08/09/2025
ကျန်းမာရေးအာမခံ အတွက် တနှစ် 200,000/- ကျော်လောက် ပရီမီယံ သွင်းသွားရတယ်။ ဟုတ်ပြီ ... ၁၀ နှစ် လောက်နေလို့ ဘာမှ မဖြစ်ရင် သွင်းထားတဲ့ ငွေက ပြန်မရဘူး၊ အဲ့တော့ သိန်း ၂၀ ကျော်လောက် အလကား မဖြစ်သွားဘူးလား။
ကိုယ်ဘာမှ မဖြစ်ဘူးဆိုတဲ့ ဘက်က တွေးကြည့်လို့ပါ။
ရုတ်တရက် စဉ်းစားလိုက်ရင်တော့ သူပြောသလို စာဖတ်သူတွေလည်း ထင်မိပါလိမ့်မယ်။ တကယ်တမ်း ဘာမှ မဖြစ်ဘူး ကျန်းမာနေတယ် ဆိုတော့ ... ဒီကာလ အတွင်း အလုပ်ပုံမှန်လုပ်နိုင်လို့ သိန်း ၆၀၀ မက ရှာနိုင်ခဲ့တယ်။ မိသားစု စားဝတ်နေရေး အခြေမပျက် ထောက်ပံ့နိုင်ခဲ့တယ်။
ဒီအနေအထား ကျန်းမာရေးအာမခံ အတွက် တရက် ၇၀၀/- လောက် သုံးလိုက်ရတာက ကိုယ့် Financial ပိုင်းကို မထိခိုက်သွားပါဘူး။
(ပြန်တွက်ကြည့်ကျေးဆိုရင် အင်တာနက်ဖိုး သရေစာ ကွမ်းဖိုးတွေကသာ ပိုများနေပါလိမ့်မယ်။)
(နောက် ၁၀ နှစ် အတွင်း ဘာမှ မဖြစ်ဘူး ကျန်းမာနေပါတယ်လို့ တခြားသူမမေးနဲ့၊ ကိုယ့်မိသားစု တယောက်ယောက်ကို မေးကြည့်လိုက်ရင်တောင် သူလည်း တပ်အပ်မပြောနိုင်ပါဘူး။)
ဖြစ်တဲ့ ဘက်က စဉ်းစားကြည့်ရအောင် -
- တခါလောက်ပဲ ဆေးရုံတက်လိုက်ရရင် ...
ကျန်းမာရေးအာမခံ မထားဘဲ ကိုယ့်ဘာသာ စုထားတဲ့ ငွေနဲ့ လုံလောက်နိုင်ဖို့ မသေချာပါဘူး။
- အကြွေးတောင်တင်သွားနိုင်တယ်။
- အဲ့နောက်ပိုင်းမှ ကျန်းမာရေးအာမခံ ထားမယ်ဆိုရင် တဖက်က လက်ခံဖို့ စဉ်းစားရပါပြီ။
- ကျန်းမာရေးအာမခံ ထားထားတဲ့သူက သိန်း ၅၀ ထိ ဆေးကုသခွင့်ရှိလို့ တော်ရုံတန်ရုံ ပူပန်နေစရာ မလိုတော့ပါဘူး။
ဒါ ပရီမီယံ တရက် ၇၀၀/- လောက်ပဲ သုံးသေးတာ။
တရက် ၁,၀၀၀/- ကျော် လောက် သုံးထားရင်
ဆေးရုံစရိတ် တွေအတွက် သိန်း ၁၀၀ အထိ စိတ်အေးရလိမ့်မယ်။
ဆေးရုံကို ပိုက်ဆံမပေးချင်ဘူး ဆိုရင်
ကိုယ့်ကိုယ်စား ရှင်းပေးမယ့်သူကို ရှာထားဖို့ လိုတယ်။
Crd
#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး