Kyaw Kyaw - Life Insurance

Call Directions Contact the business

Kyaw Kyaw - Life Insurance အာမခံအကြံပေး (Financial Advisor)

Let me help you plan your Financial Protection & Saving Solutions.
(1)

22/09/2026

ခေတ်ဆိုးကြီးထဲမှာ ...
Accident ဖြစ်ရပ်တွေက အရင်လို မဟုတ်တော့ဘူး။
အရင်က မကြားဖူတဲ့ ရောဂါဘယတွေ ကြားလာရပြီ။
သဘာဝဘေးတွေ အရင်လို မဟုတ်တော့ဘူး။

ဆေးဝါးကုသစရိတ်တွေကရော အရင်လို ဟုတ်သေးရဲ့လား။
- ‌သားသမီး ကျန်းမာရေးအတွက် ဆေးကုသစရိတ် အကာအကွယ် ကြိုတင် လုပ်ပေးထားဖို့ မလိုဘူးလား။
- ကိုယ့်ကျန်းမာရေးအတွက် Medical Cover မယူထားသင့်ဘူးလား။

ခေတ်ကြီးက မကောင်းလို့
Risk တွေကလည်း အရင်ကထက် တိုးလာပါတယ်။
ဒီ Risk တွေ ကြုံလာရင် ... သူများတွေ ရင်ဆီးခံရသလို ကိုယ်မိသားစု မခံရအောင် ကြိုတင်လွှဲပြောင်းထားလို့ ရတာ အာမခံစနစ် ရှိပါတယ်။

စိတ်ဝင်စားတဲ့သူတွေကို သေချာရှင်းပြပါတယ်။
အာမခံအကာအကွယ် Medical Cover လိုချင်တဲ့သူတွေကို ဝန်ဆောင်မှု ပေးပါတယ်။

ခေတ် မကောင်းလို့ Risk တွေ ခံသာအောင်
အာမခံဝန်‌ဆောင်မှု ဆက်ပေးနေမြဲပါ။

#ကျော်ကျော်
#အာမခံအကြံပေး

ဒီ Channel က Podcast လေးတွေ ကို  နားထောင်ကြည့် ပါ။ ကလေးတွေအတွက်လည်း အဆင်ပြေတယ်။  ဖြည်းဖြည်းလေး ပြောတဲ့အတွက် နားထောင်ရတာ ...
22/09/2026

ဒီ Channel က Podcast လေးတွေ ကို နားထောင်ကြည့် ပါ။ ကလေးတွေအတွက်လည်း အဆင်ပြေတယ်။ ဖြည်းဖြည်းလေး ပြောတဲ့အတွက် နားထောင်ရတာ အဆင်ပြေပါတယ်။ နောက်ကနေ လိုက်ပြောပြီး Speaking Practice လုပ်ရင် ပိုမိုက်ပါတယ်။

Credit Chit Ko Ko Soe


21/09/2026

Beneficiary ဆိုတာ Life Insured (အသက်အာမခံထားရှိသူ) သေဆုံးသွားတဲ့အခါ အာမခံလျော်ကြေးငွေ (အကျိုးခံစားခွင့်) ကို ရရှိမယ့်သူ ဖြစ်ပါတယ်။
Policy Owner က ဒီလူကို တရားဝင် သတ်မှတ်ပေးရတာ ဖြစ်ပြီး တစ်ဦးထက် ပိုပြီးလည်း သတ်မှတ်နိုင်ပါတယ်။

ဥပမာ (၁)
ဖခင်က Policy Owner (ပေါ်လစီပိုင်ရှင်) PO
ဖခင်ကပဲ Life Insured (အာမခံထားသူ) LI
အကယ်၍ သူ သေဆုံးသွားခဲ့ရင် အာမခံငွေ ရရှိမယ့် သား (သို့) သမီးကို Beneficiary အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။
ဘာမှ မဖြစ်ဘဲ သက်တမ်းပြည့်ရင် အာမခံစုငွေကို ဖခင် PO ကို ထုတ်ပေး။

ဥပမာ (၂)
မိခင်က Policy Owner (ပေါ်လစီပိုင်ရှင်)
ဖခင်က Life Insured (အာမခံထားသူ)
အကယ်၍ ဖခင် သေဆုံးသွားခဲ့ရင် အာမခံငွေ ရရှိမယ့် သား (သို့) သမီးကို Beneficiary အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။
ဘာမှ မဖြစ်ဘဲ သက်တမ်းပြည့်ရင် အာမခံစုငွေကို မိခင် PO ကို ထုတ်ပေး။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

21/09/2026

- ကလေး အတွက် စုထားတဲ့ ပိုက်ဆံကို
ကလေးအတွက်ပဲ သုံးသင့်တယ် မဟုတ်လား။
- အလုပ်အတွက် ပြင်ထားတဲ့ ပိုက်ဆံကို
အလုပ်အတွက်ပဲ သုံးသင့်တယ် မဟုတ်လား။
- ကိုယ် သုံးဖို့ ဖယ်ထားတဲ့ ပိုက်ဆံကို
ကိုယ်သုံးချင်တာအတွက်ပဲ သုံးသင့်တယ်။

ဒီလို အရာ‌တွေအတွက် ပြင်ဆင်ထားတဲ့ ပိုက်ဆံတွေကို
ကိုယ် မသုံးချင်တဲ့ တခြားကိစ္စအတွက် မမျှော်လင့်ဘဲ
သုံးလိုက်ရတာက ...

* ပြင်ဆင်ထားခဲ့တဲ့ အချိန် တွေ နှမျောဖို့ ကောင်းပါတယ်။
* နောက်တခါ ပြန်ရှာဖို့ဆိုတာ ငွေတန်ဖိုးတွေက မတူနိုင်တော့ဘူး။

ဖယ်ထားစုထားတာ မလုပ်ထားတဲ့သူတွေဆို
အကြွေး ပုံသွားနိုင်ပါတယ်။

ဒီလို အရာ‌တွေအတွက် ပြင်ဆင်ထားတဲ့ ပိုက်ဆံတွေကို
ကိုယ့်ဆေးကုသစရိတ်အတွက် သုံးလိုက်ရတာ မျိုးပေါ့။ ဆေးရုံကို ပုံပေးလိုက်ရတာမျိုးပေါ့။

ဆေးရုံကို အဲဒီ့ ပိုက်ဆံတွေ မပေးချင်ဘူး ဆိုရင်
ကိုယ့်ကိုယ်စား ပိုက်ဆံ ကူရှင်းပေးမယ့် သူကို ကြိုတင်ရှာဖွေထားဖို့ လိုတယ်။
အဲ့အတွက် Solution တခုက
Health Care Plan - ကျန်းမာရေးအာမခံ ပါပဲ။
အထောက်အပံ့တခုအနေနဲ့ Financial BackUp Plan ကို သိတဲ့သူတွေက အသုံးချနေကြပါပြီ။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

20/09/2026

ဒီလို တွေးမိလား။

ခုတော့ ကျန်းမာနေသေးလို့တဲ့
နောက်မှပဲ ကျန်းမာရေးအာမခံ ထားမယ်တဲ့။
ခုထဲက ထားထားရင် မတန်လို့တဲ့။
.
တကယ်တော့
"ရောဂါသိပြီးချိန်မှ ကျန်းမာရေးအာမခံ ထားလို့ မရတော့ဘူး" ဆို‌တာ
မသိကြဘူး။

19/09/2026

Universal Life (UL) အသက်အာမခံ ရဲ့ ထူးခြားတဲ့ Premium Top-up အကြောင်း

ပုံမှန် ပရီမီယံပမာဏ ပေးသွင်းတာအပြင် အပိုငွေ ထပ်ပေါင်း‌ပေးသွင်းနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို လုပ်တာက ကိုယ့်ရဲ့ UL အာမခံ‌ပေါ်လစီထဲက စုငွေတန်ဖိုး (cash value) ကို ပိုပြီး မြန်မြန် တိုးလာအောင် လုပ်တာပါ။

▪️Premium Top-up ဘယ်လိုအလုပ်လုပ်သလဲ။

UL အသက်အာမခံမှာ Customer ပေးတဲ့ ပရီမီယံငွေ ကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။

#အာမခံကြေး (Cost of Insurance)
ဒါက သင့်ရဲ့ အသက်အာမခံကို ကာမိဖို့အတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်။

#ရင်းနှီးမြှုပ်နှံမှုအပိုင်း (Investment Component)
ကျန်တဲ့ ပရီမီယံငွေကို ရင်းနှီးမြှုပ်နှံမှု အဖြစ် ထည့်သွင်းပေးပါတယ်။ ဒီအပိုင်းကနေ သင့်ရဲ့ စုငွေတန်ဖိုး (cash value) တိုးလာပါတယ်။

Premium Top-up က ဒီ ရင်းနှီးမြှုပ်နှံမှု အပိုင်း ထဲကို Excess Premium အဖြစ် အပိုငွေ ပေးသွင်းထပ်ဖြည့်တာ ဖြစ်ပါတယ်။

▪️Premium Top-up ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

(၁) ငွေတန်ဖိုး ပိုမိုတိုးပွားလာခြင်း
Top-up ငွေကြောင့် သင့်ရဲ့ အာမခံ‌ထဲက Cash Value ပိုမိုတိုးပွားလာပြီး သင့်မိသားစု သင့်သားသမီးတွေအတွက် ရည်မှန်းထားတဲ့ Goal ကို မြန်မြန်ရောက်ရှိစေနိုင်ပါတယ်။

(၂) ပရီမီယံ ပေးသွင်းမှု ပေါ့ပါးစေခြင်း
အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ Cash Value က တိုးလာတဲ့အတွက် နောင်ကျရင် ပုံမှန်ပရီမီယံ ပေးသွင်းစရာ မလိုတော့ဘဲ ဒီငွေထဲကနေ အာမခံကြေးကို ဖြတ်ပေးနိုင်ပါတယ်။ ဒါဆိုရင် သင်ဟာ အာမခံ အကာအကွယ် ဆက်ယူထားရင်း ပရီမီယံ ပေးသွင်းရတဲ့ဝန် ကို လျှော့ချနိုင်ပါတယ်။

(၃) အရေးပေါ်ငွေကြေးအတွက် အသုံးပြုနိုင်ခြင်း
အကယ်၍ အရေးပေါ် ငွေလိုခဲ့ရင် ဒီ Cash Value ထဲကနေ တစိတ်တပိုင်း ငွေသားထုတ်ယူတာ ဒါမှမဟုတ် ချေးငွေယူတာမျိုး လုပ်နိုင်ပါတယ်။

သိထားသင့်တဲ့ အချက်များ
- Premium Top-up လုပ်နိုင်တဲ့ အများဆုံး ပမာဏ ကို အာမခံကုမ္ပဏီဘက်က Limit တခု သတ်မှတ်ထားနိုင်ပါတယ်။
- Top-up ငွေထည့်တဲ့အခါ administrative fees အချို့ ပေးရနိုင်ပါတယ်။

Premium Top-up မလုပ်ခင် ဘာကြောင့် လုပ်တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။
ဥပမာ - ရေတို ငွေစုတာလား၊ ဒါမှမဟုတ် အနာဂတ်အတွက် ပင်စင်ပုံစံ ငွေစုတာလား စသဖြင့်ပေါ့။

Premium Topup နည်းလမ်းဟာ Universal Life အသက်အာမခံအမျိုးအစားရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေထဲက တခု ဖြစ်ပါတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

Kyaw Kyaw - Life Insurance




12/09/2026

အာမခံထားတဲ့သူ သေဆုံးသွားရင် အာမခံရုံး က ချက်ချင်း သိမှာလား။

အဖြေ က ရှင်း ပါ တယ်။ #မသိနိုင်ပါဘူး

အာမခံကုမ္ပဏီတွေက လူတစ်ယောက်ထဲကို
ရောင်းထားတာ မဟုတ်သလို
အာမခံအကြံပေးတွေကလည်း လူဦးရေ အများကြီးကို
ရောင်းနေကြတာမို့ ကာစတမ်မာ တစ်ယောက်
သေဆုံးသွားတာကို ချက်ချင်း မသိနိုင်ပါဘူး။

▪️မိသားစုဝင်တစ်ဦးဦးက ရုံးကို ဆက်သွယ်အကြောင်းကြားရပါမယ်။ ကိုယ့်မှာအာမခံအကြံပေး ရှိရင် အာမခံအကြံပေး ကို ဆက်သွယ်ရပါမယ်။
ဒါမှသာ သူတို့ သိမှာပါ။ အာမခံစာချုပ်တိုင်းမှာ ရုံးလိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အကြံပေးဖုန်းနံပါတ် အပြည့်အစုံ ပါပါတယ် အကြောင်းကြားပါ။ ဒါမှသာ အသက်အာမခံလျော်ကြေး ရရှိဖို့ မြန်မြန်ဆန်ဆန် စတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

▪️မိသားစုဝင်တွေကို ပေးမသိစေချင်ဘူး ဆိုရင် စိတ်ချရတဲ့ မိတ်ဆွေ တစ်ဦးဦးကို သင် အသက်အာမခံ ထားထားကြောင်း အသိပေးထားပါ။ သူကမှတဆင့် အကြံပေး (သို့မဟုတ်) ရုံးကို ဆက်သွယ်ပါလိမ့်မယ်။

▪️ဘယ်သူ့ကိုမှ အသိပေးမထားရင်တော့ နောက်တခေါက် ပရီမီယံငွေ သွင်းခါနီး ရုံးဘက်က ဆက်သွယ်မှသာ သေဆုံးတဲ့ဖြစ်စဉ်ကို သိမှာ ဖြစ်ပါတယ်။

▪️ကမ္ဘာပေါ်မှာရှိတဲ့ အသက်အာမခံကုမ္ပဏီအားလုံးက "ဒီနေ့ အသက်ရှင်နေသေးလား" လို့ ဘယ်သူ့ကိုမှ နေ့တိုင်း မေးမနေပါဘူး။ (ငွေသွင်းခါနီး ဖုန်းဆက်အကြောင်းကြား‌ပေးရင်တောင် တချို့က စိတ်ဆိုးကြပါသေးတယ်) ဒါ့ကြောင့် အသက်သေဆုံးခြင်းကို ချက်ချင်း မသိနိုင်ပါဘူး။

▪️အသက်အာမခံ မူရင်းစာချုပ် ရှာမတွေ့ဘူးဆိုရင်လည်း ရုံးမှာ (သို့) အကြံပေးပုဂ္ဂိုလ်ဆီမှာ အမည် နဲ့ အာမခံပေါ်လစီ နံပါတ် ရှိနေတာမို့ စိတ်ပူစရာ မလိုပါဘူး။ (လူတစ်ဦးမှာ ပေါ်လစီ နံပါတ်တစ်ခုစီ သီးသန့် ရှိနေတာမို့ နံပါတ်-ရို-က်ထည့်လိုက်တာနဲ့ အချက်အလက်အားလုံး ကျလာမှာပါ)

▪️သတိထားရမှာတစ်ချက်က
အာမခံဟာ အသက်ဝင်နေဆဲ၊ ငွေပုံမှန်သွင်းနေဆဲ ဖြစ်ရပါမယ်။
လွန်ခဲ့တဲ့ ၄/၅ နှစ်ကတည်းက ဝယ်တော့ ဝယ်ထားတယ်။ နောက်ပိုင်း ငွေလည်း ဆက်မသွင်းဖြစ်တော့ဘူး။ ရုံးက ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး။ အကြံပေးက ဖုန်းဆက်တာ/ စာပို့တာတွေကိုလည်း အကြောင်းမပြန်တော့ဘူး။ အာမခံပျက်ပြယ်ကြောင်း အကြောင်းကြားတာကိုလည်း ဘာမှ အ‌ကြောင်းမပြန်တော့ဘူး ဆိုတဲ့ အာမခံတွေအတွက် လျော်ကြေးခံစားခွင့်ရမှာ မဟုတ်ဘူး ဆိုတာကို သတိပြုပါ။
(အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားတဲ့ အသက်အာမခံတွေ ကို သတ်မှတ်ကာလအတွင်း အသက်ပြန်သွင်းလို့ ရပါတယ်)

▪️ဘဏ်တွေတောင် သတ်မှတ်ကာလအတွင်း
Active လုံးဝ မဖြစ်တော့ဘူးဆိုရင် Account ကို
ပိတ်ချလိုက်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ် ။
ဖုန်းဆင်းမ်ကဒ်တွေလည်း ထို့နည်းတူပါပဲ။ သတ်မှတ်ကာလအတွင်း အဝင်အထွက် ခေါ်ဆိုမှု မရှိ၊ ငွေမဖြည့်တော့ဘူး ဆိုရင် ကဒ်ပိတ်ပစ်လိုက်ပါတယ်။

ဒါ့ကြောင့် အသက်အာမခံ ယူထားတယ် ဆိုရင်
- မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးကို
အကျိုးအ‌ကြောင်း ပြောပြထားသင့်ပါတယ်။
- ကုမ္ပဏီနာမည် ပြောထားရင်ကို အဆင်ပြေနိုင်ပါတယ်။
- ပရီမီယံ ပုံမှန်သွင်းပါ။
- အာမခံရုံး/ အာမခံအကြံပေး နဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။

Credit with Thanks: Min Yel Kyaw Swar

12/09/2026

နောက် ၁ လ/ ၂ လ‌ လောက်မှာ ခွဲစိတ်ရနိုင်မယ့် အခြေအနေ ရှိနိုင်တယ်။ ဒါနဲ့ ကျန်းမာရေးအာမခံ ထားဖို့ စုံစမ်းတော့ သိန်း ၅၀ ထိ ဆေးကုသစရိတ် Cover ရမယ့် Plan အတွက် တနှစ်စာ သွင်းရမယ့် ပရီမီယံကြေးက ၂၅၀,၀၀၀/- လောက်။ သိန်း ၁၀၀ အထိ ဆေးကုစရိတ်ရမယ့် Plan က ပရီမီယံ ၃၅၀,၀၀၀/- လောက်။
......

အဲ့လိုချိန်မှ ကျန်းမာရေးအာမခံ ထားလို့ မရနိုင်ပါဘူး။

ဆုံးပါးပြီး တပတ်လောက်နေတော့  လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကာယကံရှင်မိသားစုဆီကနေ စုံလင်စွာ ရရှိပြီးတာနဲ့  ၁ ရက်နေ့မှာ Cla...
11/09/2026

ဆုံးပါးပြီး တပတ်လောက်နေတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကာယကံရှင်မိသားစုဆီကနေ စုံလင်စွာ ရရှိပြီးတာနဲ့ ၁ ရက်နေ့မှာ Claim Request တင်ပေးခဲ့ပါတယ်။ Daiichi Life Claim Team ဘက်ကနေ ဆက်သွယ်မေးမြန်းလာပြီး ၂ ရက်နေ့မှာပဲ Claim Approved ဖြစ်ခဲ့တယ်။
၉ ရက်နေ့ မှာ အာမခံအကျိုးခံစားခွင့်ငွေကို Beneficiary Listed Person မိသားစုထံ ပေးအပ်လိုက်ပြီး ဖြစ်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်း စုံလင်တာနဲ့ Working Day တပတ်အတွင်း သေဆုံးသူရဲ့ မိသားစုထံ ပေးအပ်နိုင်ဖို့ အမြန်ဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးတဲ့ Daiichi Life အာမခံကုမ္ပဏီကို ကျေးဇူးတင်ပါတယ်။

ဘဝတပါး သွားလေသူ Client အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ ပညာရေး၊ နေထိုင်စားသောက်မှု အပါအဝင် အခြားသော ဘဝလိုအပ်ချက်‌တွေအတွက် အထောက်အပံ့များစွာ ဖြစ်ခဲ့လို့ ...
Insurance Advisor တယောက်အနေနဲ့ အကောင်းဆုံး ကူညီပေးခွင့်ရခဲ့တဲ့ မှတ်မှတ်ရရ အခိုက်အတံ့တခု ဖြစ်ခဲ့ပါတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

10/09/2026

ငွေစုအသက်အာမခံ ထားထားပြီး ကိုယ့်ကိုယ်ကို Su-i-c-ide လုပ် အဆုံးစီရင်ခဲ့ရင် အာမခံလျော်ကြေး ရလားဗျ ... ရှင်းပြပေးပါဦး။

ရပါတယ်။ ငွေစုအသက်အာမခံ အများစုမှာ ကိုယ့်ကိုယ်ကို သက်သေလည်း အကျုံးဝင်ပါတယ်။

ချွင်းခြက်တော့ ရှိပါတယ်။
အာမခံထားပြီး ၁ နှစ်အတွင်းမှာ သက်သေရင် (တချို့အာမခံအမျိုးအစားက ၂ နှစ်အတွင်း) တော့ အကျုံးမဝင် လျော်ကြေး မရပါ။ ဒါပေမယ့် သွင်းပြီးထားတဲ့ ပရီမီယံကိုတော့ ပြန်ပေးပါတယ်။
အဆိုပါ ကာလ ၁ နှစ် (သို့) ၂ နှစ် ကျော်ရင်တော့ မိမိကိုယ်ကို အဆုံးစီရင်လည်း သေဆုံးမှုအကျိုးခံစားခွင့် အပြည့်အဝ ရရှိပါတယ်။

ငွေပမာဏနဲ့ ဘယ်လိုရတာလဲ ဆိုတာကို ဥပမာဖြစ်စဉ် တခုနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် -

တနှစ် ပရီမီယံကြေး ၁၀ သိန်း နဲ့ အသက်အာမခံထားထားတယ် ဆိုပါစို့။ အာမခံ‌ထားငွေက သိန်း ၃၅၀ (အာမခံအကာအကွယ် ပမာဏပါ)

ပရီမီယံ ၃ နှစ်စာ (သိန်း ၃၀) ပေးသွင်းခဲ့ပြီးချိန်မှာ အဆုံးစီရင်မှု ဖြစ်ပေါ်ခဲ့ရင် သူ့သားသမီးအတွက် အာမခံထားငွေ သိန်း ၃၅၀ ရရှိမှာဖြစ်ပါတယ်။

ပရီမီယံ ၁ နှစ်စာ (၁၀ သိန်း) ပေးသွင်းခဲ့ပြီးချိန်မှာ
အဆုံးစီရင်မှု ဖြစ်ပေါ်ခဲ့ရင်တော့ အာမခံထားငွေ သိန်း ၃၅၀ မရရှိဘဲ သူသွင်းပြီးတဲ့ ၁၀ သိန်းကိုသာ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ရောဂါနဲ့ သေဆုံးမှု/ မတော်တဆမှုကြောင့် သေဆုံးမှုကတော့ ... ကာလကန့်သတ်ချက် မရှိဘဲ ... ပေါ်လစီစတင်တဲ့ ရက်ကနေ စပြီး အကျုံးဝင်ပါတယ်။
ဥပမာ - အာမခံသက်တမ်းစပြီး ၃ ရက်လောက်မှာ Accident နဲ့ ဆုံးပါးခဲ့ရင် အာမခံထားငွေ သိန်း ၃၅၀ ကို မိသားစု စားဝတ်နေရေး အထောက်အပံ့အဖြစ် ရရှိမှာ ဖြစ်ပါတယ်။

ဘာဖြစ်ရပ်မှ မဖြစ်ခဲ့ရင်ရော ...
ဒါဆို Happy Ending ပေါ့
အာမခံသက်တမ်း ၁၂ နှစ်ပြည့်‌ရောက်တဲ့အခါ တိုးရင်းပေါင်း အမြတ်ပမာဏတခု နဲ့အတူ သိန်း ၁၂၀ + ကျော်ကို ရရှိမှာဖြစ်ပြီး ရည်မှန်းချက်တခုခုအတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

Address

Taungoo

Telephone

+959795848604

Website

Alerts

Be the first to know and let us send you an email when Kyaw Kyaw - Life Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyaw - Life Insurance:

Shortcuts

Share