12/12/2022
N-Social တွင် လူတိုင်း လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားခွင့် ရှိသည်
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးတင်ပြနိုင်ခွင့် ရရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
မိမိ၏ ထင်မြင်ယူဆချက်အား ဆိုရှယ်မီဒီယာတွင် လွတ်လပ်စွာ ဖော်ထုတ်မိခြင်းကြောင့် ထိခိုက်နစ်နာမှု ကြုံတွေ့ခဲ့ရသူ အများအပြား ရှိခဲ့ပါသည်။ နောက်တွင် ဆိုရှယ်မီဒီယာ တစ်ခုသုံးလို့ အလားတူ ကိစ္စရပ်မျိုး ထပ်မံ မကြုံတွေ့ရစေရေးအတွက် အထူးလုံခြုံစိတ်ချရသော ပလက်ဖောင်းတစ်ခု၊ မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုများကို အထူးအလေးပေးပြီး၊ ကာလံဒေသံနှင့် ကိုက်ညီမည့် ပုံစံတစ်ခု လိုအပ်နေပြီဟု ယုံကြည်ခြင်းကြောင့် ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစည်းပြီး N-Social App ကို တီထွင်ထုတ်လုပ်ရခြင်း ဖြစ်ပါသည်။
မည်သည့်အဖွဲ့အစည်း၏ ထောက်ပံ့ကူညီ ထိန်းချုပ်မှု စိုးစဉ်းမျှမရှိသော၊ တိုင်းရင်းသားပြည်သူ လူအများ၏ မိမိယုံကြည်ရာကို လွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်သော၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှစပြီး လုပ်ငန်းများအမျိုးမျိုးအတွက် အသုံးဝင်လာမည့်ဖြစ်သော N-Social ကို လေ့လာအသုံးပြုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။