Ponname Accountancy & Finance Centre

Call Directions

Ponname Accountancy & Finance Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ponname Accountancy & Finance Centre, Accountant, 6/73 , 68 Street Between 41 Street and 42 Street, Mahar Myaing 1, Mandalay.

မညာနဲ့… ကန်တော့တဲ့မုန့်ဖိုးနဲ့ မုန့်ဖိုးပြန်ရချင်တာကို ဒီလိုချိန်ထားကြတာမလား။ 🤣
22/10/2026

မညာနဲ့… ကန်တော့တဲ့မုန့်ဖိုးနဲ့ မုန့်ဖိုးပြန်ရချင်တာကို ဒီလိုချိန်ထားကြတာမလား။ 🤣


အခြေခံ "Zero" ကနေ နိုင်ငံတကာအသိအမှတ်ပြု ACCA လမ်းကြောင်းပေါ် တိုက်ရိုက်တက်လှမ်းလိုက်ပါ 🎯စာရင်းကိုင်အကြောင်း ဘာမှမသိသေးလိ...
21/10/2026

အခြေခံ "Zero" ကနေ နိုင်ငံတကာအသိအမှတ်ပြု ACCA လမ်းကြောင်းပေါ် တိုက်ရိုက်တက်လှမ်းလိုက်ပါ 🎯

စာရင်းကိုင်အကြောင်း ဘာမှမသိသေးလို့၊ LCCI လည်း မတက်ရသေးလို့ဆိုပြီး အချိန်တွေအကြာကြီးပေးကာ လိုက်ရှာနေစရာ မလိုတော့ပါဘူး။

အထက်တန်းပညာရေး ပြီးမြောက်ထားရုံနဲ့ စာရင်းကိုင်ပညာရပ်ကို နိုင်ငံတကာ စံနှုန်းအတိုင်း စတင်သင်ယူနိုင်မယ့် အခွင့်အရေး ပုဏ္ဏမီမှာ ရှိနေပါပြီ။ ✨

✅ပုဏ္ဏမီရဲ့ ACCA Foundation (Level 2 + 3) တန်းခွဲဟာ အပြင်မှာ အချိန်ပေးတက်ကြရတဲ့ LCCI (Level 1 + 2 + 3) အဆင့်အားလုံးနဲ့ ညီမျှပြီးသား ဖြစ်ပါတယ်။

✅ဒါကြောင့် အခြေခံလုံးဝမရှိသူတွေအနေနဲ့ ဒီအတန်းတစ်ခုတည်းကို စနစ်တကျ တက်ရောက်လိုက်ရုံနဲ့ အခြေခံကနေ ကျွမ်းကျင်အဆင့်အထိ တစ်ဆက်တည်း တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

(အကယ်၍ LCCI Level 1 + 2 ပြီးထားပြီးသား ဆိုရင်တော့ ACCA Foundation Level 3 ကိုပဲ တိုက်ရိုက်ဆက်တက်ရုံနဲ့တင် လုံလောက်ပါတယ်နော်)

ညနေပိုင်း အချိန်ဖြစ်တာကြောင့် နေ့ခင်းဘက် ကျောင်းတက်နေရသူတွေ၊ ရုံးတက်နေရသူတွေအနေနဲ့ တစ်နေ့တာ အလုပ်ချိန်တွေ လုံးဝမပျက်ဘဲ ညနေခင်းမှာ အေးအေးဆေးဆေး ပညာဖြည့်နိုင်မယ့် အတန်းလေးဖြစ်ပါတယ်။

🏮 သီတင်းကျွတ် မုန့်ဖိုးလက်ဆောင် (Cash Back 30,000 Ks)
လာမယ့် နိုဝင်ဘာလ (၃) ရက်နေ့ မှာ စတင်မယ့် ဒီတန်းခွဲသစ်ကို အောက်တိုဘာလ (၁၅) ရက်မှ လကုန်အတွင်း ကြိုတင်စာရင်းပေးသွင်းမယ်ဆိုရင် သင်တန်းတစ်ဘာသာအတွက် ငွေကျပ် (၃၀,၀၀၀) တိတိကို သီတင်းကျွတ်မုန့်ဖိုး Cash Back အနေနဲ့ ချက်ချင်းပြန်လည် ခံစားခွင့်ရရှိဦးမှာ ဖြစ်ပါတယ်💸

💢 Course: ACCA Foundation
💢Start Date: 3.11.2026
💢Days: Saturday to Thursday
💢Time: 5:15 PM - 7:15 PM

အချိန်ကုန်၊ ငွေကုန်သက်သာပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် အမြန်ဆုံးရောက်ရှိဖို့ သီတင်းကျွတ် Promotion မကုန်ဆုံးခင် အခုပဲ ပုဏ္ဏမီရဲ့ သို့ ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါရှင်။

သင်တန်းကြေးနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပုဏ္ဏမီရဲ့ Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🏫 ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ Ph: 09 959940867 (Viber)

#

အချိန် (၁) လတည်းနဲ့  Part-1 ရဲ့ FA ဘာသာရပ်ကို အောင်မြင်အောင် ဖြေဆိုလိုက်နိုင်တဲ့ ကျောင်းသူလေးများ 🎉စာသင်ချိန် (၁) လတိတိ ...
20/10/2026

အချိန် (၁) လတည်းနဲ့ Part-1 ရဲ့ FA ဘာသာရပ်ကို အောင်မြင်အောင် ဖြေဆိုလိုက်နိုင်တဲ့ ကျောင်းသူလေးများ 🎉

စာသင်ချိန် (၁) လတိတိ (၁၇.၈.၂၀၂၆ မှ ၁၇.၉.၂၀၂၆ အထိ) သာ တက်ရောက်ခဲ့ပြီး...

စာသင်ချိန်ပြီးတာနဲ့ ချက်ချင်း ဝင်ဖြေဆိုခဲ့တဲ့ ACCA Computer Based Examination မှာ FFA - Financial Accounting ဘာသာရပ်ကို 82% - Pass / 65% - Pass အမှတ်ကောင်းတွေနဲ့ အောင်မြင်သွားခဲ့ပါပြီရှင်။ 👏

တစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဆရာမတွေရဲ့ စနစ်တကျ သင်ပြမှု၊ လမ်းညွှန်မှုနဲ့အတူ ကျောင်းသူလေးရဲ့ ဇွဲလုံ့လကြိုးစားအားထုတ်မှုတွေကြောင့် အခုလို တော်ရုံလူ မရနိုင်တဲ့ ထူးချွန်တဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 🎯

ပုဏ္ဏမီ မှာ သင်ကြားပြသပေးနေတဲ့ အရည်အသွေးနဲ့ ကျောင်းသား/ကျောင်းသူတွေရဲ့ လက်တွေ့အောင်မြင်မှု အထောက်အထားကတော့ ဒီရလဒ်လေးတွေက သက်သေပါပဲ။

အချိန်တိုအတွင်းမှာ ခိုင်မာတဲ့ အခြေခံနဲ့ တိကျသေချာတဲ့ အောင်ချက်တွေကို လိုချင်တယ်ဆိုရင်တော့ ပုဏ္ဏမီက အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲရှင်။ ✨

အခုလို တစ်လတည်းနဲ့ ထူးချွန်ပြောင်မြောက်စွာ အောင်မြင်ခဲ့တဲ့ Ma Hnin Htet Htet Oo နဲ့ Ma Hnin Eaindra Wai ကို ပုဏ္ဏမီ မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ 💐

အချိန်တို တစ်လခွဲခန့်အတွင်း အကျိုးရှိချင်သူများအတွက်….

🔸ACCA Part 1 - FA 🔸
Start Date - 3.November.2026
Days - Monday to Thursday
Time - 2:30 PM - 5:00 PM

🏫 ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ Ph: 09 959940867 (Viber)

Accounting မှာ Calculator သုံးရသလောက် အချစ်ရေးမှာ Calculator မသုံးတတ်ခဲ့ပါဘူး။  💔ဘယ်လောက်ပဲ ဒဿမနေရာတွေအထိ တိတိကျကျ တွက်ခ...
19/10/2026

Accounting မှာ Calculator သုံးရသလောက် အချစ်ရေးမှာ Calculator မသုံးတတ်ခဲ့ပါဘူး။ 💔

ဘယ်လောက်ပဲ ဒဿမနေရာတွေအထိ တိတိကျကျ တွက်ချက်တတ်ပါစေ၊ ဘယ်လို Debit နဲ့ Credit တွေ ချိန်ညှိတတ်ပါစေ၊ အချစ်ဆိုတဲ့ နယ်မြေကို ရောက်လာတဲ့အခါမှာတော့ နှလုံးသားက ပေးတဲ့ အရှုံးနဲ့ အမြတ်ကို ဘယ် စာရင်းဇယားနဲ့မှ မတွက်ချက်တတ်ခဲ့တာ Accountant တွေပါပဲနော်။ 🙄

Law ဘာသာရပ်ဆိုတာ စာအုပ်အထူကြီးတွေကို အလွတ်ကျက်ရမှာ... လို့ တွေးပြီး စိုးရိမ်နေတုန်းပဲလား? ⚖️စာရင်းကိုင်ကျောင်းသား အများစ...
18/10/2026

Law ဘာသာရပ်ဆိုတာ စာအုပ်အထူကြီးတွေကို အလွတ်ကျက်ရမှာ... လို့ တွေးပြီး စိုးရိမ်နေတုန်းပဲလား? ⚖️

စာရင်းကိုင်ကျောင်းသား အများစုက ဂဏန်းတွေတွက်ရတာကို သဘောကျပေမဲ့ စာသားတွေချည်းပါတဲ့ Law (ဥပဒေ) ဘာသာရပ်ကိုတော့ ကြောက်တတ်ကြပါတယ်။

တကယ်တော့ ACCA Part 2 - Corporate & Business Law (Global) ဟာ Part 2 ဘာသာရပ်တွေထဲမှာ အလွယ်ကူဆုံးနဲ့ အောင်ချက်အများဆုံး ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ 💯💯

လက်တွေ့စီးပွားရေးလောကရဲ့ အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်နားလည်သွားရင် အမှတ်အများကြီး အလွယ်တကူ ယူလို့ရတဲ့ ဘာသာရပ်တစ်ခုပါ 🎯

ဒါ့အပြင် ပြောင်းလဲလာမယ့် ACCA Syllabus စနစ်သစ်မှာဆိုရင်လည်း ဒီ Law ဘာသာရပ်ဟာ ကျောင်းသားတိုင်း မဖြစ်မနေ အောင်မြင်ထားရမယ့် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်လာတော့မှာမို့ အခုချိန်ကတည်းက ကြိုတင်အပြတ်ဖြတ်ထားတာက အပါးနပ်ဆုံး ရွေးချယ်မှုပါပဲ။ ✨

ဥပဒေဘာသာရပ်ဆိုတာ ပုံသေသတ်မှတ်ချက်တွေ ရှိပြီးသားဖြစ်တဲ့အတွက် စာမေးပွဲမှာ မေးခွန်းကို လှည့်ပတ်ပြီး မေးလို့မရဘဲ တိုက်ရိုက် (ဒဲ့) မေးလေ့ရှိပါတယ်။ ‼️

ဒါကြောင့် ပုဏ္ဏမီရဲ့ Law အတန်းမှာ...

✅ "ဒီလိုမေးရင် ဒီလိုဖြေရမယ်" ဆိုတာကို ပုံသေမှတ်ထားပြီး ဘယ်အချက်တွေက အရေးကြီးဆုံးလဲဆိုတာ Key Points တွေကို တန်းပြီးမှတ်မိနေအောင် အဓိကအချက်တွေကိုပဲ ဆွဲထုတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ရုံးသမားတွေနဲ့ ကျောင်းသားတွေ ကြားရက်မှာ လုံးဝအချိန်ပေးစရာမလိုဘဲ စနေ၊ တနင်္ဂနွေ မနက်ခင်း (9:00 AM - 12:00 PM) တစ်ပတ်မှာ နှစ်ရက်တည်းပဲ အချိန်ပေးရမယ့် Weekend Class လေးဖြစ်လို့ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်မှာပါ။

🏮 သီတင်းကျွတ် အထူးမုန့်ဖိုး (Cash Back 30,000 Ks)
အောက်တိုဘာလ (၃၁) ရက်နေ့ မှာ စတင်ဖွင့်လှစ်မယ့် ဒီတန်းခွဲသစ်ကို အောက်တိုဘာ (၁၅) ရက်မှ လကုန်အတွင်း စာရင်းပေးသွင်းအပ်နှံသူတိုင်းအတွက် သင်တန်းကြေးမှ (၃၀,၀၀၀) ကျပ် တိတိကို သီတင်းကျွတ်မုန့်ဖိုး Cash Back အဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်ရှင်။ 🎉

💢Course: ACCA Part 2 - Corporate & Business Law (Global)
💢Start Date: 31.10.2026
💢Days: Saturday & Sunday
💢Time: 9:00 AM - 12:00 PM

အလုပ်မပျက်၊ အချိန်မပျက်ဘဲ စနစ်သစ်အတွက် အရေးကြီးဆုံး ဘာသာရပ်တစ်ခုကို သီတင်းကျွတ် Promotion အမီ အပိုင်သိမ်းပိုက်နိုင်ဖို့ အခုပဲ ပုဏ္ဏမီကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။

🌟 (ပုဏ္ဏမီကနေ Law ဘာသာရပ်ကို အမှတ်ကောင်းကောင်းနဲ့ ထူးချွန်စွာ အောင်မြင်သွားကြတဲ့ ကျောင်းသား/သူတွေရဲ့ Result လေးတွေကိုလည်း Comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်) 👇

သင်တန်းကြေးနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပုဏ္ဏမီရဲ့ Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🏫 ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ Ph: 09 959940867 (Viber)

သီတင်းကျွတ်မုန့်ဖိုး ရပြီဆိုတော့ ဘာဝယ်မလဲ? 🤔မုန့်သွားစားမလား? အင်္ကျီဝယ်မလား?ဒါမှမဟုတ် ကိုယ့်ရဲ့ Future Career မှာ Level...
16/10/2026

သီတင်းကျွတ်မုန့်ဖိုး ရပြီဆိုတော့ ဘာဝယ်မလဲ? 🤔
မုန့်သွားစားမလား? အင်္ကျီဝယ်မလား?

ဒါမှမဟုတ် ကိုယ့်ရဲ့ Future Career မှာ Level Up သွားအောင်...
📚 LAW စာအုပ်အသစ်လေးတွေ ဝယ်မလား?
💼 ACCA သင်တန်းကြေးအတွက် စုထားမလား?

လူကြီးတွေပေးတဲ့ သီတင်းကျွတ်မုန့်ဖိုးကို အနာဂတ်အတွက် စမတ်ကျကျ ရင်းနှီးမြှုပ်နှံတာကမှ အကောင်းဆုံး မုန့်ဖိုးပါပဲ။

ဒါနဲ့... သူငယ်ချင်းတို့ရော ရထားတဲ့ မုန့်ဖိုးလေးတွေကို ဘယ်ပညာရေးမှာ ရင်းနှီးမြှုပ်နှံချင်လဲဆိုတာ Comment မှာ ပြောခဲ့ကြဦးနော်။

ပုဏ္ဏမီမှာ သင်တန်းအပ်ရင်း သီတင်းကျွတ်မုန့်ဖိုး Cashback ယူ… 📢📢အောက်တိုဘာ (၁၆) ရက်မှ လကုန်အထိ ဘယ်အတန်းပဲအပ်အပ် Cash Back ...
15/10/2026

ပုဏ္ဏမီမှာ သင်တန်းအပ်ရင်း သီတင်းကျွတ်မုန့်ဖိုး Cashback ယူ… 📢📢

အောက်တိုဘာ (၁၆) ရက်မှ လကုန်အထိ ဘယ်အတန်းပဲအပ်အပ် Cash Back (၃၀,၀၀၀) ကျပ် ရယူလိုက်ပါ 💸 💸 💸

သီတင်းကျွတ်မှာ ကိုယ့်ရဲ့ Career နဲ့ Professional ပညာရေးအတွက် ACCA အတန်းတွေတက်ဖို့ စဉ်းစားနေသူတွေအတွက် အတန်ဆုံး အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။ 📢

💥ပုဏ္ဏမီမှာ ဖွင့်လှစ်တော့မယ့် အောက်တိုဘာနဲ့ နိုဝင်ဘာ တန်းခွဲသစ် (၄) ခုထဲက ကိုယ်တက်ချင်တဲ့ ဘယ်အတန်းကိုမဆို…

💥အောက်တိုဘာလ (၁၆) ရက်နေ့မှ လကုန်အတွင်း စာရင်းပေးသွင်းအပ်နှံရုံနဲ့

💥သင်တန်းတစ်ဘာသာလျှင် ငွေကျပ် (၃၀,၀၀၀) တိတိကို သီတင်းကျွတ်မုန့်ဖိုး Cash Back အနေနဲ့ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်ရှင်။ 🎉

သင်တန်းတက်ဖို့ ရည်ရွယ်ထားပြီးသားသူတွေအနေနဲ့ ဒီလို သီတင်းကျွတ် Promotion ကာလအတွင်းမှာ အမြန်ဆုံး လာရောက်အပ်နှံထားမှသာ သင်တန်းကြေးလည်း သက်သာ၊ မုန့်ဖိုးလည်း ပြန်ရမယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

🗓 ဖွင့်လှစ်မယ့် တန်းခွဲသစ်များနဲ့ အချိန်ဇယား

🔸 ACCA Foundation (အခြေခံမှ စတင်လိုသူများအတွက်)
* Start Date: 3.11.2026
* Days: Saturday to Thursday
* Time: 5:15 PM - 7:15 PM

🔸 ACCA Part 1 - Financial Accounting (FA)
* Start Date: 3.11.2026
* Days: Monday to Thursday
* Time: 2:30 PM - 5:00 PM

🔸 ACCA Part 2 - Corporate & Business Law (Global)
* Start Date: 31.10.2026
* Days: Saturday & Sunday
* Time: 9:00 AM - 12:00 PM

🔸Foundation + Part 1 ( FA & MA )
• Start Date : 28.11.2026
• Days : Saturday & Sunday only
• Time : 5:30 - 7:30 pm
8:00- 9:30 pm

Promotion ကာလကို အောက်တိုဘာ (၁၆) ရက်နေ့မှ လကုန်အထိပဲ ကန့်သတ်ထားသလို လူဦးရေလည်း ကန့်သတ်ထားတာကြောင့် သီတင်းကျွတ်မုန့်ဖိုး Cash Back (၃၀,၀၀၀) ကျပ်ကို အမိအရ ရယူနိုင်ဖို့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းပြီး နေရာဦးထားလိုက်တော့နော်။ 🤗

သင်တန်းကြေးနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပုဏ္ဏမီရဲ့ Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🏫 ပုဏ္ဏမီ Accountancy & Finance Centre အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ☎️ Ph: 09 959940867 (Viber)

ACCA စတင်လေ့လာချိန်မှာ စာအုပ်အထူကြီးတွေ၊ အသုံးအနှုန်းအသစ်တွေနဲ့ သင်ခန်းစာအများကြီးကို မြင်ပြီး စိတ်ဓာတ်ကျ သက်ပြင်းချနေမိ...
11/10/2026

ACCA စတင်လေ့လာချိန်မှာ စာအုပ်အထူကြီးတွေ၊ အသုံးအနှုန်းအသစ်တွေနဲ့ သင်ခန်းစာအများကြီးကို မြင်ပြီး စိတ်ဓာတ်ကျ သက်ပြင်းချနေမိပြီလား…
ဒါဟာ ပုံမှန်ပါပဲ။

စက်ဘီးတစ်စီးကို စနင်းခါစမှာ ပထမဆုံး နင်းချက်က အားအစိုက်ရဆုံးနဲ့ အခက်ခဲဆုံးပါပဲ။ ဒါပေမဲ့ အရှိန်ရသွားပြီဆိုရင်တော့ အရမ်းမပင်ပန်းတော့ဘဲ သဘာဝအတိုင်း ချောချောမောမော ဆက်သွားလို့ရသွားတာမျိုးပါ။ 🤍

ACCA လည်း ဒီလိုပါပဲ။ အစပိုင်းမှာ Routine အသစ်တစ်ခုနဲ့ စာအသစ်တွေကို သင်ယူနေရလို့ ပင်ပန်းလိမ့်မယ်။ သီးခံပြီး ဆက်သွားရင် စာဖတ်ရတာ Habits (အလေ့အကျင့်) တစ်ခု ဖြစ်သွားတဲ့အခါ ခက်ခဲပါတယ်ဆိုတဲ့ သင်ခန်းစာတွေက လွယ်ကူလာပါလိမ့်မယ်။

အရေးကြီးဆုံးက အစနင်းချက်မှာတင် ရပ်မပစ်လိုက်ဖို့ပါပဲ၊ ဒီနေ့စနင်းလိုက်တဲ့ ပထမဆုံးနင်းချက်ဟာ မနက်ဖြန်ရဲ့ အရှိန်တစ်ခုဖြစ်လာမှာပါ။

ACCA ကျောင်းသားတိုင်း အနည်းဆုံး နေ့စဉ် (၁၀) ခေါက်လောက် မသိစိတ်ကနေ ရွတ်မိနေတဲ့ မန္တန်တစ်ခုရှိတယ်... 🤫"ဒီနေ့တော့ ခေါင်းနည်...
09/10/2026

ACCA ကျောင်းသားတိုင်း အနည်းဆုံး နေ့စဉ် (၁၀) ခေါက်လောက် မသိစိတ်ကနေ ရွတ်မိနေတဲ့ မန္တန်တစ်ခုရှိတယ်... 🤫

"ဒီနေ့တော့ ခေါင်းနည်းနည်း ကိုက်လို့... မနက်ဖြန်ကျမှ တစ်နေကုန် စာထိုင်လုပ်တော့မယ်" "မနက်ဖြန်မှ ပုံမှန်ဇယားဆွဲပြီး စာလုပ်မယ်"

ဒါပေမဲ့ အဲဒီ "မနက်ဖြန်" ဆိုတာ ဘယ်တော့မှ ရောက်မလာတာ ACCA သမိုင်းမှာ အမှန်ကန်ဆုံး သီအိုရီပဲ။ 😭

"မနက်ဖြန်မှ စာလုပ်မယ်" ဆိုပြီး Daily ဂျင်းထည့်နေတဲ့ ACCA Buddy တွေကိုလည်း Mention ခေါ်ခဲ့ဦးနော်။

"Dubai နဲ့ Singapore မှာနေရင်း ပုဏ္ဏမီရဲ့ Recording သင်ခန်းစာတွေနဲ့တင် ACCA စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်လိုက်ကြတဲ့...
07/10/2026

"Dubai နဲ့ Singapore မှာနေရင်း ပုဏ္ဏမီရဲ့ Recording သင်ခန်းစာတွေနဲ့တင် ACCA စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်လိုက်ကြတဲ့ ထူးချွန်ကျောင်းသူ‌လေးများ" ✨✨

နိုင်ငံရပ်ခြားမှာ ရောက်နေကြပေမဲ့ ပုဏ္ဏမီရဲ့ အဝေးရောက် / Recording သင်ခန်းစာတွေကိုပဲ ယုံကြည်အားထားပြီး နိုင်ငံတကာ စာမေးပွဲစင်တာတွေမှာ ဝင်ရောက်ဖြေဆိုကာ အောင်မြင်မှု ဆွတ်ခူးသွားကြတဲ့ ထူးချွန်ကျောင်းသူ (၂) ဦးရဲ့ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်လိုက်ပါတယ်ရှင် 🎉

👩‍🎓 Dubai နိုင်ငံမှ ဝင်ရောက်ဖြေဆိုခဲ့သူ - Ma May Thet Htar
မန္တလေး Campus ကို ကိုယ်တိုင်မလာနိုင်ပေမဲ့ ပုဏ္ဏမီရဲ့ Recording သင်ခန်းစာများကိုသာ သေချာကြည့်ရှုလေ့လာပြီး Dubai မြို့ရှိ Zabeel International Institute မှာ ဝင်ရောက်ဖြေဆိုခဲ့ရာ Financial Accounting (FA) ဘာသာရပ်ကို 69% - Pass ဖြင့် အောင်မြင်ပိုင်ဆိုင်ခဲ့ပါတယ်။

👩‍🎓 Singapore နိုင်ငံမှ ဝင်ရောက်ဖြေဆိုခဲ့သူ - Phyu Hnin Khaing
အလားတူ နိုင်ငံခြားမှာနေရင်း ပုဏ္ဏမီ ရဲ့ Recorded Lectures တွေကို အဓိကအားထား နားထောင်လေ့လာကာ Sunway-TES (JB) SDN BHD မှာ ဝင်ရောက်ဖြေဆိုခဲ့ပြီး Management Accounting (MA) ဘာသာရပ်ကို 57% - Pass ဖြင့် အောင်မြင်မှု ရရှိသွားခဲ့ပါတယ်။

"ဘယ်နေရာမှာပဲရောက်နေပါစေ၊ ဆရာမရဲ့ Recording ရှင်းလင်းချက်တွေကို သေချာနားထောင်ပြီး စနစ်တကျ လေ့လာရုံနဲ့ နိုင်ငံတကာ ACCA စာမေးပွဲတွေကို အောင်မြင်နိုင်တယ်ဆိုတာကို ဒီကျောင်းသူလေးတွေက သက်သေပြလိုက်ပါပြီ။"🪄

မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှ Online / Recording နဲ့ လိုက်လံနားထောင်ကာ အောင်ချက်ကောင်းတွေ ဆက်တိုက်သိမ်းပိုက်နေကြတဲ့ ပုဏ္ဏမီကျောင်းသူလေးတွေအတွက် အထူး ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါတယ်ရှင်။ 👏💐

လူကိုယ်တိုင် မတက်ရောက်နိုင်ရင်တောင် ပုဏ္ဏမီရဲ့ အရည်အသွေးမြင့် Recording သင်ခန်းစာတွေနဲ့အတူ ACCA ခရီးလမ်းကို ယုံကြည်မှုအပြည့်နဲ့ စတင်လိုက်ပါနော်။ ✨

🏫 ပုဏ္ဏမီ Accountancy & Finance Centre
အိမ်အမှတ် ဓ- ၆/၇၃၊ ၆၈လမ်း၊ ၄၁/၄၂လမ်းကြား၊ မဟာမြိုင်(၁)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ Ph: 09 959940867 (Viber)

Address

6/73 , 68 Street Between 41 Street And 42 Street, Mahar Myaing 1
Mandalay
05033

Telephone

+959975320454

Website

Alerts

Be the first to know and let us send you an email when Ponname Accountancy & Finance Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category