Kyaw Kyaw - Life Insurance

Kyaw Kyaw - Life Insurance အာမခံအကြံပေး (Financial Advisor)

Let me help you plan your Financial Protection & Saving Solutions.
(1)

27/08/2026

ကြိုးစားပြီး အရာမရောက်တဲ့သူတွေ
အများကြီး တွေ့ဖူးပါလိမ့်မယ်။

ရွေးချယ်မှုက ကြိုးစားမှုထက်
ပိုအရေးကြီးတယ်။

ပိုကြိုးစားဖို့လိုတာ မဟုတ်ဘူး။
ရွေးချယ်မှု မှန်ကန်ဖို့ လိုတာ။

အရှေ့အရပ်ကို ရောက်ချင်ပြီး
အနောက်အရပ်ကို ပြေးနေလို့ မရဘူး။

တချို့ရွေးချယ်မှုတွေက
ပြန်ပြင်လို့ရတယ်။
တချို့ရွေးချယ်မှုတွေက
ပြန်ပြင်ရင် ရုပ်ဆိုးတတ်တယ်။
တချို့ရွေးချယ်မှုတွေက
ပြန်ပြန်လို့ မရဘူး။

ဥပမာ အလွယ်တကူပြင်လို့ရတဲ့
ရွေးချယ်မှုတွေက
ကိုယ့်ရဲ့ပုံပန်းသဏ္ဏာန်ကို
မကြိုက်ရင် ပြန်ပြင်လို့ ရတယ်။
ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ပုံကို မကြိုက်ရင်
ပြန်ပြင်လို့ရတယ်။

ပြင်ရင် ရုပ်ဆိုးတဲ့ရွေးချယ်မှုက
လူတွေနဲ့ပတ်သက်တဲ့ ရွေးချယ်မှု။
ချစ်သူချင်းလမ်းခွဲတာ၊
divorce လုပ်တာ။
ဒါတွေက ငွေကြေးအပိုင်း၊
ဥပဒေပိုင်း၊ လူမှုရေးအပိုင်းတွေ
တစ်ခုမဟုတ် တစ်ခုပါလာပြီ။

ပြန်ရွေးချယ်လို့ မရတာ။
သားသမီးမွေးပြီး ပြန်ရွေးချယ်လို့ မရဘူး။
သူ့ဘာသူ ဘာရောဂါရှိရှိ
ပြန်ရွေးချယ်လို့ မရဘူး။

ဘဝက ကိုယ့်ရွေးချယ်မှုရဲ့
ရလဒ်ပဲ။

ရွေးချယ်မှု မှန်ကန်ဖို့
ကိုယ်လုပ်တဲ့ ရွေးချယ်မှု က
နောက်ကြောင်းပြန်လို့ လွယ်လား၊
မလွယ်ဘူးလား၊
နောက်ကြောင်းပြန်လို့ မရဘူးလား
အရင်ဆုံးသိဖို့ လိုတယ် ဆိုတာ
တဖြည်းဖြည်း ပိုနားလည်လာတယ်။

နောက် ကိုယ့်ရဲ့ရွေးချယ်မှု မှားသွားလို့
ပြင်မယ်ဆိုရင်
ကိုယ်ဆုံးရှုံးမည့်အရာနဲ့
ပြန်ရမည့်အရာ ကိုက်လား ဆိုတာ
ပြန်စဥ်းစားဖို့ လိုလာပြန်တယ်။

ဘဝမှာ ရွေးချယ်မှု အရေးကြီးတယ်။
နေ့စဥ်
ဘာတွေ တွေးမယ်။
ဘာတွေ လုပ်မယ်။
ဘယ်သူတွေနဲ့ ဝန်းရံမယ်။
ဘယ်လိုသူတွေနဲ့ အလုပ် လုပ်မယ်။
ဘယ်လို နေရာမှာ နေမယ်။
ဘယ်လို လူတွေကို ရှောင်မယ်။
ဘယ်လို ဆုံးဖြတ်ချက် ချမယ်။​

ဒီရွေးချယ်မှုတွေက
ကြိုးစားမှုထက် ပိုအရေးကြီး တယ်။

Phyo Paing @ Derek

27/08/2026

ကျမ သိချင်တာလေး တခု ရှိလို့ မေးပါရစေရှင်။ ကလေး နှစ်ယောက်အတွက် တနှစ် သိန်း ၂၀ နဲ့ ပရီမီယံ သွင်းပြီး အသက်အာမခံ ထားထားပါတယ်။ ကျမ သား နဲ့ သမီးကို ၅၀% စီ ခွဲပြီး အကျိုးခံစားခွင့် ထည့်ထားပါတယ်။ အာမခံထားငွေ (အာမခံလျော်ကြေး) က သိန်း ၅၀၀ နဲ့ပါ။

ဥပမာ - (၁၀) နှစ်မြောက်‌လောက်မှာ ကျမ ဆုံးပါးခဲ့ရင်
- အာမခံထားငွေ သိန်း ၅၀၀ ရယ်
- သွင်းထားတဲ့ (အာမခံစုငွေ) သိန်း ၂၀၀ နီးပါး နဲ့
နှစ်ခုပေါင်း သိန်း ၇၀၀ ကို ကျမ သားနဲ့ သမီးက တဝက်စီ ရမယ်တဲ့ရှင်။
ဟုတ်ပါသလား။

▪️▪️
ဟုတ်ပါတယ်။
- Universal Life အသက်အာမခံ အမျိုးအစားကို
- Increasing Benefit Plan ကို သုံးပြီး
Financial Planning လုပ်ထားလို့ ဖြစ်ပါတယ်။

UL ရဲ့ Increasing Benefit Plan နဲ့ အသက်အာမခံ ထားထားရင်
အာမခံထားသူ ‌Death/TPD ဖြစ်တဲ့အခါ
▪️အာမခံထားငွေ အပြင်
▪️နှစ်အလိုက် တိုးပွား‌နေတဲ့ Cash Value (အာမခံစုငွေ)
ကို ပါ ရရှိပါမယ်။

သာမန် Endowment အသက်အာမခံ (သို့)
UL ရဲ့ Level Benefit နဲ့ ဆိုရင်
အာမခံထားငွေ ကိုပဲ ရရှိမှာ ဖြစ်ပြီး
သွင်းထားတဲ့ အာမခံစုငွေ ကို ပြန်မရပါဘူး။

***
နှစ်စဉ် ပေးသွင်းနေတဲ့ ပရီမီယံကြေး သိန်း ၂၀ သည်
ဝင်ငွေခွန်ဥပဒေအရ အခွန်သက်သာခွင့် Tax Relief ရရှိပါမည်။

နှစ်ပြည့်လို့ ပြန်ထုတ်မယ့် အာမခံစုငွေ နဲ့
မိဘတခုခု ဖြစ်လို့ ထုတ်ပေးမယ့် အာမခံလျော်ကြေးငွေ သည်
ဝင်ငွေခွန်ဥပဒေအရ အခွန်ကင်းလွတ်ခွင့် ရရှိပါမည်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

Kyaw Kyaw - Life Insurance

26/08/2026

ကလေး အတွက် မိဘက ကျန်းမာရေးအာမခံ ထား‌ပေးမယ်ဆိုရင် ...

- ကလေး သည် - အာမခံထားသူ (Insured Person)
- မိဘ သည် - အာမခံဝယ်သူ (Policy Owner)

ကိုယ့်အတွက်ကို ကျန်းမာရေးအာမခံ ထားမယ်ဆို -

- ကိုယ်ပဲ - အာမခံထားသူ (Insured Person)
- ကိုယ်ပဲ - အာမခံဝယ်သူ (Policy Owner)

#အသက်အာမခံ မှာ ကျတော့
ကလေးနောင်ရေးအတွက် မိဘ‌တွေက အသက်အာမခံထားထားချင်ရင်

Plan (1)
- မိခင် သည် - အာမခံထားသူ
- မိခင် သည်ပဲ - အာမခံဝယ်သူ (စီမံခွင့်ရှိသူ)
- ကလေး သည် - အကျိုးခံစားခွင့် ရှိသူ (Beneficiary)

Plan (2)
- ဖခင် သည် - အာမခံထားသူ
- မိခင် သည် - အာမခံဝယ်သူ (စီမံခွင့်ရှိသူ)
- ကလေး သည် - အကျိုးခံစားခွင့် ရှိသူ (Beneficiary)

Plan (3)
- ဖခင် သည် - အာမခံထားသူ
- ဖခင် သည်ပဲ - အာမခံဝယ်သူ (စီမံခွင့်ရှိသူ)
- ကလေး သည် - အကျိုးခံစားခွင့် ရှိသူ (Beneficiary)

မိဘတွေ ဖြစ်ချင်တဲ့ ပုံစံပေါ် မူတည်ပြီး Agent တွေက သေချာဆွေးနွေးအကြံ‌ပြုပေးရတာမို့ Plan တွေက အမျိုးမျိုး စီမံနိုင်ပါတယ်။

#ကျော်ကျော်
#အာမခံအကြံပေး

Kyaw Kyaw - Life Insurance

26/08/2026

အသက် ၆၅ နှစ် မပြည့်သေးဘူး ဆိုရင် ကျန်းမာရေးအာမခံ ထားလို့ ရ‌ သေး တယ်။ ဒါပေမယ့် ... ထားပြီး သက်တမ်း တနှစ်ပြည့်ပြီးတော့ နောက်တနှစ် ဆက်ထားဖို့ကျ ၆၅ နှစ်ကျော် သွားလို့ ထားလို့ မရတော့ဘူး။ ဒါက Health Insurance (Market Prodcut) တမျိုး။

တခြား Health Insurance အမျိုးအစား ကျတော့ -
- အသက် ၆၀ မပြည့်ခင်မှာပဲ အာမခံ ထားလို့ ရပါတယ်။
- ဒါပေမယ့် ၆၀ မတိုင်ခင် ထားထားခဲ့ရင် အသက် ၇၅ နှစ်ထိ သက်တမ်းတိုးသွားနိုင်ပါတယ်။

ဒါက အသက် အလိုက် အာမခံထားလို့ ရ၏ မရ၏ အပိုင်း။

နောက်တပိုင်းက ... သွင်းရတဲ့ ပရီမီယံ အပိုင်းကို ပြောပြချင်တယ်။
- အသက် (၆၀) အတွက် ကောက်တဲ့ ပရီမီယံက
၅၀၀,၀၀၀/- လောက် ကျမယ်ဆိုရင်
- အသက် (၅၀) အတွက် ကောက်တဲ့ ပရီမီယံက
၃၀၀,၀၀၀/- အောက်လောက်မှာပဲ ရှိမယ်။
- အသက် (၄၀) အတွက် ဆိုရင်
၂၀၀,၀၀၀/- လောက်ပဲ ရှိမယ်။

‌သဘောတရား တခုအနေနဲ့ ပြောပြတာ ဖြစ်တယ်။
အာမခံ လုပ်ဖို့လိုလာရင် ကိုယ်နဲ့ သင့်တော်တဲ့
ပေါ်လစီမျိုး/ အကာအကွယ်မျိုးကို ရွေးချယ်နိုင်ဖို့
အာမခံကိုယ်စားလှယ် Agent တွေနဲ့
မဖြစ်မနေ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

မကျန်းမာတော့မှ ငွေကြေးကိစ္စ ပူပင်လာရပြီး အာမခံထားဖို့ လျှောက်မယ်ဆိုရင် ... အာမခံကုမ္ပဏီဘက်က လက်ခံဖို့ ရာခိုင်နှုန်း နည်းသွားပြီ။

ကျန်းမာနေတုန်းမှာပဲ ပြင်ဆင်ထားရတဲ့ အရာ Risk ကို Transfer ကြိုလုပ်ထားရတာ ဖြစ်တယ်။

အသက် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
ပြင်ဆင်ထားသင့်တဲ့ အရာကို ကြိုတင်ပြင်ဆင်ထားပြီး
စိုးရိမ်ပူပန်တွေကို လျော့ချထားနိုင်ပါတယ်။

#ကျော်ကျော်
#အာမခံအကြံပေး

Kyaw Kyaw - Life Insurance

25/08/2026

တခုလောက် သိချင်လို့ ပါ။ ကျမ ခင်ပွန်းက ကျမတို့ အတွက် ဆိုပြီး သိန်း ၁,၀၀၀ တန် အသက်အာမခံ လုပ်ပေးမလို့ တဲ့။ အကျိုးခံစားခွင့် နေရာမှာ သား‌လေးနာမည် နဲ့ ၅၀%၊ ကျမနာမည် နဲ့ ၅၀% ကို ထည့်ထား‌ပေးမယ်တဲ့။ အသက်အာမခံထားသူကတော့ ကျမ ခင်ပွန်းနာမည် နဲ့ပါ။ အာမခံပရီမီယံကြေးက တနှစ် သိန်း 30 လောက် သွင်းရပါမယ် တဲ့။ သွင်းမယ့်ငွေက နှစ်ယောက်တူတူရှာလို့ရတဲ့ ဝင်ငွေထဲကပါ။

သူသေရင် အာမခံလျော်ကြေး သိန်း ၁,၀၀၀/- ကျမတို့ သားအမိ နှစ်ယောက်အတွက် ကျန်ခဲ့မယ် တဲ့။

ကျမ သိချင်တာကလေ ...

(၁) အာမခံ နှစ်ပြည့်ရင် အာမခံစုငွေ ကို ဘယ်သူ ရမှာပါလဲ။
သွင်းရတဲ့ ငွေက ကျ‌မတို့ နှစ်ဦး ဝင်ငွေနဲ့ သွင်းတာမလို့ပါ။

(၂) တကယ်လို့ အကြောင်းကြောင်းကြောင့်
ကျမတို့ နှစ်ယောက် လမ်းခွဲရရင် ...
အာမခံစာချုပ် က ဘယ်သူနဲ့ သက်ဆိုင် မလဲ။

ဖြေ။
(၁) အာမခံ နှစ်ပြည့်ရင် ... ခင်ပွန်း ပဲ ရမှာပါ။
(အကျိုးခံစားခွင့် ထည့်ပေးထားတဲ့ ဇနီးနဲ့ သား မရပါ။)
ခင်ပွန်းသည် အသက်အာမခံထားသူ/ဝယ်သူ ဖြစ်လို့
နှစ်စေ့အကျိုးခံစားခွင့်ကို ခင်ပွန်းပဲ ပိုင်ဆိုင်ခွင့် ရှိပါတယ်။
အာမခံကုမ္ပဏီဘက်က ခင်ပွန်းကိုပဲ ထုတ်ပေးမှာပါ။
အာမခံကိစ္စရပ်မှန်သမျှ ခင်ပွန်း (အာမခံဝယ်သူ) ကိုပဲ ဆက်သွယ်ဆောင်ရွက်မှာပါ။
ခင်ပွန်းက ခွင့်မပြုရင် (လွှဲစာ မပေးရင်) ဇနီးကို ထုတ်မပေးပါ။

ဖြေ။
(၂) တကယ်လို့ အကြောင်းကြောင်းကြောင့် လမ်းခွဲရရင် ...
အာမခံစာချုပ် က ဘယ်သူနဲ့ သက်ဆိုင် မလဲ ဆိုတာကတော့ ..
ပထမ အဖြေထဲကအတိုင်း အာမခံဝယ်သူ
(စာချုပ်ပိုင်ရှင်) ဟာ ခင်ပွန်း ဖြစ်လို့ ခင်ပွန်း နဲ့ပဲ သက်ဆိုင်ပါတယ်။
အာမခံကုမ္ပဏီက ခင်ပွန်းနဲ့ပဲ Officially ဆက်သွယ်ဆောင်ရွက်မှာပါ။

မေး။ ဒါဆို အကျိုးခံစားခွင့် ပေးထားတဲ့ ကျမ နဲ့ သားက ဘယ်လို အခြေအနေမှ ရခွင့် ရှိပါလဲ။ ***

- အာမခံ သက်တမ်း အတွင်း ခင်ပွန်း သေဆုံးမှသာ အကျိုးခံစားခွင့်ရှိသူက (အာမခံထားငွေ သိန်း ၁,၀၀၀) ရရှိမှာပါ။ သူတို့ကို ထုတ်ပေးမှာပါ။
Death Benefit ကိုသာ အကျိုးခံစားခွင့် ရရှိမှာပါ။
- အကျိုးခံစားခွင့် ရှိသူ‌တွေဟာ ... အာမခံနှစ်စေ့ငွေ (စုငွေ) တွေ၊ အမ်းငွေ တွေကို ပိုင်ဆိုင်ခွင့် မရှိပါဘူး။

မေး။ ဒါဆိုရင် နှစ်စေ့လို့ ပြန်ထုတ်မယ့်ငွေ ကို Officially ကျမ ထုတ်ခွင့်ရှိအောင် ဘယ်လို လုပ်လို့ ရပါမလဲ။

- အာမခံ ထားဖို့ ပြင်ဆင်တဲ့အချိန်မှာကတည်းက ...
အာမခံဝယ်သူ - ဇနီး
အာမခံထားသူ - ခင်ပွန်း
အကျိုးခံစားခွင့် ရှိသူ - ဇနီးနဲ့ သား
အဲ့လို အစီအစဉ်နဲ့ လျှောက်ထားပါ။

▪️ အာမခံသက်တမ်း အတွင်း ခင်ပွန်း ဆုံးပါးခဲ့ရင်
ဇနီးနဲ့ သား က သိန်း ၁,၀၀၀/- ရရှိပါမယ်။
▪️ အာမခံသက်တမ်းပြည့်လို့ နှစ်စေ့ငွေ (စုငွေ) ပြန်ထုတ်ပေးရင်
ဇနီး က ရရှိပါမယ်။ ဇနီး ကိုသာ ထုတ်ပေးပါမယ်။
▪️ အာမခံလျှောက်လွှာမှာ ဇနီးရော၊ ခင်ပွန်း ပါ လက်မှတ် ထိုးပေးဖို့ လိုပါတယ်။
▪️ နှစ်ဦးစလုံး အကျိုးခံစားခွင့် ရရှိပုံတွေကို သေချာ နားလည် ဖတ်ကြည့်ဖို့ လိုပါတယ်။
▪️ပေါ်လစီပိုင်ရှင်သည် ဇနီး ဖြစ်လို့ အာမခံကုမ္ပဏီက ဇနီးနဲ့သာ ဆက်သွယ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။ ဆေးစစ်ဖို့ လိုရင် ကျမ စစ်ရမှာလား၊ ခင်ပွန်း စစ်ရမှာလား။

- အာမခံထားသူ ဖြစ်တဲ့ ခင်ပွန်း စစ်ရမှာပါ။ (ဆေးစစ်ဖို့လိုခဲ့ရင်)
- ခင်ပွန်းရဲ့ အသက်ရှင်သန်မှုအပေါ် အာမခံ ထားတာဖြစ်လို့ပါ။

***
အသက်အာမခံ ပေါ်လစီ တစောင်မှာ

- အာမခံဝယ်သူ (Policy Owner) PO
- အာမခံထားသူ (Life Insured) LI
- အကျိုးခံစားခွင့်ရှိသူ (Beneficiary) Ben

ဒီ (၃) ခု နေရာချထားမှုဟာ တချို့ မိသားစုတွေအတွက် တော်တော် အရေးကြီးပါတယ်။

အာမခံဝယ်သူ (PO) နဲ့ အာမခံထားသူ (LI) ဟာ
- တဦးတည်း ဖြစ်နိုင်သလို ...
- နှစ်ဦးလည်း ကွဲနိုင်ပါတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

သား နှစ်ယောက်အတွက်  Medical Cover သိန်း ၅၀  အမြဲအသင့် ရှိနေဖို့  အချိန်မီ ငွေသွင်းရတယ်။   တရက်ကို ၃၀၀/- ကျပ်လောက်တော့ သု...
25/08/2026

သား နှစ်ယောက်အတွက် Medical Cover သိန်း ၅၀ အမြဲအသင့် ရှိနေဖို့ အချိန်မီ ငွေသွင်းရတယ်။ တရက်ကို ၃၀၀/- ကျပ်လောက်တော့ သုံးရ တယ်။

Health Care Plan ကျန်းမာရေးအာမခံ ရှိထားရင် ကိုယ့်သားသမီး ကျန်းမာရေးတခုခုဆို အကောင်းဆုံး အစီအမံ လုပ်ပေးနိုင်လိမ့်မယ်။ သားသမီး ပညာရေးအတွက် စုဆောင်းထားတဲ့ ငွေတွေ ထုတ်သုံးဖို့ မလိုတော့ဘူး။ တခါ ရှာပြီးသားပိုက်ဆံအတွက် နောက်တခါ အချိန်ကုန်ခံ ပြန်ရှာနေစရာ မလိူဘူး၊ Peace of mind ဖြစ် ရတယ်။

25/08/2026

နိုင်ငံရဲ့ လက်ရှိ ဒီအချိန် ဒီကာလ မှာ ကျန်းမာရေး Health CARE Plan (Medical Cover) ကို ဘာကြောင့် ပြင်ဆင်ထားသင့် တာလဲ ဆိုတာ က ..

အဓိက အချက်ကတော့ -
- Inflation ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ
- ရောဂါဘယနဲ့ Accident Case များပြားတာတွေ
- အစားအသောက် သန့်ရှင်းမှု အားနည်းလာတာတွေ
- တကိုယ်ရည် ကျန်းမာရေး ဂရုစိုက်မှု အလေးမထားတာတွေ
- ဆေးကုသစရိတ်က ကိုယ်ရှာထားသမျှ အကုန်ပါသွားနိုင်တာတွေ ကြောင့်
ခြေစောင့်လက်စောင့် သဘောမျိုးအနေနဲ့တောင် ပြင်ဆင်ထားသင့်ပါတယ်။

▪️နိုင်ငံတကာစနစ်လိုမျိုး အပြည့်အဝ အကာအကွယ် ရတဲ့ Health CARE Plan ကျန်းမာရေးအာမခံ အမျိုးအစား ဖြစ်တယ်။

▪️ဆေးရုံတက်ရတဲ့ ရက်ပေါ်မှာ အခြေခံ တွက်ချက် ကျခံပေးခြင်းမျိုး မဟုတ်ဘဲ ...
* ဆေးရုံတက်တဲ့ရက် (၁) ရက်ပင် ဖြစ်ပါစေ။
ဆေးရုံပေါ်တွင် ကုန်ကျသမျှသော
- သိန်း ၂၀ ကုန်ရင် သိန်း ၂၀
- သိန်း ၄၀ ကုန်ရင် သိန်း ၄၀
- သိန်း ၁၀၀ ကုန်ရင် သိန်း ၁၀၀
- သိန်း ၂ဝဝ ကုန်ရင် သိန်း ၂၀ဝ
အကျုံးဝင်သည့် ဆေးကုသစရိတ်အားလုံး ကို Health CARE အာမခံပေါ်လစီကနေ ကျခံပေးခြင်း ဖြစ်တယ်။
#ဆေးရုံတက်နေစဉ်အတွင်းမှာ ...
▪️လူနာ အကျိုးခံစားခွင့် အနေနဲ့
- ဆရာဝန်ခ၊ သူနာပြုခ၊
- ICU အထူးကြပ်မတ်ကုသဆောင်ခ၊
- မေ့ဆေး/ထုံဆေးနှင့် ဆေးဖိုးဝါးခများ၊
- ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါရှာဖွေမှု၊ ခွဲစိတ်ခန်းခ၊
- ဆေးရုံသုံးအထောက်အကူပစ္စည်းများနှင့် ဝန်ဆောင်ခ ...
စတဲ့ အမှန်တကယ် ကုန်ကျစရိတ် အားလုံးအတွက် အပြည့်အဝ အကာအကွယ်ရမှာ ဖြစ်ပါတယ်။

▪️ဆေးရုံတက်နေစဥ် ဆေးကုသမှု စရိတ်များ အပြင် ...
☀️ ဆေးရုံမတက်မီ ပြသစစ်ဆေးမှုနှင့်
ရောဂါရှာဖွေ/ဓါတ်ခွဲခြင်း
☀️ ဆေးရုံဆင်းပြီး နောက်ဆက်တွဲ
ဆရာဝန်ပြသခြင်းနှင့် ဓါတ်ခွဲခြင်းများ ...
စတဲ့ ဆေးရုံတက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကုန်ကျစရိတ် တွေကိုလည်း Dai-ichi Health Care ပေါ်လစီမှ ကျခံပေးတာ ဖြစ်ပါတယ်။

▪️ဆေးကုသတဲ့အခါမှာလည်း ... ချိတ်ဆက်ထားတဲ့ ဆေးရုံများမှာ ငွေသားပေးချေစရာ မလိုတဲ့ Cashless Claim ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ ဆေးရုံတက်ရတဲ့အခါ ဆေးရုံကို Deposit ငွေ ကြိုသွင်းရခြင်းဒုက္ခ မှ ကင်းဝေးသွားပြီး မြန်မြန်နဲ့ ကုသတဲ့အပိုင်းကို ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။

ြင်ပလူနာကုသမှုအနေနဲ့
- နေ့တပိုင်းပဲကြာတဲ့ နေ့ချင်းခွဲစိတ်မှု
- အရေးပေါ် မတော်တဆ Accident ထိခိုက်မှုများ
- ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း
- ပြင်ပလူနာဌာနတွင် ကင်ဆာဆေးသွင်းခြင်း
စတဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။

▪️ရွေးချယ်ထားတဲ့ Health CARE Plan များအရ မြန်မာပြည်တွင်းတွင်မက ပြည်ပမှာပါ ဆေးကုသနိုင်ပါတယ်။

ဒါ့အပြင်
တနှစ်တာအတွင်း ကိုယ်တိုင် ကျန်းမာခြင်းနဲ့ ပြည့်စုံနေပါက
ကျန်းမာရေး ဆုလာဘ် အဖြစ် နှစ်စဉ် ပရီမီယံကြေး သက်သာခွင့် (Bonus) လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

စတဲ့ အကျိုးခံစားခွင့် များစွာ ရရှိတဲ့
ယခု Health CARE Plan က ... အာမခံအကာအကွယ် တွေ အနေနဲ့
Plan 1 ကနေ Plan 10 အထိ ရှိပါတယ်။

Plan အလိုက် ဆေးကုသစရိတ် အကျိုးခံစားခွင့်တွေကတော့ ...

▪️ Plan 1 > သိန်း ၅၀ ထိ Cover
▪️ Plan 2 > သိန်း ၁၀၀ ထိ Cover
▪️ Plan 3 > သိန်း ၂၀၀ Cover
▪️ Plan 4 > သိန်း ၃၅၀ Cover
▪️ Plan 5 > သိန်း ၅၀၀ Cover
▪️ Plan 6 > သိန်း ၁၀၀၀ Cover
▪️ Plan 7 > သိန်း ၁၅၀၀ Cover
▪️ Plan 8 > သိန်း ၂၅၀၀ Cover
▪️ Plan 9 > သိန်း ၅၀၀၀ Cover
▪️ Plan 10 > သိန်း ၁၀၀၀၀ Cover အထိ
ကိုယ်နဲ့ သင့်တော်ရာ ကျန်းမာရေးအာမခံ Plan ကို ရွေးချယ်ထားရှိနိုင် ပါတယ်။

☀️ ပေးသွင်းရတဲ့ ပရီမီယံကြေး အနေနဲ့ကတော့ ...
အာမခံထားမယ့်သူရဲ့ ကျား/မ၊ အသက် အလိုက် (တနှစ်စာ) 135,000/- ကျပ် မှ စတင်ပြီး အမျိုးမျိုး ရှိပါတယ်။

MEDICAL Cover အတွက် တရက် ၇၀၀/- ကျပ်လောက် သုံးထားလိုကမရင်တောင် ... အရေးအကြောင်းဆို ဆေးကုသဖို့ သိန်း ၅၀ ထိ ကိုယ့်ကို ကူညီပေးဖို့ အဆင်သင့် ဖြစ်နေမှာပါ။

ကျန်းမာရေးကိစ္စ အရေးကြုံတဲ့အခါ
- စုထားတာတွေ မကုန်သွားစေဖို့ ...
- အကြွေးတွေလည်း မပုံသွားစေဖို့ ...
- အမြန်ဆုံး ကုသမှုခံယူနိုင်ဖို့ ... တွေက
ကျန်းမာရေးအာမခံနဲ့ စီမံထားမှသာ ရရှိမှာပါ။

ဒါကြောင့် ... ကျန်းမာရေး ဂရုစိုက်ကြပါ။
#ကျန်းမာရေးအာမခံ ကိုလည်း ခုချိန် ဝယ်လို့ရတုန်း ပြင်ဆင်ထားကြပါ။
- ကျန်းမာနေတုန်း / ဝင်ငွေရှာဖွေနိုင်တုန်း မှာပဲ ဝယ်လို့ရတာမို့ ...
ကြိုတင်ပြင်ဆင်မှု ဆိုတာ မှားတယ် မရှိပါဘူး။ အဖက်ဖက်က စိတ်အေးရပါတယ်။

#အာမခံ ဆိုတာက ငွေကြေးစီမံခန့်ခွဲမှုတခုပဲ။
သိတဲ့သူ အသုံးချနိုင်သလောက် မနက်ဖြန်တိုင်းအတွက် စိတ်အေးရပါတယ်။

#ကျော်ကျော်
#အာမခံအကြံပေး

24/08/2026

တချို့ ပြဿနာတွေ က ဖြစ်တဲ့အချိန်မှ ဖြေရှင်းရင်
အချိန်ပိုကြာ တယ်။​

ပျက်ပြီးမှ ပြင်ရင် အချိန် ပိုကြာ တယ်။

ဒါကြောင့် ...
ပြဿနာအများစု
မဖြစ်ချင်ကတည်းက
ကြိုတင်အဖြေရှာတာ
ပိုကောင်းတဲ့အကျင့်တစ်ခုပဲ။

ဒီလို လုပ်ဖို့ အနာဂတ်ကို
ကြိုတင် ခန့်မှန်းထားဖို့ လိုတယ်။

ဒီလို ကြိုတင်ခန့်မှန်းနိုင်ဖို့
ကိုယ့်သမိုင်း၊ တချို့သူတွေရဲ့ သမိုင်း ကို
ပြန်ကြည့်ဖို့ လိုလာတယ်။​

သေချာတယ် ... အနာဂတ်မှာ
အားလုံး အိုကြမှာ နာကြမှာပဲ။
ဒီနေ့က အသက်အငယ်ဆုံးနေ့။
မှန်ကြည့်တိုင်း ရုပ်ရင့်လာမှာပဲ။
နာကြမှာပဲ။
ဖျားမယ်၊ အရိုးအဆစ်တွေ မသန်တော့ဘူး။
ဂရုမစိုက်ရင် နာတာရှည်ရောဂါဖြစ်နိုင်တယ်။
သေကြမှာပဲ။
သေဖို့ မကျင့်ထားရင် အသက်ထွက်မှ
ရုန်းရင်းဆန်ခတ် ဖြစ်နေမယ်။
ဘာသာတရား (သို့) ကိုယ်ယုံကြည်တဲ့
အဓိပ္ပာယ် တခုခု လိုတယ်။

ဒီနေ့မှာ အဆင်ပြေနေတိုင်း
မနက်ဖြန်မှာ အဆင်ပြေဖို့ မသေချာဘူး။
ဒီလို အခက်အခဲတွေအတွက်
ကြိုတင်အဖြေရှာထားဖို့ လိုတယ်။

ပိုကောင်းတဲ့ဘဝ တည်ဆောက် ဖို့
အနာဂတ်ပြဿနာတွေ ကို
ကြိုတင်အဖြေရှာဖို့ လိုတယ်။

Phyo Paing @ Derek
(Credit with Thanks)

23/08/2026

ဆူပူအော်ဟစ်တာမျိုး မကြာခဏ ပြုလုပ်တာဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း မိဘအုပ်ထိန်းသူ အများစုက နားလည်ပေမယ့် ကိုယ်တိုင် စိတ်ဖိစီးမှုများပြားတဲ့ ကာလမှာတော့ စိတ်မထိန်းနိုင်ဘဲ ပြုမူမိတတ်ကြပါတယ်။

ဆူပူငေါက်ငမ်းမှုတွေကိုပဲ လက်ခံရရှိနေတဲ့ ကလေးမျိုးဟာ များသောအားဖြင့် အပြောအဆို အပြုအမူပိုင်းမှာ ကြမ်းတမ်းတဲ့ဘက်ဆီ ရောက်သွားနိုင်ပါတယ်။ အော်ဟစ်တာဟာ ပုံမှန်အပြုအမူတစ်ခုပါပဲ လို့ လူကြီးတွေဆီက သင်ယူသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသိပ်မရှိဘဲ ကြီးပြင်းလာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

မိဘအုပ်ထိန်းသူတွေဘက်က အောက်ပါနည်းလမ်းလေးတွေ အသုံးပြုပြီး ဆူပူအော်ဟစ်တတ်တဲ့အလေ့အထ နည်းနိုင်သမျှနည်းအောင် ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားယူလို့ရပါတယ်။

▪️ကိုယ့်ကိုယ်ကိုယ် အချိန်ခဏပေးပါ။
စိတ်ဆိုးဒေါသဖြစ်ရတဲ့နေရာကနေ ခဏလေးရှောင်ထွက်လိုက်ပါ။ အသက်ပြင်းပြင်းရှူရင်း စိတ်ကိုလျှော့ချပါ။

▪️ခြိမ်းခြောက်ဒဏ်ပေးခြင်းကို ရှောင်ပါ။
အပြုအမူရဲ့ အကျိုးဆက်ကိုပဲ ကလေးတွေ နားလည်အောင် ပြောပြထားပါ။

▪️တိကျသေချာတဲ့ စည်းကမ်းတစ်ခု ချမှတ်ထားပါ။
တင်းကျပ်လွန်း၊ လျော့ရဲလွန်းတဲ့ စည်းကမ်းတွေ၊ တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီတဲ့ စည်းကမ်းတွေဟာ ကလေးတွေအတွက် ဝေခွဲမရ ဖြစ်စေနိုင်ပါတယ်။

▪️စိတ်ခံစားမှုတွေအကြောင်း ကလေးတွေကို ပြောပြပါ။
ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှု၊ ဒေါသ စတာတွေဟာ သဘာဝသာ ဖြစ်ပြီး ဒေါသဖြစ်လာရင် ဆိုးကျိုးဘက် မရောက်အောင် ထိန်းဖို့ လိုအပ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ဥပမာပေးပြီး ပြောပြနိုင်ပါတယ်။

▪️တကယ်လို့များ မထိန်းနိုင်ဘဲ အော်ဟစ်ဆူပူမိလိုက်တယ် ဆိုရင်လည်း ဘာလို့ ဒီလို လုပ်မိကြောင်း ကလေးကို ပြန်ရှင်းပြပါ။
ဒီအပြုအမူဟာ မကောင်းတဲ့အကြောင်းလည်း ပြောပြတောင်းပန်ပါ။

လတ်တလော ကလေးတွေရှေ့ ကိုယ် ပြုနေမိတဲ့ အပြုအမူတွေဟာ နောင်တချိန် ကလေးတွေဆီမှာ ပုံတူကူးထားသလို မြင်ရနိုင်တာမို့ မိဘအုပ်ထိန်းသူတွေဘက်က တတ်နိုင်သမျှ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။


23/08/2026

သားအမိ နှစ်‌ယောက်ထဲ ကျန်တော့တာမို့ တခုခုဆို ပြည့်ပြည့်ဝဝ မလုပ်ပေးနိုင်မှာစိုးလို့ပါ။ ကလေးက ၁၁ နှစ်ပါ ခုထိ ကျန်းကျန်းမာမာပါပဲ။
သားလေးအတွက် ကျန်းမာရေးအာမခံ ထားထားပေးဖို့ စဉ်းစားမိလို့ပါ။ ဘယ်လို လုပ်ထားရင် သင့်တော်ပါမလဲရှင်။

(အကြံပြုချက်)
Health Care Plan တွေထဲက အနိမ့်ဆုံး Plan ဖြစ်တဲ့ Plan 1 ဆိုရင် တနှစ်စာ ပရီမီယံ 140,000/- လောက်ပဲ (တရက် ၄၀၀/- နှုန်းလောက်ပဲ) သွင်းရပါမယ်။ သိန်း ၅၀ ထိ ဆေးကုသစရိတ် Medical Cover ရရှိပါမယ်။
အနိမ့်ဆုံး အကျိုးခံစားခွင့် Plan နဲ့ ပြောထားတာပါ။
Budget တက်နိုင်ရင် Plan အမြင့် Cover များများ ယူချင်ယူနိုင်တယ်။
Medical Cover သိန်း ၁၀၀ ထိ ယူထားချင်ရင် တနှစ်စာ ပရီမီယံ 210,000/- ကျော်လောက် ဖြစ်သွားပါမယ်။
(ပုံမှန်အားဖြင့် ဆေးစစ်စရာ မလိုပါဘူး။)

ဆေးရုံတက်ရတဲ့ ရက်ပေါ်မှာ အခြေခံ တွက်ချက် ကျခံပေးခြင်းမျိုး မဟုတ်ဘဲ ...
*** ဆေးရုံတက်တဲ့ရက် (၁) ရက်ပင် ဖြစ်ပါစေ။
ဆေးရုံပေါ်တွင် ကုန်ကျသမျှသော အကျုံးဝင်သည့် ဆေးကုသစရိတ်အားလုံး ကို အာမခံကုမ္ပဏီဘက်က ကျခံပေးခြင်း ဖြစ်ပါတယ်။

#ဆေးရုံတက်နေစဉ်အတွင်းမှာ ...
▪️လူနာ အကျိုးခံစားခွင့် အနေနဲ့
- ဆရာဝန်ခ၊ သူနာပြုခ၊
- ICU အထူးကြပ်မတ်ကုသဆောင်ခ၊
- မေ့ဆေး/ထုံဆေးနှင့် ဆေးဖိုးဝါးခများ၊
- ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါရှာဖွေမှု၊ ခွဲစိတ်ခန်းခ၊
- ဆေးရုံသုံးအထောက်အကူပစ္စည်းများနှင့် ဝန်ဆောင်ခ ...
စတဲ့ အမှန်တကယ် ကုန်ကျစရိတ် အားလုံးအတွက် အပြည့်အဝ အကာအကွယ်ရမှာ ဖြစ်ပါတယ်။

▪️ဆေးရုံတက်နေစဥ် ဆေးကုသမှု စရိတ်များ အပြင် ...
☀️ ဆေးရုံမတက်မီ ပြသစစ်ဆေးမှုနှင့်
ရောဂါရှာဖွေ/ဓါတ်ခွဲခြင်း
☀️ ဆေးရုံဆင်းပြီး နောက်ဆက်တွဲ
ဆရာဝန်ပြသခြင်းနှင့် ဓါတ်ခွဲခြင်းများ ...
စတဲ့ ဆေးရုံတက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကုန်ကျစရိတ် တွေကိုလည်း Cover ဖြစ်ပါတယ်။

▪️ဆေးကုသတဲ့အခါမှာလည်း ... ချိတ်ဆက်ထားတဲ့ ဆေးရုံများမှာ ငွေသားပေးချေစရာ မလိုတဲ့ Cashless Claim ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ ဆေးရုံတက်ရတဲ့အခါ ဆေးရုံကို Deposit ငွေ ကြိုသွင်းရခြင်းဒုက္ခ မှ ကင်းဝေးသွားပြီး မြန်မြန်နဲ့ ကုသတဲ့အပိုင်းကို ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။

ြင်ပလူနာကုသမှုအနေနဲ့
- နေ့တပိုင်းပဲကြာတဲ့ နေ့ချင်းခွဲစိတ်မှု
- အရေးပေါ် မတော်တဆ Accident ထိခိုက်မှုများ
- ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း
- ပြင်ပလူနာဌာနတွင် ကင်ဆာဆေးသွင်းခြင်း
စတဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။

ဒါက ကျန်းမာရေးအာမခံ Planning ပါ။

ဖြည့်စွက် အကြံပြုစရာက -
ဒီထက် ငွေ ပိုသုံးနိုင်သေးရင် ...
ကိုယ့်အသက်ကို အာမခံထားပြီး ကလေးကို အကျိုးခံစားခွင့် ထည့်ပေးတာ လုပ်ထားသင့်ပါတယ်။
ဥပမာ - တလ ၄၀,၀၀၀/- ကျော်လောက်နဲ့ အသက်အာမခံ ထားရင်တောင်
ကလေး ကြီးလာရင် Savings Amount တခု စုမိဆောင်းမိ ဖြစ်မယ်။
ကလေး အရွယ်မရောက်ခင် ကိုယ်က ရောဂါ‌ကြောင့်ဖြစ်ဖြစ် Accident ကြောင့် ဖြစ်ဖြစ် အလုပ်မလုပ်နိုင် မသန်စွမ်း ဖြစ်ခဲ့ရင်လည်း သိန်း ၁၀၀ အာမခံငွေ ချက်ချင်း ရရှိမှာ ဖြစ်တယ်။

#ကျော်ကျော်
#အာမခံအကြံပေး

Address

Taungoo

Telephone

+959795848604

Website

Alerts

Be the first to know and let us send you an email when Kyaw Kyaw - Life Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyaw - Life Insurance:

Shortcuts

Share