BEST STEPS Tax Consultant Audit firms

BEST STEPS Tax Consultant Audit firms Tax Government Process Company Registration and Dica Process Company liquidation HTA THA KA and Tin No Registration Services👩‍💻🧑🏻‍💻 One Stop Services

https://www.facebook.com/share/1CWSUu2Cro/?mibextid=wwXIfr
14/05/2026

https://www.facebook.com/share/1CWSUu2Cro/?mibextid=wwXIfr

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

နောက်ခံသမိုင်းအကျဉ်း

ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေး စီမံကိန်းအရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေးအမည်ဖြင့် လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန တို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခဲ့ရာ ၁၉၆၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကပိုင်လုပ်ငန်း များကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်း၍ ကုန်သွယ်ရေးကောင်စီမှအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်အရ အောက်ဖော်ပြပါ ကုန်သွယ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်း၍ ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေးများကို ဆောင်ရွက်ခဲ့ပါသည် -

(က) ဗဟိုကုန်သွယ်ရေး

( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၂၂ ခု

( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု

(ဃ) မြို့နယ်/မြို့မ/ဒေသစိတ်ကုန်သွယ်ရေး ၂၈၃ ခု

( င ) ပြည်သူပိုင်ဆိုင် ၁၉၈၂ ဆိုင်

၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေးကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

(က) ကုန်သွယ်ရေးဦးစီးဌာန

( ခ ) ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ

( ဂ ) ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။

ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၉၆ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေး ဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ် ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့ပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အညီပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပြုပြင်ပြောင်းလဲ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်အောင် စီမံဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁-၁-၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။



၃၁-၃-၂၀၁၅ ရက်စွဲပါ အမိန့်အမှတ် (၃၄/၂၀၁၅) အရ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို ကုန်သွယ်ရေးဦးစီးဌာနအဖြစ်လည်းကောင်း၊ အမိန့်အမှတ် (၃၅/၂၀၁၅) အရ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကို ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားရာမှ ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၆) အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား ဖျက်သိမ်း၍ အမိန့်အမှတ် (၂၂/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ၂၈-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၆) အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၂၃ - ၁၂ - ၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၈၁/၂၀၂၀) အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် မူပိုင်ခွင့်ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါ ဦးစီးဌာနများဖြင့် ဖွဲ့စည်းထားပါသည် -

(က) ဝန်ကြီးရုံး

( ခ ) ကုန်သွယ်ရေးဦးစီးဌာန

( ဂ ) စားသုံးသူရေးရာဦးစီးဌာန

(ဃ) မူပိုင်ခွင့်ဦးစီးဌာန

( င ) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်(Motto)

"ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်"

Develop trade, prosper the State



စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်

(VISION AND MISSION OF MINISTRY OF COMMERCE)


မျှော်မှန်းချက် (Vision)

“အကျိုးပေါင်းစု ကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ့”

Inclusive trade for national development

ရည်မှန်းချက် (Mission)

(၁) အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော ကုန်သွယ်မှုမူဝါဒများချမှတ်ဆောင်ရွက်ရန်၊

(၂) စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်၊

(၃) နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိရေးနှင့် အလားအလာရှိသော ပို့ကုန်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေမြှင့်တင်ရန်၊

(၄) မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့်ကုန်သွယ်မှု ဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေးအတွက် ဘက်စုံကြိုးပမ်းဆောင်ရွက်ရန်၊

(၅) စားသုံးသူအခွင့်အရေး ကာကွယ်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ပေးရန်၊

(၆) စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်၊

(၇) ဒီဂျစ်တယ်ကုန်သွယ်မှု (Digital Trade)ဖြင့် ကုန်သွယ်မှုအသိုက်အဝန်းအတွက် အကျိုးရလဒ်ခံစားနိုင်စေရန်၊





စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

စဉ် လုပ်ငန်းစဉ်များ

၁။ လယ်ယာစိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ ပြည်တွင်း/ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာပံ့ပိုးမှုများရရှိရေး ဝန်ဆောင်မှုလုပ်ငန်းများ စီမံဆောင်ရွက်ခြင်း၊

၂။ အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ပို့ကုန်တန်ဖိုးကွင်းဆက် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊

၃။ စံချိန်စံညွှန်းပြည့်မီ၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြှင့်တင်ပို့ နိုင်‌ရေး၊ ပို့ကုန်ပစ္စည်းများအားလုံးအတွက် ခိုင်မာသည့်စျေးကွက်ဝေစုနှင့် ဈေးကွက်သစ်များရရှိရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်အသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊

၄။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊

၅။ ပို့ကုန်တိုးမြှင့်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ အစုအဖွဲ့နှင့် ဇုန်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း၊

၆။ ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်စေရေးနှင့် လွတ်လပ်၍ မျှတသောယှဉ်ပြိုင်မှုကို အားပေးကူညီနိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ မူဝါဒများနှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့် အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊

၇။ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် ပို့ကုန်အခြေပြုစက်မှုကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

၈။ ထုတ်ပြန်ပြီးဖြစ်သော မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဆွေးနွေးအတည်ပြုထားသော ဒီဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကတိကဝတ်များကို အချိန်နှင့်တစ်ပြေးညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုဆောင်ရွက်ခြင်း၊

၉။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အထောက်အကူဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ဒီဂျစ်တယ်ကုန်သွယ်မှုလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည့် အစီအမံများတွန်းအားပေးဆောင်ရွက်ခြင်း၊

၁၀။ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာ ပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများစိစစ်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မြေပြင်စစ်ဆေးဆောင်ရွက်ခြင်း၊

၁၁။ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီဒီဂျစ်တယ်နည်းစနစ် များအသုံးပြု၍ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ အများပြည်သူအားအသိပညာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊

၁၂။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊

၁၃။ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဖော်ဆောင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၁၄။ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အာဆီယံစားသုံးသူကာကွယ်ရေးဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစီမံချက်များနှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၁၅။ စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးဆိုင်ရာကျင့်ဝတ်များ လေးစားလိုက်နာစေရေး ဥပဒေနှင့်အညီ ထိန်းကျောင်းဆောင်ရွက်ခြင်း၊

၁၆။ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်၏ GDP တိုးတက် စေရေးကို အထောက်အကူပြုဆောင်ရွက်ခြင်း၊

၁၇။ ပြည်ပပို့ကုန် ၂ ဆ တိုးမြှင့်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှု၊ ပြည်ပတိုးမြှင့်တင်ပို့မှုလုပ်ငန်းစဉ်တစ်ခုလုံး တိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊

၁၈။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product - OROP) ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်လုပ်မှု ၂ ဆ တိုးမြှင့်၍ ပြည်တွင်းရှိ ကုန်ကြမ်း များကို အပြည့်အဝအသုံးပြုထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရေးကို သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

၁၉။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍမှ ထိရောက်သော ပံ့ပိုးမှုအစီအမံများ၊ နည်းပညာအသုံးပြုမှုမြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊

၂၀။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကဏ္ဍနှင့် စက်သုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စျေးကွက်/စျေးနှုန်းတည်ငြိမ်စေရေး ထိန်းကျောင်း ဆောင်ရွက်ခြင်း။




စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒ (၆) ရပ်

(SIX TRADE POLICY OBJECTIVES OF MINISTRY OF COMMERCE)


(၁) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင်ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ်တိုးတက်မှုရယူနိုင်စွမ်းရှိသည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊

(၂) ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသတင်း ဆက်သွယ်ရေးနည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန်၊

(၃) ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊

(၄) ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍစွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ရန်၊

(၅) ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက် ကုန်သွယ်မှုရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊

(၆) နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်မားတိုးတက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်၊





စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးအခြေခံမူ (၃)ရပ်


(၁) ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုရန်၊

(၂) ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှုမဖြစ်စေရန်၊

(၃) ကုန်သွယ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်ဖြင့် ရှေးရှုဆောင်ရွက်ရန်။

Credit Commerce

14/05/2026

အခွန်အကြောင်း 💪🏻

14/05/2026

💡 "ဝင်ငွေမရှိဘဲ အခွန်တွေ အများကြီး ဆောင်နေရလို့ စိတ်ညစ်နေပါသလား?"
လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်ရဲ့လုပ်ငန်းက ဝင်ငွေသိပ်မရှိသေးပေမယ့် အခွန်တွေ အများကြီး ဆောင်နေရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတတ်ပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတာကို BESTSTEPS က အဖြေရှာပေးပါရစေ။

🚩 လူကြီးမင်းတို့ မသိဘဲ ကြုံတွေ့နေရနိုင်တဲ့ အခွန်ပြဿနာများ
video ထဲမှာ ဖော်ပြထားတဲ့အတိုင်း လုပ်ငန်းရှင်အချို့မှာ အောက်ပါအချက်တွေကြောင့် အခွန်ဝန်ထုပ်ဝန်ပိုး ဖြစ်နေတတ်ပါတယ် -

လုပ်ငန်းမလည်ပတ်သော်လည်း အခွန်တွေအများကြီးဆောင်နေရခြင်း: ကုမ္ပဏီဖွင့်ထားပြီး ဘာအလုပ်မှ မလုပ်ရသေးသော်လည်း မိမိတို့အပ်နှံထားသော လုပ်ငန်းအကြောင်းဂဂနနရှင်းမပြ၍အခွန်စာရင်းတွေ အများကြီးဖော်ပြခံနေရပြီး အခွန်များနေခြင်း ။ သို့မဟုတ် စာရင်းဇယား အမှားအယွင်းများကြောင့် အခွန်များစွာ ဆောင်နေရခြင်း။

အခွန်နှုန်းထားများကို သေချာမသိရှိခြင်း: ဘယ်လောက်ဆောင်ရမလဲ၊ ဘယ်လိုတွက်ချက်ရမလဲဆိုတာကို တိတိကျကျ မသိရှိဘဲ ဖြစ်သလို ဆောင်နေရခြင်း။

✅ BESTSTEPS က ဘယ်လိုကူညီပေးနိုင်မလဲ?
ကျွန်မတို့ဆီမှာ အခွန်နဲ့ပတ်သက်ပြီး အသေးစိတ် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

အသေးစိတ် စစ်ဆေးပေးခြင်း: လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ ဘာကြောင့် အခွန်တွေ အများကြီး ထွက်နေရသလဲဆိုတာကို အရင်းအမြစ်ကနေ ရှာဖွေစစ်ဆေးပေးပါတယ်။

အခွန်တွက်ချက်မှု ခန့်မှန်းပေးခြင်း: အခွန်မဆောင်ခင်မှာ မိမိလုပ်ငန်းနဲ့ ကိုက်ညီမယ့် အခွန်နှုန်းထားကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးခြင်း။

ရှင်းလင်းစွာ အကြံပေးခြင်း: လူကြီးမင်းတို့ မသိသေးတဲ့ အခွန်ဆိုင်ရာ သိကောင်းစရာတွေကို နားလည်လွယ်အောင် တစ်ဆင့်ချင်း ရှင်းပြပေးပါတယ်။

"ကိုယ့်လုပ်ငန်းက အမှန်တကယ် လုပ်ကိုင်နေတဲ့ ပမာဏအတိုင်းပဲ အခွန်ဆောင်ရဖို့က အရေးကြီးပါတယ်"

📞 အခွန်အတွက် စိတ်မပူရအောင် အခုပဲ ဆက်သွယ်လိုက်ပါ
စာရင်းဇယားနဲ့ အခွန်ပြဿနာတွေအတွက် အဖြေရှာချင်တယ်ဆိုရင် BESTSTEPS ကို အသေးစိတ် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဖုန်း: 09 250964708, 09 786832727

လိပ်စာ: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

11/05/2026

BESTSTEPS - လူကြီးမင်းတို့လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရသော Partnership

လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တိကျတဲ့ စာရင်းဇယားနဲ့ မှန်ကန်တဲ့ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုဟာ အသက်သွေးကြောပင် ဖြစ်ပါတယ်။
2018 ခုနှစ်ကတည်းက လုပ်ငန်းရှင်များစွာရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ BESTSTEPS Tax Consultants & Audit Firms Service သည် 2023 ခုနှစ်တွင် ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် လုပ်ငန်းရှင်တို့ရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြင်ဆင် တိုးချဲ့ခဲ့သည်မှာ အခုဆို 2026 အထိရောက်ရှိလာခဲ့ပါပြီ။

ကျွန်မတို့၏ ဝန်ဆောင်မှုများ
• ကုမ္ပဏီမှတ်ပုံတင်ခြင်း (DICA):
• ကုမ္ပဏီအသစ် တည်ထောင်ခြင်း။
• ဒါရိုက်တာ၊ အမည်၊ ရှယ်ယာ နှင့် လိပ်စာ အပြောင်းအလဲများ ဆောင်ရွက်ပေးခြင်း။
• DICA Account ပြန်လည်ရယူပေးခြင်းနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း (Liquidation)။
• Suspended/Struck-off ဖြစ်နေသော ကုမ္ပဏီများ ပြန်လည်ရှင်သန်အောင် ဆောင်ရွက်ပေးခြင်း။
• နှစ်ပတ်လည်အစီရင်ခံစာ (AR): MyCO စနစ်တွင် AR တင်သွင်းခြင်းနှင့် ကုမ္ပဏီသက်တမ်း တိုးမြှင့်ခြင်း။
• အခွန်ဆိုင်ရာဝန်ဆောင်မှု:
• အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) လျှောက်ထားခြင်း။
• လစဉ်/နှစ်စဉ် အခွန်ရှင်းတမ်းများနှင့် ၃ လပတ်ကြေညာလွှာ (Quarterly Return) တင်သွင်းခြင်း။
• အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် (ပတခ-ကသခ-၁) လျှောက်ထားခြင်း။
• စာရင်းစစ်ဆေးခြင်း (Audit): လုပ်ငန်းစာရင်းများကို ကျွမ်းကျင်ပညာရှင်များမှ စနစ်တကျ စစ်ဆေးပေးခြင်းနှင့် အကြံပေးခြင်း။
• လိုင်စင်နှင့် အခြားဝန်ဆောင်မှုများ: လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သော လိုင်စင်များနှင့် စာရွက်စာတမ်း ကိစ္စရပ်များအားလုံးကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
"စိတ်ချမ်းသာရမယ်" ဆိုတဲ့ ကတိကဝတ်အတိုင်း လူကြီးမင်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ စာရင်းဇယားနဲ့ အခွန်ကိစ္စရပ်များကို ကျွန်ုပ်တို့ထံ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

ဆက်သွယ်ရန်
📞 ဖုန်း: 09 250964708, 09 786832727
📧 Email: [email protected]
📍 လိပ်စာ: သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🚢 သင့်လုပ်ငန်းရဲ့ Trading အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ BESTSTEPS က အမြဲအသင့်ရှိနေမှာပါ! 🚢Budget Year အတွက် စာ...
05/05/2026

🚢 သင့်လုပ်ငန်းရဲ့ Trading အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ BESTSTEPS က အမြဲအသင့်ရှိနေမှာပါ! 🚢

Budget Year အတွက် စာရင်းတွေ အတူတူဆွဲရင်း ကျွန်မတို့ Team တစ်ခုလုံး အလုပ်ရှုပ်နေကြပေမယ့်... လုပ်ငန်းရှင်အသစ်တွေရဲ့ အောင်မြင်မှုအတွက်တော့ အမြဲတမ်း ဦးစားပေးနေဆဲပါပဲရှင့်။ ✨
ဒီနေ့မှာတော့ Export & Import Registration (ထသက) လိုင်စင်အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို တက်ရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ စောင့်ရကျိုးနပ်စေမယ့် "ထသက လိုင်စင်" လေးတွေလည်း သိပ်မကြာခင်မှာ လုပ်ငန်းရှင်တို့လက်ဝယ်သို့ ရောက်ရှိလာတော့မှာဖြစ်လို့ ဝမ်းသာရပါတယ်ရှင့်။ 😍
သင့်အနေနဲ့ Export (ပို့ကုန်) ပဲ ထွက်ချင်တာလား၊ ဒါမှမဟုတ် Import (သွင်းကုန်) ပဲ သွင်းချင်တာလား?

Trading Company တွေအတွက် လိုအပ်တဲ့ မှတ်ပုံတင်ခြင်းနဲ့ လိုင်စင်ကိစ္စရပ်အားလုံးကို ကျွန်မတို့ BESTSTEPS က အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။ 🤝
စိတ်ချယုံကြည်နိုင်တဲ့ Professional Corporate Service ကို ရှာဖွေနေတယ်ဆိုရင် ကျွန်မတို့ဆီကို အခုပဲ ဆက်သွယ်လိုက်ပါရှင့်။

📞 Contact BESTSTEPS Services
📲 Phone: 09-250964708 / 09-786832727
📧 Email: [email protected] | [email protected]
📍 Address: သာကေတမြို့နယ်၊ ရန်ကုန်မြို့။
📩 မိမိလိုအပ်တဲ့ Company Update Service တွေကို Message Box ကနေလည်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

01/05/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် (၂၀၂၆-၂၀၂၈)ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲဖိတ်ကြားလွှာ

🙏🏻 မြတ်ဗုဒ္ဓဘုရားရှင် ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ထူးမြတ်တဲ့ အဖြစ်အပျက် (၄) မျိုး တစ်နေ့တည်းမှာ ကြုံဆုံရတဲ့ ကဆုန်လပြည့် ...
30/04/2026

🙏🏻 မြတ်ဗုဒ္ဓဘုရားရှင် ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ထူးမြတ်တဲ့ အဖြစ်အပျက် (၄) မျိုး တစ်နေ့တည်းမှာ ကြုံဆုံရတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နှင့် ညောင်ရေသွန်းပွဲတော် အခါသမယလေးမှ စတင်ကာ ✨🙏🏻

⚖️ BESTSTEPS Tax Consultants & Audit Firms Service ရဲ့ မိတ်ဟောင်းမိတ်သစ် Customers များအားလုံး...

🌕 ကဆုန်လပြည့်ရဲ့ အေးမြမှုနဲ့အတူ ဘေးဘယာဝေးကွာပြီး ကောင်းကျိုးချမ်းသာများ ပြည့်စုံကြပါစေကြောင်းနှင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများအားလုံးလည်း အောင်မြင်မှုအပေါင်း ခညောင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ ✨🙏🏻

#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲတော် #ဗုဒ္ဓနေ့

💦 အတာရေစင် အေးမြမှုနဲ့အတူ နှစ်သစ်မင်္ဂလာ အောင်ကြောင်းဖြာ 🙇🏻‍♂️💦နှစ်ဟောင်းက အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့...
17/04/2026

💦 အတာရေစင် အေးမြမှုနဲ့အတူ နှစ်သစ်မင်္ဂလာ အောင်ကြောင်းဖြာ 🙇🏻‍♂️💦

နှစ်ဟောင်းက အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး... ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ (သောကြာနေ့) မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ 🙇🏻‍♂️💦

⚖️ BESTSTEPS Tax Consultants & Audit Firms Service ရဲ့မိတ်ဟောင်း မိတ်သစ် လုပ်ငန်းရှင်များအားလုံး...

ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းများအားလုံးလည်း ဒီရေအလား တိုးတက်အောင်မြင်ကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙇🏻‍♂️💦

#နှစ်ဆန်းတစ်ရက်နေ့ #မြန်မာ့ရိုးရာသင်္ကြန်

💦 မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာပါပြီရှင် 🙇🏻‍♂️💦တန်ခူးလေရူးလေးနဲ့အတူ ပိတေ...
13/04/2026

💦 မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာပါပြီရှင် 🙇🏻‍♂️💦

တန်ခူးလေရူးလေးနဲ့အတူ ပိတောက်နံ့သင်းပျံ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှစတင်ကာ 🙇🏻‍♂️💦

⚖️ BESTSTEPS Tax Consultants & Audit Firms Service ရဲ့ မိတ်ဟောင်းမိတ်သစ် လူကြီးမင်းများအားလုံး...

အတာရေစင် အေးမြမှုနဲ့အတူ နှစ်ဟောင်းက အညစ်အကြေးတွေအားလုံး ဆေးကြောသန့်စင်နိုင်ကြပြီး၊ ဘေးဘယာဝေးကွာကာ ပျော်ရွှင်အေးချမ်းတဲ့ သင်္ကြန်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙇🏻‍♂️💦

#အတာသင်္ကြန် #သင်္ကြန်အကြိုနေ့

မိမိတို့လုပ်ငန်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေဟာ မှန်ကန်တိကျမှု ရှိ၊ မရှိကို တရားဝင် မှတ်ချက်ပြုပေးတဲ့ 📑 Audit Report (စာရင်းစ...
04/04/2026

မိမိတို့လုပ်ငန်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေဟာ မှန်ကန်တိကျမှု ရှိ၊ မရှိကို တရားဝင် မှတ်ချက်ပြုပေးတဲ့

📑 Audit Report (စာရင်းစစ်အစီရင်ခံစာ) ဆိုတာ လုပ်ငန်းရှင်တိုင်းအတွက် အလွန်အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုရင်...
▪️ အခွန်အတွက်ဆိုရင်
အခွန်ရုံးကို အခွန်ကြေညာလွှာတင်တဲ့အခါ Audit Report ပါမှသာ ခိုင်မာမှုရှိပြီး အခွန်စစ်ဆေးမှုတွေကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်မှာပါ။
▪️ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုရင်
ဘဏ်ချေးငွေလျှောက်တာပဲဖြစ်ဖြစ်၊ ရှယ်ယာရှင်အသစ်တွေနဲ့ လက်တွဲတာပဲဖြစ်ဖြစ် Audit Report က လုပ်ငန်းရဲ့ ယုံကြည်မှုကို အပြည့်အဝ တည်ဆောက်ပေးပါတယ်။

ဒါကြောင့် Audit စစ်တဲ့အခါ အချိန်မကုန်ဘဲ မြန်မြန်ဆန်ဆန် ပြီးစီးစေဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ဒါလေးတွေကို Ready လုပ်ထားဖို့ အကြံပြုပါရစေရှင်။ 💡

✅ Voucher & Invoices
အရောင်းအဝယ် ဘောက်ချာတွေ၊ အသုံးစရိတ်ပြေစာတွေကို လအလိုက် သေသေချာချာ စုထားပါ။
✅ Bank Statement
ဘဏ်စာရင်း အသွင်းအထုတ်တွေနဲ့ စာရင်းစာအုပ်ထဲက ဂဏန်းတွေ ကိုက်ညီမှုရှိပါစေ။
✅ Asset Listing
လုပ်ငန်းပိုင် ပရိဘောဂ၊ စက်ပစ္စည်းနဲ့ တခြားပိုင်ဆိုင်မှုစာရင်း (Fixed Asset Register) ကို ပြင်ထားပါ။
✅ Stock Counting
ကုန်ပစ္စည်းလက်ကျန်စာရင်းတွေကို ကြိုတင်စစ်ဆေးထားပါ။

အခုပြောပြပေးလိုက်တဲ့ စာရင်းဇယားတွေ အတိုင်း စနစ်တကျ ရှိနေမယ်ဆိုရင် Audit စစ်ဆေးတဲ့အခါမှာလည်း စိတ်အေးရသလို... လုပ်ငန်းရဲ့ အနာဂတ်အတွက်လည်း အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်ရှင်။ ✨📈

"မိမိလုပ်ငန်းရဲ့ Audit Report ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ်တကျ ပြင်ဆင်ချင်တယ်" ဆိုရင်တော့...

⚖️ BESTSTEPS Tax Consultants & Audit Firms Service မှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းစာရင်းတွေကို ကျွမ်းကျင်စွာ စစ်ဆေးပေးနေပြီး အကြံပေးမှုများ ပြုလုပ်ပေးနေတာမို့ အမြဲယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါနော်။ ✨⚖️

နွေးထွေးပျူငှာသော ဝန်ဆောင်မှုဖြင့် အသေးစိတ် ဆွေးနွေးလိုပါက
⚖️ BestSteps Tax Consultants & Audit Firms Service ⚖️
📞 09 250964708, 09 786832727
📧 [email protected]
📍 သာကေတမြို့နယ်၊ ရန်ကုန်မြို့။

Address

Yangon
11231

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 04:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 14:00

Website

Alerts

Be the first to know and let us send you an email when BEST STEPS Tax Consultant Audit firms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share