ကျွန်တော်တို့ကဘယ်သူတွေဆိုတာ
Eclion Global (အလူမီနီယံနဲ့မှန်လုပ်ငန်း)ဟာ အဆင့်မြင့်တဲ့နည်းပညာကြောင့်အောင်မြင်မှုရရှိနေတဲ့အလူမီနီယံနဲ့မှန် ကုမ္ပဏီတွေ ရဲ့ ထိပ်မှာဦးဆောင်နေတဲ့  ဒေသတွင်းအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့ဖောက်သည်တွေအတွက်PMI လို့ခေါ်တဲ့ (နိုင်ငံတကာကအသိအမှတ်ပြု ထားတဲ့အရည်အသေွးကောင်းမွန်တဲ့အလူမီနီယံပစ္စည်း)၊Oday လို့ခေါ်တဲ့(အီတလီစနစ်)တွေ နဲ့ ပေါင်းစပ်ထားတဲ့အလူမီနီယံ
နဲ့မှန်ဝန်ဆောင်မှုလုပ်ငန်းရဲ့ဝန်ဆောင်မှုအလုံးစုံ ကိုလုပ်ဆောင်ပေးပါတယ်။ကျွန်တော်တို့ဟာ နောက်ဆုံးပေါ်နည်းပညာ ကိုအသုံးပြုပြီး ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ဒီဇိုင်း ရေးဆွဲပေးတာ၊ ဆောက်လုပ်တပ်ဆင်ပေး တာတွေ အပြင်နောက်ဆုံးပေါ်နည်းပညာနဲ့ဆန်းသစ် တဲ့ဝန်ဆောင်မှုတွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှုတွေကိုပေးပါတယ်။
ကုမ္ပဏီ အကြောင်းအကျဉ်းချုပ်
ကျွန်တော်တို့ရဲ့ Elicon အလူမီနီယံနဲ့မှန်စက်ရုံကို ၂၀၁၁ခုနှစ်အောက်တိုဘာလကစတင်တည်ထောင်ခဲ့တာပါ။
စက်ရုံရဲ့မြေနေရာ က ၆၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီးရုံးအဆောက်အဦးတွေက ၆၅၀ စတုရန်းမီတာခန့်ကျယ်ဝန်းပါတယ်။
ပြခန်းအဆောက်အဦးတွေကတော့ ၃၂၀ စတုရန်းမီတာကျယ်ဝန်းပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပိုင်နိုင်မှု၊ ပြည်ပကကျွမ်းကျင်သူတွေ၊ အဆင့်မြင့်အင်ဂျင်နီယာတွေ၊ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်သူအဖွဲ့ဝင်တွေပါဝင်တဲ့ဝန်ထမ်းအင်အား ၃၀၀ ကျော် နဲ့ အဖွဲ့အစည်းတစ်ရပ်လုံးကိုစီမံခန့်ခွဲမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ရည်မှန်းချက်
ဒေသတွင်းကျွမ်းကျင်မှုနဲ့ကမ္ဘာအဆင့်နည်းပညာတို့ကိုပူးပေါင်းမှုနဲ့အတူ ECLION ထုတ်ကုန်တွေကို နိုင်ငံထဲမှာရှိတဲ့အထင်ကရအဆောက်အဦးတွေမှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေဟာအသုံးဝင်ပြီး အသုံးပြုသူတွေ အတွက် အဆင်ပြေကိုက်ညီစေမယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးနိုင် ပြီး လုံခြုံဘေးကင်းစေမှာပါ။
ကျွန်တော်တို့ရဲ့လုပ်ငန်းတာဝန်
ကျွန်တော် တို့ကနှစ်ဦးနှစ်ဖက်အ ကျိုး ရှိစေမယ့်အခြေအနေတစ်ရပ်ဖြစ်မြောက်လာစေရေး သီအိုရီ ကို လက်ကိုင်ထားတာကြောင့် ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ ၀ယ်ယူအားပေးသူဖောက်သည်တွေကို သူတို့ရဲ့လိုအပ်မှုတွေနဲ့ မျှော်မှန်းထားတာတွေထက်သာလွန်တဲ့ သူတို့နဲ့ရင်းနှီးအကျွမ်းတ၀င် ရှိပြီးသား ပထမတန်းစားထုတ်ကုန်တွေ ကိုဖြန့်ဖြူးပေးသွား မယ့် အပြင် ယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေကို ပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကသစ်တောတွေကိုထိန်းသိမ်းဖို့ကျွန်တော်တို့အနေနဲ့အလူမီနီယံကိုသစ်သားနေရာမှာ ပြောင်းလဲအသုံးပြုနိုင်အောင်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နေွးထွေးတဲ့ မိသားစုပုံစံနဲ့သူတို့ရဲ့တာဝန်တွေကိုပျော်ပျော်ရွှင်ရွှင် စိတ်ဝင်တစားနဲ့ ဂုဏ်ယူဝင့်ကြွားစွာလုပ်ဆောင်မယ့် ကျွမ်းကျင်ပြီးအတွေ့အကြုံပြည့်ဝတဲ့ဝန်ထမ်း တွေကိုရရှိအောင်ကြိုးပမ်းပြီးထိန်းသိမ်းသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့စီစဉ်ထားတဲ့သတ်မှတ်ချက်တွေကို အချိန်မီပြီးမြောက်အောင်မြင် အောင်ဇွဲရှိရှိနဲ့ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။