James Thet Tun - Licensed Insurance Agent & Financial Advisor

James Thet Tun - Licensed Insurance Agent & Financial Advisor Life Insurance and General Insurance Agent

💰အကောင်းဆုံး ငွေစုနည်း💰စုဆောင်းတတ်တဲ့သူတွေကို လေ့လာကြည့်ပါ။ အများစုဟာ မိသားစုကို ချစ်ကြတာ တွေ့ပါလိမ့်မယ်။ ဒီလိုပြောလို့ ...
22/11/2020

💰အကောင်းဆုံး ငွေစုနည်း💰

စုဆောင်းတတ်တဲ့သူတွေကို လေ့လာကြည့်ပါ။ အများစုဟာ မိသားစုကို ချစ်ကြတာ တွေ့ပါလိမ့်မယ်။ ဒီလိုပြောလို့ ဝင်ငွေအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ငွေမစုနိုင်သူတချို့လည်း ရှိကောင်း ရှိနေတာကြောင့်မို့ အဲဒီသူတွေကို စော်ကားလိုခြင်း အလျဉ်းမရှိပါ။

အတိအကျ ပြန်ပြောရရင်တော့ လူတိုင်း ငွေမစုတတ်ပေမယ့် ငွေကို စုဆောင်းတတ်သူတိုင်းကတော့ မိသားစုကို ချစ်မြတ်နိုးကြတာ အတိအကျ တွေ့ရပါတယ်။ သားသမီးရှင်ပြုဖို့၊ ကျောင်းထားဖို့၊ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့၊ ဇနီးမယားကို လက်ဝတ်ရတနာဆင်ဖို့ စတဲ့ ငွေစုဖို့အတွက် မရေမတွက်နိုင်သော အကြောင်းပြချက်တွေမှာ မိသားစုနှင့် စပ်ဆိုင်တဲ့ ကိစ္စရပ်တွေက ကြီးစိုးနေပါလိမ့်မယ်။ ငွေကို မစုဆောင်းတတ်ပေမယ့်လည်း မိသားစုကို ချစ်တဲ့အခြားသူတွေလည်း အများကြီး ရှိနေတာကြောင့် အကောင်းဆုံး ငွေစုနည်းကို ပြောပြချင်ပါတယ်။

ငွေမစုတတ်ရင် အာမခံထားပါဆိုတာ။ အာမခံကိုယ်စားလှယ်တွေရဲ့၊ တနည်း အာမခံလောကရဲ့ လက်သုံး စကား တစ်ခွန်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ အသက်အာမခံထားတယ်ဆိုတာဟာ ငွေစုတာနဲ့ အလားသဏ္ဍာန်တူပါတယ်။

နှစ်အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး အာမခံကုမ္ပဏီကို လစဉ်ငွေပေးသွင်းရတာ ဖြစ်ပါတယ်။ နှစ်အပိုင်းအခြားဆိုရာမှာ တစ်သက်တာလုံးလည်း ထားလို့ရပါတယ်။ ကိုယ့်ရဲ့ သေဆုံးမှုပေါ် အမှီပြုပြီး ရရှိလာတဲ့ အာမခံငွေ ကြေးကို ကိုယ်ချစ်ခင်မြတ်နိုးသူအတွက် ချန်ထားရစ်တဲ့ အလေ့အကျင့်ပါ။ ရလိုမှုမပါဘဲ ပေးဆပ်မှုသက်သက် ချစ်ခြင်းလို့တောင် ဆိုနိုင်ပါတယ်။

တကယ်တော့ အာမခံထားတာဟာ အကောင်းဆုံး ငွေစုနည်းတနည်းပါ။ တခြားတခြားသော ငွေစုနည်းများ ထက်သာလွန်တဲ့အချက်က ကျွနု်ပ်တို့မှန်းထားတဲ့၊ ရောက်ရှိလိုတဲ့ ပန်းတိုင်ကို မဖြစ်မနေ ရောက်ရှိတဲ့ ငွေစုနည်း ဖြစ်လို့ပါ။

နားရှုပ်စရာ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ငွေကျပ် သိန်း ၁၀၀ ကို ၉ နှစ်အတွင်း စုနိုင်ရန် ရည်မှန်းပြီး အသက်အာမခံတစ်ခုကို ဝယ်ယူခဲ့တယ်လို့ ဆိုကြပါစို့။ သင့်အနေနဲ့ ထိုငွေစုနေစဉ် တစ်နှစ်လောက်အတွင်းမှာ ဆိုးရွားတဲ့ ကံကြမ္မာကြောင့် ကွယ်လွန်ဆုံးပါးခဲ့မယ်ဆိုရင်တောင် သင့်ရည်မှန်းချက် ပျက်ပြားဖို့ မရှိပါဘူး။ အသက်အာမခံအရ အကျုံးဝင်လျော်ကြေး သိန်း ၁၀၀ ကို ရည်မှန်းထားတဲ့ ချစ်ခင်တဲ့သူဆီကို လွှဲပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်သာ တခြားငွေစုနည်းတစ်ခုခုဖြစ်တဲ့ ဘဏ်စာအုပ်ထဲကို လစဉ် ကျပ် ၁ သိန်း သွင်းတာဖြစ်ဖြစ်၊ ကုတင်အောက်က မီးခံသေတ္တာထဲကို ပိုက်ဆံထည့်တာပဲ ဖြစ်ဖြစ် လုပ်ခဲ့တယ်ဆိုရင်တော့ ကံကြမ္မာဆိုးသာ ကြုံတွေ့ခဲ့ရင် သင်ရောက်ရှိတဲ့လအထိ စုဆောင်းပြီးသမျှပဲ အဖတ်တင်မှာ ဖြစ်တာကြောင့် သင့်ရည်မှန်းချက်ဆီ မရောက်နိုင်ပါဘူး။ ဒါက အာမခံထားခြင်းဟာ အကောင်းဆုံး ငွေစုနည်းဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။

ဘဏ်ထဲမှာ ဒါမှမဟုတ် တစ်နေရာရာမှာ ငွေစုလိုက်တိုင်း ပြန်ထုတ်သုံးမိသူတွေ ရှိနေပါတယ်။ သူတို့ထဲက အများစုဟာ လက်လွယ်တဲ့သူ၊ သူတပါးကို ကူညီတတ်သူ၊ ဒါမှမဟုတ်လည်း ဖိအားကို မလွန်ဆန်နိုင်တဲ့သူ၊ ယာယီဖြစ်ချင်စိတ်တစ်ခုကို မထိန်းချုပ်နိုင်သူတွေ ဖြစ်တတ်ပါတယ်။ သူတို့အတွက်လည်း အာမခံဟာ အလွန်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။

မဖြစ်မနေ ပုံမှန်ဖြည့်သွင်းရပေမယ့် အလွယ်တကူ ပြန်လည်ထုတ်ယူလို့ရတဲ့ အခြေအနေမရှိဘဲ သတ်မှတ်ထားတဲ့ အပိုင်းအခြားတစ်ခုရောက်အောင် စောင့်ဆိုင်းပြီးမှ ထုတ်ယူလို့ရတဲ့ တနည်းဆိုရရင် သတ်မှတ် ရည်မှန်းချက် ပြည့်မှ ထုတ်နိုင်မှာ ဖြစ်တာကြောင့် စိတ်မခိုင်တဲ့သူတွေအတွက်လည်း အာမခံထားခြင်းဟာ သိပ်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။

ငွေမစုတတ်တဲ့ လူတွေထဲမှာ နောက်တစ်မျိုးရှိပါသေးတယ်။ ဘယ်တော့မှ လက်ထဲမှာ မရှိ၊ ဝင်ငွေ၊ ထွက်ငွေမမျှလို့ ထင်နေတဲ့သူတွေပါ။ ဒါပေမယ့် စားစရာမရှိ၊ လျော်စရာရှိဆိုတဲ့စကားက သူတို့နဲ့ အံကိုက်ပါ။ ကိစ္စကြီးတွေဖြစ်လာရင် ကြုံရာကနေ ဆွဲလွဲ ဖြေရှင်းရင်းနဲ့ ဝင်ငွေ ထွက်ငွေ မမျှ ဖြစ်တတ်တဲ့သူတွေပါ။ ဝင်ငွေ ထက် ထွက်ငွေက ၂ ဆလောက် ဖြစ်နေတတ်ပါတယ်။

ဆိုတော့ သူတို့အတွက် ထွက်ငွေ အနည်းငယ်ပိုတာက တကယ်တမ်းတော့ ဖိအားမဟုတ်ပါဘူး။ အမြဲတမ်း ပေးရမယ့်နေရာ တစ်နေရာရာ ရှိနေတာကြောင့်သာ သူတို့ဝင်ငွေကို လက်ထဲမှာ ကြာကြာထိန်းသိမ်းဖို့တာ ခက်တာပါ။ ဒါကြောင့် အာမခံတစ်ခု ဝယ်ယူပြီး ပုံမှန်ငွေသွင်းဖို့ သူတို့မှာ အခက်အခဲ မရှိလှပါဘူး။ ချေးငွေယူပြီး ပြန်ဆပ်သလိုပါပဲ။ သူတို့အတွက်လည်း အာမခံဟာ အလွန်သင့်တော်တဲ့ ငွေစုနည်းတစ်ခုပါ။

နောက်တစ်ချက်ကတော့ အသက်အာမခံလို အာမခံကို ဝယ်ယူတာဟာ အတိုးရပါတယ်။ သိန်း ၁၀၀ တန် အသက်အာမခံတစ်ခုအတွက် ပြန်ရငွေဟာ စုဆောင်းငွေထက်များနိုင်ပါတယ်။ ဒါကြောင့် အာမခံဟာ အဘက်ဘက်က ပြည့်စုံနေတဲ့ ငွေစုနည်းတစ်ခုပါ။

အဲဒီတော့ သင်ငွေစုပြီးပြီလား။ မစုရသေးဘူးဆိုရင် အာမခံသာ ဝယ်လိုက်ပါ။

Myanmar Insurance News
အယ်ဒီတာ့စကား



💰အေကာင္းဆံုး ေငြစုနည္း💰

စုေဆာင္းတတ္တဲ့သူေတြကို ေလ့လာၾကည့္ပါ။ အမ်ားစုဟာ မိသားစုကို ခ်စ္ၾကတာ ေတြ႕ပါလိမ့္မယ္။ ဒီလိုေျပာလို႔ ဝင္ေငြအေျခအေနအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေငြမစုႏိုင္သူတခ်ိဳ႕လည္း ရွိေကာင္း ရွိေနတာေၾကာင့္မို႔ အဲဒီသူေတြကို ေစာ္ကားလိုျခင္း အလ်ဥ္းမရွိပါ။

အတိအက် ျပန္ေျပာရရင္ေတာ့ လူတိုင္း ေငြမစုတတ္ေပမယ့္ ေငြကို စုေဆာင္းတတ္သူတိုင္းကေတာ့ မိသားစုကို ခ်စ္ျမတ္ႏိုးၾကတာ အတိအက် ေတြ႕ရပါတယ္။ သားသမီးရွင္ျပဳဖို႔၊ ေက်ာင္းထားဖို႔၊ အိမ္ဝယ္ဖို႔၊ ကားဝယ္ဖို႔၊ ဇနီးမယားကို လက္ဝတ္ရတနာဆင္ဖို႔ စတဲ့ ေငြစုဖို႔အတြက္ မေရမတြက္ႏိုင္ေသာ အေၾကာင္းျပခ်က္ေတြမွာ မိသားစုႏွင့္ စပ္ဆိုင္တဲ့ ကိစၥရပ္ေတြက ႀကီးစိုးေနပါလိမ့္မယ္။ ေငြကို မစုေဆာင္းတတ္ေပမယ့္လည္း မိသားစုကို ခ်စ္တဲ့အျခားသူေတြလည္း အမ်ားႀကီး ရွိေနတာေၾကာင့္ အေကာင္းဆုံး ေငြစုနည္းကို ေျပာျပခ်င္ပါတယ္။

ေငြမစုတတ္ရင္ အာမခံထားပါဆိုတာ။ အာမခံကိုယ္စားလွယ္ေတြရဲ႕၊ တနည္း အာမခံေလာကရဲ႕ လက္သုံး စကား တစ္ခြန္းျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ အသက္အာမခံထားတယ္ဆိုတာဟာ ေငြစုတာနဲ႔ အလားသ႑ာန္တူပါတယ္။

ႏွစ္အပိုင္းအျခားတစ္ခု သတ္မွတ္ၿပီး အာမခံကုမၸဏီကို လစဥ္ေငြေပးသြင္းရတာ ျဖစ္ပါတယ္။ ႏွစ္အပိုင္းအျခားဆိုရာမွာ တစ္သက္တာလုံးလည္း ထားလို႔ရပါတယ္။ ကိုယ့္ရဲ႕ ေသဆုံးမႈေပၚ အမွီျပဳၿပီး ရရွိလာတဲ့ အာမခံေငြ ေၾကးကို ကိုယ္ခ်စ္ခင္ျမတ္ႏိုးသူအတြက္ ခ်န္ထားရစ္တဲ့ အေလ့အက်င့္ပါ။ ရလိုမႈမပါဘဲ ေပးဆပ္မႈသက္သက္ ခ်စ္ျခင္းလို႔ေတာင္ ဆိုႏိုင္ပါတယ္။

တကယ္ေတာ့ အာမခံထားတာဟာ အေကာင္းဆုံး ေငြစုနည္းတနည္းပါ။ တျခားတျခားေသာ ေငြစုနည္းမ်ား ထက္သာလြန္တဲ့အခ်က္က ကြၽႏု္ပ္တို႔မွန္းထားတဲ့၊ ေရာက္ရွိလိုတဲ့ ပန္းတိုင္ကို မျဖစ္မေန ေရာက္ရွိတဲ့ ေငြစုနည္း ျဖစ္လို႔ပါ။

နားရႈပ္စရာ ျဖစ္ႏိုင္ပါတယ္။ သင့္အေနနဲ႔ ေငြက်ပ္ သိန္း ၁၀၀ ကို ၉ ႏွစ္အတြင္း စုႏိုင္ရန္ ရည္မွန္းၿပီး အသက္အာမခံတစ္ခုကို ဝယ္ယူခဲ့တယ္လို႔ ဆိုၾကပါစို႔။ သင့္အေနနဲ႔ ထိုေငြစုေနစဥ္ တစ္ႏွစ္ေလာက္အတြင္းမွာ ဆိုး႐ြားတဲ့ ကံၾကမၼာေၾကာင့္ ကြယ္လြန္ဆုံးပါးခဲ့မယ္ဆိုရင္ေတာင္ သင့္ရည္မွန္းခ်က္ ပ်က္ျပားဖို႔ မရွိပါဘူး။ အသက္အာမခံအရ အက်ဳံးဝင္ေလ်ာ္ေၾကး သိန္း ၁၀၀ ကို ရည္မွန္းထားတဲ့ ခ်စ္ခင္တဲ့သူဆီကို လႊဲေပးမွာ ျဖစ္ပါတယ္။

တကယ္လို႔ သင္သာ တျခားေငြစုနည္းတစ္ခုခုျဖစ္တဲ့ ဘဏ္စာအုပ္ထဲကို လစဥ္ က်ပ္ ၁ သိန္း သြင္းတာျဖစ္ျဖစ္၊ ကုတင္ေအာက္က မီးခံေသတၱာထဲကို ပိုက္ဆံထည့္တာပဲ ျဖစ္ျဖစ္ လုပ္ခဲ့တယ္ဆိုရင္ေတာ့ ကံၾကမၼာဆိုးသာ ႀကဳံေတြ႕ခဲ့ရင္ သင္ေရာက္ရွိတဲ့လအထိ စုေဆာင္းၿပီးသမွ်ပဲ အဖတ္တင္မွာ ျဖစ္တာေၾကာင့္ သင့္ရည္မွန္းခ်က္ဆီ မေရာက္ႏိုင္ပါဘူး။ ဒါက အာမခံထားျခင္းဟာ အေကာင္းဆုံး ေငြစုနည္းျဖစ္ေစတဲ့ အေၾကာင္းရင္းတစ္ခုပါ။

ဘဏ္ထဲမွာ ဒါမွမဟုတ္ တစ္ေနရာရာမွာ ေငြစုလိုက္တိုင္း ျပန္ထုတ္သုံးမိသူေတြ ရွိေနပါတယ္။ သူတို႔ထဲက အမ်ားစုဟာ လက္လြယ္တဲ့သူ၊ သူတပါးကို ကူညီတတ္သူ၊ ဒါမွမဟုတ္လည္း ဖိအားကို မလြန္ဆန္ႏိုင္တဲ့သူ၊ ယာယီျဖစ္ခ်င္စိတ္တစ္ခုကို မထိန္းခ်ဳပ္ႏိုင္သူေတြ ျဖစ္တတ္ပါတယ္။ သူတို႔အတြက္လည္း အာမခံဟာ အလြန္ေကာင္းတဲ့ နည္းလမ္းတစ္ခုပါ။

မျဖစ္မေန ပုံမွန္ျဖည့္သြင္းရေပမယ့္ အလြယ္တကူ ျပန္လည္ထုတ္ယူလို႔ရတဲ့ အေျခအေနမရွိဘဲ သတ္မွတ္ထားတဲ့ အပိုင္းအျခားတစ္ခုေရာက္ေအာင္ ေစာင့္ဆိုင္းၿပီးမွ ထုတ္ယူလို႔ရတဲ့ တနည္းဆိုရရင္ သတ္မွတ္ ရည္မွန္းခ်က္ ျပည့္မွ ထုတ္ႏိုင္မွာ ျဖစ္တာေၾကာင့္ စိတ္မခိုင္တဲ့သူေတြအတြက္လည္း အာမခံထားျခင္းဟာ သိပ္ေကာင္းတဲ့ နည္းလမ္းတစ္ခုပါ။

ေငြမစုတတ္တဲ့ လူေတြထဲမွာ ေနာက္တစ္မ်ိဳးရွိပါေသးတယ္။ ဘယ္ေတာ့မွ လက္ထဲမွာ မရွိ၊ ဝင္ေငြ၊ ထြက္ေငြမမွ်လို႔ ထင္ေနတဲ့သူေတြပါ။ ဒါေပမယ့္ စားစရာမရွိ၊ ေလ်ာ္စရာရွိဆိုတဲ့စကားက သူတို႔နဲ႔ အံကိုက္ပါ။ ကိစၥႀကီးေတြျဖစ္လာရင္ ႀကဳံရာကေန ဆြဲလြဲ ေျဖရွင္းရင္းနဲ႔ ဝင္ေငြ ထြက္ေငြ မမွ် ျဖစ္တတ္တဲ့သူေတြပါ။ ဝင္ေငြ ထက္ ထြက္ေငြက ၂ ဆေလာက္ ျဖစ္ေနတတ္ပါတယ္။

ဆိုေတာ့ သူတို႔အတြက္ ထြက္ေငြ အနည္းငယ္ပိုတာက တကယ္တမ္းေတာ့ ဖိအားမဟုတ္ပါဘူး။ အၿမဲတမ္း ေပးရမယ့္ေနရာ တစ္ေနရာရာ ရွိေနတာေၾကာင့္သာ သူတို႔ဝင္ေငြကို လက္ထဲမွာ ၾကာၾကာထိန္းသိမ္းဖို႔တာ ခက္တာပါ။ ဒါေၾကာင့္ အာမခံတစ္ခု ဝယ္ယူၿပီး ပုံမွန္ေငြသြင္းဖို႔ သူတို႔မွာ အခက္အခဲ မရွိလွပါဘူး။ ေခ်းေငြယူၿပီး ျပန္ဆပ္သလိုပါပဲ။ သူတို႔အတြက္လည္း အာမခံဟာ အလြန္သင့္ေတာ္တဲ့ ေငြစုနည္းတစ္ခုပါ။

ေနာက္တစ္ခ်က္ကေတာ့ အသက္အာမခံလို အာမခံကို ဝယ္ယူတာဟာ အတိုးရပါတယ္။ သိန္း ၁၀၀ တန္ အသက္အာမခံတစ္ခုအတြက္ ျပန္ရေငြဟာ စုေဆာင္းေငြထက္မ်ားႏိုင္ပါတယ္။ ဒါေၾကာင့္ အာမခံဟာ အဘက္ဘက္က ျပည့္စုံေနတဲ့ ေငြစုနည္းတစ္ခုပါ။

အဲဒီေတာ့ သင္ေငြစုၿပီးၿပီလား။ မစုရေသးဘူးဆိုရင္ အာမခံသာ ဝယ္လိုက္ပါ။

Myanmar Insurance News
အယ္ဒီတာ့စကား

Address

Hlaing Township
Yangon

Telephone

+959421074480

Website

Alerts

Be the first to know and let us send you an email when James Thet Tun - Licensed Insurance Agent & Financial Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to James Thet Tun - Licensed Insurance Agent & Financial Advisor:

Share