29/08/2026
"ဒီလတော့ Payroll တွက်တာ ငွေစာရင်း လွဲပြန်ပြီ..."
"OT စာရင်းတွေ Excel ထဲ ထည့်ရင်း ဇယားကွက်တွေ မှားကုန်လို့ အစက ပြန်စစ်နေရတော့မယ်…"
ဒါကတော့ သင်တို့ HR တွေလိုပဲ ဝန်ထမ်း (၂၀၀) ကျော်ရှိတဲ့ ကုန်ထုတ်လုပ်ငန်းတစ်ခုရဲ့ HR Manager မမေဇင် (အမည်လွှဲ) ဆီက အမြဲကြားရလေ့ရှိတဲ့ ညည်းတွားသံပါ။
လကုန်ရက်တွေ နီးပြီဆိုတာနဲ့ HR ဌာနမှာ စာရွက်စာတမ်းတွေ၊ Excel Sheets တွေနဲ့ ရုန်းကန်နေရပြီး Fingerprint စက်က Attendance Data တွေကို Excel ထဲ Manual ပြန်ကူး၊ ခွင့်ရက်/အလုပ်ပျက်ရက်တွေ လိုက်စစ်၊ အချိန်ပို (OT) တွက်ရတာနဲ့ ချာလပတ်ရမ်းနေတတ်ပါတယ်။
ဒီလောက် အပင်ပန်းခံ စစ်ထားတာတောင်မှ မတော်တဆ Human Error လေးသာ ပါသွားရင် ဝန်ထမ်းတွေရဲ့ မကျေနပ်ချက်တွေ၊ မေးခွန်းတွေ၊ ပြန်ဖြေရှင်းရမှာတွေက မမေဇင်အတွက် ခေါင်းကိုက်စရာတွေကြီးပါပဲ။ 💭
ဒါပေမဲ့ လွန်ခဲ့တဲ့ (၆) လစပြီး ဒီပြဿနာတွေ လုံးဝမရှိတော့ပါဘူး။
🔹 (၁) ပတ်နီးပါးကြာအောင် တွက်ရတဲ့ လစာတွက်ချက်မှုတွေက (၁) ရက်တည်းနဲ့ ပြီးသွားတယ်
🔹 Human Error လည်း လုံးဝမရှိသလောက် နည်းသွားပြီး
🔹 Payslip ကလည်း ဝန်ထမ်းတွေရဲ့ဖုန်းထဲကို လကုန်တာနဲ့ ရောက်နေပြီ။
ဒီလိုမျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားရတဲ့ အဓိက အကြောင်းအရင်းကတော့ - Manual Process အတိုင်းလုပ်ရတဲ့ စနစ်ဟောင်းကြီးကို စွန့်လွှတ်ပြီး Global HR ရဲ့ All-in-One Integrated HRMS ဆီကို ပြောင်းလိုက်လို့ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။
🔵 ဝန်ထမ်းတွေ ရုံးတက်/ဆင်း Attendance တင်လိုက်တာနဲ့တစ်ပြိုင်နက် ဒီ Data အချက်အလက် အကုန်လုံးက Global HR စနစ်ထဲမှာ Real-time အလိုအလျောက် စုစည်းပြီးသား ဖြစ်သွားပါတယ်။ Fingerprint စက်တွေ၊ စာရွက်ပေါ်က လက်မှတ်တွေကို Excel ထဲ လိုက်ကူးနေစရာ မလိုတော့ပါဘူး
🔵 ဒါကြောင့် Payroll စတင်တွက်ချက်တော့မယ်ဆိုရင် အရင်ကလို Attendance စာရင်းတွေ၊ OT အချိန်ပို တွက်ချက်မှုတွေနဲ့ ဖြတ်တောက်မှုတွေကို Excel ထဲ Manual ပြန်ကူးစရာ မလိုတော့ဘဲ System ထဲမှာတင် အဆင့်ဆင့် ချိတ်ဆက်ထားတာကြောင့် လစာ ပေါင်းနုတ်တွက်ချက်မှု အားလုံးကို အမှားအယွင်းမရှိသလောက် အလိုအလျောက် တွက်ချက်နိုင်သွားပါတယ်။
🔵 တွက်ချက်ပြီးတဲ့ လစာစာရင်းတွေကိုလည်း အရင် စာရွက်နဲ့ လိုက်ဝေစရာမလိုဘဲ Encrypted Mobile Payslip စနစ်နဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ဖုန်းထဲဆီ လုံခြုံမှုရှိရှိ ပို့ပေးနိုင်သွားပါတော့တယ်။
အခုဆို မမေဇင်တို့အဖွဲ့ဟာ Payroll Process တွေကို Digital Automation စနစ်နဲ့ လည်ပတ်စေပြီး ဝန်ထမ်းတွေရဲ့ Talent Management နဲ့ Business Strategy တွေပေါ်မှာ ပိုပြီးအာရုံစိုက်နိုင်နေပါပြီ။
➤ သင့်လုပ်ငန်းမှာရော လစာတွက်ရတာအတွက်နဲ့ အချိန်တွေအများကြီး ပေးနေရတုန်းလား ❓
Global HR ရဲ့ Automation System နဲ့ Payroll Processing Time ကို ဘယ်လို လျှော့ချမလဲဆိုတာ အခုပဲ Demo Version ရယူပြီး စမ်းသပ်အသုံးပြုလိုက်ပါ။
🌐 www.globalhr.com.mm
📞 09 9400-50-500 Ext (1001)
📥 [email protected]