Knitric Tax Consultancy

Knitric Tax Consultancy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knitric Tax Consultancy, Yae Kyaw Street, Yangon.

ယနေ့အလှူတော်.....မိဘ ၂ ပါး အမှူးထား၍ ဆွေတော်မျိုးတော်များ၏ အကူအညီ ပါရမီဖြည့်ကြခြင်း.....မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်...
03/09/2023

ယနေ့အလှူတော်.....

မိဘ ၂ ပါး အမှူးထား၍ ဆွေတော်မျိုးတော်များ၏ အကူအညီ ပါရမီဖြည့်ကြခြင်း.....

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

တခါတမျိုး အမျိုးမျိုး မရိုးရအောင် အမည်ပါ ပြောင်းပါတဲ့ ပုံစံတွေ.....(SAS and OAS Forms)
08/11/2022

တခါတမျိုး အမျိုးမျိုး မရိုးရအောင် အမည်ပါ ပြောင်းပါတဲ့ ပုံစံတွေ.....

(SAS and OAS Forms)

အခွန် ဆိုသည်မှာ ပြည်သူ့အသုံးစရိတ်အမျိုးမျိုးအတွက် ဘဏ္ဍာငွေ ဖြည့်တင်းရန် အစိုးရအဖွဲ့အစည်းတစ်ရပ်က အခွန်ထမ်း (တစ်ဦးချင်း သိ...
09/09/2022

အခွန် ဆိုသည်မှာ ပြည်သူ့အသုံးစရိတ်အမျိုးမျိုးအတွက် ဘဏ္ဍာငွေ ဖြည့်တင်းရန် အစိုးရအဖွဲ့အစည်းတစ်ရပ်က အခွန်ထမ်း (တစ်ဦးချင်း သို့မဟုတ် တရားဝင် အဖွဲ့အစည်း) ပေါ် စည်းကြပ်သတ်မှတ်သည့် မဖြစ်မနေပေးဆောင်ရသော ငွေကြေးအဖိုးအခ သို့မဟုတ် အခြားအသွင်ဆောင် လဲဗီးခွန်ဖြစ်သည်။

အခွန်ရှောင်ခြင်း သို့မဟုတ် အတိုက်အခံပြုခြင်းနည်းတူ ပေးဆောင်ရန် ပျက်ကွက်လျှင် ဥပဒေအရ အရေးယူနိုင်သည်။ အခွန်အခဆိုရာ၌ တိုက်ရိုက် နှင့် သွယ်ဝိုက်ခွန်များ ပါဝင်ပြီး ငွေကြေးဖြင့်ဖြစ်စေ တူညီသည့် လုပ်အားဖြင့်ဖြစ်စေ ထမ်းဆောင်နိုင်သည်။ ပထမဆုံးအခွန်ကောက်ခံခြင်းကို ခရစ်တော်မပေါ်မီ နှစ် ၃၀၀၀-၂၈၀၀ ဝန်းကျင်က ရှေးအီဂျစ်နိုင်ငံ၌ ကျင့်သုံးခဲ့သည်ဟု သိရသည်။

အများပြည်သူ သို့မဟုတ် ကတိကဝတ်ပြုထားသော နိုင်ငံ့လိုအပ်ချက်များ နှင့် အစိုးရလုပ်ငန်းဆောင်တာများ အတွက် ပေးချေနိုင်ရန် နိုင်ငံအများစုတွင် အခွန်စနစ်ရှိသည်။ အချို့နိုင်ငံများတွင် နှစ်စဉ်ပုဂ္ဂလိကဝင်ငွေပေါ် တရားသေရာခိုင်နှုန်းဖြင့်ကောက်ခံသော်လည်း အများစုမှာ နှစ်စဉ်ဝင်ငွေပမာဏပေါ်မူတည်သည်။ နိုင်ငံများစွာ၌ တစ်ဦးချင်း နှင့် ကော်ပိုရိတ်ဝင်ငွေများပေါ် အခွန်စည်းကြပ်သည်။

နိုင်ငံများ သို့မဟုတ် တဆင့်နိမ့်နယ်မြေများသည် ဓနခွန်၊ အမွေခွန်၊ အိမ်ခြံမြေအခွန်၊ ပဏ္ဍာခွန်၊ ပိုင်ဆိုင်မှုပေါ်အခွန်၊ ရောင်းချမှုပေါ်အခွန်၊ ဝင်ငွေခွန် သို့မဟုတ် စည်းကြပ်ခွန် တို့ကို ကောက်ခံလေ့ရှိသည်။

ဘောဂဗေဒစကားရပ်အရ အခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ကြွယ်ဝမှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု နှင့် စီးပွားရေးချောင်လည်မှု မြင့်တက်ခြင်း နှင့် ကျဆင်းလာခြင်းစသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ အကျိုးဆက်အနေဖြင့် အခွန်ကောက်ခံခြင်းသည် အငြင်းအခုံပြုရသည့် ကိစ္စရပ်ဖြစ်သည်။

အဓိကအားဖြင့် တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်ဟူ၍ နှစ်စု ခွဲနိုင်သည်။

#တိုက်ရိုက်ခွန်

လူသို့ လုပ်ငန်းအား တိုက်ရိုက်ကောက်ခံသော အခွန်ဖြစ်ပြီး လွှဲ၍ အခွန်ထမ်းရန် ခွင့်မပြုသော အခွန်များ ဖြစ်သည်။

အဓိကအကျဆုံး တိုက်ရိုက်ခွန်မှာ ဝင်ငွေခွန် ( tax) ဖြစ်သည်။ အမြတ်ခွန်၊ ကော်ပိုရိတ်ခွန် ( tax)၊ အတိုးခွန်၊ အငှားခွန် စသည်တို့လည်း ပါသည်။ လက်ဆောင်ပစ္စည်းများအပေါ် စည်းကြပ်သည့် လက်ဆောင်ခွန် ( tax) လည်း ရှိနိုင်သည်။ အမွေရလျှင် အမွေခွန် ( tax) ကောက်လေ့ရှိပြီး တန်ဖိုးတက်သော အရင်းပေါ်၌လည်း အရင်းတန်ဖိုးတိုးခွန် ( -gains tax) ကောက်နိုင်သည်။

အတွေ့များသော အခြားအခွန်တမျိုးမှာ ဥစ္စာခွန် (property tax) ဖြစ်သည်။ ပိုင်ဆိုင်မှုပေါ်တွင် စည်းကြပ်ခြင်း ဖြစ်၏။

တိုက်ရိုက်ခွန်သည် လူ (သို့) လုပ်ငန်း တိတိပပရှိသောကြောင့် ထမြောက်အောင် ဆောင်ရွက်နိုင်သည်။ သို့သော် ဝင်ငွေ အတိအကျမရှိသော လူ (သို့) လုပ်ငန်းတို့ကြောင့် အချက်အလက်မပြည့်လျှင် အခွန်ရှောင်မှု ဖြစ်တတ်သည်။

သွယ်ဝိုက်ခွန်

ကုန်စည်နှင့် ဝန်ဆောင်မှုတို့အပေါ် စည်းကြပ်သော အခွန်ဖြစ်သည်။ အခွန်တာ၀န်ကို ရောင်းသူတို့က ဝယ်သူထံ လွှဲနိုင်သည်။ တန်ဖိုးပေါ်တွင်လည်းကောင်း၊ အရေအတွက်ပေါ်တွင်လည်းကောင်း စည်းကြပ်လေ့ရှိသည်။ တန်ဖိုးတွင် စည်းကြပ်လျှင် တန်ဖိုးအလိုက်စည်းကြပ်ခွန် ( valorem tax) ဟု ခေါ်ပြီး အရေအတွက်ပေါ် စည်းကြပ်လျှင် ယူနစ်အလိုက်စည်းကြပ်ခွန် ( tax) ဟု ခေါ်သည်။

အများဆုံးတွေ့ရသည့် သွယ်ဝိုက်ခွန်မှာ ရောင်းခွန် ( tax) နှင့် လက်ပြောင်းခွန် ( tax) ဖြစ်သည်။ ရောင်းခွန်အား အသုံးပြုသူထံ ရောက်ချိန်တွင် စည်းကြပ်ပြီး လက်ပြောင်းခွန်ကို ကုန်စည်အား လက်ပြောင်းတိုင်း တန်ဖိုးပေါ်၌ စည်းကြပ်သည်။ ယနေ့ခေတ် အသုံးများသော လက်ပြောင်းခွန်မှာ ကုန်စည်တမျိုး၏ ထုတ်လုပ်မှုအဆင့်ဆင့်တွင် တိုးလာသော တန်ဖိုးအလိုက် အခွန်ကောက်သည့် တန်ဖိုးတိုးခွန် ( -added tax) ဖြစ်သည်။

နိုင်ငံတခု၏ အသွင်းအထုတ် ကုန်များပေါ်တွင် ကောက်သည့် အခွန်သည်လည်း သွယ်ဝိုက်ခွန်တွင် ပါသည်။ ၎င်းကို အကောက်ခွန် ( duties or tariff) ခေါ်သည်။

Credit - Wikipedia

 #၀င်ငွေခွန်ဆိုင်ရာအမျိုးအစားများနှင့်ကျသင့်နှုန်းထားများ...... ၀င်ငွေခွန် အမျိုးအစားများအကြောင်း သိမှတ်ဖွယ်ရာများကို နေ...
30/08/2022

#၀င်ငွေခွန်ဆိုင်ရာအမျိုးအစားများနှင့်ကျသင့်နှုန်းထားများ......

၀င်ငွေခွန် အမျိုးအစားများအကြောင်း သိမှတ်ဖွယ်ရာများကို နောက်ထပ်ရေးတင်ပေးပါမယ်။

#၀င်ငွေခွန်


Address

Yae Kyaw Street
Yangon
11221

Telephone

+959422822623

Website

Alerts

Be the first to know and let us send you an email when Knitric Tax Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Knitric Tax Consultancy:

Share