20/10/2026
မနေ့က ဆေးရုံတက်နေတဲ့ မိတ်ဆွေတစ်ယောက်ကို သွားကြည့်ဖြစ်ခဲ့တယ်။
ပြန်လာတဲ့လမ်းတစ်လျှောက် ခေါင်းထဲမှာ အတွေးတွေ အများကြီးပဲ…
“ကျန်းမာနေတုန်းမှာ Critical Illness အတွက် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးတဲ့အကြောင်း သူနဲ့ ပိုပြီး သေချာဆွေးနွေးဖြစ်ခဲ့ရင် ကောင်းမှာပဲ…”
“အရင်ကတည်းက ဗဟုသုတအနေနဲ့ ပိုမျှဝေပေးဖြစ်ခဲ့ရင်ရော…”
အဲဒီအချိန်မှာတော့ ပြောချင်တဲ့ စကားတွေ အများကြီးရှိပေမယ့် “အားတင်းထားနော်… Fighting 💪” ဆိုတဲ့ စကားလေးနဲ့ပဲ အားပေးနှုတ်ဆက်ပြီး ပြန်ခဲ့ရတယ်။
တကယ်တော့ မိတ်ဆွေတစ်ယောက်အနေနဲ့ အခုအချိန်မှာ အရေးကြီးဆုံးက သူ့စကားကို နားထောင်ပေးဖို့၊ အားပေးဖို့နဲ့ လိုအပ်တဲ့အချိန်မှာ အနားမှာရှိပေးဖို့ပါပဲ။ 🤍
ဒီအတွေ့အကြုံလေးက ကျွန်မကို ပြန်သတိပေးလိုက်တယ်။
ကျန်းမာရေးနဲ့ ဘဝအတွက် ကြိုတင်ပြင်ဆင်မှုအကြောင်းတွေကို “နောက်မှ ပြောကြမယ်” ဆိုပြီး မရွှေ့ဆိုင်းဘဲ နားလည်လွယ်အောင် ပိုမျှဝေပေးသင့်တယ်ဆိုတာပါ။
ဒါနဲ့ ကျွန်မရဲ့ page လေးကို ပြန်ဖွင့်ပြီး အရင်က ရေးထားတဲ့ Critical Illness ဆိုင်ရာ knowledge-sharing post တွေကို ပြန်ဖတ်မိပြီးစိတ်ဝင်စားတဲ့သူတွေ ရှာဖတ်ရလွယ်အောင် အောက်မှာ link လေးတွေ စုထားပေးလိုက်ပါတယ်နော်။ 🌿
ဖတ်ကြည့်ရင်း ကိုယ့်အတွက် စဉ်းစားကြည့်စေချင်တဲ့ မေးခွန်းလေးတစ်ခုက—
“ကျန်းမာရေးကြောင့် အလုပ်ခဏနားရမယ်ဆိုရင် ကိုယ့်ရဲ့နေ့စဉ်အသုံးစရိတ်နဲ့ မိသားစုတာဝန်တွေအတွက် ဘယ်လိုပြင်ဆင်ထားပြီးပြီလဲ?”
လူတိုင်းရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေ မတူကြပါဘူး။
ဒီစာလေးကိုဖတ်ပြီး ကိုယ့်အတွက် အသုံးဝင်တဲ့ အသိတစ်ခုခု ရသွားမယ်ဆိုရင်ပဲ မျှဝေရကျိုးနပ်ပါတယ်။ 🤍
📎 Critical Illness ဆိုင်ရာ ဗဟုသုတ post များ 👇👇👇
https://www.facebook.com/share/p/1GCzT42nxa/
https://www.facebook.com/share/p/1DzKPc7pHY/
https://www.facebook.com/share/p/1DhLcV4ZuK/
https://www.facebook.com/share/p/1KciiLcUfu/
https://www.facebook.com/share/p/19e7LDVVyK/
https://www.facebook.com/share/p/1ZPbgFccBX/
https://www.facebook.com/share/p/1CCjZSAe4W/
" စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ Professional တွေအတွက် ဆေးရုံအာမခံရှိရုံနဲ့ တကယ်ပဲ လုံလောက်ပြီလား ? " 🇸🇬🇲🇲
𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐈𝐥𝐥𝐧𝐞𝐬𝐬 ဆိုတာရော ဘာလဲ? ဘာလို့ ကြိုတင်ပြင်ဆင်ထားသင့်တာလဲ? 🛡️
"𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐈𝐥𝐥𝐧𝐞𝐬𝐬 (ကုသရခက်ခဲတဲ့ရောဂါ)" လို့ ပြောလိုက်ရင် လူတော်တော်များများက ရောဂါကုရခက်တာကိုပဲ ပြေးမြင်တတ်ကြတယ်။ တကယ်တော့ အဲ့ဒါထက် ပိုနက်ရှိုင်းပါတယ်နော်။ 🧐 ဒါဟာ ကိုယ့်အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးအခြေအနေဖြစ်သလို၊ ကိုယ့်ဘဝရပ်တည်မှုကိုပါ ရိုက်ခတ်သွားစေနိုင်တဲ့ အခြေအနေမျိုးကို ပြောတာပါ။
ဥပမာ- အရေးကြီးအင်္ဂါအစိတ်အပိုင်း အစားထိုးတာမျိုး ဒါမှမဟုတ် အဆင့်မြင့်ကင်ဆာရောဂါတွေပေါ့။ 🏥 ဒီရောဂါတွေကို "𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥" လို့ ဘာလို့ သတ်မှတ်သလဲဆိုရင်-
🔹 ကုသမှုက ရေရှည်ယူရမယ်။
🔹 လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့ချီပြီး အလုပ်မလုပ်နိုင်တော့တာမျိုး ဖြစ်သွားနိုင်တယ်။
🔹 ဘဝနေထိုင်မှုပုံစံပါ လုံးဝပြောင်းလဲသွားနိုင်လို့ပါ (ဥပမာ- ဘီးတပ်ကုလားထိုင် အသုံးပြုရတာမျိုး)။ 👨🦽
ကျွန်မတို့ ဝန်းကျင်မှာ နေ့စဉ်ကြားနေရတဲ့ ရောဂါတွေဟာ တကယ်တော့ 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐈𝐥𝐥𝐧𝐞𝐬𝐬 စာရင်းဝင်တွေ ဖြစ်နေတာ များပါတယ်။ အထူးသဖြင့် စင်ကာပူမှာ အလုပ်လုပ်နေတဲ့ လူလတ်ပိုင်း (အသက် ၃၀ ကနေ ၆၀ ကြား) တွေမှာ အဖြစ်များဆုံးကတော့ ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ပျက်စီးတာမျိုးတွေပါပဲ။ 💔 စင်ကာပူမှာ လူ ၃ ယောက်မှာ ၁ ယောက်ဟာ ကင်ဆာဖြစ်နိုင်ခြေရှိပြီး ဒါဟာ အာမခံလျော်ကြေး တောင်းခံမှုမှာ နံပါတ် (၁) ပါပဲ။
ဆေးကုသစရိတ်တွေအကြောင်း စဉ်းစားကြည့်ရင်လည်း တကယ်ကို မနည်းပါဘူး။ 💸
🎗️ ကင်ဆာကုသမှု: ဒေါ်လာ ၅ သောင်းကနေ ၁ သိန်းခွဲကျော် ($50,000 – $150,000+) ထိ။
🫀 နှလုံးခွဲစိတ်ကုသမှု: ဒေါ်လာ ၃ သောင်းကနေ ၈ သောင်း ($30,000 – $80,000) ဝန်းကျင်။
🧠 လေဖြတ်ဝေဒနာ: ပြန်လည်ကုသစရိတ် ဒေါ်လာ ၁ သောင်းကနေ ၅ သောင်း ($10,000 – $50,000) ကြား။
ကျန်းမာရေးအာမခံ (Hospital Plan) တစ်ခုတည်းနဲ့ ဘာလို့ မလုံလောက်တာလဲ? 🤔
စင်ကာပူမှာနေတဲ့ ကျွန်မတို့အများစုမှာ MediShield Life ဒါမှမဟုတ် Integrated Shield Plan (IP) တွေ ရှိကြတာပဲလေ။ ဒါပေမဲ့ ဒါတွေက ဆေးရုံစရိတ် (Medical Bills) ကိုပဲ အဓိက ကာကွယ်ပေးတာပါ။ ဘယ်လို "ငွေကြေးဟာကွက်တွေ" ကျန်နေသေးလဲဆိုရင် -
🚫 ဝင်ငွေပြတ်တောက်မှု: ရောဂါကုသနေရတဲ့ ၁ နှစ်ကနေ ၃ နှစ်အတွင်း အလုပ်မလုပ်နိုင်ရင် အိမ်လခ၊ ကလေးကျောင်းလခနဲ့ မိသားစုစားဝတ်နေရေးကို ဘယ်သူက တာဝန်ယူမှာလဲ?
💊 အထူးဆေးဝါးများ: ကင်ဆာဆေးသစ်အချို့ဟာ အစိုးရရဲ့ ထောက်ပံ့ကြေးစာရင်း (CDL) ထဲမှာ မပါဝင်တတ်ပါဘူး။
🏡 နေထိုင်မှုပုံစံပြောင်းလဲခြင်း: အိမ်မှာ သူနာပြုငှားတာ၊ အာဟာရဖြည့်စွက်စာနဲ့ အိမ်တွင်းပြုပြင်မှုစရိတ်တွေ ရှိလာနိုင်ပါတယ်။
💡 ဒါဆို ဘယ်လောက်အထိ အကာအကွယ် (Cover) ရှိထားသင့်သလဲ?
စင်ကာပူအာမခံအသင်း (LIA) ရဲ့ အကြံပြုချက်အရဆိုရင်... ရောဂါဖြစ်လို့ အလုပ်နားပြီး အေးအေးဆေးဆေး ပြန်လည်ကုသနိုင်ဖို့အတွက် မိမိရဲ့ တစ်နှစ်ဝင်ငွေထက် ၃.၉ ဆ (၄ ဆနီးပါး) ခန့်ရှိတဲ့ Critical Illness Cover ထားရှိသင့်တယ်လို့ ဆိုပါတယ်။
နိဂုံးချုပ်အနေနဲ့... ✨
တကယ်လို့ ဒီနေ့သာ ကုသရခက်ခဲတဲ့ရောဂါတစ်ခုခု ခံစားရပြီဆိုရင် ကိုယ်ရော ကိုယ့်မိသားစုပါ ငွေကြေးအရ အဆင်သင့်ဖြစ်ပြီလား? 🤷♂️🤷♀️
အချိန်မနှောင်းခင်မှာ ဒီအကြောင်းအရာတွေကို သေချာစဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ အာမခံဆိုတာ မလိုသေးဘူးလို့ ထင်ရပေမဲ့ လိုလာတဲ့အချိန်ကျမှ လုပ်မယ်ဆိုရင် နောက်ကျသွားတတ်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်ကို လုံခြုံမှုရှိအောင် အခုကတည်းက စပြီး ပြင်ဆင်ကြရအောင်ပါ။ 🙏🛡️
ကိုယ့်ရဲ့ ငွေကြေးအနာဂတ်ကို ဘယ်လို စနစ်တကျ ကာကွယ်ရမလဲဆိုတာ အသေးစိတ် သိရှိလိုပါက [96211304] သို့ အခုပဲ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ 🛡️💼"
💬 Messenger မှတစ်ဆင့်လည်း အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။