Apex Strategy Accounting and Auditing Firm

Apex Strategy Accounting and Auditing Firm 1. Accounting,
2. Auditing,
3. Taxation,
4. Business Valuation,
5. Company Registration & Liquidation, and
6. Other Assurance Service

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမည်။ Part 4 - Expense Classificationစရိတ်တွေကို ဘယ်လိုအုပ်စုခွဲပြီး မှတ်ကြမလဲ?Apex S...
10/08/2026

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမည်။

Part 4 - Expense Classification

စရိတ်တွေကို ဘယ်လိုအုပ်စုခွဲပြီး မှတ်ကြမလဲ?

Apex Strategy
095182442

Security Council ISIL (Da’esh) and Al-Qaida Sanctions Committee Amends One Entry to Its Sanctions ListSC/164078 July 202...
09/08/2026

Security Council ISIL (Da’esh) and Al-Qaida Sanctions Committee Amends One Entry to Its Sanctions List

SC/16407
8 July 2026

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 3)Profit & Loss Statement ကို အလွယ်တကူနားလည်အောင် ဘယ်လိုလေ့လာမလဲ❓Profit & L...
09/08/2026

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 3)

Profit & Loss Statement ကို အလွယ်တကူနားလည်အောင် ဘယ်လိုလေ့လာမလဲ❓

Profit & Loss Statement (or Statement of Profit or Loss) ဆိုတာ ကာလတစ်ခု (Accounting Period) အတွင်း လုပ်ငန်းရဲ့ Operating Performance ကို ဖော်ပြတဲ့ Financial Statement တွေထဲကတစ်ခု ဖြစ်ပါတယ်။

Profit & Loss Statement ကို အခြေခံအားဖြင့် အောက်ပါ Formula နဲ့ နားလည်နိုင်ပါတယ်။

Income − Expenses = Profit (or Loss)

Income – လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ
Example: Sales Revenue, Service Income, Rental Income

Expenses – ဝင်ငွေရရှိရန် ကုန်ကျသည့် စရိတ်များ
Example: Salaries, Rent, Electricity, Advertising

Income က Expenses ထက် များရင် Profit ဖြစ်ပြီး၊ Expenses က Income ထက် များရင် Loss ဖြစ်ပါတယ်။

မှတ်ထားရန်

* Income − Expenses = Profit (or Loss) ကို အခြေခံထားပါတယ်။

* ကာလတစ်ခု (ဥပမာ - ၁ လ၊ ၃ လ၊ ၁ နှစ်) အတွင်း လုပ်ငန်းရဲ့ လုပ်ဆောင်မှုရလဒ်ကို ဖော်ပြတာ ဖြစ်ပါတယ်။

Balance Sheet က တစ်နေ့ရဲ့ Financial Position ကို ဖော်ပြပေမယ့်၊ Profit & Loss Statement က ကာလတစ်ခုအတွင်း လုပ်ငန်းရဲ့ အမြတ်၊ အရှုံးနှင့် လုပ်ဆောင်မှုရလဒ်ကို ဖော်ပြပါတယ်။ ....
Accounting, Tax နဲ့ Business Knowledge ဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဖတ်ရှုလိုပါက Apex Strategy ကို Follow လုပ်ပေးထားလို့ရပါတယ်။ ပြန်ကြည့်ဖို လိုအပ်တယ်ဆိုရင်လဲ ပျောက်မသွားအောင် Share ပြုလုပ်ထားနိုင်ပါတယ်။

Apex Strategy Accounting & Auditing Firm
Ph: 09 5182442

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 2)Balance Sheet ကို အလွယ်နားလည်အောင် ဘယ်လိုလေ့လာရမလဲ❓Balance Sheet (Stateme...
08/08/2026

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 2)

Balance Sheet ကို အလွယ်နားလည်အောင် ဘယ်လိုလေ့လာရမလဲ❓

Balance Sheet (Statement of Financial Position) ဆိုတာ နေ့ရက်တစ်ရက် (Specific Date) မှာ လုပ်ငန်းရဲ့ Financial Position ကို ဖော်ပြတဲ့ Financial Statement တွေထဲကတစ်ခု ဖြစ်ပါတယ်။

Balance Sheet ကို Accounting Equation ကို အခြေခံပြီး တည်ဆောက်ထားပါတယ်။

Assets = Liabilities + Capital (Equity)

ဒီ Equation က Balance Sheet ရဲ့ အခြေခံဖြစ်ပြီး Assets ဘက်နဲ့ Liabilities + Capital ဘက်ဟာ အမြဲတမ်း ညီမျှနေရပါတယ်။

Assets – လုပ်ငန်းက ပိုင်ဆိုင်တဲ့ အရာများ
Example: Cash, Inventory, Vehicle

Liabilities – လုပ်ငန်းက ပေးရန်ရှိတဲ့ အကြွေးများ
Example: Bank Loan, Accounts Payable

Capital (Equity) – Owner ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကျန်ရှိသော ပိုင်ဆိုင်ခွင့်
Example: Initial Capital, Retained Earnings

မှတ်ထားရန်

* Assets = Liabilities + Capital (Equity) အမြဲညီမျှနေရပါတယ်။

* တစ်နေ့စာ (Specific Date) ရဲ့ လက်ကျန်အခြေအနေကို ဖော်ပြတာ ဖြစ်ပါတယ်။....
Accounting, Tax နဲ့ Business Knowledge ဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဖတ်ရှုလိုပါက Apex Strategy ကို Follow လုပ်ပေးထားလို့ရပါတယ်။ ပြန်ကြည့်ဖို လိုအပ်တယ်ဆိုရင်လဲ ပျောက်မသွားအောင် Share ပြုလုပ်ထားနိုင်ပါတယ်။

Apex Strategy Accounting & Auditing Firm
Ph: 09 5182442

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 1)Accounting ကို စလေ့လာတဲ့သူတွေနဲ့ Business Owner တွေ မဖြစ်မနေ သိထားသင့်တဲ...
07/08/2026

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 1)

Accounting ကို စလေ့လာတဲ့သူတွေနဲ့ Business Owner တွေ မဖြစ်မနေ သိထားသင့်တဲ့ Accounting Elements (၅) ခု ကို ALICE နဲ့ အလွယ်တကူ မှတ်မိနိုင်ပါတယ်။

A – Assets → Own
လုပ်ငန်းက ပိုင်ဆိုင်ထားတဲ့ အရာများ
Example: Cash, Bank Balance, Inventory, Vehicle, Building

L – Liabilities → Owe
အခြားသူများထံ ပြန်လည်ပေးဆောင်ရန် တာဝန်ရှိသည့် အကြွေးများ
Example: Bank Loan, Accounts Payable, Tax Payable

I – Income → Earn
လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ
Example: Sales Revenue, Service Income, Consulting Fee

C – Capital → Invest
Owner က လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေး သို့မဟုတ် ပိုင်ဆိုင်မှုများ
Example: Initial Cash Investment, Additional Capital, Equipment Contributed

E – Expenses → Spend
လုပ်ငန်းလည်ပတ်ရန် ကုန်ကျသည့် စရိတ်များ
Example: Salaries, Office Rent, Electricity, Fuel, Internet Expense

ALICE ကို မှတ်ထားရုံနဲ့ Accounting ရဲ့ အခြေခံအချက် (၅) ချက်ကို လွယ်ကူစွာ နားလည်နိုင်ပါတယ်။ ဒီအခြေခံတွေကို သိထားရင် Balance Sheet, Profit & Loss Statement နဲ့ Double Entry Accounting ကို ပိုမိုလွယ်ကူစွာ သင်ယူနိုင်ပါတယ်။

Accounting, Tax နဲ့ Business Knowledge ဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဖတ်ရှုလိုပါက Apex Strategy ကို Follow လုပ်ထားပါ။

Apex Strategy Accounting & Auditing Firm
Ph: 09 5182442

🤖 AI & Accounting Series (Part 3)🔒 AI ကိုသုံးတဲ့အခါ Confidential Data ကို ဘယ်လိုကာကွယ်မလဲ?- AI က အလုပ်လုပ်ရတာ မြန်စေတယ်…...
02/08/2026

🤖 AI & Accounting Series (Part 3)

🔒 AI ကိုသုံးတဲ့အခါ Confidential Data ကို ဘယ်လိုကာကွယ်မလဲ?

- AI က အလုပ်လုပ်ရတာ မြန်စေတယ်…

- Report ရေးရတာ လွယ်စေတယ်…

- Excel Formula တွေ ကူရေးပေးတယ်…

ဒါပေမယ့် “အဆင်ပြေလို့ဆိုပြီး Client Data အကုန် AI ထဲ ထည့်လို့ရမလား?”

အဖြေကတော့… “လုံးဝ” ❌ မရပါဘူး။

AI ကို အသုံးပြုတာက အရေးကြီးသလို Client ရဲ့ Confidential Information ကို ကာကွယ်တာကလည်း Professional Accountant နဲ့ Auditor တစ်ယောက်ရဲ့ တာဝန် ဖြစ်ပါတယ်။



📚 Confidentiality ဆိုတာ ဘာလဲ?

Professional Ethics အရ Professional Accountant တစ်ယောက်ဟာ Client ရဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ မဖော်ထုတ်ရဘူး၊ မျှဝေသင့်ဘူး လို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် AI ကို အသုံးပြုတဲ့အခါမှာလည်း ဒီ “Ethical Principle” ကို မမေ့သင့်ပါဘူး။



(၁) Client အမည်နဲ့ Financial Data ကို တိုက်ရိုက် မထည့်ပါနဲ့

ဥပမာ:
“ABC Company ရဲ့ Financial Statements ကို Analysis လုပ်ပေးပါ။”
“ဒီ Trial Balance မှာ Error ရှာပေးပါ။” ဆိုပြီး Client ရဲ့ နာမည်၊ Sales၊ Profit၊ Bank Account နဲ့ အခြား Financial Data တွေကို တိုက်ရိုက် Upload မလုပ်သင့်ပါဘူး။

✅ အောက်ပါအတိုင်း အစားထိုးသုံးပါ။
“Client name မပါတဲ့ ဒီ Sample Data ကို Analysis လုပ်ပေးပါ။”
“Revenue Recognition Error ကို Example နဲ့ ရှင်းပြပါ။”
လိုမျိုး General Question အဖြစ် မေးတာက ပိုလုံခြုံပါတယ်။



(၂) Salary List၊ Employee Information တွေကို Upload မလုပ်ပါနဲ့

ဥပမာ
Payroll တွက်ဖို့ Employee Name, NRC, Salary, Bank Account, Phone Number စတဲ့ Personal Information တွေ ပါတဲ့ File ကို AI ထဲကို တိုက်ရိုက် Upload မလုပ်သင့်ပါဘူး။

Data Privacy Principle အရကိုယ်ရေးအချက်အလက် (Personal Data) တွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

AI ကို မေးချင်ရင် နာမည်တွေကို Employee A, Employee B လို့ ပြောင်းပြီး Amount တွေကိုလည်း Sample Data နဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။



(၃) AI ပေးတဲ့ အဖြေကို မစစ်ဘဲ မသုံးပါနဲ့
AI က အဖြေမြန်ပါတယ် ဒါပေမယ့် “အဖြေတိုင်း မမှန်နိုင်ပါဘူး”။

ဥပမာ…
IFRS Standard, Tax Rule & Audit Procedure တွေနဲ့ ပတ်သက်ပြီးတစ်ခါတစ်ရံ မတိကျတဲ့ အဖြေတွေ ပေးနိုင်ပါတယ်။

ထို့ကြောင့် Professional Judgment ကိုသုံးပြီး AI ပေးတဲ့ အဖြေကို Standards၊ Laws နဲ့ Company Policy တွေကို ပြန်တိုက်စစ်ပြီးမှ အသုံးပြုသင့်ပါတယ်။

AI က သင့်အတွက် Assistant ဖြစ်သုံးနိုင်သော်လည်း AI ကို Decision Maker အဖြစ် မသုံးသင့်သေးပါဘူး။



AI ကို လုံခြုံစွာ အသုံးပြုဖို့ အကြံပြုချက် (၃) ချက်

🔐 Client Name အစား Sample Name သုံးပါ။

📄 Confidential Document အစား Sample Data သုံးပါ။

✔️ AI ပေးတဲ့ အဖြေကို Professional Judgment & Standards နဲ့ အမြဲပြန်စစ်ပါ။



🎯 Key Takeaway

AI ဟာ သင့်ရဲ့ အလုပ်ကို မြန်ဆန်စေတဲ့ Tool တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် Client Confidentiality, Professional Ethics နဲ့ Professional Judgment ကိုတော့ AI က သင့်ကိုယ်စား မတာဝန်ယူနိုင်ပါဘူး။

“AI ကို အသုံးချပါ” ဒါပေမယ့် “Confidential Data ကိုတော့ ကာကွယ်ပါ”။

အဲဒါက Professional Accountant နဲ့ Auditor တစ်ယောက်ရဲ့ တန်ဖိုး ဖြစ်ပါတယ်။



💬 စဉ်းစားကြည့်ပါ…

သင်ကော AI ကို အသုံးပြုတဲ့အခါ Client ရဲ့ Financial Data ကို တိုက်ရိုက် Upload လုပ်ဖူးပါသလား? ဒါမှမဟုတ် Sample Data ပြောင်းပြီး အသုံးပြုတတ်ပါသလား?
Comment မှာ အတွေ့အကြုံလေး မျှဝေပေးခဲ့ပါ။



✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေတွေကိုပါ Share ပေးလိုက်ပါဦးနော် 😊

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Accounting & Auditing Firm
📞 Tel - 095182442

ဒီဇယ်, သဘာဝဓါတ်ငွေ့ နှင့် ဓါတ်မြေဩဇာ တို့အပေါ်  2026 Aug လကို အခွန်ကင်းလွတ်ခွင့်ထပ်တိုးခွင့်ပြုခြင်း။1 Aug 2026https://w...
01/08/2026

ဒီဇယ်, သဘာဝဓါတ်ငွေ့ နှင့် ဓါတ်မြေဩဇာ တို့အပေါ် 2026 Aug လကို အခွန်ကင်းလွတ်ခွင့်ထပ်တိုးခွင့်ပြုခြင်း။

1 Aug 2026

https://www.facebook.com/share/p/1H5ZX3EdJd/?mibextid=wwXIfr

လျှပ်စစ်မီတာအသစ်များကို Online  မှတစ်ဆင့်လျှောက်ထားခြင်း။31 July 2026
01/08/2026

လျှပ်စစ်မီတာအသစ်များကို Online မှတစ်ဆင့်လျှောက်ထားခြင်း။

31 July 2026

စက်သုံးဆီခိုးထုတ်မှုမရှိအောင် လိုအပ်တဲ့အချက်အလက်တွေတင်ပြပြီး QR code အသစ်ပြန်လည်လျှောက်ထားနိုင်ပါသည်။ 31 July 2026
01/08/2026

စက်သုံးဆီခိုးထုတ်မှုမရှိအောင် လိုအပ်တဲ့အချက်အလက်တွေတင်ပြပြီး QR code အသစ်ပြန်လည်လျှောက်ထားနိုင်ပါသည်။

31 July 2026

🤖 AI & Accounting Professional (Part 2)AI ခေတ်မှာ Accountant & Auditor တွေ မဖြစ်မနေ ပြောင်းလဲရမယ့် Skill (၅) ခုAI ခေတ်မှ...
01/08/2026

🤖 AI & Accounting Professional (Part 2)
AI ခေတ်မှာ Accountant & Auditor တွေ မဖြစ်မနေ ပြောင်းလဲရမယ့် Skill (၅) ခု

AI ခေတ်မှာ အရေးကြီးဆုံး မေးခွန်းက "AI က ငါ့အလုပ်ကို ဖြေးဖြေးခြင်း ယူသွားမလား? မေးနေတာထက် "ငါက AI နဲ့ တွဲပြီး ဘယ်လိုပိုတန်ဖိုးရှိတဲ့ Professional ဖြစ်အောင်လုပ်မလဲ?" ဆိုတာ ပိုပြီးရေးကြီးသွားပါပြီ။....

၁။ AI ကို မေးတတ်တဲ့ Skill (Prompting)
AI က အဖြေကောင်းပေးဖို့ မေးခွန်းကောင်း လိုပါတယ်။
ဥပမာ, ❌ "Revenue ကို ရှင်းပြပါ" လို့မေးတာထက်...
"IFRS 15 အရ Construction Company Revenue Recognition ကို Example နဲ့ ရှင်းပြပါ" လို့မေးနိုင်မှ ပိုတိကျတဲ့အဖြေကိုရရှိပါလိမ့်မယ်။

၂။ Professional Judgment
AI ပေးတဲ့ အဖြေတိုင်း မမှန်နိုင်ပါဘူး။
• Accounting Standard
• Tax Law
• Audit Evidence
တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ Professional Judgment နဲ့ အတည်ပြုနိုင်ရပါမယ်။

၃။ Data Analysis
အနာဂတ် Accountant နဲ့ Auditor တွေဟာ Data Entry လုပ်တဲ့သူ မဟုတ်တော့ဘဲ...
Data ကို ခွဲခြမ်းစိတ်ဖြာပြီး Business Insight ပေးနိုင်တဲ့သူ ဖြစ်လာရပါမယ်။

၄။ Communication Skill
AI က Report Draft ရေးပေးနိုင်ပါတယ်။
ဒါပေမယ့်...
• Client ကို နားလည်အောင် ရှင်းပြတာ
• Audit Finding ကို ဆွေးနွေးတာ
• Management ကို Recommendation ပေးတာ
ဒါတွေက လူရဲ့ Communication Skill ပဲ လိုပါတယ်။

၅။ Ethics & Confidentiality
AI အသုံးပြုတဲ့အခါ Client ရဲ့ Confidential Data ကို မျက်စိစုံမှိတ်ပြီး Upload မလုပ်သင့်ပါဘူး။
AI ကို အသုံးပြုရာမှာလည်း Professional Ethics နဲ့ Data Privacy ကို အမြဲလိုက်နာရပါမယ်။....

🎯 Key Takeaway
AI ခေတ်မှာ တန်ဖိုးအရှိဆုံး Professional ဆိုတာ AI ကို မကြောက်တဲ့သူ မဟုတ်ပါဘူး။

"AI ကို မှန်မှန်ကန်ကန် အသုံးချပြီး Professional Judgment၊ Ethics နဲ့ Business Knowledge ကို ပေါင်းစပ်နိုင်တဲ့သူ" ဖြစ်ပါတယ်။....

📌 Copy & Save
"AI က သင့်ရဲ့ Competitor မဟုတ်ဘူး။ AI ကို အသုံးမချတတ်တာကသာ သင့်ရဲ့ အကြီးမားဆုံး Risk ဖြစ်နိုင်တယ်။"....

💬 AI ခေတ်မှာ Accountant & Auditor တွေ အရေးကြီးဆုံး Skill က ဘာလို့ ထင်ပါသလဲ? Comment မှာ ဆွေးနွေးခဲ့ပါအုံး။....

✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေတွေကိုပါ Share ပေးလိုက်ပါဦးနော် 😊

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Accounting & Auditing Firm
Tel - 095182442

Address

Kamaryut Township, Hledan
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Apex Strategy Accounting and Auditing Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apex Strategy Accounting and Auditing Firm:

Shortcuts

Share