14/04/2026
လူလို ပျော်ပါ
လူတိုင်းက ပျော်ချင်ကြပါတယ်။
မိမိ တတ်နိုင်သလောက် လူ့စည်းကမ်းဘောင်ထဲမှာ အပျော်ရှာခွင့်လဲ ရှိပါတယ်။
အရေးကြီးတာက လူ မှန်ရင် ကိုယ်ချင်းစာစိတ် ရှိရပါမယ်။
ဒါကြောင့် —-
(၁) ကိုယ်က အစားကောင်း စားနေချိန်မှာ ထမင်း တစ်လုတ်အတွက် ရုန်းကန်နေရသူတွေ ရှိနေတာ မမေ့ပါနဲ့။
(၂) ကိုယ်က အရက်နှင့် စည်းစိမ်ခံနေချိန်မှာ သောက်ရေတောင် ရဖို့ ခက်ခဲနေသူတွေကို သတိရပေးပါ။
(၃) ရာသီဥတု ပူလို့ ကိုယ့်အိမ်မှာ အဲကွန်းဖွင့် နားနေချိန်မှာ အိမ်ယာမဲ့သူတွေရဲ့ ဒုက္ခကို စာနာပေးပါ။
(၄) ကိုယ့်မိသားစု အပျော်ခရီးထွက်နေချိန်မှာ မလွှဲသာလို့ မွေးရပ်ကို စွန့်ခွါရသူတွေကို မြင်အောင်တော့ ကြည့်ခဲ့ပါ။
(၅) တန်ခိုးကြီး ဘုရားတွေ၊ နာမည်ကြီး ဘုန်းကြီးကျောင်းတွေမှာ ကိုယ့်မိသားစု အလှူလုပ် ကုသိုလ်ယူချိန်မှာ နေဖို့ ပျက်စီးသွားတဲ့ ကျောင်းလေးတောင် ပြန်ပြင်ဖို့ အလှူရှင် မရှိတဲ့ ရဟန်းတွေ သီလရှင်တွေ အတွက်လဲ တွေးပေးပါ။
(၆) ကိုယ့်ကလေး စာတော်လို့ ဆုတက်ယူနေချိန်မှာ
စာသင်ဖို့ အခွင့်အရေးတောင် မရတဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ကြည့်ပါ။
ပျော်ပါ။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်လေးနှင့် လူလို ပျော်ကြပါ။