09/22/2026
📌 Estimated Tax Payment မပေးရင် Penalty ဖြစ်မလား?
ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေ၊ 1099 income ရတဲ့သူတွေက W-2 ဝန်ထမ်းတွေလို လစာထဲက Tax အလိုအလျောက်ဖြတ်ပေးတာ မရှိတဲ့အတွက် တစ်နှစ်အတွင်း Estimated Tax Payment ကြိုပေးထားဖို့ လိုတတ်ပါတယ်။
ဒါပေမယ့် Estimated Tax ကို မပေးထားတာနဲ့ Penalty တန်းဖြစ်တာတော့ မဟုတ်ပါဘူး။
ဥပမာ—
👉 ဒီနှစ်အတွက် ပေးရမယ့် Tax ရဲ့ 90% ကို ကြိုပေးထားရင်
👉 မနှစ်က Tax ပမာဏရဲ့ 100% (ဝင်ငွေမြင့်တဲ့သူတွေမှာ 110%) ကို ကြိုပေးထားရင်
👉 Tax Return တင်တဲ့အချိန် ပေးရန်ကျန်တဲ့ Tax က $1,000 အောက်ဖြစ်ရင်
Penalty မဖြစ်နိုင်ပါဘူး။
ဒါဆို Estimated Tax ကို ပိုပေးထားရင် ဘာဖြစ်မလဲ? 🤔
ဥပမာ တစ်နှစ်တာအတွက် တကယ်ပေးရမယ့် Tax က $10,000 ပဲရှိပေမယ့် Estimated Tax အနေနဲ့ $12,000 ကြိုပေးထားတယ်ဆိုရင်၊ Tax Return တင်တဲ့အချိန် $2,000 ပိုပေးထားတာ ဖြစ်ပါတယ်။
အဲဒီအပိုငွေကို ပျောက်သွားတာမဟုတ်ပါဘူး။ 😊
Tax Return တင်တဲ့အချိန်မှာ Refund ပြန်ရနိုင်ပါတယ်။ ဒါမှမဟုတ် နောက်နှစ် Estimated Tax အတွက် ကြိုသွင်းထားလို့လည်း ရပါတယ်။
📌 Penalty ဖြစ်လာရင်လည်း ဘယ်လောက်ပေးရမလဲဆိုတာ တစ်ခါတည်းတွက်တာ မဟုတ်ပါဘူး။
April, June, September, January ဆိုပြီး Quarter တစ်ခုချင်းစီမှာ ဘယ်လောက်ပေးသင့်သလဲ၊ ဘယ်လောက်ပေးခဲ့သလဲ၊ ဘယ်အချိန်မှာ ပေးခဲ့သလဲဆိုတာတွေကို ကြည့်ပြီး တွက်ပါတယ်။
💡 ဒါကြောင့် Self-employed ဖြစ်တဲ့သူတွေ၊ 1099 income ရတဲ့သူတွေက Estimated Tax ကို ဘယ်လောက်ပေးသင့်လဲဆိုတာ ကြိုတွက်ထားတာက အရေးကြီးပါတယ်။
ကိုယ့်ရဲ့ income နဲ့ tax situation ပေါ်မူတည်ပြီး တွက်ချက်ပုံက မတူနိုင်ပါတယ်။
💡 Tax ကိစ္စနဲ့ပတ်သက်ပြီး မသေချာတာရှိရင် Minn Tax and Business Service ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️ (646) 291-2946
📍 8708 Justice Ave Ste , Elmhurst, NY 11373