21/10/2026
သင့်လုပ်ငန်းရဲ့ ရလဒ်တွေကို ကောင်းမွန်လာစေမယ့် ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်အား နှစ်စဉ် အကဲဖြတ်ခြင်း (Performance Appraisal) 💚
----------------------------------------------
ကျွန်မတို့ Goodwill HR & Financial Consulting Group မှ ဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်တဲ့ Performance Appraisal ( စွမ်းဆောင်ရည် အကဲဖြတ်ခြင်း ) အကြောင်းကို မျှဝေပေးသွားပါမယ် ရှင်....💚
လုပ်ငန်းတစ်ခုမှာ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ အရင်ဆုံး လေ့လာကြည့်ရအောင်...။ 📚
📊 Performance Appraisal - စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနည်းစနစ်ဆိုတာ အချိန်ကာလ တခုအတွင်းမှာ မိမိတို့လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်မှုစွမ်းရည်တွေက အချိန်နဲ့ တပြေးညီ တိုးတက်မှုရှိရဲ့လား? ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ personal goal setting နဲ့ Organisation ရဲ့ Mission & Vision တွေ အနီးစပ်ဆုံး ရှိရဲ့လား? ဒါမှမဟုတ် လိုအပ်တဲ့ အရည်အချင်းရောက်အောင် ဘာတွေပြီးမြောက်ဖို့လိုအပ်တယ်ဆိုတာ ဆွေးနွေးဆန်းစစ်ဖို့ အသုံးပြုကြတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
📝စွမ်းဆောင်ရည် အကဲဖြတ်ခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးကတော့ နှစ်တစ်နှစ်အတွင်း ဝန်ထမ်းတွေရဲ့ စွမ်းဆောင်မှုရလဒ်တွေကို အလွယ်တကူ တိုင်းတာသိရှိနိုင်တာပဲ ဖြစ်ပါတယ်။
✨စွမ်းဆောင်မှု အကဲဖြတ်ခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေကိုလဲ မျှဝေပေးပါရစေ...။ 👇👇
🎯ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ လုပ်ဆာင်မှုတွေက ဌာနတွေအားမှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိနိုင်ပါတယ်။
🎯အဖွဲ့အစည်းထဲမှာရှိတဲ့ ဝန်ထမ်းတစ်ဦးရဲ့ ရာထူးနဲ့ လက်ရှိစွမ်းဆောင်နိုင်မှုအခြေအနေကို ရှင်းလင်း မြင်သာစေပါတယ်။
🎯အချိန်ကာလတခုအတွင်း ဝန်ထမ်းများ မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ခြင်းဖြင့် မိမိအတွက်သာမက အဖွဲ့အစည်းအတွက်ပါ အကျိုးအမြတ်ဖြစ်စေပါတယ်။
🎯အရည်အချင်းတွေ တိုးတက်လာတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီက ဦးဆောင်သူ Leaders တွေနဲ သီးသန့့် ဆွေးနွေးပြီး အနာဂါတ်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ်တွေကိုပါ ဖန်တီးနိုင်ပါတယ်။
🎯စွမ်းဆောင်မှု အရည်အချင်း စစ်ဆေးတိုင်းတာမှုရဲ့ ရလဒ်ပေါ်မှာ ကောင်းမွန်တဲ့ ဆုပေး ဒဏ်ပေး နည်းစနစ်တွေချထားပြီး အလုပ်ခွင်အတွင်း ဝန်ထမ်း တွေရဲ့ စိတ်ဓာတ်ကို ပိုမိုအားဖြည့် တက်ကြွ စေမှာဖြစ်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်ရင် ပိုကောင်းတဲ့ အကျိုးအမြတ် ခံစားခွင့်တွေ ရရှိစေမှာဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိတဲ့ ဝန်ထမ်းကတော့ ပြစ်ဒဏ်ပေးခြင်းခံရမှာပါ...။
🎯အဖွဲ့အစည်းရဲ့ ဝန်ထမ်းသစ် စုဆောင်းခြင်းနဲ့ လုပ်ငန်းခွင် လက်တွေ့ဆောင်ရွက်မှုတွေရဲ့ အောင်မြင်မှုကို ဆန်းစစ် အတည်ပြုဖို့အသုံးပြုနိုင်တယ်။
🎯စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနည်းစနစ်က ဝန်ထမ်းတွေရဲ့ အထူးအခွင့်အရေးတွေ၊ ရာထူးတိုး၊ ရာထူးပြောင်းလွှဲထားတာတွေ၊ဆုပေးတာတွေနဲ့
ပတ်သက်ပြီး မြင်သာမှုရှိတဲ့ ဆုံးဖြတ်ချက်ချဖို့ကိုလည်း ကူညီပေးပါတယ်။
🎯စွမ်းရည်လျော့ကျနေတဲ့ ဝန်ထမ်းတွေကို ခွဲခြားရွေးထုတ်ဖို့လွယ်ကူစေတဲ့အပြင် အဲဒီဝန်ထမ်း တွေကို သူတို့ရဲ့တိုးတက်မှုကို စောင့်ကြည့် အကဲခတ်နိုင်သလို ဆိုးရွားလာခဲ့ရင်တော့ အလုပ်မှ ထုတ်ပယ်အရေးယူနိုင်ပါတယ်။
🎯ဝန်ထမ်းရဲ့စွမ်းဆောင်မှု ရလဒ်တွေကို ထိန်းသိမ်းထားပြီး သုံးလတစ်ကြိမ်၊ ခြောက်လ တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စသည်ဖြင့် စွမ်းဆောင်ရည်တွေ ပြောင်းလဲလာမှုတွေကို နှိုင်းယှဉ်စစ်ဆေးစောင့်ကြည့်နိုင်ပါတယ်။
🎖စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနည်းပညာကို မှန်မှန်ကန်ကန်နဲ့ သေချာ ကျင့်သုံးတတ်မယ်ဆိုရင် ဝန်ထမ်းတစ်ဦးချင်စီရဲ့အားနည်းချက်၊ အားသာချက် တွေကို မြင်သာစေလို့ လူမှန်နေရာမှန်ချထားနိုင်ပြီး သင့်လုပ်ငန်းရဲ့ ရလဒ်တွေရော သိသိသာသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
💡ကိုယ့်လုပ်ငန်းတိုးတက်ဖို့အတွက် အဓိကစွမ်းဆောင်ပေးနေတာ ဝန်ထမ်းတွေပါ... ဝန်ထမ်းတွေအစဉ်အမြဲ တိုးတက်နေစေဖို့ HR မှာတာဝန်အပြည့်ရှိပါတယ်။ ဒါကြောင့် HR ကဦးဆောင်ပြီး အနည်းဆုံး ၆ လတစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ် အစရှိတဲ့ အရည်အချင်းစစ်ဆေးမှုတွေ လုပ်ရင်း လိုအပ်ချက်တွေကို အမြဲမပြတ် စောင့်ကြည့်ဖေးမပေးဖို့ လိုအပ်ပါတယ်...
💁🏻♀️Goodwill Advisory က နိုင်ငံတကာအဆင့်မှီ အရည်အချင်းစစ်ဆေးတဲ့ နည်းစနစ်များနဲ့ စီးပွားရေး လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေပါတယ်ရှင်။
Goodwill Advisory ကိုဆက်သွယ်ချင်ရင်တော့
09-255572225, 09-967780041
ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 💚
for the