Insurance By Kay-Made With Love

Directions

Insurance By Kay-Made With Love Financial Services Consultant
AIA Myanmar
Life & Health INSURANCE

ပျော်ရွှင်စရာ သီတင်းကျွတ်ပါ။🪔 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ရွှင်လန်းပါစေ။သီတင်းကျွတ် ဆီမီးရောင်များလိုပဲ စိတ်၏ချမ်းသာခြင်း၊...
25/10/2026

ပျော်ရွှင်စရာ သီတင်းကျွတ်ပါ။

🪔 ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ရွှင်လန်းပါစေ။
သီတင်းကျွတ် ဆီမီးရောင်များလိုပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ စိတ်ချမ်းမြေ့စရာ အချိန်ကောင်းများကို ပိုင်ဆိုင်နိုင်ပါစေ။
💼 စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေ။
စီးပွားရေးလုပ်ငန်းမှန်သမျှ အောင်မြင်ဖြစ်ထွန်းပြီး လာဘ်လာဘများ ဒီရေအလား တိုးတက်ပွားများပါစေ။
🌟 ရည်မှန်းချက်များ အားလုံး ပြည့်ဝပါစေ။
ကြိုးပမ်းနေသော မင်္ဂလာရှိသော လမ်းကြောင်းတိုင်းမှာ အောင်မြင်မှု သီးပွင့်များ ဝေဆာပြီး၊ တောင်းဆုဟူသမျှ အမြန်ဆုံး ပြည့်ဝစုံလင်ပါစေကြောင်း Insurance by Kay မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ


25/10/2026

#ငွေစုထားနိုင်ရင်အာမခံမလိုဘူးလို့သင်လည်းယုံကြည်ထားလား။

Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

❤️ကျမရဲ့ကိုယ်ပိုင်logo လေးဒီနေ့ရခဲ့ပြီ❤️ကိုယ်ချစ်ရသူတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံ (Health & Life Insurance) ကနေ ကားအာ...
24/10/2026

❤️ကျမရဲ့ကိုယ်ပိုင်logo လေးဒီနေ့ရခဲ့ပြီ❤️

ကိုယ်ချစ်ရသူတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံ (Health & Life Insurance) ကနေ ကားအာမခံ၊ အိမ်အာမခံ၊ ခရီးသွားအာမခံနဲ့ အခြား General Insurance အမျိုးအစားတွေအထိ လိုအပ်ချက်နဲ့ သင့်တော်မယ့် အကာအကွယ်တွေကို စနစ်တကျ ဆွေးနွေးတိုင်ပင်ပြီး စီစဉ်ပေးသွားမှာပါ။

အာမခံဆိုတာ ကြိုမသိနိုင်ပဲပေါ်လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ကိုယ်တန်ဖိုးထားရတဲ့အရာတွေကို ဂရုစိုက်ကာကွယ်ထားခြင်းပါပဲ။

Insurance by Kay မှာ အာမခံဆိုတဲ့ ဝန်ဆောင်မှုတစ်ခုထက်ပိုပြီး ယုံကြည်မှု၊ စေတနာနဲ့ မေတ္တာကိုပါ အတူတကွ ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။

Insurance by Kay — Made With Love ဆိုတာ

ကိုယ်ချစ်ခင်ရသူတွေအတွက် အကာအကွယ်ကောင်းတွေကို မေတ္တာနဲ့အတူ စီစဉ်ပေးနိုင်ဖို့ပါ။

Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

“သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဘယ်လိုဂါရဝပြု လက်ဆောင်နဲ့ကန်တော့ဖို့စဉ်းစားထားတာလဲ”အဝတ်အစားလား…စားစရာလား…ဒါမှမဟုတ် ငွေကြ...
24/10/2026

“သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဘယ်လိုဂါရဝပြု လက်ဆောင်နဲ့ကန်တော့ဖို့စဉ်းစားထားတာလဲ”

အဝတ်အစားလား…
စားစရာလား…
ဒါမှမဟုတ် ငွေကြေးနဲ့ကန်တော့မလား…

ကျမကတော့ ဒီနှစ် သီတင်းကျွတ်မှာ
မိဘတွေကို ပစ္စည်းတစ်ခုထက် ပိုတန်ဖိုးရှိတဲ့အရာလေး ပေးဖို့အကြံပြုချင်ပါတယ်

အဲ့ဒါကတော့…

“ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ပေးထားတဲ့ အစီအစဉ်လေးတစ်ခုပါ။”

သီတင်းကျွတ်ဆိုတာ
မိဘတွေ၊ ဆရာသမားတွေ ကိုတန်ဖိုးထားရတဲ့လေးစားရသူတွေကို ကန်တော့ကြတဲ့အချိန်အခါသမရလေးဖြစ်ပါတယ်။

တစ်နှစ်မှာ တစ်ခါဂါရဝလက်ဆောင်တွေနဲ့ကန်တော့တာတွေကလည်း ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းလမ်းတွေပါပဲ။

ဒါပေမယ့် ကျမတို့ရဲ့ မိဘတွေ အသက်ကြီးလာတာနဲ့အမျှ
တကယ်လိုအပ်လာတာက
ပစ္စည်းလက်ဆောင်တွေထက် ကျန်းမာရေးအတွက် အကာအကွယ်နဲ့ ကြိုတင်စီစဉ်ထားမှု ဖြစ်လာတတ်တယ်။

ဥပမာ—

မိဘတွေ နေမကောင်းဖြစ်လာတဲ့အခါ
“ဆေးရုံတက်ရရင် ဘယ်လောက်ကုန်မလဲ…”
“ဒီကုန်ကျစရိတ်ကို ဘယ်လိုဖြေရှင်းမလဲ…”
ဆိုပြီး သားသမီးတွေ စိတ်ပူရတာမျိုး မဖြစ်စေချင်ဘူး။

ဒါကြောင့် ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့
မိဘတွေရဲ့ ကျန်းမာရေးအတွက် အစီအစဉ်လေးတစ်ခု ကြိုစီစဉ်ပေးထားမယ်ဆိုရင်—

အဲ့ဒါဟာ သီတင်းကျွတ်မှာ ကန်တော့တဲ့ လက်ဆောင်တစ်ခုထက်ပိုပြီး
“သားသမီးတစ်ယောက်ရဲ့ မေတ္တာနဲ့ တာဝန်ယူမှု” လို့ ကျမမြင်တယ်။

ပြီးတော့ မိဘတွေကို ကန်တော့တဲ့အခါ
“အမေ… အဖေ… ဒီနှစ် သား/သမီးက လက်ဆောင်အနေနဲ့ ဒါလေးပေးချင်တယ်” လို့ ပြောမယ့်အစား—

“အမေတို့ အဖေတို့ ကျန်းမာရေးကောင်းကောင်းနဲ့ အကြာကြီးနေစေချင်လို့ ဒီအစီအစဉ်လေး ကြိုလုပ်ပေးထားတာပါ”

လို့ ပြောနိုင်ရင်…

အဲ့ဒီစကားလေးက မိဘတွေအတွက်
တန်ဖိုးရှိမယ်လို့ ကျမထင်တယ်။

ဒီသီတင်းကျွတ်မှာ
မိဘတွေကို ဘာပေးရမလဲ စဉ်းစားနေတယ်ဆိုရင်…

လက်ဆောင်တစ်ခုအနေနဲ့ပဲ မစဉ်းစားဘဲ
မိဘတွေရဲ့ အနာဂတ်ကျန်းမာရေးအတွက် ဘာတွေကြိုလုပ်ပေးနိုင်မလဲဆိုတာလည်း စဉ်းစားကြည့်ပါနော်။

ဘာလို့လဲဆိုတော့—

ပစ္စည်းတွေက တစ်နေ့ပျက်သွားနိုင်ပေမယ့်
ကိုယ့်မိဘတွေအတွက် ကြိုစီစဉ်ပေးထားတဲ့ မေတ္တာကတော့ အဓိပ္ပါယ်မပျောက်ဘူးလေ။

သီတင်းကျွတ်မှာ မိဘတွေကို ကန်တော့ကြတဲ့အခါ
ပစ္စည်းလက်ဆောင်လေးနဲ့အတူ
ကျန်းမာရေးအတွက် အစီအစဉ်လေးတစ်ခုပါ လက်ဆောင်ပေးကြရအောင်နော်။ ❤️

Don’t copy, please share!

Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

23/10/2026

တစ်နေ့က Client တစ်ယောက်က ကျွန်မကို မေးတယ်။
“အမဆိုရင်ရော ဘာလို့ အသက်အာမခံထားတာလဲ” တဲ့။

Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

အလင်းရောင်တွေ အတောက်ပဆုံး ထွန်းလင်းနေတဲ့ သီတင်းကျွတ်ညဆိုတာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့အချိန်လေ...
22/10/2026

အလင်းရောင်တွေ အတောက်ပဆုံး ထွန်းလင်းနေတဲ့ သီတင်းကျွတ်ညဆိုတာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့အချိန်လေးပဲ မဟုတ်လား...

ဒီလိုနွေးထွေးတဲ့ သီတင်းကျွတ်အချိန်အခါမှာ ချစ်ရသူတွေနဲ့ ပျော်ရွှင်၊ ကျန်းမာစွာဖြတ်သန်းနိုင်စေဖို့နဲ့ အမြဲအမှတ်တရဖြစ်နေစေဖို့ AIA Myanmar ရဲ့ RUBY Club Member များနဲ့ မိတ်ဖက်များအတွက် လက်ဆောင်တစ်ခုထက်သာလွန်တဲ့ အမှတ်တရလက်‌ဆောင်လေးတွေကို ဖန်တီး၊ ပြုလုပ်ထားပါတယ်။

လက်ဆောင်ဘူးထဲမှာပါတဲ့ မြေအိုးဆီမီးခွက်လေးဟာ ရှမ်းပြည်နယ်၊ အင်းလေးဒေသအနီးက လက်မှုပညာရှင်တွေရဲ့ လက်ရာမြောက်တဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ လက်မှုအနုပညာရဲ့ တန်ဖိုးနဲ့ အလှတရားကို ထင်ဟပ်စေတဲ့အပြင် ဒေသခံလက်မှုပညာရှင်များရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေပါတယ်။

သဘာဝပစ္စည်းများနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ရနံ့သင်းသင်း ဖယောင်းတိုင်လေးတွေကတော့ သီတင်းကျွတ်ညရဲ့ နွေးထွေးမှုအငွေ့အသက်ကို ပိုမိုပြည့်စုံစေပြီး မိသားစုနဲ့အတူ စိတ်အပန်းဖြေ အနားယူနိုင်စေမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး... ချစ်ရသူတွေနဲ့အတူ ကျန်းမာ၊ ပျော်ရွှင်ဖွယ်အချိန်လေးတွေ ဖန်တီးနိုင်ဖို့ RETHINK HEALTHY Fun Challenge ကတ်ဂိမ်းကိုလည်း ထည့်သွင်းပေးထားတာကြောင့် ပိတ်ရက်မှာ ဂိမ်းကစားရင်း ကျန်းမာတဲ့ အလေ့အကျင့်ကောင်းများနဲ့အတူ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာပါ။

AIA Myanmar အနေနဲ့ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိစေဖို့ ဖော်ဆောင်ရာမှာ တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းများအထိ အစဉ်အမြဲ ဦးစားပေး၊ လုပ်ဆောင်လျက်ရှိတာကြောင့် ဒီသီတင်းကျွတ်မှာလည်း ချစ်ရသူတွေနဲ့အတူ ဆီမီးအလင်းရောင်ရဲ့ နွေးထွေးမှုကို ခံစားရင်း ပျော်ရွှင်မှုတွေ မျှဝေကာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

19/10/2026

“အာမခံထားချင်တယ်…
ဒါပေမဲ့ အာမခံအမျိုးအစားတွေက အများကြီးပဲ။
ဘယ်အာမခံကိုစီစဉ်ရမလဲမသိတော့ဘူးဆိုတဲ့မိတ်ဆွေများဒီ Video ကိုကြည့်ပါ။”

အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

"ရောဂါမဖြစ်ခင် ဝယ်ရင် သက်သာတယ်" ဒီနေ့ ကျန်းမာနေလို့ မနက်ဖြန်အတွက် ကြိုတင်မပြင်ဆင်ထားသင့်ဘူးလား?လူအများစုက ကျန်းမာနေတဲ့အခ...
16/10/2026

"ရောဂါမဖြစ်ခင် ဝယ်ရင် သက်သာတယ်"
ဒီနေ့ ကျန်းမာနေလို့ မနက်ဖြန်အတွက် ကြိုတင်မပြင်ဆင်ထားသင့်ဘူးလား?

လူအများစုက ကျန်းမာနေတဲ့အချိန်မှာ ဆေးကုသစရိတ်အတွက် စိတ်ပူလေ့မရှိကြပါဘူး။ ရောဂါတစ်ခုခုဖြစ်လာမှသာ အာမခံထားဖို့ စဉ်းစားတတ်ကြပါတယ်။
ဒါပေမဲ့ အာမခံဆိုတာ ရောဂါဖြစ်မှ ဝယ်ယူဖို့ စဉ်းစားရတဲ့အရာမဟုတ်ဘဲ၊ ကျန်းမာနေစဉ်ကတည်းက ကိုယ့်အနာဂတ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားရတဲ့အရာပါ။

ဘာကြောင့် ကျန်းမာနေစဉ် အာမခံထားသင့်တာလဲ။
🔹 ၁။ ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်နိုင်ခြင်း
🔹 ၂။ အာမခံကြေး သက်သာနိုင်ခြင်း
🔹 ၃။ ရောဂါဖြစ်ပြီးမှ အာမခံထားဖို့ မလွယ်ကူနိုင်ခြင်း
🔹 ၄။ ကိုယ့်မိသားစုရဲ့ ငွေကြေးအနာဂတ်ကို ကာကွယ်နိုင်ခြင်း

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ အာမခံထားရှိခြင်းဟာ ငွေကုန်ကျမှုတစ်ခုတည်း မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် စိတ်အေးချမ်းမှုနဲ့ ငွေကြေးလုံခြုံမှုကို ကြိုတင်တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီနေ့ ကျန်းမာနေတာက ကိုယ့်ရဲ့အားသာချက်ပါ။ အဲ့ဒီအားသာချက်ကို အသုံးချပြီး မနက်ဖြန်အတွက် ဒီနေ့ကတည်းက ပြင်ဆင်ထားလိုက်ပါ။

အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

အာမခံဝယ်ထားပြီးပြီဆိုရင် ပရီမီယံပေးသွင်းရမယ့်ရက်ကိုလည်း သတိထားဖို့ လိုပါတယ်။ ⏰ပေးသွင်းရက်ကျော်သွားတဲ့အခါ အကျိုးခံစားခွင့...
16/10/2026

အာမခံဝယ်ထားပြီးပြီဆိုရင် ပရီမီယံပေးသွင်းရမယ့်ရက်ကိုလည်း သတိထားဖို့ လိုပါတယ်။ ⏰

ပေးသွင်းရက်ကျော်သွားတဲ့အခါ အကျိုးခံစားခွင့်နဲ့ ပေါ်လစီအခြေအနေက စာချုပ်စည်းကမ်းတွေပေါ် မူတည်နိုင်ပါတယ်။

ဒါကြောင့်ကိုယ့်ပေါ်လစီရဲ့ ပေးသွင်းရက်နဲ့ သက်တမ်းဆက်လက်တည်ရှိဖို့ လိုအပ်ချက်တွေကို ကြိုသိထားဖို့လိုအပ်ပါတယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE

#ကျန်းမာရေးအာမခံ

#အသက်အာမခံ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Insurance By Kay-Made With Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby accountants