Alpha Bargain Engineer

Alpha Bargain Engineer Myanmar Value Investing Vanguards

Happy Money vs. Unhappy Moneyသင့်ဘဝထဲကို ဝင်လာတဲ့ငွေက သင့်ကို စိတ်အေးချမ်းစေသလား.?ဒါမှမဟုတ် စိတ်ပူစေသလား?လူတစ်ယောက်ဟာ သူ...
24/08/2026

Happy Money vs. Unhappy Money

သင့်ဘဝထဲကို ဝင်လာတဲ့ငွေက သင့်ကို စိတ်အေးချမ်းစေသလား.?

ဒါမှမဟုတ် စိတ်ပူစေသလား?

လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ငွေကို မသုံးရဲဘဲ အမြဲချွေတာထားတယ်၊

“ရှာထားတဲ့ငွေတွေ ကုန်သွားရင် ဘယ်လိုလုပ်မလဲ”၊

“ဝင်ငွေမရတော့ရင် ဘယ်လိုလုပ်မလဲ”၊

“ရင်းနှီးမြှုပ်နှံပြီး အရှုံးပေါ်ရင် ဘယ်လိုလုပ်မလဲ” စသဖြင့် အမြဲတွေးတော ပူပန်နေတတ်တယ်

သူ့မှာ လက်ထဲငွေတွေရှိပေမယ့် စိတ်မချမ်းသာဘူး။

ပစ္စည်းတခုခု ဝယ်တိုင်း နှမြောတယ်၊

ရင်းနှီးမြှုပ်နှံဖို့ ကြောက်တယ်၊

မိမိ မိသားစုနဲ့ ပါတ်ဝန်းကျင်က လိုအပ်နေသူတွေကို ကူညီပေးဖို့လည်း တွန့်ဆုတ်နေတတ်တယ်...

ဒီလို ကြောက်ရွံ့ စိတ်၊ လောဘနဲ့ စိုးရိမ်ပူပန်မှုစိတ်တွေ တွဲနေတဲ့ငွေကို Unhappy Money လို့ ခေါ်ပါတယ်။

Unhappy Money ဆိုတာ မကောင်းတဲ့ငွေလို့ ဆိုလိုတာမဟုတ်ပါဘူး။

ဝင်ငွေရှာတဲ့ပုံစံ၊ ငွေသုံးစွဲတဲ့ပုံစံနဲ့ ငွေအပေါ်ထားတဲ့ သင့်စိတ်သဘောထားက အဓိကပါ။

Happy Money ဆိုတာက ဘာလဲ

ကိုယ်နှစ်သက်ပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်ကနေ ရလာတဲ့ငွေဟာ Happy Money ဖြစ်ပါတယ်။

သင့်အတွက် အရေးကြီးတဲ့နေရာတွေမှာ စဉ်းစားပြီး သုံးတဲ့ငွေဟာလည်း Happy Money ပါပဲ။

ဥပမာ
• သင့်ပညာရေးနဲ့ ဘဝတိုးတက်ဖို့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေအတွက် သုံးတဲ့ငွေ
• ကျန်းမာရေးစောင့်ရှောက်ဖို့ သုံးတဲ့ငွေ
• မိသားစုနဲ့ အမှတ်တရအချိန်ကောင်းတွေ ဖန်တီးဖို့ သုံးတဲ့ငွေ
• အရေးပေါ်အခြေအနေအတွက် စုဆောင်းထားတဲ့ငွေ
• မိမိပါတ်ဝန်းကျင်က လိုအပ်နေသူတွေကို ကူညီပေးတဲ့ငွေ
• အရည်အသွေးကောင်းတဲ့ လုပ်ငန်းတွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေဟာ Happy Money တွေဖြစ်ပါတယ်

Happy Money မှာ ကြည်နူးပီတိဖြစ်မှုတွေ၊ ကျေးဇူးတင်စိတ်တွေ ပါပါတယ်။

ဝင်ငွေရလာတဲ့အခါ ကိုယ့်ရဲ့အလုပ်နဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်တယ်။

ငွေသုံးစွဲတဲ့အခါလည်း ဘာအတွက်သုံးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိတယ်။

ငွေဆိုတာ အားလုံးကို လက်ထဲကိုင်ထားရုံနဲ့ အကျိုးမရှိပါဘူး။

အဲ့အတွက် သင့်ရဲ့လက်ရှိဘဝနဲ့ အနာဂတ်အတွက် စနစ်တကျ ခွဲဝေသုံးစွဲဖို့ သင့်ပါတယ်။
• ဘဝအတွက် အရေးပါတဲ့အရာတွေမှာ သုံးပါ
• အရေးပေါ်အသုံးစရိတ် ၃ လမှ ၆ လစာအထိ စုဆောင်းပါ
• မိသားစုနဲ့ လိုအပ်သူတွေကို တတ်နိုင်သလောက် မျှဝေပါ
• အမြန်အမြတ်လိုက်မရှာဘဲ တန်ဖိုးရှိတဲ့ Productive Assets တွေမှာ ရင်းနှီးမြှုပ်နှံပါ

Value Investor တစ်ယောက်အနေနဲ့ ငွေကို ကြောက်စိတ်နဲ့ မစီမံပါနဲ့

စည်းကမ်းထားရှိပါ။
စိတ်ရှည်ပါ။
ကိုယ်နားလည်တဲ့ လုပ်ငန်းတွေကိုသာ ရွေးချယ်ပါ။
အချိန်နဲ့ Compounding က သင့်ရင်းနှီးမြှုပ်နှံမှုကို တိုးပွားစေဖို့ အခွင့်အရေးပေးပါ။

ငွေဝင်လာတဲ့အခါ ကျေးဇူးတင်ပါ။

ငွေထွက်သွားတဲ့အခါ ရည်ရွယ်ချက်ဖြင့်သုံးစွဲခြင်းဖြစ်ပါစေ။

သင့်ဘဝကို ပိုကောင်းစေပြီး အခြားသူတွေအတွက်ပါ အကျိုးရှိစေတဲ့ငွေဟာ Happy Money ဖြစ်ပါတယ်။
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely!📖📚💹💰💯🎯
Bargain Engineer





“လစာဝင်ငွေ (Income) ကောင်းတာတခုထဲနဲ့ Wealthy မဖြစ်နိုင်ပါဘူး”Professional တော်တော်များများမှာ Salary တွေကောင်းကြပါတယ်။Ca...
21/08/2026

“လစာဝင်ငွေ (Income) ကောင်းတာတခုထဲနဲ့ Wealthy မဖြစ်နိုင်ပါဘူး”

Professional တော်တော်များများမှာ Salary တွေကောင်းကြပါတယ်။

Career ကောင်းပိုင်ဆိုင်ထားကြပီး အလုပ်ကြိုးစားသလောက် နှစ်တိုင်း ဝင်ငွေ (Income) လည်း တိုးလာနိုင်ပါတယ်..

ဒါပေမယ့် မေးစရာ မေးခွန်းတစ်ခုက...
“သင်အလုပ်မလုပ်တော့တဲ့တနေ့မှာ သင့် Income ဘယ်က ရမလဲ?”

Salary က သင့်အလုပ်နဲ့ ချိတ်ထားပါတယ်...

သင်အလုပ်လုပ်မှ ဝင်ငွေရှိမှာပါ.💯🎯

Wealth က သင်ပိုင်ဆိုင်ထားတဲ့ Productive Assets နဲ့ ချိတ်ထားပါတယ်။

အဲ့အတွက် ရာထူး/လစာကောင်းပီး ဝင်ငွေကောင်းတဲ့ လခစား
Professional တွေ အနေနဲ့ Earn → Spend → Save လုပ်တာမျိုးနဲ့ပဲ ရပ်မနေသင့်ပါဘူး။❌🙅‍♂️

ကိုယ်အလုပ်မလုပ်တော့တဲ့ တချိန်မှာ ဝင်ငွေရပေါက်ရလမ်းရှိနိုင်မယ့်
Wealth Building System တစ်ခု တည်ဆောက်ထားသင့်ပါတယ်။

Earn → Save → Acquire Assets → Reinvest → Compound

• Value Investor တစ်ယောက်အနေနဲ့ Assets တွေဝယ်တဲ့အခါ ဒီအချက်တွေကို စီစစ်သင့်ပါတယ်။

• Business Quality ကို အရင်ကြည့်ပါ။

• Revenue, Earnings နဲ့ Free Cash Flow တိုးလာနိုင်တဲ့ Company တွေကို ရှာပါ။

• ROIC ကို စစ်ပါ။ Company က ရင်းနှီးထားတဲ့ Capital ကို အကျိုးရှိရှိ အသုံးချနိုင်သလား ကြည့်ပါ။

• Debt ကို စစ်ပါ။ အမြတ်ကောင်းပေမယ့် Debt အရမ်းများတဲ့ Business က Economic Downturn မှာ Risk ပိုများပါတယ်။

• Economic Moat ကို ရှာပါ။ Strong Brand, Switching Costs, Cost Advantage နဲ့ Network Effect လို Competitive Advantages တွေက Long-Term Earnings ကို ကာကွယ်ပေးပါတယ်။

• Price ကို မမေ့ပါနဲ့။ Quality Company ကို Overvalued Price နဲ့ ဝယ်ရင် သင့် Future Return လျော့နိုင်ပါတယ်။

Intrinsic Value နဲ့ Margin of Safety ကို သတ်မှတ်ပါ။

• ကိုယ့်ရဲ့လစာဝင်ငွေ (Cash Flow) ကို Reinvest လုပ်ပါ။

• Dividend Income နဲ့ Investment Gains အားလုံးကို Lifestyle Spending ထဲ ပြန်မထည့်ပါနဲ့။

• Quality Assets ထဲ ပြန်ထည့်ပြီး Compounding ကို အချိန်ပေးပါ။

ဥပမာ Salary ကနေ လစဉ် $1,000 ကို Investment Capital အဖြစ် အရင်ခွဲထားပါ။
အဲ့လိုဆို ၁ နှစ်စာက $12,000 ဖြစ်ပါတယ်။

10 နှစ်ဆိုရင် သင်ထည့်ထားတဲ့ Capital တင် $120,000 ရှိလာပါမယ်။

Investment Returns နဲ့ Reinvestment ပါထည့်ရင် Portfolio Value က ဒီထက်ပိုတိုးလာနိုင်ပါတယ်။

ဒါကြောင့် High Income ရလာတဲ့အခါ Lifestyle ကိုပဲ တိုးမယ့်အစား

Asset Ownership ကိုအဓိကထား တိုးသင့်ပါတယ်။

အဓိကရည်ရွယ်ချက်က သင့်အချိန်နဲ့ အလဲလှယ်လုပ်ပီး ၀င်ငွေ (Income) ရှာတဲ့အဆင့်ကနေ သင်ပိုင်ဆိုင်တဲ့ Businesses နဲ့ Assets တွေက ၀င်ငွေ ရှာပေးနိုင်မယ့် / Cash Flow ထုတ်ပေးတဲ့အဆင့်ကို အရောက်သွားဖို့ပါ။

High Income improves your lifestyle.

Productive Assets Build your Wealth.

"လစာ၀င်ငွေကောင်းခြင်းက လူတန်းစေ့နေနိုင်တဲ့ ဘဝကိုရစေနိုင်ပီး

ဝင်ငွေရှာပေးနိုင်မယ့် Productive Assets တွေကိုပိုင်ဆိုင်ထားနိုင်မှုက

ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ပေးနိုင်ပါတယ်"

Your Wealth Building Process:
Income → Savings → Quality Assets → Cash Flow → Reinvestment → Compounding → Financial Independence

•ဒီနေ့ သင့်အချိန်နဲ့ အလဲလှယ်လုပ်ပီး ရလာတဲ့ ၀င်ငွေ (Income) အများစုကို ဘယ်နေရာမှာ အသုံးပြုနေပါသလဲ?❓

💼 INCOME တည်ဆောက်ဖို့အတွက်လား?

ဒါမှမဟုတ်

📈 Productive ASSETS တွေတည်ဆောက်ဖို့အတွက်လား?
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely! 📖📚💹💰💯🎯
@ Alpha Bargain Engineer Alpha Bargain Engineer





“Portfolio Growth မတိုင်ခင် Investor ကိုယ်တိုင် Grow လုပ်ရတယ်”Investing မှာ Money တစ်ခုတည်းကို Grow လုပ်နေတာ မဟုတ်ပါဘူး။...
20/08/2026

“Portfolio Growth မတိုင်ခင် Investor ကိုယ်တိုင် Grow လုပ်ရတယ်”

Investing မှာ Money တစ်ခုတည်းကို Grow လုပ်နေတာ မဟုတ်ပါဘူး။

Investor တစ်ယောက်အနေနဲ့ သင့်ရဲ့ Knowledge, Discipline နဲ့ Decision-Making Skill ကိုလည်း Grow လုပ်ရပါတယ်။

Market က သင့်ကို အမြဲစမ်းသပ်နေမယ်။

• Greed: Stock တက်နေချိန် FOMO နဲ့ ဝယ်မလား?

• Fear: Market 20% ကျရင် Panic Sell လုပ်မလား?

• Patience: သင့် Buy Price မရောက်သေးရင် စောင့်နိုင်မလား?

• Ego: Analysis မှားနေပြီဆိုတာ သိရင် လက်ခံပြီး Decision ပြောင်းနိုင်မလား?

ထက်မြက်တဲ့ Investor ဖြစ်ဖို့ Financial Statements ဖတ်တတ်ရုံနဲ့ မလုံလောက်ပါဘူး။

သင့် Thinking Process ကိုလည်း စစ်ရပါတယ်။

• Circle of Competence ကို သတ်မှတ်ပါ

• သင်ရှင်းပြလို့မရတဲ့ Business ကို မဝယ်ပါနဲ့။

• Price မကြည့်ခင် Business ကိုကြည့်ပါ။

• Revenue, Earnings, Free Cash Flow, ROIC, Debt နဲ့ Competitive Moat ကို စစ်ပါ။

• Intrinsic Value ကို ခန့်မှန်းပါ။ Market Price နဲ့ နှိုင်းယှဉ်ပြီး Margin of Safety ရှိမှ ဝယ်ပါ။

• Investment Journal ထားပါ။

• ဘာကြောင့်ဝယ်တယ်၊

• Fair Value ဘယ်လောက်လဲ၊

• ဘာဖြစ်ရင် Sell လုပ်မလဲဆိုတာ ဝယ်တဲ့နေ့မှာ ရေးထားပါ။

• Result တစ်ခုတည်းနဲ့ ကိုယ့် Skill ကို မတိုင်းပါနဲ့။ Stock တက်သွားပေမယ့် Analysis မှားနေနိုင်ပါတယ်။ Stock ကျသွားပေမယ့် Business Thesis မှန်နေနိုင်ပါတယ်။

• Quarterly Results ထွက်တိုင်း Original Thesis နဲ့ ပြန်နှိုင်းပါ။

• Earnings Power, Cash Flow, Debt နဲ့ Moat အားနည်းလာသလား စစ်ပါ။

• ဘာမှမလုပ်ဘဲ စောင့်တာကိုလည်း Decision တစ်ခုအဖြစ် သတ်မှတ်ပါ။

• Valuation မကောင်းရင် Cash ကို အလျင်စလို မသုံးပါနဲ့။

Investor Growth Cycle

Learn → Analyze → Decide → Record → Review → Improve → Repeat

Smart Investor = Better Decision Maker

သင့်ရဲ့ Process က ဒီလို တိုးတက်လာသင့်ပါတယ်။

• Knowledge ပိုကောင်းလာမယ်။
• Emotion ပိုထိန်းနိုင်လာမယ်။
• Valuation ပိုစနစ်ကျလာမယ်။
• Risk ကို ပိုနားလည်လာမယ်။
• Mistake တစ်ခုကို နှစ်ခါမလုပ်ဖို့ Review လုပ်လာမယ်။

Portfolio ကို Grow ချင်ရင် Capital တစ်ခုတည်းကို Invest မလုပ်ပါနဲ့။

သင့် Knowledge, Discipline, Character နဲ့ Decision-Making Process ထဲမှာလည်း Invest လုပ်ပါ။

Investing က သင့်ကို ဘာအများဆုံး သင်ပေးခဲ့လဲ?

• PATIENCE : စိတ်ရှည်သီးခံနိုင်မှုလား
• DISCIPLINE : စည်းစနစ်တကျရှိမှုလား
• RISK MANAGEMENT : အန္တရာယ်ကိုစီမံခန့်ခွဲနိုင်မှုလား
• EMOTIONAL CONTROL : စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်မှုလား

ဒီနေ့ Investor ဖြစ်နေတဲ့သင်က လွန်ခဲ့တဲ့ 3 နှစ်က သင်ထက် ဘယ် Decision ကို ပိုကောင်းအောင် ချနိုင်လာပြီလဲ?


The World is Fair & Square! 🌐🌎
Education is Expensive! 💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely! 📖📚💹💰💯🎯
@ Alpha Bargain Engineer






🎯 INVESTING DISCIPLINE: “RULE မရှိရင် Emotion က ဆုံးဖြတ်ပေးလိမ့်မယ်”ရင်းနှီးမြှုပ်နှံမှု မှာ Knowledge တစ်ခုတည်းနဲ့ မလုံ...
17/08/2026

🎯 INVESTING DISCIPLINE: “RULE မရှိရင် Emotion က ဆုံးဖြတ်ပေးလိမ့်မယ်”

ရင်းနှီးမြှုပ်နှံမှု မှာ Knowledge တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

Company Analysis ဘယ်လောက်ကောင်းကောင်း၊ Market အကြောင်း ဘယ်လောက်သိသိ
ကိုယ့်မှာ System + Rules + Discipline မရှိရင် ကြောက်ရွံ့မှု နဲ့ လောဘက
ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေကို အလွယ်တကူ ထိန်းချုပ်သွားနိုင်ပါတယ်။

Value Investor တစ်ယောက်အတွက် ပထမဆုံး Rule က Circle of Competence ထဲမှာ နေဖို့ပါ။⭕️💯

ကိုယ်နားမလည်တဲ့ Business ကို မဝယ်ဘဲ

Company က ဘယ်လိုငွေရှာသလဲ၊
Customer က ဘာကြောင့်ဝယ်သလဲ၊
Competitive Advantage ဘာရှိသလဲ ဆိုတာ ရှင်းပြနိုင်တဲ့ Business တွေကိုပဲ အရင်လေ့လာပါ။

Investment မလုပ်ခင်
Revenue, Earnings, Free Cash Flow, ROIC, Debt နဲ့ Balance Sheet Strength စတဲ့ Fundamentals တွေကို Checklist နဲ့ စစ်ဆေးခြင်းက စိတ်ခံစားမှု နဲ့ ပေါပြူလာဖြစ်တဲ့ စတော့တွေကို ဝယ်ဖို့ မှားယွင်းစွာ ဆုံးဖြတ်မိတာကို လျှော့ချပေးနိုင်ပါတယ်။

Quality Business တွေ့ရုံနဲ့လည်း ချက်ချင်းမဝယ်သင့်ပါဘူး
Intrinsic Value ကို ခန့်မှန်းတွက်ချက်ပြီး Margin of Safety ရှိတဲ့ Price ကို စောင့်နိုင်တဲ့ Discipline လိုအပ်ပါတယ်။

Company တစ်ခုကို အရမ်းကြိုက်ပီး ယုံကြည်မှုအရမ်းရှိနေရင်တောင် Position Sizing ကို မမေ့သင့်ပါဘူး။

Analysis မှန်နိုင်သလို မှားနိုင်တဲ့အတွက် ကိုယ့်ရဲ့ရင်းနှီးမြှုပ်နံမှု မတည်ငွေအားလုံးကို စတော့ ၁ခုထဲ အပေါ် ပုံမအောသင့်ပါဘူး ။
(Portfolio တစ်ခုလုံးကို Idea တစ်ခုတည်းပေါ် အလွန်အကျွံ Risk မယူ ဖို့သတိပြုရပါမယ်)

စတော့ဈေး ကျလာတဲ့အခါလည်း ဈေး ကျတာနဲ့ Investment Thesis ပျက်တာကို ခွဲခြားကြည့်ပါ။

Fundamentals မပြောင်းသေးရင် Panic Sell လုပ်ဖို့မလိုပေမယ့် Business Economics ပျက်စီးလာရင် “Long-Term Investor” ဆိုတဲ့အကြောင်းပြချက်နဲ့ မျက်စိမှိတ် Hold မလုပ်သင့်ပါဘူး။

အရေးကြီးဆုံးက Rules တွေကို ဈေးကွက်တည်ငြိမ်နေတဲ့အချိန်မှာ ရေးထားဖို့ပါ။

Market Crash ဖြစ်ပြီး စိုးရိမ်မှုရေချိန် အမြင့်ဆုံးရောက်နေချိန်မှ Rule အသစ်လုပ်တာထက် ကြိုတင်သတ်မှတ်ထားတဲ့ အစီစဉ်တွေကို လိုက်နာကျင့်သုံးတာက ပိုကောင်းပါတယ်။

📋 Value Investor’s Rules
✓ Stay within your Circle of Competence
✓ ကိုယ်နားမလည်တဲ့ Business မဝယ်ဘူး
✓ Business Quality ကို Price ထက် အရင်စစ်မယ်
✓ Debt အရမ်းများတဲ့ Company ကို သတိထားမယ်
✓ Free Cash Flow & ROIC ကို စစ်မယ်
✓ Intrinsic Value မသိဘဲ Price ကိုပဲကြည့်ပြီး မဝယ်ဘူး
✓ Margin of Safety မရှိရင် စောင့်မယ်
✓ Valuation မကြည့်ဘဲ FOMO နဲ့ မဝယ်ဘူး
✓ Position Size ကို Risk နဲ့အညီ ထိန်းမယ်
✓ Thesis မပြောင်းသေးရင် Price ကျတာတစ်ခုတည်းနဲ့ Panic Sell မလုပ်ဘူး

🧠 Remember
Emotion says: “Everyone is buying. Buy now! Buy now!”

Discipline asks: “Is it within my Circle of Competence?
Is it a quality business?
What is its intrinsic value?”

Rules တွေရှိထားရင် Market Emotion ပြင်းလာတဲ့အချိန်မှာ ကိုယ့်ရဲ့ မတင်ရင်းနှီးငွေကို ကိုယ့်ရဲ့ စိုးရိမ်ထိတ်လန့်မှု အကြောက်တရားဖြစ်တည်မှု ကနေ ကာကွယ်ပေးနိုင်ပါတယ်။

📌 Key Message
🎯 Investing Success = Knowledge × Discipline × Time
Knowledge tells you WHAT to BUY.

Discipline tells you WHEN to buy or WHEN to do NOTHING.

Time allows a great business to COMPOUND.

Investor Question

သင့်မှာ Stock တစ်ခုဝယ်/မဝယ် မှီ ဆုံးဖြတ်ဖို့ ချရေးထားတဲ့ လိုအပ်တဲ့သတ်မှတ်ချက် စာရင်း (Written Investment Checklist) ရှိပါသလား?

ရှိတယ်ဆိုရင် ဘယ် Rule က သင်ဘယ်တော့မှ မချိုးဖောက်တဲ့ No.1 Investing Rule ဖြစ်မလဲ?

The World is Fair & Square! 🌐🌏
Education is Expensive! 💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely! 📖📚💹💰💯🎯
@ Alpha Bargain Engineer Wealth Wisely





☔ “Market Prediction မလုပ်ပါနဲ့၊ Preparation လုပ်ပါ”“U.S.–Iran ၂ နိုင်ငံကြား နိုင်ငံရေးတင်းမာမှုစစ်ပွဲ ဆက်ဖြစ်နေမလား?”“F...
16/08/2026

☔ “Market Prediction မလုပ်ပါနဲ့၊ Preparation လုပ်ပါ”

“U.S.–Iran ၂ နိုင်ငံကြား နိုင်ငံရေးတင်းမာမှုစစ်ပွဲ ဆက်ဖြစ်နေမလား?”
“Fed ဘာလုပ်မလဲ?”
“အတိုးနှုန်း ကျမလား?”
“စီးပွားရေးကပ်ဆိုက်မလား?”
“စတော့ဈေးကွက် ပြိုလဲသွားမလား?"

ဒီမေးခွန်းတွေကို Investor တွေ အမြဲမေးလေ့ရှိကြပါတယ်။

နိုင်ငံရေးပဋိပက္ခတွေ ၊ စစ်ပွဲတွေ ၊ငွေကြေးဖောင်းပွမှုတွေ ၊ အတိုးနှုန်းနိမ့်/မြင့်တွေ နဲ့ စီးပွားရေးကပ်ဆိုက်ခြင်း တွေဟာ ဈေးကွက်ကို Short Term မှာ ခဏတာ လှုပ်ခတ်စေနိုင်ပါတယ်။

ဒါပေမယ့် Long-Term Investor တစ်ယောက်ရဲ့ အဓိကအလုပ်က အနာဂတ်ကို အတိအကျ ခန့်မှန်းခြင်း မဟုတ်ပါဘူး။

ကိုယ့် Portfolio ကို မတူညီတဲ့ Market အခြေအနေတွေမှာ Survive & Compound လုပ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ပါ။

🔎 Prediction ထက် Preparation ကို ဦးစားပေးပါ။

Value Investor တစ်ယောက်အနေနဲ့ “Market ဘယ်တော့ကျမလဲ?” လို့ မေးနေမယ့်အစား
ကိုယ်ပိုင် ဆိုင်ထားတဲ့ ကိုယ့်ရဲ့ Portfolio ထဲက Company တွေရဲ့
Earnings Power, Free Cash Flow, Debt Level နဲ့ Balance Sheet Strength စတဲ့ နောက်ခံ စီးပွားရေးအချက်လက်တွေကို စစ်ဆေးသင့်ပါတယ်။

Recession ဖြစ်လာရင်တောင် Strong Balance Sheet, Sustainable Cash Flow နဲ့ Competitive Moat ရှိတဲ့ Quality Businesses တွေဟာ Weak Businesses တွေထက် Crisis ကို ကျော်ဖြတ်နိုင်စွမ်း အား ပိုကောင်းနိုင်ပါတယ်။

Quality Company ဖြစ်တာတစ်ခုတည်းနဲ့လည်း မလုံလောက်ပါဘူး

Reasonable Valuation နဲ့ Margin of Safety ရှိတဲ့ Price မှာ ဝယ်ထားခြင်းက Unexpected Events တွေအတွက် Safety Cushion ပေးနိုင်ပါတယ်။

Portfolio ထဲမှာ Cash သို့မဟုတ် Liquidity အချို့ရှိထားခြင်းက Market Crash ဖြစ်လာတဲ့အခါ
Panic Seller ဖြစ်မယ့်အစား Quality Assets တွေကို Discount Price နဲ့ ဝယ်နိုင်တဲ့ ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေကို ပေးပါတယ်။

Diversification လို့ခေါ်တဲ့ စီးပွားရေးနယ်ပယ် တွေကိုဖြန့်ကြက်ထားခြင်း လုပ်တဲ့အခါ
ကိုယ့်ရဲ့ Portfolio ထဲမှာ Stock အရေအတွက်များများရှိဖို့ကို မဆိုလိုပါဘူး။

Business, Sector, Geography နဲ့ Risk Exposure တူညီနေမှုများ မဖြစ်အောင် စဉ်းစားသင့်ပါတယ်။

အရေးကြီးဆုံးက Scenario Planning ပါ

Market 20% ကျရင် ဘာလုပ်မလဲ?
30% ကျရင်ရော?
Investment Thesis မပြောင်းဘဲ Price ပဲကျရင် Buy More လုပ်မလား?
Fundamentals ပျက်သွားရင် ဘယ်အချိန် Exit လုပ်မလဲ?
ဆိုတာတွေကို ကြိုတင်သတ်မှတ်ထားဖို့လိုပါတယ်။

Market Crisis ဖြစ်တဲ့အချိန်မှ Plan စလုပ်တာထက် Market Calm ဖြစ်နေတဲ့အချိန်မှာ Rules သတ်မှတ်ထားခြင်း က Emotional Decision တွေကို လျော့ချပေးနိုင်ပါတယ်။

🛡️ Value Investor’s Preparation Framework

Quality Assets + Reasonable Valuation + Margin of Safety + Cash Management + Diversification + Risk Management

Predict Less → Prepare More → Stay Rational → Buy Value → Let Quality Compound

📌 Key Message
"☔ မိုးရွာမယ့်နေ့ကို အတိအကျ သိနိုင်ဖို့ထက် လက်ထဲ ထီး ဆောင်ထားဖို့က ပိုအရေးကြီးပါတယ်။"

Investor က War ဘယ်တော့ပြီးမလဲ၊ Fed ဘယ်တော့ Rate Cut လုပ်မလဲ၊ Market ဘယ်တော့ Crash ဖြစ်မလဲ ဆိုတာ Control မလုပ်နိုင်ပါဘူး။

ဒါပေမယ့် ဘယ် Business ကို ကိုင်ထားမလဲ၊ ဘယ် Price နဲ့ဝယ်မလဲ၊ Cash ဘယ်လောက်ထားမလဲ၊ Risk ဘယ်လောက်ယူမလဲ ဆိုတာတော့ Control လုပ်နိုင်ပါတယ်။

(အဲ့ဒါကြောင့် ကျွန်တော်တို့ MYVIV ရဲ့ Value Investing သင်ခန်းစာထဲမှာ Assets Portfolio Management ကို အရေးကြီးတဲ့ အခန်း ၁ ခုအနေနဲ့ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။)

💬 Investor Question

Market က မနက်ဖြန် -30% ကျသွားခဲ့ရင်

သင့် Portfolio က ကြံ့ကြံ့ခံနိုင်ဖို့ ပြင်ဆင်ထားပြီးပြီလား?

ဒါမှမဟုတ် Market ကျမှ Plan စလုပ်မလား?
The World is Fair & Square! 🌐🌏
Education is Expensive! 💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely! 📖📚💹💰💯🎯
@ Alpha Bargain Engineer





MARKET PSYCHOLOGY:“Market ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တယ်”Market တက်ရင်...😁 Confidence → Exc...
15/08/2026

MARKET PSYCHOLOGY:
“Market ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တယ်”

Market တက်ရင်...
😁 Confidence → Excitement → Euphoria → FOMO

Market ကျရင်...
😟 Anxiety → Fear → Panic → Capitulation

ပြဿနာက လူအများစုဟာ ဈေးတွေတက်ပြီး အားလုံး Optimistic ဖြစ်နေတဲ့အချိန်မှာ ဝယ်ချင် ကြပြီး၊ ဈေးကျပြီး ကြောက်စိတ်တွေများတဲ့အချိန်မှာ ရောင်းထုတ်ချင်လာကြတာပါ။

ဒီလို Emotional Cycle ကြောင့် Investor တွေဟာ မကြာခဏ
Buy High → Panic → Sell Low ဆိုတဲ့ အမှားကို လုပ်မိတတ်ကြပါတယ်။

Jeff Bezos ပြောခဲ့သလို
“The stock is not the company, and the company is not the stock.”

Short Term မှာတော့ Market Sentiment, News, Interest Rate, Fear နဲ့ Expectations တွေကြောင့် Stock Price က အတက်/အကျရှိနိုင်ပါတယ်။

ဒါပေမယ့် Stock Price ကျသွားတာနဲ့ Business က ပျက်သွားတာ မတူပါဘူး။

Value Investor တစ်ယောက်အနေနဲ့ Price ကျလာတဲ့အခါ Panic မဖြစ်ခင် Revenue, Earnings, Free Cash Flow, Debt, ROIC နဲ့ Competitive Advantage တွေ ပျက်စီးသွားပြီလားဆိုတာ အရင်စစ်ဆေးသင့်ပါတယ်။

Business Fundamentals က မပြောင်းလဲဘဲ Stock Price ပဲ ကျလာတယ်ဆိုရင် Intrinsic Value နဲ့ Market Price ကြား Gap ပိုကြီးလာပြီး Margin of Safety ပိုကောင်းလာနိုင်ပါတယ်။

(အဲ့ဒီအခြေနေက Value Investors တွေအတွက် အမြတ်ပိုရစေနိုင်တဲ့ မဟာအခွင့်ရေးမျိုးပါပဲ)

ဒါကြောင့် Market Correction တစ်ခုကို “ဘယ်လောက်ထပ်ကျမလဲ?” ဆိုတာ ခန့်မှန်းဖို့ထက်
“Price ကျတာလား၊ Value ကျတာလား?” ဆိုတာ ခွဲခြားနိုင်ဖို့ ပိုအရေးကြီးပါတယ်။

ဒါပေမယ့် Price ကျတိုင်း Buy လုပ်ရမယ်လို့လည်း မဆိုလိုပါဘူး။❌🙅‍♂️

Earnings Power ပျက်စီးလာခြင်း၊ Debt တက်လာခြင်း၊ Moat ပျောက်ဆုံးခြင်း စတဲ့ Investment Thesis ပျက်သွားတဲ့အခါ Cheap Price ဟာ Value Trap ဖြစ်နိုင်ပါတယ်။

Value Investor ရဲ့ အားသာချက်က Market ထက်ပိုတော်တာ မဟုတ်ပါဘူး။

ဈေးကွက် ဖိအားများပီး အတက်ကျလှုပ်ခတ်နေချိန်မှာ စိတ်တည်ငြိမ်မှုရှိခြင်း၊
စီးပွားရေးရဲ့ အချက်လက်များကို ပြန်စစ်နိုင်ခြင်းနဲ့ Price ကို Value နဲ့ နှိုင်းယှဉ်ပြီး Rational Decision ချနိုင်ခြင်း ဖြစ်ပါတယ်။

🔎 Value Investor’s Market-Crash Checklist
Price ↓ → Stay Calm → Recheck Fundamentals → Recalculate Intrinsic Value → Check Margin of Safety → Decide

Market ကို Control လုပ်လို့မရပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့ Investment Evaluating Process, Portfolio Risk နဲ့ Emotional Response ကိုတော့ Control လုပ်နိုင်ပါတယ်။

📌 Key Message
🧠 Market Cycle ထက် Emotional Discipline က ပိုအရေးကြီးပါတယ်။

Don’t react to the price.
Investigate the business.

ဈေးကွက် အတက်ကျလှုပ်ခတ်ခြင်းက Opportunity ကို ဖြစ်စေပီး..
Business Fundamentals ကတော့ ဝယ်သင့်/မဝယ်သင့်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

💬 Investor Question
Market က မနက်ဖြန် 20% ကျသွားရင် သင့်ရဲ့ ပထမဆုံး Reaction က ဘာဖြစ်မလဲ?

🔴 SELL
🟡 HOLD
🔍 RESEARCH
🟢 BUY

Value Investor တစ်ယောက်အတွက် အဖြေက Emotion ပေါ်မှာမူတည်တာမဟုတ်ဘဲ Business Value ပေါ်မှာ မူတည်သင့်ပါတယ်။
The World is Fair & Square!🌐🌏
Education is Expensive!💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely!📖📚💹💰💯🎯
Alpha Bargain EngineerGrowing Wealth Wisely





WALTER SCHLOSS:“ဈေးကြီးတဲ့ Popular Stock တိုင်း ကောင်းတဲ့ Investment မဟုတ်ဘူး”Market မှာ လူတိုင်းပြောနေတဲ့ Stock၊ Social...
14/08/2026

WALTER SCHLOSS:
“ဈေးကြီးတဲ့ Popular Stock တိုင်း ကောင်းတဲ့ Investment မဟုတ်ဘူး”

Market မှာ လူတိုင်းပြောနေတဲ့ Stock၊ Social Media မှာ Trending ဖြစ်နေတဲ့ Stock ကို မြင်ရင် “ငါလည်း မဝယ်ရင် ကျန်ခဲ့မလား?” ဆိုတဲ့
FOMO (Fear Of Missing Out) ဖြစ်တတ်ပါတယ်..

Walter Schloss ရဲ့ Value Investing Approach ကတော့ Market ရဲ့ Popularity ကို လိုက်ဖို့ထက်

Price နဲ့ Value ကို ခွဲကြည့်ဖို့ သင်ပေးပါတယ်...🎯

Company ကောင်းတာတစ်ခုတည်းနဲ့ Investment ကောင်းတစ်ခု ဖြစ်မလာပါဘူး..❌🙅‍♂️

Good Business + Wrong Price = Poor Investment ဖြစ်နိုင်ပါတယ်💯🎯

Excellent Company တစ်ခုကို ဝယ်မယ်ဆိုရင်တောင် လက်ရှိ Market Price က Business ရဲ့ Intrinsic Value ထက် ဘယ်လောက်မြင့်/နိမ့်နေသလဲ ဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်...

Value Investor တစ်ယောက်အနေနဲ့
Earnings, Free Cash Flow, Assets, Debt နဲ့ Balance Sheet Strength ကို ကြည့်ပြီး Company ရဲ့ တကယ့် Financial Value ကို လေ့လာသင့်ပါတယ်။

အထူးသဖြင့် Walter Schloss ရဲ့ Approach မှာ Downside Protection ကို အရေးကြီးစွာ စဉ်းစားပါတယ်

“ဘယ်လောက်ဈေးတက်နိုင်မလဲ?” မမေးခင်
“ခန့်မှန်းတွက်ချက်မှု မှားသွားရင် ဘယ်လောက်ဆုံးရှုံးနိုင်မလဲ?” ကို အရင်မေးပါ။🎯

ဥပမာ Intrinsic Value ကို $100 လို့ ခန့်မှန်းထားတဲ့ Stock တစ်ခုကို $95 နဲ့ဝယ်တာထက် $60–$70 လောက်မှာ ဝယ်နိုင်ရင် Margin of Safety ပိုကြီးလာပါတယ်။

Margin of Safety က Analysis မှားနိုင်ခြင်း၊ Business Performance ကျဆင်းနိုင်ခြင်းနဲ့ Market Uncertainty တွေအတွက် Investor ရဲ့ Safety Cushion တစ်ခုလို အလုပ်လုပ်ပေးပါတယ်။

ဒါကြောင့် Stock Price ကျနေတယ်ဆိုတာတစ်ခုတည်းနဲ့ Cheap Stock လို့ မယူဆသင့်ပါဘူး...

Business Value ပျက်စီးနေတဲ့ Company ဆိုရင် ဈေးကျသွားတာက Bargain မဟုတ်ဘဲ Value Trap ဖြစ်နိုင်ပါတယ်...

တစ်ဖက်မှာလည်း Stock Price မြင့်နေတယ်ဆိုတာတစ်ခုတည်းနဲ့ Overvalued လို့ မဆိုနိုင်ပါဘူး...

အရေးကြီးတာက Price ကို Earnings Power, Assets, Cash Flow နဲ့ Intrinsic Value တို့နဲ့ နှိုင်းယှဉ်ခြင်း ဖြစ်ပါတယ်...

Value Investing ဆိုတာ လူတိုင်းဝယ်နေတဲ့အချိန် လိုက်ဝယ်ခြင်းမဟုတ်ပါဘူး..❌🙅‍♂️

Research လုပ် → Value ခန့်မှန်း → Margin of Safety သတ်မှတ် → သင့်တော်တဲ့ Price ရောက်လာတဲ့အထိ စောင့်ခြင်း ဆိုတဲ့ Discipline ပါ။💯🎯

Walter Schloss Style Framework
Business & Assets → Financial Strength → Intrinsic Value → Margin of Safety → Buy Below Value → Be Patient

📌 Key Message
💰 “ဘယ် Company ဝယ်မလဲ?” ဆိုတာ အရေးကြီးသလို “ဘယ်ဈေးနဲ့ ဝယ်မလဲ?” ဆိုတာလည်း အရေးကြီးပါတယ်။

Great Company ≠ Great Investment at Any Price.

Value Investor တွေအတွက် ရည်ရွယ်ချက်က Popular Stock ကိုရှာဖို့မဟုတ်ဘဲ $1 တန်တဲ့ Value ကို 60¢–70¢ နဲ့ ဝယ်နိုင်မယ့် Opportunity ကိုရှာဖို့ ဖြစ်ပါတယ်။

💬 Investor Question
Excellent Company တစ်ခုဖြစ်ရင် ဘယ်ဈေးမဆို ပေးပြီး ဝယ်သင့်တယ်လို့ ထင်ပါသလား?
ဒါမှမဟုတ် သင့်မှာ ဝယ်မယ့် Price နဲ့ Margin of Safety သတ်မှတ်ထားပါသလား?
The World is Fair & Square!🌐🌏
Education is Expensive!💸💸💰
Think→Learn→ Grow→ Invest→ Build Wealth→ Growing Wealth Wisely!📖📚💹💰💯🎯
Alpha Bargain EngineerAlpha Bargain Engineer





PETER LYNCH: “ကိုယ်နားလည်တဲ့ Business ကို ရှာပါ”Peter Lynch ရဲ့ Investing Philosophy က Beginner ကနေ Intermediate Investo...
13/08/2026

PETER LYNCH: “ကိုယ်နားလည်တဲ့ Business ကို ရှာပါ”
Peter Lynch ရဲ့ Investing Philosophy က Beginner ကနေ Intermediate Investor တွေအတွက် အရေးကြီးတဲ့ Lesson တစ်ခု သင်ပေးပါတယ်။

နေ့စဉ်ဘဝမှာ ကိုယ်တွေ့နေရတဲ့
စားသုံးကုန်၊ Technology၊ Banking၊ Retail၊ Healthcare စတဲ့ Business တွေထဲမှာ Investment Ideas ရှိနိုင်ပါတယ်။

ကိုယ်အမြဲသုံးနေတဲ့ Product၊ လူတွေတန်းစီဝယ်နေတဲ့ဆိုင်၊ Customer တွေတိုးလာနေတဲ့ Service တစ်ခုကနေတောင် စိတ်ဝင်စားစရာ Company တစ်ခုကို ရှာတွေ့နိုင်ပါတယ်။

ဒါပေမယ့်...
❌ Product ကြိုက်တာ = Stock ကောင်းတာ မဟုတ်ပါဘူး။

Product ကောင်းတာက Research စလုပ်ဖို့ Idea ပဲဖြစ်ပြီး Investment Decision မဟုတ်သေးပါဘူး။

Idea ရပြီဆိုရင် Company ရဲ့ Financial Statements, Revenue & Earnings Growth, Debt, Profitability, Cash Flow နဲ့ Valuation တွေကို ဆက်ပြီး Research လုပ်ရပါမယ်။

Company ရဲ့ Earnings က နှစ်စဉ်တိုးလာသလား၊ ဒါမှမဟုတ် တစ်ခါတလေဖြစ်ပေါ်တဲ့ Temporary Growth ပဲလားဆိုတာ ခွဲခြားကြည့်ပါ။

Debt များလွန်းသလား၊ Cash Flow ကောင်းသလား၊ Balance Sheet ခိုင်မာသလား ဆိုတာလည်း စစ်ဆေးဖို့လိုပါတယ်။

Business ကောင်းရုံနဲ့ မလုံလောက်ပါဘူး။

Competitors တွေထက် အားသာစေမယ့် Brand, Pricing Power, Customer Loyalty, Network Effect စတဲ့ Competitive Advantages ရှိ/မရှိကိုလည်း လေ့လာပါ။

နောက်တစ်ချက်က Growth ကို ဘယ်လောက် Price ပေးပြီး ဝယ်နေရသလဲ ဆိုတာပါ။

Earnings တိုးတက်နေပေမယ့် Stock Price က Growth Expectation ထက် အများကြီးမြင့်နေပြီဆိုရင် Return Potential လျော့သွားနိုင်ပါတယ်။

ဒါကြောင့် P/E, PEG Ratio, Free Cash Flow နဲ့ Historical Valuation တွေကို Growth Rate နဲ့ တွဲပြီး စဉ်းစားပါ။

Stock မဝယ်ခင် ကိုယ့်ကိုယ်ကို
“ဒီ Company က ဘယ်လိုငွေရှာသလဲ၊ ဘာကြောင့် နောက် 5–10 နှစ်မှာ ပိုကောင်းလာနိုင်သလဲ?”
ဆိုတာ ရိုးရိုးရှင်းရှင်း ရှင်းပြနိုင်ရပါမယ်

အဲ့လိုမှ ကိုယ့်ကိုကိုယ် အလွယ်တကူမရှင်းပြနိုင်သေးရင် Stock ဝယ်ဖို့
အလျင်စလို မဆုံးဖြတ်သင့်ပါဘူး..

ကိုယ် Understand မလုပ်နိုင်သေးတဲ့ Business ကို Skip လုပ်တာလည်း Investment Decision ကောင်းတစ်ခုပါပဲ။

🔑 Peter Lynch Style Framework
Observe → Understand → Research → Value → Invest → Monitor

Key Message
🔎 Understand First. Research Second. Invest Last.

နေ့စဉ်ဘဝက Investment Idea ပေးနိုင်ပါတယ်။

ဒါပေမယ့် Financial Analysis + Business Quality + Reasonable Valuation ကပဲ Idea တစ်ခုကို Investment ဖြစ်သင့်/မဖြစ်သင့် ဆုံးဖြတ်ပေးပါတယ်။

💬 Investor Question
သင်နေ့တိုင်းသုံးနေတဲ့ Product တစ်ခုရဲ့ Company ကို Investment အနေနဲ့ Research လုပ်ဖူးပါသလား?

Product ကိုကြိုက်လို့လား၊ ဒါမှမဟုတ် Business Fundamentals ကောင်းလို့လား?
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Learn Grow Invest Build Wealth Growing Wealth Wisely!📖📚💹💰💯🎯
Alpha Bargain Engineer





WARREN BUFFETT:“အချိန်ကို အကောင်းဆုံးအဖော်မွန် / ကိုယ့်ဘက်ကလူ ဖြစ်အောင်လုပ်ပါ” ⏳🌱Warren Buffett ရဲ့ Wealth Building မှာ ...
12/08/2026

WARREN BUFFETT:
“အချိန်ကို အကောင်းဆုံးအဖော်မွန် / ကိုယ့်ဘက်ကလူ ဖြစ်အောင်လုပ်ပါ” ⏳🌱

Warren Buffett ရဲ့ Wealth Building မှာ အရေးကြီးဆုံးအရာတစ်ခုက Compounding + Time ပါ။

Investor အများစုက မြန်မြန်ချမ်းသာချင်ကြတယ်။

ဒါပေမယ့် Sustainable Wealth ဆိုတာ မြန်မြန်ရဖို့ထက် ကြာကြာတည်တံ့ဖို့ ပိုအရေးကြီးပါတယ်။

Quality Business တစ်ခုဟာ ရရှိလာတဲ့ Profit ကို ထိရောက်စွာ ပြန်လည်ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်ပြီးတစ်နှစ် Business Value တိုးလာနိုင်ရင် Investor ရဲ့ Capital လည်း အချိန်နဲ့အမျှ Compound ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Value Investor တစ်ယောက်အနေနဲ့ Stock Price တက်မတက်ကိုပဲ မကြည့်ဘဲ Business ရဲ့ Quality ကို အရင်ကြည့်ဖို့လိုပါတယ်။

နှစ်ရှည်လများ Revenue, Earnings နဲ့ Free Cash Flow တိုးတက်နိုင်သလား၊ ROIC ကောင်းကောင်းကို ထိန်းထားနိုင်သလား ဆိုတာ လေ့လာပါ။

Competitor တွေ အလွယ်တကူ မယှဉ်နိုင်တဲ့ Economic Moat ရှိ/မရှိ၊
Management က Shareholders တွေရဲ့ Capital ကို မှန်ကန်စွာ အသုံးချနိုင်သလားဆိုတာလည်း အရေးကြီးပါတယ်။

ဒါပေမယ့် Great Company ဖြစ်တာနဲ့ Great Investment ဖြစ်တာ မတူပါဘူး။

Business ဘယ်လောက်ကောင်းကောင်း ဈေးအရမ်းပေးပီးဝယ်မိရင် Future Return လျော့သွားနိုင်ပါတယ်။

ဒါကြောင့် Company ရဲ့ Intrinsic Value ကို ခန့်မှန်းတွက်ချက်ပီး
Margin of Safety ရှိတဲ့ Price မှာ ဝယ်နိုင်ဖို့ စောင့်ဆိုင်းခြင်းဟာ
Value Investing ရဲ့ အရေးကြီးတဲ့ စည်းကမ်း (Discipline) တစ်ခုပါ။

ဝယ်ပြီးသွားတဲ့နောက်မှာလည်း Stock Price နေ့စဉ်အတက်အကျကြောင့် Decision ပြောင်းနေမယ့်အစား Business Fundamentals မပြောင်းသရွေ့ အချိန်ကို Compounding လုပ်ခွင့်ပေးပါ။

တကယ်တော့ Long-Term Investing ဆိုတာ Stock တစ်ခုကို မျက်စိမှိတ်ပြီး 10–20 နှစ် ကိုင်ထားခြင်းမဟုတ်ပါဘူး။

Business ရဲ့ Earnings Power, Competitive Advantage နဲ့ Financial Strength တွေ ဆက်လက်ကောင်းမွန်နေသလားဆိုတာ ပုံမှန်စစ်ဆေးနေရင်း ကိုယ့်ရဲ့မျှော်မှန်းထားမှုနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးတိုးတက်မှုအချက်အလက်တွေမှန်နေသရွေ့ လက်ထဲကိုင်ထားပီး ဥ ထားခြင်း (Hold) လုပ်ခြင်း ဖြစ်ပါတယ်။

🌱 Year 1 — စတင်စိုက်ပျိုးခြင်း
🌳 Year 10 — ကြီးထွားခြင်း
🌲 Year 20+ — Wealth Machine

📌 Key Message
Wealth Building မှာ Patience ဟာ Weakness မဟုတ်ပါဘူး။ Strategy တစ်ခုပါ။

Buy Quality → Pay a Sensible Price → Let the Business Compound → Stay Patient.

Market က Short Term မှာ ဝယ်လိုအား/ရောင်းလိုအားပေါ်အခြေခံပီး ဈေးနှုန်းသက်ရောက်မှုအခိုက်တန့်ရှိနိုင်ပေမယ့်၊ Long Term မှာတော့ Business Performance က Investment Result ကို ဆုံးဖြတ်ပေးပါတယ်။

💬 Investor Question
သင့် Portfolio ထဲမှာ Business Fundamentals ကို ယုံကြည်ပြီး 10 နှစ်ကျော် ကိုင်ထားရဲတဲ့ Company ဘယ်နှစ်ခုရှိလဲ?

ပြီးတော့…
အဲ့ဒီ Company တွေကို ဘာကြောင့် 10 နှစ်ကျော် ကိုင်ထားချင်တာလဲ?
The World is Fair & Square!🌐🌏
Education is Expensive!💸💸💰
Think Learn Grow Invest Build Wealth Growing Wealth Wisely!📖📚💹💰💯🎯
Alpha Bargain Engineer





“စတော့ရှယ်ယာကို ဝယ်တာလား၊ Business ကို ဝယ်တာလား?”မြန်မာတွေပြောနေကျစကားအရ"စတော့ ဆော့တယ်" ဆိုကတည်းက စတော့ဆိုတာ အွန်လိုင်းက...
11/08/2026

“စတော့ရှယ်ယာကို ဝယ်တာလား၊ Business ကို ဝယ်တာလား?”

မြန်မာတွေပြောနေကျစကားအရ

"စတော့ ဆော့တယ်" ဆိုကတည်းက စတော့ဆိုတာ အွန်လိုင်းကာစီနိုသဘောမျိုး ဝင်စို့/ထွက်စို့နဲ့ ဝယ်/ရောင်းလုပ်ရတဲ့ ဂိမ်း သဘောမျိုး ထင်မြင်ယူဆနေကြခြင်းလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ် ..

အမှန်တော့ အဲ့လိုမဟုတ်ပါဘူး

တကယ်တော့ စတော့တစ်ခုဝယ်လိုက်တဲ့အခါ Screen ပေါ်က Ticker တစ်ခုကို ဝယ်လိုက်တာ မဟုတ်ပါဘူး။ ❎🙅‍♂️

သက်ဆိုင်ရာ စတော့ရှယ်ယာရဲ့နောက်ကွယ်က စီးပွားရေးရဲ့ အစိတ်ပိုင်း ၁ ခုကို ဝယ်ယူပိုင်ဆိုင်လိုက်ခြင်းဆိုတာ နားလည်သဘောပေါက်မှသာ စတော့ဈေးကွက်ထဲ အမှန်တကယ်ရင်နှီးမြှုပ်နံဖို့ ဝင်ရာက်လုပ်ကိုင်ခြင်းလို့ ဆိုနိုင်မှာပါ✅💯

သင်ရော
📈 Stock Price တက်မလား/ ကျမလား ဆိုတာ ခန့်မှန်းပီး ဝယ်/ရောင်းလုပ် နေတာလား?

🏢 ဒါမှမဟုတ် Business ကောင်းတစ်ခုရဲ့ Owner ဖြစ်ဖို့ ရင်းနှီးမြှုပ်နှံနေတာလား?

တကယ့် Business တစ်ခုရဲ့ အစိတ်အပိုင်းကို ပိုင်ဆိုင် ဖို့ဆိုရင်

Value Investor တစ်ယောက် အနေနဲ့ မေးရမယ့်မေးခွန်းက

“မနက်ဖြန် Stock Price တက်မလား / ကျမလား?” မဟုတ်ဘဲ...

“ဒီ Business က နောက် 10 နှစ်၊ 20 နှစ်မှာ ပိုကောင်းလာနိုင်မလား?”

Revenue, Profit, Cash Flow, Debt, ROIC နဲ့ Competitive Advantage တွေကို စစ်ဆေးပြီး

Business Quality ကို အရင် ဆုံးစစ်ဆေးပီးမှ ဝယ်ယူဖို့ဆုံးဖြတ်ရမှာပါ။

အဲ့နောက်မှ
- ဘယ်ဈေးနဲ့ ဝယ်မှာလဲ
- ဘယ်လောက်ဝယ်မှာလဲ စတာတွေကို စနစ်တကျပုံဖော်ပီး အကောင်ထည်ဖော် ဝယ်ယူရင်းနှီးရမှာပါ

Key Message:
📌 Think like a Business Owner, not a Stock Trader.

မိတ်ဆွေတို့ရော Stock ဝယ်တဲ့အခါ Price ကိုအရင်ကြည့်သလား၊ Business ကိုအရင်ကြည့်သလား?

The World is Fair & Square!🌐🌏
Education is Expensive!💸💸💰
Think Learn Grow Invest Build Wealth Growing Wealth Wisely!📖📚💹💰💯🎯✅❎
Alpha Bargain Engineer





Address

Singapore

Telephone

+6565436735

Alerts

Be the first to know and let us send you an email when Alpha Bargain Engineer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alpha Bargain Engineer:

Shortcuts

Share