A Plus Accountancy Academy

A Plus Accountancy Academy ACCA စာရင်းကိုင် သင်တန်းကျောင်း

 # Accounting 🔖 Quiz Time 🔖
09/06/2026

# Accounting

🔖 Quiz Time 🔖



26/05/2026

✨High Low Method (Part2)✨





23/05/2026

✨High Low Method (Part1)✨





ACCA 2027 Transition✨ACCA structure change အတွက်သိထားရမယ့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်✨Accounting field ကို A...
22/05/2026

ACCA 2027 Transition

✨ACCA structure change အတွက်သိထားရမယ့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်

✨Accounting field ကို ACCA မှ လျှောက်လှမ်းလျှင် အခြေခံဖြစ်တဲ့ ACCA foundation level 2,3 မှ ACCA part 1,2,3 ဆိုပြီး အဆင့်ဆင့် တက်ရောက်ရပါတယ်

✨Diploma ရရန် ACCA မှကျင်းပသော exam များကိုexam fee ပေးသွင်း၍ ဖြေဆိုရပါတယ်

✨တချို့က Foundation level မှာဖြေဆိုကြသလို၊တချို့က Foundation level ကို မဖြေပဲ Part 1 ရောက်မှပဲဖြေဆိုကြပါတယ်(exam fee သက်သာသွားခြင်းဖြစ်ပါတယ်)

✨ယခု အဓိက ပြောင်းလဲသွားသည်မှာ 2027 July မှ စ၍ ACCA exam များကို Foundation level မှစ၍ မဖြစ်မနေဖြေဆိုရမည့်အချက်ဖြစ်ပါသည်

✨ဘာသာရပ်ပုံစံမှာလည်းပြောင်းလဲသွားပါသည်။ယခင် Foundation level 2,3 ဟူ၍ မရှိတော့ပဲ Foundation level ပဲ ရှိတော့မည်

✨ယခင် ACCA foundation level 2 တွင် FA1,MA1 ဘာသာရပ်နှစ်ခု၊
Foundation level 3တွင် FA2,MA2 ဟူ၍ဘာသာရပ်နှစ်ခုစီရှိပါသည်

✨စနစ်သစ်မှာ ထို level နှစ်ခုအား Foundation level တစ်ခုတည်းအ‌ဖြစ်ပေါင်းလိုက်ပြီး F1,F2,F3 ဟူ၍ ဘာသာရပ် သုံးမျိုးရှိပုံစံ ပြောင်းလဲလိုက်ပါတယ်

✨စနစ်သစ်၏ ပုံစံအရ 2027 July မှစတင်၍ ACCA Foundation level F1,F2,F3 ဘာသာရပ်သုံးခုအောင်မြင်မှသာ part 1 ကိုဖြေဆိုလို့ ရပါမယ်

✨ထိုအတွက်ကြောင့် ယခုလက်ရှိ ACCA Part 1 ကို ဖြေဆိုဖို့လုပ်နေသူများသည် 2027 July မတိုင်ခင်
ပြီးအောင် ဖြေဆိုထားသင့်သည်

✨မပြီးသေးသူများသည် စနစ်သစ် foundation level paper တစ်ချို့ကိုပြန်လည်ဖြေဆိုရပါမည်

📍ပြန်လည်ဖြေဆိုရမည့် စနစ်သစ် Foundation Level Paper များ

FA1 တစ်ခုတည်း အောင်ထားလျှင် စနစ်သစ်၏ ဘာသာရပ်သုံးခုလုံး ပြန်လည်ဖြေဆိုရမည်

1. စနစ်ဟောင်းမှာ FA1 only passed-စနစ်သစ်မှာ F1,F2,F3 ပြန်ဖြေရပါမယ်

2. MA1 only passed-F1,F3

3. FA1,MA1 passed-F1,F3

4. FA2 only passed- F1,F2,F3

5. MA2 only passed-F1,F2

6. FA2,MA2 passed-F1,F2

7. FA1,FA2 passed-F2,F3

8. MA1,MA2 passed-F1

9. FA1,FA2,MA1,MA2 passed-စနစ်သစ်ရဲ့ Foundation level ကိုပြန်ဖြေစရာမလိုပါ

10. FFA only passed-F2,F3

11. FMA only passed-F1

12. FBT only passed-F1,F2,F3

13.FFA, FMA passed- စနစ်သစ်ရဲ့ Foundation level ကိုပြန်ဖြေစရာမလိုပါ။
Knowledge level(Part1) diploma ရရန် K3(Law), Essential employability module ပဲဆက်ဖြေရပါမယ်

14. FFA,FMA,FBT passed- စနစ်သစ်ရဲ့ Foundation level ကိုပြန်ဖြေစရာမလိုပါ။
Knowledge level(Part1) diploma ရရန် K3(Law) ပဲဆက်ဖြေရပါမယ်

🔖FFA,FMA,FBT သည် ACCA Part 1 မှ ဘာသာရပ်ဖြစ်ပါသည်

✨အပေါ်မှာပြောထား‌သောအချက်များသည် FIA students(ဆယ်တန်းအောင် or G12အောင်လက်မှတ်နှင့် register လုပ်ထားသူများ) အတွက်ပါ

✨ဘွဲ့ရ or ယခင်က LCCI level 3 UK Diploma ရထားသူများက ACCA Qualification အောက်မှာ 2027 June မတိုင်ခင် Register လုပ်ထားဖို့လိုပါမယ်။
ဒါဆိုရင် စနစ်သစ်ရဲ့ Foundation level ကိုပြန်ဖြေစရာမလိုပါ

📍ACCA Qualification transition tool
https://www.accaglobal.com/future-acca-qualification-transition-tool.html

Link မှာလည်း ကိုယ်တိုင်ဝင်စစ်ကြည့်နိုင်ပါတယ်

✨ACCA Transition နဲ့ပတ်သက်တဲ့ updated info များကိုလည်း A Plus Accountancy Academy Page မှာ ဆက်လက်တင်ပေးသွားပါမယ်

Consolidation📍ACCA (FA/FR) ဘာသာရပ်တွေမှာ အမှတ်အများဆုံးပေးထားသလို၊ ကျောင်းသားအများစု အမှားအများဆုံးအပိုင်းက Consolidated...
17/05/2026

Consolidation

📍ACCA (FA/FR) ဘာသာရပ်တွေမှာ အမှတ်အများဆုံးပေးထားသလို၊ ကျောင်းသားအများစု အမှားအများဆုံးအပိုင်းက Consolidated Financial Statements ပဲ ဖြစ်ပါတယ်။

📍ပုစ္ဆာက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ… ဒီ “5-Step Workings” ကို စနစ်တကျ အသုံးပြုနိုင်ရင် ပုစ္ဆာတိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ပါလိမ့်မယ်။ 👇

✨ Step 1: The Group Structure

🔹Parent က Subsidiary ကို ဘယ်နှစ်ရာခိုင်နှုန်း ပိုင်ဆိုင်ထားလဲ?
🔹NCI (%) ဘယ်လောက်ကျန်လဲ?
🔹Acquisition Date (ဝယ်ယူတဲ့ရက်စွဲ) ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။
📌ဒါမှသာ Post-acquisition Period ကို တိတိကျကျ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

💰 Step 2: Net Assets of Subsidiary

🔹Subsidiary ရဲ့ Net Assets @ Acquisition Date နဲ့ Net Assets @ Reporting Date ကို နှိုင်းယှဉ်ပါ။
🔹ဒီနှစ်ခုကြားက Movement ဟာ Post-acquisition Profit/Movement ဖြစ်ပြီး Group Profit allocation အတွက် အရေးကြီးပါတယ်။
📌Net Assets ထဲမှာ —
• Share Capital
• Retained Earnings
• Other Reserves
စတာတွေ ပါဝင်နိုင်ပါတယ်။

✨ Step 3: Goodwill

🔹Consideration transferred + NCI at acquisition မှ…
🔹Subsidiary’s Net Assets @ Acquisition ကို နှုတ်ပါ။
📌ထွက်လာတဲ့ amount ဟာ Goodwill ဖြစ်ပြီး Impairment ရှိ/မရှိ ထပ်စစ်ရပါမယ်။
📌Goodwill ကို Consolidated SOFP တွင် Non-current Asset အဖြစ် ဖော်ပြရပါမယ်။

👥 Step 4: Non-Controlling Interest (NCI)

🔹NCI @ Acquisition ကို အရင်တွက်ပါ။
🔹ပြီးရင် Post-acquisition profits ရဲ့ NCI share (%) ကို ပေါင်းထည့်ပါ။
📌ဒါဟာ Group ထဲမှာ Parent မပိုင်ဆိုင်တဲ့ Equity portion ဖြစ်ပါတယ်။

📈 Step 5: Group Retained Earnings

🔹Parent Company ရဲ့ Retained Earnings 100% ကို အခြေခံယူပါ။
🔹ပြီးရင် Subsidiary ရဲ့ Post-acquisition profits ကို Parent ownership % အတိုင်း ပေါင်းထည့်ပါ။
📌ဒါဟာ Group တစ်ခုလုံးရဲ့ attributable profits ကို ရရှိစေပါတယ်။

💡 Pro-Tip for Exam

Intra-group Trading ရှိပြီး Closing Inventory ကျန်နေသေးရင် Unrealised Profit (URP) adjustment လုပ်ဖို့ မမေ့ပါနဲ့။ URP ကို Inventory ထဲကပြန်နုတ်ရမှာဖြစ်သလို.....

⚡If parent is seller,
➡ URP ကို Group Retained Earnings(Step 5) မှ နှုတ်ပါ။

⚡If subsidiary is seller
➡ URP ကို Subsidiary Net Assets(Step 2) မှ နှုတ်ပါ။
(ဒါမှ NCI share နဲ့ Group Profit allocation မှန်ကန်မှာ ဖြစ်ပါတယ်)

13/05/2026

✨CVP Analysis✨




🔹 𝗔𝗖𝗖𝗔 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀 and 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 တန်းခွဲသစ်များ🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟯🔹 𝗔𝗖𝗖𝗔 𝗣𝗮𝗿𝘁 𝟭 𝗖𝗹𝗮𝘀𝘀👩‍🏫...
11/05/2026

🔹 𝗔𝗖𝗖𝗔 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀 and 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 တန်းခွဲသစ်များ

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮
🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟯
🔹 𝗔𝗖𝗖𝗔 𝗣𝗮𝗿𝘁 𝟭 𝗖𝗹𝗮𝘀𝘀

👩‍🏫 သင်ကြားမည့်ဆရာမ

𝗗𝗮𝘄 𝗠𝗼𝗲 𝗠𝗼𝗲 𝗬𝗲 𝗠𝘆𝗶𝗻𝘁
𝗕.𝗖𝗼𝗺 (𝗛𝗼𝗻𝘀;), 𝗠.𝗖𝗼𝗺 (𝗬𝗨𝗘𝗰𝗼)

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮

✨စာရင်းကိုင်ပညာကို အခြေခံမှစ၍ လေ့လာမည့်သူများ၊
✨𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 & 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 လမ်းကြောင်းကိုလျှောက်လှမ်းမည့်သူများ၊
✨𝗜𝗚𝗖𝗦𝗘 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 တက်ရောက်မည့်သူများ၊ တက်ရောက်ပြီးသူများ၊
✨ပညာအရည်အချင်းအထက်တန်းအဆင့်ရှိသူများ တက်ရောက်နိုင်ပါတယ်။

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 3

𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮 𝗼𝗿 𝗟𝗖𝗖𝗜 𝗟𝗲𝘃𝗲𝗹 𝟭,𝟮 ပြီးထားသူများ တက်ရောက်နိုင်ပါတယ်။

🔹 𝗔𝗖𝗖𝗔 𝗣𝗮𝗿𝘁 𝟭 𝗖𝗹𝗮𝘀𝘀

𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟯 𝗼𝗿 𝗟𝗖𝗖𝗜 𝗟𝗲𝘃𝗲𝗹 𝟯 ပြီးထားသူများ တက်ရောက်နိုင်ပါတယ်။

💻 Online Class သင်ကြားမည့်ပုံစံ

🔸Mon, Wed, Fri တိုင်း Pre recorded video file များကို သက်ဆိုင်ရာ telegram group တွေမှာတင်ပေးသွားပါမယ်
🔸တီချယ်နဲ့တိုက်ရိုက် စာမေးမြန်းဆွေးနွေးနိုင်ရန် အပတ်စဥ် Zoom live Discussion တစ်ချိန်ရှိပါမယ်။

📜 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲

🔸သင်တန်းပြီးဆုံးသွားပါက သင်တန်း 𝗙𝗶𝗻𝗮𝗹 𝗘𝘅𝗮𝗺 စစ်ပါမယ်။
🔸စာမေးပွဲ အောင်မြင်ပါက သင်တန်း 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ထုတ်ပေးပါမယ်။
🔸အပတ်စဥ် 𝗖𝗵𝗮𝗽𝘁𝗲𝗿 𝗘𝗻𝗱 𝗧𝗲𝘀𝘁 များလည်း ပုံမှန်ဖြေဆိုရပါမယ်။

🇬🇧 𝗨𝗞 𝗘𝘅𝗮𝗺

🔸𝗨𝗞 𝗲x𝗮𝗺 ဖြေဆိုရန်အတွက် လိုအပ်သည်များ (𝗔𝗖𝗖𝗔 𝗮𝗰𝗰𝗼𝘂𝗻𝘁 𝗿𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 ပြုလုပ်ခြင်း၊ 𝗨𝗞 𝗘𝘅𝗮𝗺 𝗙𝗲𝗲𝘀 ပေးသွင်းခြင်း) စတာတွေကို သင်တန်းကျောင်းမှ အပြီးအစီး စီစဉ်ပေးပါတယ်။

🔸𝗞𝗮𝗽𝗹𝗮𝗻 𝗞𝗶𝘁, 𝗕𝗣𝗣 𝗞𝗶𝘁, 𝗦𝘁𝘂𝗱𝘆 𝗛𝘂𝗯 တို့ကို အပြည့်အစုံလေ့ကျင့်ပေးပါတယ်။

💳 𝗣𝗮𝘆𝗺𝗲𝗻𝘁 𝗠𝗲𝘁𝗵𝗼𝗱

𝗞𝗕𝗭 𝗽𝗮𝘆, 𝗖𝗕 𝗽𝗮𝘆, 𝗖𝗕 𝗯𝗮𝗻𝗸 𝗮𝗰𝗰𝗼𝘂𝗻𝘁, 𝗔𝗬𝗔 𝗯𝗮𝗻𝗸 𝗮𝗰𝗰𝗼𝘂𝗻𝘁 တို့မှတစ်ဆင့်ငွေလွှဲနိုင်ပါသည်။

✳️ သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။

📞 သင်တန်းအပ်ရန်နှင့် အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
𝗔 𝗣𝗹𝘂𝘀 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 𝗣𝗮𝗴𝗲
☎️ 09 974176967 (Ph, Viber, Telegram)

📍 𝗔𝗱𝗱𝗿𝗲𝘀𝘀

အမှတ် ၂၅၉, ၄ လွှာ, ၁၁ လမ်း, မရမ်းကုန်းမြို့နယ်, ရန်ကုန်။ (ဘုရင့်နောင်လမ်းဆုံနှင့် ဈေးဘူတာမှတ်တိုင်အနီး, သမိုင်းလမ်းဆုံနဲ့ ၃ မှတ်တိုင်အကွာ)

#𝗔𝗣𝗹𝘂𝘀𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆𝗔𝗰𝗮𝗱𝗲𝗺𝘆
#𝗟𝗖𝗖𝗜𝗟𝗲𝘃𝗲𝗹𝟭,𝟮
#𝗔𝗖𝗖𝗔𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝗟𝗲𝘃𝗲𝗹𝟮
#𝗔𝗖𝗖𝗔𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝗟𝗲𝘃𝗲𝗹𝟯
#𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀𝗜𝗻𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆
#𝗔𝗖𝗖𝗔𝗣𝗮𝗿𝘁𝟭
#𝗢𝗻𝗖𝗮𝗺𝗽𝘂𝘀𝗖𝗹𝗮𝘀𝘀
#𝗢𝗻𝗹𝗶𝗻𝗲𝗖𝗹𝗮𝘀𝘀

Limited Liability Companies 🔺🔺ဒီတစ်ပတ်မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာ ကတော့  limited liability companies ပဲ ဖြစ်ပါတယ်။🔷...
01/05/2026

Limited Liability Companies

🔺🔺ဒီတစ်ပတ်မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာ ကတော့ limited liability companies ပဲ ဖြစ်ပါတယ်။

🔷လုပ်ငန်းတွေဟာ ကြီးလာလေလေ လူများစွာ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလိုအပ်လေလေပဲ ဖြစ်ပါတယ်။

🔶ဒါ့ကြောင့်မို့ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေဟာ, အောင်မြင်ပြီး အရွယ်အစားကြီးမားလာတဲ့အခါမှာ limited companies တွေဖြစ်လာရခြင်းပဲ ဖြစ်ပါတယ်။

🔷Limited company တွေမှာဆိုရင် capital ဟာ shares ပါပဲ။

🔶Share တစ်စောင်ချင်းရဲ့ တန်ဖိုးကတော့ company အလိုက်အမျိုးမျိုး ကွဲပြားပါတယ်။

🔷Limited company ရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် အနည်းဆုံး share တစ်စောင်ကနေစပြီး ဝယ်ယူထားဖို့လိုပါတယ်။

🔶Company ရဲ့ နေ့စဥ် operation ပိုင်းကို shareholder (ရှယ်ယာရှင်) က လုပ်ဆောင်စရာမလိုပါဘူး။

🔷Shareholders တွေဟာ company အတွက် directors ရွေးချယ် ပေးဖို့သာ လုပ်ပိုင်ခွင့်ရှိပါတယ်။

🔶 Directors ကနေမှသာ လုပ်ငန်းကို လည်ပတ်ပြီး shareholders တွေဆီကို လုပ်ငန်းအခြေအနေတွေကို report ပြန်တင်ပေးရပါတယ်။

🔷 ဒါကို Separation of Ownership and Control လို့ခေါ်ပါတယ်။

ရှယ်ယာရှင်တွေဟာ လုပ်ငန်းလည်ပတ်မှုမှာ တိုက်ရိုက်မပါဝင်ပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ Voting ပေးပိုင်ခွင့်ရှိပါတယ်။

🔶 ဒီနေရာမှာ limited liability ရဲ့သဘောတရားကိုလည်းသိထားရပါမယ်။

ကုမ္ပဏီ အရှုံးပေါ်လို့ အကြွေးဆပ်ရမယ်ဆိုရင် shareholders တွေဟာ မိမိတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာတန်ဖိုး (Share value) အတိုင်းအတာအထိသာ တာဝန်ရှိပါတယ်။

🔷 မိမိရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု (personal assets) တွေအထိ ထိခိုက်ဆုံးရှုံးမှု မရှိတာကို Limited Liability လို့ ခေါ်ပါတယ်။"

🔶 Shareholders တွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် company ကနေ အမြတ်ဝေစု ရကြပါတယ်။
အမြတ်ဝေစုကို dividend လို့ခေါ်ပါတယ်။

🔷 Shares အမျိုးအစားနှစ်မျိုးရှိပါတယ်။ Preference shares နဲ့ Ordinary shares ပဲဖြစ်ပါတယ်။

1. Preference Shares

Preference shareholders တွေဟာ dividend ခွဲဝေတဲ့အခါမှာ သဘောတူ သတ်မှတ်ထားတဲ့ percentage တစ်ခုကို အမြဲတမ်းရရှိပါတယ်။
Dividend ကို ordinary shareholders တွေမရခင် အရင် ရတဲ့သူတွေ ဖြစ်ပါတယ်။

2. Ordinary Shares

Ordinary shareholders တွေကတော့ Preference shareholders တွေယူပြီးလို့ ကျန်ရှိတဲ့ အမြတ်ဝေစု ကို ရရှိပါတယ်။
Dividend ဘယ်လောက်ပေးမယ်လို့ ပုံသေသတ်မှတ်ချက်မရှိပဲ company ရဲ့အခြေအနေကိုလိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် dividend အနည်း အများကွာခြားနိုင်ပါတယ်။

Ordinary shareholders တွေမှာ Voting Rights ရှိပေမယ့် Preference shareholders တွေမှာအများအားဖြင့်မရှိကြပါ။

🔶 Share capital မှာလည်း အမျိုးအစား (2)မျိုး ရှိပါတယ်။

1. Authorised share capital

Company ကနေ ထုတ်ရောင်းခွင့်ရှိတဲ့ share capital ပဲဖြစ်ပါတယ်။

2. Issued share capital

Company ကနေ အမှန်တစ်ကယ် ထုတ်ရောင်းတဲ့ share capital ပဲဖြစ်ပါတယ်။

🔷 Company တွေဟာ ခွင့်ပြုထားတဲ့ authorised share capital ကိုကျော်ပြီး ထုတ်ရောင်းတာမျိုးတွေမဖြစ်အောင် ရှောင်ရပါမယ်။




Address

No. 259, 4th Floor, 11th Street, Near Bayint Naung Junction & Zay Bu Tar Bus Stop, Mayangone Township
Yangon

Website

Alerts

Be the first to know and let us send you an email when A Plus Accountancy Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Plus Accountancy Academy:

Share