20/08/2026
တရုတ်ပြည်မှာ ဝန်ကြီးချုပ်ဟောင်း ကျူးရုံကျိ ဩဂုတ် ၁၂-မှာ ဆုံးသွားတယ်လို့ ဘီဘီစီမှာ ဖတ်ရတယ်။
ဘီဘီစီသတင်းအရ- သူဟာ စီးပွါးရေးသုံးသပ်ချက်တွေကို ရေးခဲ့ပေမယ့် မကြာခဏ ဆင်ဆာဖြတ်ခံရလေ့ ရှိတယ်လို့လည်း ဆိုသေး။
===
တုန်ယမ်းစီးပွါးရေးပျက်ကပ် (၁၉၉၇) ထိုင်းမှာ ဖြစ်တယ်။ ဂျော့ ဆိုးရော့စ်တို့က ထိုင်းကို တိုက်ခဲ့ကြတာ။
ဆိုးရော့စ်တို့ဟာ ထိုင်းစီးပွါးရေးစနစ်ဟာ အားနည်းချက် ကြီးလွန်းပြီး ပြုပြင်မှုလည်း မရှိဘူးလို့ ယူဆတယ်။
ဒီအားနည်းချက်ကို ကိုင်ပြီး အမြတ်ထုတ်လို့ရတယ်လည်း ထင်ကြတယ်။
ဒီတော့ စမ်းကြည့်ကြတယ်။
ထိုင်းဘဏ်တွေကနေ ဘတ်ငွေတွေ ဘီလျံ ဆယ်နဲ့ချီ, ချေးငှါးပြီး ကိုင်ထားတယ်။ ၁၉၉၇ ဇန်နဝါရီမှာ ဈေးကွက်ထဲ ထုကြီးကြီးနဲ့ စမ်းရောင်းကြည့်တယ်။
ထိုင်းငွေဈေးကွက် လှုပ်သွားပြီး ဘတ်ဈေးကျမလို ဖြစ်သွားတယ်။
ထိုင်းဗဟိုဘဏ်က ကျမလိုဖြစ်သွားတဲ့ ဘတ်ငွေကို တစ်ဒေါ်လာ ၂၅.၆ ဘတ်နှုန်းနဲ့ လိုက်ဝယ်ပြီး ထိန်းတယ်။
ဂျော့ဆိုးရော့စ်က ဘတ်ရောင်းရင် ငွေးဈေးကွက်လှုပ်မှန်း သိသွားတယ်။ အလုပ်ဖြစ်တယ်။
မေလမှာ တကယ်တိုက်တယ်။ ပိုပြီး ကြီးမားတဲ့ ဘတ်ထုပမာဏနဲ့ ဈေးကွက်ထဲ ထုတ်ရောင်းလိုက်တယ်။ ဈေးကွက်က ပိုပြီး လှုပ်သွားတယ်။
တစ်ဒေါ်လာ ၂၈ ဘတ်အထိ ထိုးကျသွားတော့ ဆိုးရော့စ်က ပြန်ဝယ်ပြီး ဘဏ်ချေးငွေ ပြန်ဆပ်လိုက်တယ်။ ပြန်ဝယ်ရတဲ့ ပမာဏ ပိုနည်းသွားတယ်။ ဘတ်ဈေးကျသွားလို့။
အစိုးရက ဘတ်ဈေးမကျအောင် ထိန်းဖို့ လိုက်ဝယ်ရတယ်။ အာမခံထားတာက ထိုင်းဘတ်ဟာ တစ်ဒေါ်လာ ၂၅.၆ ဘတ်တန်တယ်။ ၂၈-ဖြစ်နေတာကို ၂၅.၆ နဲ့ လိုက်ဝယ်တော့ အစိုးရ နည်းနည်းနာသွားတယ်။ ပိုက်ဆံက ဆိုးရော့စ်လက်ထဲကို ရောက်သွားတယ်။
ဝယ်ရင်း ရောင်းရင်းနဲ့ ထိုင်းအစိုးရရဲ့ ဒေါ်လာ နည်းလာတယ်။ ဗဟိုဘဏ်အရံဒေါ်လာက ၃၈ ဘီလျံပဲ ရှိခဲ့တာ။
ဒီတော့ မေ ၁၄-၁၅ ရက်နေ့တွေမှာ ထိုင်းအစိုးရက ဆိုးရော့စ်တို့ကို ကြပ်ဖို့ ဘဏ်ချေးငွေကို ၂-မျိုးခွဲတယ်။ နိုင်ငံခြားကကောင်တွေဆိုရင် အတိုးနှုန်း ၁၀၀၀ ကျော်ပေးရမယ်။ ပြည်တွင်းသားတွေဆိုရင် အတိုးနှုန်းက ၁၀-ပဲ ပေးရမယ်။
ဆိုးရော့စ်ဟာ ထိုင်းဘဏ်ကနေ ဘတ်ငွေထပ်ချေးတယ်။ အတိုးနှုန်း ၁၀၀၀ ရာခိုင်နှုန်းပေးရတဲ့အခါ ဘယ်လိုမှ မခံနိုင်ဘူး။ သန်း ၅၀ ရှုံးသွားတယ်။ နောက်ဆုတ်သွားတယ်။ ဗဟိုဘဏ်က နိုင်ပြီဆိုပြီး ဂုဏ်ယူသွားတယ်။ ဘန်ကောက်သတင်းစာတွေကလည်း ဆိုးရော့စ် ရှုံးသွားပြီလို့လည်း ရေးတယ်။
မှန်တယ်။ ဆိုးရော့စ် ရှုံးသွားတယ်။
ဒါပေမယ့် အတိုးနှုန်း ၁၀၀၀ ဖြစ်ကတည်းက အနောက်နိုင်ငံလူလည် ငါးမန်းကြီးတွေက သွေးညှီနံ့ ရသွားတယ်။
"ထိုင်းဟာ ပုံမှန်ဆိုရင် ဒေါ်လာနဲ့ ခုခံရမယ်၊ အတိုးနှုန်း ၁၀၀၀ နဲ့ မခုခံရဘူး၊ အတိုးနှုန်း ၁၀၀၀ နဲ့ ခုခံတာဟာ ဒေါ်လာ မရှိတော့လို့ပဲ"
ဒီတော့ အဲဒီငါးမန်းကြီးတွေ အပါအဝင် ငွေကြးလုပ်ငန်းစု (၁၀၀) လောက် ထိုင်းငွေကြေးစစ်ပွဲထဲကို ခုန်ဝင်လာတယ်။
ဒါတင်မက-
ပြည်တွင်းဘတ်ချေးနှုန်းကလည်း ပြောင်းသွားတယ်။ အစိုးရသတ်မှတ် အတိုးနှုန်းက ၁၀-ရာခိုင်နှုန်းပေမယ့် ဈေးကွက်မှာ ၂၅-ရာခိုင်နှုန်း တက်သွားတယ်။
စီးပွါးရေးလုပ်ငန်းတွေ ၂၅-ရာခိုင်နှုန်းနဲ့ဆို အကြွေးမဆပ်နိုင်တောပါဘူးဆိုပြီး လက်မြှောက်ကုန်တယ်။
ဇွန် ၂၇-မှာ ဘဏ္ဍာရေးကုမ္ပဏီ ၁၆-ခု ပိတ်လိုက်ရတယ်။
ထိုင်းဗဟိုဘဏ်က မခံနိုင်တော့ဘူး။ ဇွန် ၂-ရက်မှာ ဒူးထောက်လိုက်ရတယ်။
"တစ်ဒေါ်လာ ၂၅.၅ ဘတ်နှုန်းကို ဗဟိုဘဏ်က အာမခံမပေးတော့ပါ"
ငွေလဲနှုန်းက ဈေးကွက်ပေါက်ဈေး ဖြစ်သွားတယ်။ ၁၉၉၈ ဇန်နဝါရီမှာ ၁ ဒေါ်လာကို ၅၆ ဘတ်အထိ ဖြစ်သွားတယ်။
၃-လဆပ် ဒေါ်လာချေးထားတဲ့ သူတွေဟာ ၂၅.၆ ဘတ်နဲ့ မူလက ချေးခဲ့တယ်။ အခု ၅၆ ဘတ်ဖြစ်သွားတဲ့အခါ ဆတက်နုန်းနဲ့ ပြန်ဆက်ရတယ်။
အိမ်ရောင်းပြီး ပြန်ဆပ်ချင်ပေမယ့် အိမ်ဈေးတွေပါ ကျသွားတယ်။
ဆောက်လက်စအိမ်တွေလည်း ထိုးရပ်ကုန်တယ်။
နိုင်ငံခြား ရင်းနှိးမြှုပ်နှံသွတွေကလည်း ကြောက်လန့်တကြား သူတို့ငွေ ဒေါ်လာတွေကို ပြန်တောင်းကြတယ်။
ထိုင်းဟာ အရူးမီးဝိုင်းဖြစ်ပြီး ပူရမလား? ရူးရမလား? ဖြစ်သွားခဲ့တယ်။
နိုင်ငံခြားငွေတွေကို ဆပ်ဖို့ IMF မှာ ငွေချေးတယ်။
ဒီအဖွဲ့ကလည်း ငွေချေးရုံတင်မက ဆေးပါ ပေးတယ်။ မဖြစ်မနေ ဆေးသောက်ရမယ်။
၁- အတိုးနှုန်း မြှင့်ရမယ် (ပြည်တွင်းက လူတွေ ငွေမချေးနိုင်လို့ ပိုပြီး ပြိုကုန်တယ်)
၂- အစိုးရ ချွေတာရမယ် (ဆီဈေးကို အစိုးရက ခံမထားဘဲ လွှတ်လိုက်တော့ အင်ဒိုမှာ ဆူဟာတိုအာဏာရှင် ပြုတ်သွားတယ်)
၃- ဘဏ်ဆိုးတွေ ပိတ်ပါ (အင်ဒိုမှာပဲ ဘဏ် ၁၆-ခု ပိတ်တော့ လူတွေ လုထုတ်ပြီး ဘဏ်ကောင်းတွေပါ လစ်ကုန်တယ်)
IMF ကြောင့် တုန်ယမ်းက ပိုပြီး စပ်,ကုန်တယ်။
ဆိုးရော့စ်တို့ အုပ်စုဟာ ထိုင်း, မလေးရှား, အင်ဒို, ကိုရီးယား, ဟောင်ကောင် ဆက်တိုက် တိုက်ခဲ့ကြတယ်။
အာရှတခွင်လုံးမှာ နာကျင်ပြီး ကျန်ရစ်တယ်။ ဆိုးရော့စ်တို့ ငါးမန်းတွေက အာရှတခွင်ကနေ ဒေါ်လာ ၂-ဘီလျံလောက် ပိုက်သွားတယ်လို့ ခန့်မှန်းကြတယ်။
===
မလေးရှားကပဲ IMF ဆီက ငွေမချေးဘူး၊ အတိုးနှုန်း လျှော့ချပြီး ပြည်တွင်းလုပ်ငန်းစုတွေကို ကယ်တယ်။ ပြည်ပငွေတွေကို ၁-နှစ်အတွင်း ပြန်ထုတ်မပေးနိုင်ဘူးဆိုပြီး ရိုင်းပေးလိုက်တယ်။
"မလေး သေပြီ"လို့ အနောက်ပညာရှင်တွေက ဗျာဒိတ်ပေးကြတယ်။
ဒါပေမယ့် မလေးမှာ ပြည်တွင်းသားတွေ ငွေအတိုးနှုန်းလျော့လို့ ပြေလည်တယ်။
ပြည်ပသားတွေ ငွေထုတ်မရလို့ ဘဏ့်ရန်း မဖြစ်ခဲ့ဘူး။
နောက်တော့ မလေး မှန်တယ်၊ IMF မှားတယ်လို့ ဝန်ခံရတယ်။
===
ဟောင်ကောင်ကို ဆိုးရော့စ်တို့ တိုက်တော့ တိုက်စစ် ၂-မျိုး ဖွင့်တယ်။
ဟောင်ကောင်ဘဏ်တွေကနေ ဟောင်ကောင်ဒေါ်လာ ချေးတယ်။ ထုလိုက် ချေးတာ။
ထုလိုက် ပြန်ရောင်းတယ်။
ဆိုးရော့စ်တို့ ငွေချေးခံရတဲ့ ဘဏ်တွေမှာ ငွေပြတ်လို့ ဘဏ်ဘဏ်ချင်း ညနက်ချေးရတယ်။ ဘဏ်ဘဏ်ချင်း ညနက်ချေးငွေဟာ ၃၀၀ ရာခိုင်နှုန်းလောက် အတိုးတက်သွားတယ်လို့ ဆိုတယ်။
အဲဒီအတိုးနှုန်းဒဏ်ကို ဆိုးရော့စ်တို့လည်း ခံရတယ်။ အကြွေးများလွန်းလို့ ကစားရတာ မကိုက်ဘူး။
နောက်ထပ် တိုက်စစ်က ဩဂတ်စ် ၂၈-အတွင်း စတော့ဈေးဟာ ၆၀၀၀ အောက် ရောက်ရမယ်ဆိုပြီး အာမခံစာချုပ် ကစားကြတာ။ ဒီစာချုပ်လုပ်ငန်းက အာမခံလုပ်ငန်းတွေရဲ့ အစိတ်အပိုင်း။ လောင်းကြေးစားကြေးလိုပဲ။ အရင်းနည်းပြီး အမြတ်ကြီးလို့မို့ စိတ်ဝင်စားသူ ပေါတယ်။
ဒီတော့ ဟောင်ကောင်အစိုးရက ဩဂတ် ၁၄-မှာ ဈေးကွက်ထဲ ခုန်ဝင်လာတယ်။ စတော့ဈေးက (၆၅၀၀)
ဩဂတ် ၂၈-အတွင်း ၆၀၀၀ အောက်ကို ပြုတ်မသွားအောင် စတော့မှန်သမျှကို အကုန်လိုက်ဝယ်ကြတယ်။
အစိုးရက ဝယ်တဲ့အတွက် ၇၈၀၀ ဖြစ်သွားတယ်။
ဩဂတ် ၂၈- လောင်းကြးစာချုပ် ရက်ပြည့်ချိန်မှာ ၆၀၀၀ အောက် မရောက်တဲ့အတွက် ဆိုးရော့စ်တို့ အကြီးအကျယ် ရှုံးသွားတယ်။
၁-ဘီလျံခွဲလောက် ရှုံးသွားတယ်လို့ Wall Street Journal က ရေးတယ်။
===
ဟောင်ကောင်ဇာတ်လမ်းရဲ့ နောက်ကွယ်မှာ ကျူးရုံကျိ ပါခဲ့သတဲ့။
ဆိုးရော့စ်တို့က ငါးမန်းကြီးတွေ ပေါင်းပြီး ဘီလျံ ၁၀၀ လောက်နဲ့ ကစားနိုင်တယ်။
ဟောင်ကောင်အစိုးရက ၈၈-ဘီလျံနဲ့ ကစားမယ်။
ဒီအခြေအနေမှာ တရုတ်ရဲ့ ဒုတိယဝန်ကြီးချုပ် ကျူးရုံကျိက ၁၉၉၇-အောက်တိုဘာ ၂၃-မှာ
"ဟောင်ကောင် ကြွယ်ဝမှုကို ကာကွယ်ဖို့ ဘယ်လိုအဖိုးအခမျိုးကိုမဆို ပေးမယ်"လို့ သတင်းစာရှင်းလင်းရင်း ပြောတယ်။
ဟောင်ကောင်ကို ကာဖို့ တရုတ်က သူ့မှာရှိတဲ့ ဒေါ်လာ ဘီလျံ ၁၄၀ သုံးရမယ်ဆိုရင် သုံးမယ်တဲ့။
ဆိုးရော့စ်တို့ရဲ့ ဘီလျံ ၁၀၀-ဟာ ဘီလျံ ၈၈+၁၄၀ = ၂၂၈ ဘီလျံကို ယှဉ်ဖို့ မဖြစ်နိုင်တော့ဘူး။
နောက်ဆုတ်သွားရပါသတဲ့။
ဟောင်ကောင်ညနက် ချေးငွေ အတိုးနှုန်း (၃၀၀) ဖြစ်တာ, စတော့တွေကို လိုက်ဝယ်ပြီး ၆၀၀၀ အောက် ပြုတ်မကျအောင် ထိန်းတာ,
အဲဒီလိုအကြံတွေကို နောက်ကွယ်ကနေ ကျူးရုံကျိ ပေးခဲ့တာလို့ ဖတ်ရဖူးတယ်။
အခု ဩဂတ် ၁၂-ရက်နေ့မှာ ဆုံးသွားတဲ့ ကျူးရုံကျိပဲ ဆိုပါစို့။
====
၂၀၁၃-တုန်းက ဝေးပိုပေါ်မှာ ကျူးရုံကျိရဲ့ အသံဖိုင် ထွက်ဖူးတယ်။
"ပြုပြင်ပြောင်းလဲရေးက လေပဲ ရှိတယ်၊ အလုပ်မပါဘူး"
အသံဖိုင်က ၂-နာရီအတွင်း ပျောက်သွားခဲ့တယ်။
၂၀၁၅-မှာလည်း ကောလာဟလ ထွက်ဖူးတယ်။
"ငါကိုင်တုန်းက အိမ်ဈေး ထိန်းနိုင်ခဲ့တယ်၊ အခု ဘာဖြစ်နေတာလဲ"
အဲဒီကောဟာလဟလည်း ပျောက်သွားတယ်လို့ ဖတ်ရတယ်။
ဒါကလည်း တရုတ်ဓလေ့, တရုတ်အထာ။
===
ထိုင်းတုန်ယမ်းနဲ့ တရုတ် ကျူးရုံကျိုအကြောင်း တစေ့တစောင်းပေါ့။
Crd to Uvi Mala