက်တဲ့အခါမှာ ဝယ်ခြင်းဖြင့် အကျိုးအမြတ်ရှာနိူင်သလို ဈေးကျတဲ့အခါမှာ ရောင်းခြင်းဖြင့်လဲ အကျိုးအမြတ်ရှာ‌နိူင်မှာလဲဖြစ်ပါတယ်။

🎖️Leverage ( ဆတိုးအရောင်းအဝယ်ပြုလုပ်လို့ရခြင်း )

🎖️ကြားခံ ပစ္စည်း ၊ထုပ်ကုန် ပစ္စည်းမလိုအပ်ပဲ ငွေကိုငွေမှတဆင့် တိုက်ရိုက် အကျိုးစီးပွားရှာနိူင်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။

🎖️TradingAccount တစ်ခုရှိရုံနဲ့ မည်သူမဆို အရောင်းအဝယ်ပြုလုပ်နိူင်တဲ့ ဈေးကွက်တစ်ခု ။

**( Trading Account တစ်ခုရှိရုံနဲ့ လုပ်ငန်းတစ်ခုစတင်နိူင်တာကြောင့် မိတ်တွေတို့အနေနဲ့ ဆိုင်ခန်းနေရာ / ဝန်းထမ်းကုန်ကျစရိတ်တွေအတွက် ခေါင်းခြောက်နေဖို့မလိုအပ်ပါဘူး )**

🎖️24 Hours Market( Monday To Friday မှာ 24 နာရီနီးပါး အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်ရှာနိူင်မှာဖြစ်တယ်။ )

🎖️Phone / Laptop / Internet ရှိတဲ့ မည်သည့်နေရာ မည်သည့်အချိန်မှာမဆို အရောင်းအဝယ်ပြုလုပ်နိူင်ပါတယ်။

🎖️ ဖွံ့ဖြိုးပြီးနိူင်ငံတွေမှာတော့ ယခု Forex Trading Business ဟာ လူကြီး၊ လူငယ်အကြား တွင်ကျယ်ပြီး Business တစ်ခုဖြစ်ပါတယ်။

🎖️ယခုဆိုရင် မြန်မာနိူင်ငံမှာလဲ အရမ်းကို Develop ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးလုပ်ကိုင်နေသူတစ်ယောက်အနေနဲ့ နောက်ကျ ကျန်ခဲ့လို့မဖြစ်ပါဘူး။

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် တဲ့...Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ ၁၂ ဒေါ်လာ၊ မုန...
17/11/2023

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ် တဲ့...

Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ
၁၂ ဒေါ်လာ၊ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ၊
ရောင်းတဲ့သူကလည်း ရောင်းတယ်
လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ။
အဲ့တော့.. ဘာမှပြသနာ မရှိဘူး။

အဲ့လိုပဲ .. ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက
အ မ က ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊
တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊
ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊
လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှ မရှိခဲ့ဘူး။
ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊
စျေးလည်း သိပ်မကွာဘူး။

သို့ပေမယ့် .. ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ
လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး ဖေ့ဘုတ်မှာ တင်တော့
တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။

ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲ
ရှိတယ်။
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်
မယ်)

နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့
Roof Top Bar မှာ Mild seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်၊
Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့
လူတွေလည်း ပါတယ်။
KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး
ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်။
ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရ ပြီးရော ဆိုပြီး
ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့
အဖွဲ့တွေလည်း ပါတယ်။

ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ။

အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က
အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျ ရတယ်။
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ။
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့
တောင်ပြောတဲ့လူ ရှိသေးတယ်။

မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...

အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ၊
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။

ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...

ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...

ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့...

Creditပေးပါသည်။

"ရွှေရဲ့ အသုံးဝင်ပုံများ"🎖️လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး အနှစ်သက်ဆုံး သတ္တုတွင်းထွက်တစ်မျိုးကို ပြပါဆိုလျှင် ရွှေ (Go...
16/11/2023

"ရွှေရဲ့ အသုံးဝင်ပုံများ"

🎖️လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး အနှစ်သက်ဆုံး သတ္တုတွင်းထွက်တစ်မျိုးကို ပြပါဆိုလျှင် ရွှေ (Gold) ဟု ညွှန်းဆိုရပေမည်။ ငွေကြေးဖောင်းပွမှု မဖြစ်စေရန်အတွက် ငွေစုသည့်အခါတွင် ရွှေဖြင့် စုလေ့ရှိကြသည်။ သုံးစွဲရန် ငွေလိုသောအခါတွင်လည်း အချိန်မရွေးနီးပါး လဲလှယ်၍ရသော သတ္တုတစ်မျိုးလည်း ဖြစ်ပါတယ်။ ငွေစုသည့်အခါတွင် အဆင်ပြေရုံသာမက အခြားသောနေရာများတွင်လည်း အင်မတန်မှ အသုံးဝင်သော သတ္တုတစ်မျိုးလည်းဖြစ်ပါသည်။ ရွှေစုရင်းနဲ့လည်း ခန္ဓာကိုယ်ပေါ်တွင် အလှဆင်လို့ရနိုင်ပါသေးတယ်။

🎖️ရွှေကို တစ်မီတာရဲ့ အပုံတစ်သန်း၏ တစ်ပုံထက်ပင် ပါးလွှာအောင် ပြုလုပ်နိုင်တဲ့အတွက် လှပသော ဒီဇိုင်းပုံဆန်းများ ဖန်တီး၍ ဝတ်ဆင်နေကြပါသည်။ လက်ဝတ်ရတနာပြုလုပ်၍ ဝတ်ဆင်သည့်အခါ လူအများကြားတွင် အမြင်တင့်တယ်စေရုံမျှမက ကျန်းမာရေးနှင့် ပတ်သက်၍လည်း အများကြီး အထောက်အကူပြုပါသေးတယ်။

🎖️ကျန်းမာရေး ဆိုင်ရာ ဆေးလောကမှာလည်း ရွှေကို အသုံးပြုလျက် ရှိပြီး ထိုးဆေး ဖော်စပ်ကာ လူတို့ရဲ့ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးလေ့ရှိပါတယ်။ မြန်မာတို့ကတော့ ရွှေဟာ အဆိပ်အတောက် ကင်းစေတယ်၊ ဆေးဖက်ဝင် ပစ္စည်းလည်း ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

🎖️ရွှေကို ဝတ်ဆင်ခြင်းအားဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ကာကွယ်ပေးနိုင်ပုံများမှာ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခု နာကျင်ခြင်းတို့အား ကာကွယ်ပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုလည်း ပိုပြီးတန်ဖိုးရှိလာသလို ခံစားရစေပါသေးတယ်။

🎖️ဒါတင်မကသေးပဲ အရေပြားကျန်းမာရေးထိန်းသိမ်းဖို့လည်း အသုံးဝင်ပါတယ်နော်။ ဒီနေ့ခေတ် မှာဆိုရင်လည်း တစ်ချို့သော ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေကို အသုံးပြု လာကြပါတယ်။ ကြေးနီဓာတ်ပြားချက်များ မပျက်မစီးဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခံနိုင်စေရန်အတွက် ရွှေရည်များကို သုတ်လိမ်းနိုင်ပါသည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ရွှေရည်ကို ပစ္စည်းများ ကြာရှည်ခံနိုင်ရန်အတွက် အထောက်အကူပြုနိုင်ကြောင်း သိရှိနိုင်ပါသည်။

🎖️ဓာတု‌ဗေဒဆိုင်ရာဓာတ်ပြုမှုများတွင် ရွှေကို အကောင်းဆုံးကြားခံနယ်အဖြစ် အသုံးပြုကြပါသည်။ ဖန်ထည်နှင့် ကြွေထည်ပစ္စည်းများ ပြုလုပ်ရာတွင် ရွှေကိုထည့်သွင်းတွဲစပ်၍ အလှဆင်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လက်ပတ်နာရီ၊ ကလစ်၊ ရင်ထိုး၊ ဖောင်တိန်၊ မျက်မှန်၊ ကြယ်သီး၊ လက်ကိုင်အိတ် စသဖြင့် ရွှေကို နေရာအမျိုးမျိုးတွင် ထည့်သွင်းပြုလုပ်လာကြပါသည်။

🎖️ဒါ့ပြင် စီးပွားရေး စျေးကွက်မှာလည်း ရွှေနဲ့တွက်ချက် တန်ဖိုး သတ်မှတ်တာကို တစ်ကမ္ဘာလုံးက လက်ခံကြပါတယ်။ ဒါကြောင့် ယခုအခါ ရွှေအကြောင်းတတ်ကျွမ်းသော လူတော်တော်များများတို့သည် အသုံးဝင်လှတဲ့ရွှေကို နောင်ရေးအတွက် စုဆောင်းလာကြပါတယ်။ မိတ်ဆွေများအားလုံးလည်း ရွှေတွေအများကြီးစုဆောင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ko Phyo Aung Kyaw
(Forex Advisor)

09 447 277 527

Credit:

ရွှေ ဆိုတာက 🔱သမိုင်းကြောင်း တစ်လျှောက်မှာတည်းက ရွှေဟာ အလွန်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် အသိမှတ်ပြုခံထားရပါတယ်။ ရွ...
15/11/2023

ရွှေ ဆိုတာက

🔱သမိုင်းကြောင်း တစ်လျှောက်မှာတည်းက ရွှေဟာ အလွန်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် အသိမှတ်ပြုခံထားရပါတယ်။ ရွှေကို ပိုင်ဆိုင်ထားခြင်းဟာ ငွေကြေးဖောင်းပွမှုအတွက် အကောင်းဆုံး စည်းရိုးတစ်ခုနဲ့ တူတယ်လို့လည်း ဆိုထားကြပါတယ်။ ရွှေကို ရင်းနှီးမြှုပ်နှံခြင်းရဲ့ အဓိကအားသာချက်မှာဆိုရင်

🎖️ရွှေဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား အခိုင်အမာ ရှိထားပြီး ဖြစ်ပါတယ်။

🎖️အပေါ်မှာပြောခဲ့သလို ရွှေဝယ်ထားခြင်းဖြင့် ငွေကြေး ဖောင်းပွမှုကိုလည်း လျှော့ချနိုင်ပါတယ်။

🎖️ဘဏ္ဏာရေးဈေးကွက်အတွက်ဆိုလည်း ရွှေဟာ အကောင်းဆုံး စံနမူနာ တစ်ခုဖြစ်ပါတယ်။

🔱ရွှေကို စုဆောင်းတဲ့အခါမှာ မတူကွဲပြားတဲ့ အကြောင်းအမျိုးမျိုးနဲ့ စုဆောင်းကြပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့သော ယဉ်ကျေးမှုခေတ်တွေမှာတော့ ချမ်းသာကြွယ်ဝမှုနဲ့ စုဆောင်းမှု ပုံစံတစ်မျိုး ဖြစ်ပြီး ထိုလူတွေဟာ ငွေကြေး ဖောင်းပွမှုကိုလည်း လျှော့ချချင်သောကြောင့် ဖြစ်သည်။

🔱အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရွှေကို ရင်းနှီးမြှုပ်နှံခြင်းက ငွေကြေး ဖောင်းပွမှုကို တားမြစ်ဖို့နဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ထိန်းညှိဖို့၊ စတော့ဈေးကွက်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုကို ပိုင်ဆိုင်လိုတာကြောင့် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ အတိုးနှုန်းကျဆင်းလာခြင်း၊ ငွေကြေး ဖောင်းပွမှုတွေ မြင့်တက်လာခြင်းတို့ ဖြစ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရွှေကို ရင်းနှီးမြှုပ်နှံဖို့အတွက် ပိုပြီး မျှော်လင့်လာကြပါတယ်။

🔱အကယ်၍ အရေးတကြီး ငွေကြေးလိုအပ်မှု အကြောင်း တစ်စုံတစ်ရာ ရှိလာခဲ့တဲ့အခါမှာ ရွှေဝယ်ထားမယ်ဆိုရင် ဒီရွှေကို ပြန်လည်ရောင်းချလို့လည်း ရတာကြောင့် ရွှေဝယ်ပြီး ရင်းနှီးမြှုပ်နှံထားတာဟာ အမှားမရှိပါဘူး။ ရွှေက ပုပ်သိုးသွားနိုင်မယ့် ပစ္စည်းတစ်ခုလည်း မဟုတ်သလို ရင်းနှီးမှုကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေမှာလည်း ရင်းနှီးမြှပ်နှံ၍ အရောင်းအဝယ်ပြုလုပ်ပြီး အကျိုးအမြတ်ရှာနိုင်ပါတယ်။

Ko Phyo Aung Kyaw
(Forex Advisor)
09 447 277 527

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Pak The Trader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share